မေတ္တာဖြင့်…
Unicode
စိတ်ချမ်းသာချင်ရင် မမေ့သင့်တဲ့ အရာများ…
လူတိုင်းက ကိုယ့်ကိုသ တိမရနိုင်ကြတဲ့အခါ
ကိုယ့်ကိုကိုယ် သတိရဖို့ မမေ့လိုက်ပါနဲ့ …။
လူတိုင်းက ကိုယ့်ကို မချစ်နိုင်ကြတဲ့အခါ
ကိုယ့်ကိုကိုယ် ပြန်ချစ်ဖို့ မမေ့လိုက်ပါနဲ့ …။
လူတိုင်းက ကိုယ့်ကိုစိမ်းကားကြတဲ့အခါ
ကိုယ့်ကိုကိုယ် မစိမ်းကားဖို့ မမေ့လိုက်ပါနဲ …။
လူတိုင်းကကိုယ့်ကို မစောင့်ရှောက်နိုင်ကြတဲ့အခါ
ကိုယ့်ကိုကိုယ်စောင့်ရှောက်ဖို့ မမေ့လိုက်နဲ့ …။
လူတိုင်းက ကိုယ့်ကို မုန်းသွားကြတဲ့အခါ
ကိုယ့်ကိုကိုယ် မမုန်းဖို့ မမေ့လိုက်ပါနဲ့ …။
လူတိုင်းက ကိုယ့်ကို မယုံကြည်ကြတော့တဲ့အခါ
ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့မမေ့လိုက်ပါနဲ့ …။
လူတိုင်းက ကိုယ့်ကို ရက်စက်ကြတဲ့အခါ
ကိုယ့်ကိုကိုယ် မရက်စက်ဖို့ မမေ့လိုက်ပါနဲ့နော် …။
လူတိုင်းက ကိုယ့်ကို မခွင့်လွှတ်နိုင်ကြတဲ့အခါ
ကိုယ့်ကိုကိုယ် ခွင့်လွှတ်တတ်အောင် ကြိုးစားဖို့မမေ့လိုက်နဲ့ …။
လူတိုင်းက ကိုယ်နဲ့အဝေးဆုံးကို ထွက်ပြေးသွားကြတဲ့အခါ
ကိုယ့်စိတ်နဲ့ကိုယ်အနီးဆုံးမှာ နေဖို့ မမေ့လိုက်နဲ့ …။
လူတိုင်းက ကိုယ့်ကို စိတ်ချမ်းသာမှုတွေ
ကိုယ်လိုချင်သလောက် မပေးနိုင်ကြတဲ့အခါ
စိတ်ချမ်းသာမှုဆိုတာ၊ကိုယ့်ကိုကိုယ်တည်ဆောက်
ထုဆစ်ရတယ်ဆိုတာ မမေ့လိုက်ပါနဲ့ …။
တကယ်တော့ လူတစ်ယောက်အတွက်ဘဝရဲ့ငြိမ်းချမ်းမှု၊
စိတ်ရဲ့ ချမ်းသာမှုတွေဆိုတာ ကိုယ်နဲ့ပဲအဓိက သက်ဆိုင်နေတာပါ …။
ကိုယ်နဲ့ဆိုင်သော ကိုယ့်ဘဝရဲ့ငြိမ်းအေးမှု ၊
စိတ်ချမ်းသာမှုတွေကို ကိုယ်တကယ်တန်ဖိုးထားတတ်မယ် ဆိုရင်
ကိုယ့်ဘဝမှာ ဘယ်သူရှိရှိ၊ မရှိရှိ ဖြစ်ပါတယ် …။
ဘဝရဲ့အေးချမ်းမှု၊စိတ်၏ချမ်းသာမှုတွေရနိုင်ကြပါစေနော် …။ ။
မေတ္တာဖြင့်…
အရှင်ဇနက(မန္တလေးစာသင်သား)