အပြတ်သာ ငြင်းလိုက်ပါ။
ပြန်လည်မျှဝေပါသည်။
Unicode
သမီးလေး ခုချိန်ကစပြီး ဒီအရာတွေကို ငြင်းလိုက်ပါ
လွယ်လွယ် အရှုံးပေးတာတွေကိုခုကစပြီး ငြင်းပါ။
ဘဝကို အလေးမထားပဲ ဖြစ်ချင်ရာဖြစ်ဆိုတဲ့
စိတ်ကိုခုကစပြီး ငြင်းပါ။
ကိုယ့်ကို စိတ်အနှောက်အယှက်
အမြဲ ဖြစ်စေသူတွေကိုခုကစပြီး ငြင်းပါ။
ကိုယ့်အပေါ် အလေးမထားတဲ့ သူတွေကိုခုကစပြီး ငြင်းပါ။
ရည်မှန်းချက်မရှိပဲ အပျော်တွေပဲ
ကြိုက်တဲ့သူငယ်ချင်းတွေကိုလည်းခုကစပြီး ငြင်းပါ။
ဘာဖြစ်ဖြစ် ဝမ်းနည်းတတ်တဲ့
ကိုယ့်စိတ်ကိုလည်းခုကစပြီး ငြင်းပါ။
လောကကြီးက ဒုက္ခတွေရောသုခတွေရော
ပေးမှာပဲကိုယ့်အတွက် သုခဆိုတာ နည်းမယ်
ဒါကို ကြိုသိထားရမယ်ဒုက္ခ ဆိုတာမျိုးက
လာရင် တစ်ခုတည်းလာတာ နည်းတယ် မျိုးစုံလာတတ်တယ်
ကိုယ်က ကိုယ့်စိတ်ကို သန်မာအောင်အရင်
ကြိုးစားထားရင်ဘယ်လိုဒုက္ခမျိုးပဲဖြစ်
တဖြည်းဖြည်းရင်ဆိုင်လာနိုင်မယ်။
အဲဒါကြောင့် ဒီနေ့က စပြီးကိုယ့်ဘဝအတွက်
အရေးမပါတာတွေကိုလုံးဝ လုံးဝ အားမနာပါနဲ့
အပြတ်သာ ငြင်းလိုက်ပါ။
ပြန်လည်မျှဝေပါသည်။