Love

စိတ္ခ်လို႔ရတဲ့ ရင္ခြင္ဆိုတာ

စိတ္ခ်လို႔ရတဲ့ ရင္ခြင္ဆိုတာ

ကိုယ္သူ႔အေပၚ ေကာင္းေနတဲ့ အခ်ိန္မ်ိဳးမွာမွ

ကိုယ့္ကို ခ်စ္တာမ်ိဳးမဟုတ္ဘဲ ကိုယ့္ဘက္က လိုအပ္ခ်က္ေတြ

ဆိုးတာေတြ ရွိေနခဲ့ရင္ေတာင္ သူ႔ဘက္အျခမ္းက မေျပာင္းမလဲနဲ႔

ခ်စ္ေနတဲ့ ရင္ခြင္တစ္ခုေပါ့

sensitive ျဖစ္လြန္းတဲ့သူေတြ သာမာန္ အေျခအေနမွာေတာင္

over thinking ေတြနဲ႔ ကိုယ့္စိတ္ကို ႏွိပ္စက္တတ္တဲ့

သူေတြအနားမွာ တကယ္မခ်စ္ဘဲ ၾကာၾကာေနလို႔ မရပါဘူး

နာက်င္ခဲ့ရတဲ့ ဒဏ္ရာေတြ ရခဲ့ဖူးတဲ့ သင္ခန္းစာေတြေၾကာင့္

ကိုယ့္အေပၚ ဆယ္ခါေလာက္ ေကာင္းခဲ့ရင္ေတာင္

တစ္ခါတစ္ေလ အေျပာမွား အဆိုမွား အျပဳအမူတစ္ခုခု

မွားသြား႐ုံနဲ႔ အခ်ိန္မေ႐ြး negative vibe ေတြ ဝင္လာတတ္တာပါပဲ

အဲဒီအခါ လမ္းခြဲမယ့္စကားေတြ ခနခနေျပာ အခုပဲ မခ်စ္တတ္ေတာ့သလို

အခုပဲ အဲဒီလူမရွိဘဲ ေနႏိုင္သြားသလိုနဲ႔ တဖက္လူအေပၚ

ခ်က္ခ်င္း ေအးစက္စက္ေတြ ဆက္ဆံတတ္ၾကျပန္ေရာ

တကယ္ေတာ့ သူမရွိဘဲ ေနႏိုင္တာလည္း မဟုတ္ဘဲနဲ႔

အေတြးေတြလြန္ အေျပာေတြလြန္ၿပီး တဖက္လူကို

စိတ္ထိခိုက္ေအာင္ လုပ္တတ္ၾကတာပဲ မဟုတ္လား

စိတ္ခ်ရတဲ့ ရင္ခြင္ဆိုတာကေတာ့ ကိုယ့္ရဲ႕ စိတ္ခံစားမႈေတြကို

အၿမဲတမ္း သိေနၿပီး ကိုယ့္ကို နားလည္ႏိုင္ဖို႔ပဲ

အၿမဲႀကိဳးစားတတ္တာမ်ိဳးေပါ့

ကိုယ္ေပ်ာ္ဖို႔ဆို လမ္းခြဲဖို႔ တစ္ခုက လြဲၿပီး

က်န္တာအကုန္ လိုက္ေလ်ာေပးတာ

သူ႔ကို ဘယ္ေလာက္ပဲ စိတ္ကုန္တယ္ ေျပာေျပာ

ကိုယ့္ကို စကားေတြနဲ႔ ၿပိဳင္ၿပီး ေခ်ပတာမ်ိဳး မလုပ္ဘဲ

ကိုယ္စိတ္တိုင္းက်လာတဲ့အထိ သူ႔ကိုယ္သူ ျပဳျပင္တာ

သူ႔ဘက္က မမွားမွန္း သိသိလ်က္နဲ႔ ရစ္ေန ျပႆနာရွာေနရင္ေတာင္

ကိုယ္စိတ္ခ်မ္းသာေစဖို႔ ေတာင္းပန္စကားေတြ ေျပာၿပီး ေခ်ာ့တတ္တာ

ကိုယ္ဘယ္ေလာက္ဆိုးပါေစ ဘယ္လိုပဲ ျပတ္မယ္ ခနခန ေျပာပါေစ

ေနာက္တေန႔ မနက္မွာ ကိုယ့္ကို ခပ္ၿပဳံးၿပဳံး ၾကည့္ေနတဲ့

ခ်စ္သူတစ္ေယာက္အျဖစ္ ဆက္ရွိေနမွာပဲဆိုတဲ့

ယုံၾကည္ျခင္းေတြနဲ႔ ကိုယ့္ကို လုံၿခဳံစိတ္ခ်ေစတာ

အဲဒီ ယုံၾကည္မႈေတြ ေပးစြမ္းႏိုင္ျခင္းက စိတ္ထိရွလြယ္တတ္တဲ့

လူေတြအတြက္ေတာ့ အားကိုးရာ လုံၿခဳံရာ

တန္ဖိုးမျဖတ္ႏိုင္တဲ့ ခ်စ္ျခင္းေမတၱာေတြပဲ

စိတ္ခ်ရတဲ့ ရင္ခြင္ဆိုတာ ကိုယ္ဘယ္လိုပဲ ထြက္သြားမယ္ေျပာေျပာ

အခ်ိန္တန္ရင္ ျပန္လာရတဲ့ အိမ္ေလးတစ္လုံးပါ။

Unicode

စိတ်ချလို့ရတဲ့ ရင်ခွင်ဆိုတာ

ကိုယ်သူ့အပေါ် ကောင်းနေတဲ့ အချိန်မျိုးမှာမှ

ကိုယ့်ကို ချစ်တာမျိုးမဟုတ်ဘဲ ကိုယ့်ဘက်က လိုအပ်ချက်တွေ

ဆိုးတာတွေ ရှိနေခဲ့ရင်တောင် သူ့ဘက်အခြမ်းက မပြောင်းမလဲနဲ့

ချစ်နေတဲ့ ရင်ခွင်တစ်ခုပေါ့

sensitive ဖြစ်လွန်းတဲ့သူတွေ သာမာန် အခြေအနေမှာတောင်

over thinking တွေနဲ့ ကိုယ့်စိတ်ကို နှိပ်စက်တတ်တဲ့

သူတွေအနားမှာ တကယ်မချစ်ဘဲ ကြာကြာနေလို့ မရပါဘူး

နာကျင်ခဲ့ရတဲ့ ဒဏ်ရာတွေ ရခဲ့ဖူးတဲ့ သင်ခန်းစာတွေကြောင့်

ကိုယ့်အပေါ် ဆယ်ခါလောက် ကောင်းခဲ့ရင်တောင်

တစ်ခါတစ်လေ အပြောမှား အဆိုမှား အပြုအမူတစ်ခုခု

မှားသွားရုံနဲ့ အချိန်မရွေး negative vibe တွေ ဝင်လာတတ်တာပါပဲ

အဲဒီအခါ လမ်းခွဲမယ့်စကားတွေ ခနခနပြော အခုပဲ မချစ်တတ်တော့သလို

အခုပဲ အဲဒီလူမရှိဘဲ နေနိုင်သွားသလိုနဲ့ တဖက်လူအပေါ်

ချက်ချင်း အေးစက်စက်တွေ ဆက်ဆံတတ်ကြပြန်ရော

တကယ်တော့ သူမရှိဘဲ နေနိုင်တာလည်း မဟုတ်ဘဲနဲ့

အတွေးတွေလွန် အပြောတွေလွန်ပြီး တဖက်လူကို

စိတ်ထိခိုက်အောင် လုပ်တတ်ကြတာပဲ မဟုတ်လား

စိတ်ချရတဲ့ ရင်ခွင်ဆိုတာကတော့ ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကို

အမြဲတမ်း သိနေပြီး ကိုယ့်ကို နားလည်နိုင်ဖို့ပဲ

အမြဲကြိုးစားတတ်တာမျိုးပေါ့

ကိုယ်ပျော်ဖို့ဆို လမ်းခွဲဖို့ တစ်ခုက လွဲပြီး

ကျန်တာအကုန် လိုက်လျောပေးတာ

သူ့ကို ဘယ်လောက်ပဲ စိတ်ကုန်တယ် ပြောပြော

ကိုယ့်ကို စကားတွေနဲ့ ပြိုင်ပြီး ချေပတာမျိုး မလုပ်ဘဲ

ကိုယ်စိတ်တိုင်းကျလာတဲ့အထိ သူ့ကိုယ်သူ ပြုပြင်တာ

သူ့ဘက်က မမှားမှန်း သိသိလျက်နဲ့ ရစ်နေ ပြဿနာရှာနေရင်တောင်

ကိုယ်စိတ်ချမ်းသာစေဖို့ တောင်းပန်စကားတွေ ပြောပြီး ချော့တတ်တာ

ကိုယ်ဘယ်လောက်ဆိုးပါစေ ဘယ်လိုပဲ ပြတ်မယ် ခနခန ပြောပါစေ

နောက်တနေ့ မနက်မှာ ကိုယ့်ကို ခပ်ပြုံးပြုံး ကြည့်နေတဲ့

ချစ်သူတစ်ယောက်အဖြစ် ဆက်ရှိနေမှာပဲဆိုတဲ့

ယုံကြည်ခြင်းတွေနဲ့ ကိုယ့်ကို လုံခြုံစိတ်ချစေတာ

အဲဒီ ယုံကြည်မှုတွေ ပေးစွမ်းနိုင်ခြင်းက စိတ်ထိရှလွယ်တတ်တဲ့

လူတွေအတွက်တော့ အားကိုးရာ လုံခြုံရာ

တန်ဖိုးမဖြတ်နိုင်တဲ့ ချစ်ခြင်းမေတ္တာတွေပဲ

စိတ်ချရတဲ့ ရင်ခွင်ဆိုတာ ကိုယ်ဘယ်လိုပဲ ထွက်သွားမယ်ပြောပြော

အချိန်တန်ရင် ပြန်လာရတဲ့ အိမ်လေးတစ်လုံးပါ။