ကိုယ္တိုင္လည္း၊သူတစ္ပါးကို၊မယုတ္မာနဲ႔၊ သူတစ္ပါးတို႔ယုတ္မာတာကိုလည္း၊သတိထားပါ၊
ဆိုးျခင္းနဲ႔ယုတ္မာျခင္း
ဆိုးတယ္ဆိုတာ၊ ကိုယ္ႀကိဳက္တာကိုယ္လုပ္တာ၊
ကိုယ္ႀကိဳက္တာကိုယ္လုပ္တယ္ဆိုတဲ့ေနရာမွာ၊
မေကာင္းတာကို၊လုပ္ေနတာကို ေျပာတာေပါ့၊
သူမ်ားကို မဖ်က္ဆီးဘူး၊ကိုယ္ဆိုးတာေၾကာင့္၊
သူမ်ားထိခိုက္သြားႏိုင္တယ္ဆိုေပမယ့္၊သူမ်ားကိုရည္႐ြယ္ခ်က္မရွိ၊
ထိခိုက္ပ်က္စီးသြားပါေစဆိုတဲ့ရည္႐ြယ္ခ်က္မရွိဘူး။
ကိုယ့္အက်င့္နဲ႔ကိုယ္ ကိုယ္ႀကိဳက္လို႔ ကိုယ္လုပ္ေနျခင္း။
ယုတ္မာတယ္ဆိုတာ၊ ကိုယ္ႀကိဳက္တဲ့မေကာင္းတာကိုလည္း၊လုပ္တယ္၊
သူမ်ားကိုလည္း လိုက္ဖ်က္ဆီးတယ္၊ေကာက္က်စ္တယ္၊
မဟုတ္တမ္းတရားေတြ၊သပုပ္ေလလႊင့္ေျပာတယ္၊
ရည္႐ြယ္ခ်က္ရွိရွိနဲ႔သူမ်ားေတြရဲ႕ဘဝကို၊ ထိခိုက္ေအာင္လုပ္တယ္၊
ပ်က္စီးေအာင္လုပ္တယ္၊ယုတ္မာတတ္တဲ့သူကေနာင္တရဖို႔မလြယ္ဘူး၊
အျမင္မွန္ရဖို႔မလြယ္ဘူး၊ၿပီးေတာ့ ကိုယ့္အျပစ္ကိုဖုံးဖို႔၊
သူမ်ားေတြကိုေခ်ာက္တြန္းတတ္တယ္၊ ကိုယ္လြတ္႐ုန္းတတ္တယ္။
ေလာကမွာ ဆိုးတဲ့လူနဲ႔ယုတ္မာတဲ့လူဆိုတာ
ပတ္ဝန္းက်င္တိုင္းမွာ ရွိေနတတ္ၾကတယ္၊
ဒီႏွစ္ေယာက္လုံးမွာဆိုးတဲ့သူကေတာ္ေသးတယ္၊
ကိုယ့္ကိုယ္ကိုယ္ သိလာတဲ့တစ္ေန႔ ျပဳျပင္ဖို႔ ျဖစ္ႏိုင္ေခ်ရွိတယ္။
ယုတ္မာတဲ့သူက၊သိရဲ႕နဲ႔လုပ္ေနတတ္တယ္၊
သူက အျမင္မွန္ရၿပီး၊ျပန္လည္ျပဳျပင္ဖို႔မလြယ္ကူဘူး။
ဒီႏွစ္ေယာက္လုံးကမေကာင္းတာေတာ့ ေသခ်ာပါတယ္။
ဘဝမွာစိတ္ခ်မ္းသာဖို႔ဆိုရင္၊ကိုယ့္ဘဝရဲ႕ဂုဏ္သိကၡာေတြ
၊ေအာင္ျမင္မႈေတြ၊တိုးတက္ေစခ်င္ရင္၊
ဆိုးတဲ့သူနဲ႔မကင္းႏိုင္ရင္ေနပါေစ၊
ယုတ္မာတဲ့သူနဲ႔ ကင္းေအာင္ေနရမွာျဖစ္ပါတယ္။
ဒါေၾကာင့္ ကိုယ္တိုင္လည္း၊သူတစ္ပါးကို၊မယုတ္မာနဲ႔၊
သူတစ္ပါးတို႔ယုတ္မာတာကိုလည္း၊သတိထားပါ၊
ယုတ္မာတဲ့သူနဲ႔ ကင္းေအာင္ ေနထိုင္တတ္ၾကရမွာျဖစ္ပါတယ္။
ေမတၱာျဖင့္
အရွင္ဇနက(မႏၲေလးစာသင္သား)
Unicode
ကိုယ်တိုင်လည်း၊သူတစ်ပါးကို၊မယုတ်မာနဲ့၊ သူတစ်ပါးတို့ယုတ်မာတာကိုလည်း၊သတိထားပါ၊
ဆိုးခြင်းနဲ့ယုတ်မာခြင်း
ဆိုးတယ်ဆိုတာ၊ ကိုယ်ကြိုက်တာကိုယ်လုပ်တာ၊
ကိုယ်ကြိုက်တာကိုယ်လုပ်တယ်ဆိုတဲ့နေရာမှာ၊
မကောင်းတာကို၊လုပ်နေတာကို ပြောတာပေါ့၊
သူများကို မဖျက်ဆီးဘူး၊ကိုယ်ဆိုးတာကြောင့်၊
သူများထိခိုက်သွားနိုင်တယ်ဆိုပေမယ့်၊သူများကိုရည်ရွယ်ချက်မရှိ၊
ထိခိုက်ပျက်စီးသွားပါစေဆိုတဲ့ရည်ရွယ်ချက်မရှိဘူး။
ကိုယ့်အကျင့်နဲ့ကိုယ် ကိုယ်ကြိုက်လို့ ကိုယ်လုပ်နေခြင်း။
ယုတ်မာတယ်ဆိုတာ၊ ကိုယ်ကြိုက်တဲ့မကောင်းတာကိုလည်း၊လုပ်တယ်၊
သူများကိုလည်း လိုက်ဖျက်ဆီးတယ်၊ကောက်ကျစ်တယ်၊
မဟုတ်တမ်းတရားတွေ၊သပုပ်လေလွှင့်ပြောတယ်၊
ရည်ရွယ်ချက်ရှိရှိနဲ့သူများတွေရဲ့ဘဝကို၊ ထိခိုက်အောင်လုပ်တယ်၊
ပျက်စီးအောင်လုပ်တယ်၊ယုတ်မာတတ်တဲ့သူကနောင်တရဖို့မလွယ်ဘူး၊
အမြင်မှန်ရဖို့မလွယ်ဘူး၊ပြီးတော့ ကိုယ့်အပြစ်ကိုဖုံးဖို့၊
သူများတွေကိုချောက်တွန်းတတ်တယ်၊ ကိုယ်လွတ်ရုန်းတတ်တယ်။
လောကမှာ ဆိုးတဲ့လူနဲ့ယုတ်မာတဲ့လူဆိုတာ
ပတ်ဝန်းကျင်တိုင်းမှာ ရှိနေတတ်ကြတယ်၊
ဒီနှစ်ယောက်လုံးမှာဆိုးတဲ့သူကတော်သေးတယ်၊
ကိုယ့်ကိုယ်ကိုယ် သိလာတဲ့တစ်နေ့ ပြုပြင်ဖို့ ဖြစ်နိုင်ချေရှိတယ်။
ယုတ်မာတဲ့သူက၊သိရဲ့နဲ့လုပ်နေတတ်တယ်၊
သူက အမြင်မှန်ရပြီး၊ပြန်လည်ပြုပြင်ဖို့မလွယ်ကူဘူး။
ဒီနှစ်ယောက်လုံးကမကောင်းတာတော့ သေချာပါတယ်။
ဘဝမှာစိတ်ချမ်းသာဖို့ဆိုရင်၊ကိုယ့်ဘဝရဲ့ဂုဏ်သိက္ခာတွေ
၊အောင်မြင်မှုတွေ၊တိုးတက်စေချင်ရင်၊
ဆိုးတဲ့သူနဲ့မကင်းနိုင်ရင်နေပါစေ၊
ယုတ်မာတဲ့သူနဲ့ ကင်းအောင်နေရမှာဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်တိုင်လည်း၊သူတစ်ပါးကို၊မယုတ်မာနဲ့၊
သူတစ်ပါးတို့ယုတ်မာတာကိုလည်း၊သတိထားပါ၊
ယုတ်မာတဲ့သူနဲ့ ကင်းအောင် နေထိုင်တတ်ကြရမှာဖြစ်ပါတယ်။
မေတ္တာဖြင့်
အရှင်ဇနက(မန္တလေးစာသင်သား)