အၿမဲ မျပင္မဆင္ေနတတ္တဲ့ ေကာင္မေလးေတြမွာပဲ ရွိတတ္ၾကတဲ့ ဆြဲေဆာင္မႈမ်ား
မိန္းကေလးဆိုတာကို အလွအပနဲ႔ တြဲျမင္တတ္ၾကၿပီး
မိန္းကေလးဆိုတာ အလွမက္တဲ့ အမ်ိဳးလို႔ ေျပာတတ္ၾကပါတယ္။
ဒါေပမယ့္ တစ္ခ်ိဳ႕မိန္းကေလးေတြကေတာ့
အလွျပင္ရတာကို မႀကိဳက္တတ္ၾကပါဘူး
သူတို႔ေတြက မိတ္ကပ္ေတြ မႀကိဳက္ဘူး၊
အရမ္းႀကီး ျပင္ဆင္ထားရတာေတြကို မႀကိဳက္ဘူး။
ဒီလို မျပင္မဆင္ေနတတ္တဲ့ မိန္းကေလးေတြက
ပိုဆြဲေဆာင္မႈရွိတဲ့ သူေတြအျဖစ္
သတ္မွတ္ခံရတဲ့ ေနာက္ကြယ္မွာ ဒီလိုအခ်က္ေတြ ရွိလို႔ေနပါတယ္။
ကိုယ့္ကိုယ္ကို ယုံၾကည္မႈပိုရွိတဲ့ ပုံေပၚတယ္
မျပင္မဆင္ပဲ ေနတတ္တဲ့ မိန္းကေလးေတြဟာ
တစ္ျခားသူေတြနဲ႔ယွဥ္လိုက္ရင္ သူတို႔ကိုယ္သူတို႔
ယုံၾကည္မႈ ပိုျမင့္မားေနတယ္လို႔ ျမင္ရတတ္ပါတယ္။
ဘာေၾကာင့္လဲ ဆိုေတာ့ သူတို႔က သူတို႔ရဲ႕ ပုံစံအမွန္ကို
ထုတ္ျပရမွာ မေၾကာက္တတ္ဘူး၊ ဘာမွမလိမ္းထားပဲလည္း
အျပင္ေတြဘာေတြ သြားတတ္တယ္။
ဒါဟာ ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိတဲ့ ပုံစံေတြပါပဲ။
ပင္ကိုယ္အလွကို ျမင္ရတယ္
ဒီလို မိန္းကေလးေတြဆီမွာ သူတို႔ရဲ႕ ကိုယ္ပိုင္ အလွနဲ႔
စစ္မွန္တဲ့ လွပမႈကို ေတြ႕ႏိုင္တဲ့အတြက္ေၾကာင့္ပါ။
ဒါေၾကာင့္ပဲ ေယာက်ာ္းေလးေတြက မိန္းကေလးေတြ
မိတ္ကပ္မလိမ္းထားတဲ့ အခ်ိန္ဆို ပိုႏွစ္သက္တတ္ၾကပါတယ္။
မိတ္ကပ္ဆိုတာကေတာ့ အျပစ္အနာအဆာေတြကို ဖုံးကြယ္ဖို႔နဲ႔
ကိုယ့္ရဲ႕ နဂိုအလွကို ဖုံးကြယ္လိုက္တဲ့ မ်က္ႏွာဖုံးတစ္ခုလိုပါပဲ။
႐ိုးရွင္းတယ္
ဘယ္ေလာက္ပဲ ေခတ္မွီဆန္းျပားမႈေတြနဲ႔ အလွအပေတြ
ေပါမ်ားတဲ့ ေခတ္ေရာက္ေနပါေစ ႐ိုးရွင္းမႈေလးကေတာ့
အဖိုးမျဖတ္ႏိုင္တဲ့ လူတိုင္းတန္ဖိုးထားေနရဆဲ အရာတစ္ခုပါ။
ဒီလိုပဲ သိပ္မျပင္ဆင္တတ္တဲ့ ႐ိုးရွင္းတဲ့ မိန္းကေလးေတြက
ပိုဆြဲေဆာင္မႈရွိတာ မဆန္းပါဘူး။ သူတို႔ရဲ႕ မ်က္ႏွာမွာ ကာလာေတြ
မျခယ္သထားေပမယ့္ ေတာက္ပတဲ့ အၿပဳံးေတြ ရွိတယ္၊
ဆြဲေဆာင္မႈျပင္းတဲ့ မ်က္လုံးေတြ ရွိတယ္
ဒါဟာ ႐ိုးရွင္းမႈရဲ႕ အႏွစ္သာရတစ္ခုပါ။
ပြင့္လင္းတယ္
အရမ္းႀကီး ျပင္ျပင္ဆင္ဆင္ ေနရတာ မႀကိဳက္တတ္တဲ့
မိန္းကေလးအမ်ားစုက ပြင့္လင္းတဲ့ သူေတြျဖစ္ၾကပါတယ္။
ဟန္မေဆာင္တတ္ဘူး၊ မဖုံးကြယ္တတ္ဘူး၊
စိတ္ထဲရွိတာကို ပြင့္ပြင့္လင္းလင္း ေျပာတတ္တယ္။
ဒါကပဲ သူတို႔ကို ဆြဲေဆာင္မႈ ပိုေစတဲ့ အရာေတြပါ။
တကယ္ေတာ့ ႐ုပ္အလွကို ဦးစားေပးတာထက္
စိတ္အလွကို ဦးစားေပးတာက စစ္မွန္တဲ့လွပျခင္းဆိုတာကို
လက္ခံထားတတ္ၾကတဲ့ သူေတြေပါ့။
Credit
Unicode
အမြဲ မပြင်မဆင်နေတတ်တဲ့ ကောင်မလေးတွေမှာပဲ ရှိတတ်ကြတဲ့ ဆွဲဆောင်မှုများ
မိန်းကလေးဆိုတာကို အလှအပနဲ့ တွဲမြင်တတ်ကြပြီး
မိန်းကလေးဆိုတာ အလှမက်တဲ့ အမျိုးလို့ ပြောတတ်ကြပါတယ်။
ဒါပေမယ့် တစ်ချို့မိန်းကလေးတွေကတော့
အလှပြင်ရတာကို မကြိုက်တတ်ကြပါဘူး
သူတို့တွေက မိတ်ကပ်တွေ မကြိုက်ဘူး၊
အရမ်းကြီး ပြင်ဆင်ထားရတာတွေကို မကြိုက်ဘူး။
ဒီလို မပြင်မဆင်နေတတ်တဲ့ မိန်းကလေးတွေက
ပိုဆွဲဆောင်မှုရှိတဲ့ သူတွေအဖြစ်
သတ်မှတ်ခံရတဲ့ နောက်ကွယ်မှာ ဒီလိုအချက်တွေ ရှိလို့နေပါတယ်။
ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိတဲ့ ပုံပေါ်တယ်
မပြင်မဆင်ပဲ နေတတ်တဲ့ မိန်းကလေးတွေဟာ
တစ်ခြားသူတွေနဲ့ယှဉ်လိုက်ရင် သူတို့ကိုယ်သူတို့
ယုံကြည်မှု ပိုမြင့်မားနေတယ်လို့ မြင်ရတတ်ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ သူတို့က သူတို့ရဲ့ ပုံစံအမှန်ကို
ထုတ်ပြရမှာ မကြောက်တတ်ဘူး၊ ဘာမှမလိမ်းထားပဲလည်း
အပြင်တွေဘာတွေ သွားတတ်တယ်။
ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ ပုံစံတွေပါပဲ။
ပင်ကိုယ်အလှကို မြင်ရတယ်
ဒီလို မိန်းကလေးတွေဆီမှာ သူတို့ရဲ့ ကိုယ်ပိုင် အလှနဲ့
စစ်မှန်တဲ့ လှပမှုကို တွေ့နိုင်တဲ့အတွက်ကြောင့်ပါ။
ဒါကြောင့်ပဲ ယောက်ျားလေးတွေက မိန်းကလေးတွေ
မိတ်ကပ်မလိမ်းထားတဲ့ အချိန်ဆို ပိုနှစ်သက်တတ်ကြပါတယ်။
မိတ်ကပ်ဆိုတာကတော့ အပြစ်အနာအဆာတွေကို ဖုံးကွယ်ဖို့နဲ့
ကိုယ့်ရဲ့ နဂိုအလှကို ဖုံးကွယ်လိုက်တဲ့ မျက်နှာဖုံးတစ်ခုလိုပါပဲ။
ရိုးရှင်းတယ်
ဘယ်လောက်ပဲ ခေတ်မှီဆန်းပြားမှုတွေနဲ့ အလှအပတွေ
ပေါများတဲ့ ခေတ်ရောက်နေပါစေ ရိုးရှင်းမှုလေးကတော့
အဖိုးမဖြတ်နိုင်တဲ့ လူတိုင်းတန်ဖိုးထားနေရဆဲ အရာတစ်ခုပါ။
ဒီလိုပဲ သိပ်မပြင်ဆင်တတ်တဲ့ ရိုးရှင်းတဲ့ မိန်းကလေးတွေက
ပိုဆွဲဆောင်မှုရှိတာ မဆန်းပါဘူး။ သူတို့ရဲ့ မျက်နှာမှာ ကာလာတွေ
မခြယ်သထားပေမယ့် တောက်ပတဲ့ အပြုံးတွေ ရှိတယ်၊
ဆွဲဆောင်မှုပြင်းတဲ့ မျက်လုံးတွေ ရှိတယ်
ဒါဟာ ရိုးရှင်းမှုရဲ့ အနှစ်သာရတစ်ခုပါ။
ပွင့်လင်းတယ်
အရမ်းကြီး ပြင်ပြင်ဆင်ဆင် နေရတာ မကြိုက်တတ်တဲ့
မိန်းကလေးအများစုက ပွင့်လင်းတဲ့ သူတွေဖြစ်ကြပါတယ်။
ဟန်မဆောင်တတ်ဘူး၊ မဖုံးကွယ်တတ်ဘူး၊
စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်။
ဒါကပဲ သူတို့ကို ဆွဲဆောင်မှု ပိုစေတဲ့ အရာတွေပါ။
တကယ်တော့ ရုပ်အလှကို ဦးစားပေးတာထက်
စိတ်အလှကို ဦးစားပေးတာက စစ်မှန်တဲ့လှပခြင်းဆိုတာကို
လက်ခံထားတတ်ကြတဲ့ သူတွေပေါ့။
Credit