အခ်စ္ တစ္ခု မၿပီးျပည့္စုံရ တဲ့ အေၾကာင္းအရင္း မ်ား
အခ်စ္မွာ ပိုခ်စ္တဲ့ သူက ႐ႈံးနိမ့္ရစၿမဲပါပဲ။
ႏွစ္ဦးသား တည္ေဆာက္ထား တဲ့
အခ်စ္ေရးတစ္ခုမွာပဲ ျဖစ္ျဖစ္၊
တစ္ဖက္သတ္ခ်စ္မိတဲ့ အခ်စ္မွာပဲ ျဖစ္ျဖစ္
ပိုခ်စ္မိတဲ့သူက နာက်င္မႈေတြ ပိုမ်ားရတတ္ပါတယ္။
အခ်စ္ဆိုတာ တစ္ေယာက္တည္း
ခ်စ္ေန႐ုံနဲ႔ မၿပီးျပည့္စုံႏိုင္တဲ့ အရာတစ္ခုပါ။
နာက်င္ ရတယ္
ေစာေစာက ေျပာခဲ့ သလို ပိုခ်စ္မိရင္ ပိုနာက်င္ရပါတယ္။
တစ္ဖက္သတ္ခ်စ္မိတဲ့အခါ
ကိုယ့္အခ်စ္ကို သူမသိတဲ့အတြက္
သူ႕ရဲ႕လုပ္ရပ္ေတြက
ကိုယ့္အတြက္ ထိခိုက္နာက်င္မႈေတြ
ျဖစ္တတ္သလို ႏွစ္ေယာက္သား
တည္ေဆာက္ထားတဲ့
အခ်စ္ေရးတစ္ခုမွာလည္း
ကိုယ္ကခ်ည္း ခ်စ္ေနရတဲ့အခါ
တစ္ဖက္လူက အႏိုင္ယူတာေတြ မ်ားလာတတ္ပါတယ္။
ဒါက တကယ့္ကို ကိုယ့္အတြက္ ဒဏ္ရာဗလပြျဖစ္ေစတဲ့ အေျခအေနတစ္ခုပါပဲ။
အခ်စ္က ေပးဆပ္ျခင္း မဟုတ္သလို၊ စြန္႔လႊတ္ျခင္းလည္း မဟုတ္ဘူး
ခ်စ္မိတဲ့ သူတိုင္း ကိုယ္ခ်စ္ရသူ ကို
ပိုင္ဆိုင္ခ်င္ၾကတာ သဘာဝပါ။
ငါက အခ်စ္အတြက္ဆို ေပးဆပ္အနစ္နာခံမယ္၊
စြန္႔လႊတ္ခ်စ္နဲ႔ ခ်စ္မယ္ဆိုတာကေတာ့
ကိုယ့္ကိုယ္ကို လိမ္ညာလိုက္တာပါပဲ။
တကယ္ေတာ့ စြန္႔လႊတ္ေပးဆပ္မႈတိုင္းမွာ
နာက်င္ျခင္းဆိုတာ ေနာက္က ကပ္ပါလာတတ္လို႔ပါပဲ။
အခ်စ္ က ခ်စ္ေန႐ုံနဲ႔ မေက်နပ္ႏိုင္ဘူး
တစ္ခ်ိဳ႕ကေတာ့ ေျပာတတ္ၾကေသးတယ္
ခ်စ္ေနရ႐ုံနဲ႔ ေက်နပ္ပါတယ္တဲ့။
ႏိုး ဒါက ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ။
ကိုယ္ခ်စ္ေနတာကို သူမသိႏိုင္တာေလာက္
ခံရခက္တဲ့ ခံစားမႈ ႐ွိမယ္မထင္ပါဘူးေနာ္။
အခ်စ္ဆိုတာ ဖုံးကြယ္ထားလို႔မရသလို၊
မသိက်ိဳးကြၽံျပဳလို႔ရတဲ့ အရာလည္း မဟုတ္ပါဘူး။
ဒါေၾကာင့္ အခ်စ္က ခ်စ္ေန႐ုံနဲ႔ မေက်နပ္ႏိုင္လို႔
တစ္ေယာက္ တည္း ခ်စ္ေနတာဟာ
အခ်စ္ကို မျပည့္စုံေစႏိုင္ပါဘူး။
တစ္ခ်ိန္လုံး ပူေလာင္ေနရတယ္
တစ္ေယာက္တည္းဘက္ က အေလးသာေနတဲ့
အခ်စ္က တစ္ခ်ိန္လုံး ပူေလာင္ေနေစတတ္ပါတယ္။
တစ္ဖက္သတ္အခ်စ္ဆိုလည္း သူတစ္ျခားတစ္ေယာက္နဲ႔
အဆင္ေျပသြားမွာ စိုးရိမ္ေနရသလို၊
ႏွစ္ေယာက္ဆက္ဆံေရး ဆိုလည္း
သူစိတ္ေျပာင္းသြားမွာ ကိုယ့္ကိုယ္ထားသြား ခဲ့မွ
ာ စသျဖင့္ ပူေလာင္ေနရတာမ်ိဳးေပါ့။
ဒါေၾကာင့္ ဘယ္လိုဆက္ဆံေရးမ်ိဳးမဆို
ဘက္မွ် တဲ့ ဆက္ဆံေရးေတြက ေရ႐ွည္ပို
အဆင္ေျပတတ္ပါတယ္ေနာ္။ အ
ခ်စ္ဆိုတာ တစ္ေယာက္တည္းဘ က္က
ခ်စ္ေန႐ုံနဲ႔ မၿပီးျပည့္စုံေနပါဘူး။
Credit
Unicode
အချစ် တစ်ခု မပြီးပြည့်စုံရ တဲ့ အကြောင်းအရင်း များ
အချစ်မှာ ပိုချစ်တဲ့ သူက ရှုံးနိမ့်ရစမြဲပါပဲ။
နှစ်ဦးသား တည်ဆောက်ထား တဲ့
အချစ်ရေးတစ်ခုမှာပဲ ဖြစ်ဖြစ်၊
တစ်ဖက်သတ်ချစ်မိတဲ့ အချစ်မှာပဲ ဖြစ်ဖြစ်
ပိုချစ်မိတဲ့သူက နာကျင်မှုတွေ ပိုများရတတ်ပါတယ်။
အချစ်ဆိုတာ တစ်ယောက်တည်း
ချစ်နေရုံနဲ့ မပြီးပြည့်စုံနိုင်တဲ့ အရာတစ်ခုပါ။
နာကျင် ရတယ်
စောစောက ပြောခဲ့ သလို ပိုချစ်မိရင် ပိုနာကျင်ရပါတယ်။
တစ်ဖက်သတ်ချစ်မိတဲ့အခါ
ကိုယ့်အချစ်ကို သူမသိတဲ့အတွက်
သူ့ရဲ့လုပ်ရပ်တွေက
ကိုယ့်အတွက် ထိခိုက်နာကျင်မှုတွေ
ဖြစ်တတ်သလို နှစ်ယောက်သား
တည်ဆောက်ထားတဲ့
အချစ်ရေးတစ်ခုမှာလည်း
ကိုယ်ကချည်း ချစ်နေရတဲ့အခါ
တစ်ဖက်လူက အနိုင်ယူတာတွေ များလာတတ်ပါတယ်။
ဒါက တကယ့်ကို ကိုယ့်အတွက် ဒဏ်ရာဗလပွဖြစ်စေတဲ့ အခြေအနေတစ်ခုပါပဲ။
အချစ်က ပေးဆပ်ခြင်း မဟုတ်သလို၊ စွန့်လွှတ်ခြင်းလည်း မဟုတ်ဘူး
ချစ်မိတဲ့ သူတိုင်း ကိုယ်ချစ်ရသူ ကို
ပိုင်ဆိုင်ချင်ကြတာ သဘာဝပါ။
ငါက အချစ်အတွက်ဆို ပေးဆပ်အနစ်နာခံမယ်၊
စွန့်လွှတ်ချစ်နဲ့ ချစ်မယ်ဆိုတာကတော့
ကိုယ့်ကိုယ်ကို လိမ်ညာလိုက်တာပါပဲ။
တကယ်တော့ စွန့်လွှတ်ပေးဆပ်မှုတိုင်းမှာ
နာကျင်ခြင်းဆိုတာ နောက်က ကပ်ပါလာတတ်လို့ပါပဲ။
အချစ် က ချစ်နေရုံနဲ့ မကျေနပ်နိုင်ဘူး
တစ်ချို့ကတော့ ပြောတတ်ကြသေးတယ်
ချစ်နေရရုံနဲ့ ကျေနပ်ပါတယ်တဲ့။
နိုး ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ကိုယ်ချစ်နေတာကို သူမသိနိုင်တာလောက်
ခံရခက်တဲ့ ခံစားမှု ရှိမယ်မထင်ပါဘူးနော်။
အချစ်ဆိုတာ ဖုံးကွယ်ထားလို့မရသလို၊
မသိကျိုးကျွံပြုလို့ရတဲ့ အရာလည်း မဟုတ်ပါဘူး။
ဒါကြောင့် အချစ်က ချစ်နေရုံနဲ့ မကျေနပ်နိုင်လို့
တစ်ယောက် တည်း ချစ်နေတာဟာ
အချစ်ကို မပြည့်စုံစေနိုင်ပါဘူး။
တစ်ချိန်လုံး ပူလောင်နေရတယ်
တစ်ယောက်တည်းဘက် က အလေးသာနေတဲ့
အချစ်က တစ်ချိန်လုံး ပူလောင်နေစေတတ်ပါတယ်။
တစ်ဖက်သတ်အချစ်ဆိုလည်း သူတစ်ခြားတစ်ယောက်နဲ့
အဆင်ပြေသွားမှာ စိုးရိမ်နေရသလို၊
နှစ်ယောက်ဆက်ဆံရေး ဆိုလည်း
သူစိတ်ပြောင်းသွားမှာ ကိုယ့်ကိုယ်ထားသွား ခဲ့မှ
ာ စသဖြင့် ပူလောင်နေရတာမျိုးပေါ့။
ဒါကြောင့် ဘယ်လိုဆက်ဆံရေးမျိုးမဆို
ဘက်မျှ တဲ့ ဆက်ဆံရေးတွေက ရေရှည်ပို
အဆင်ပြေတတ်ပါတယ်နော်။ အ
ချစ်ဆိုတာ တစ်ယောက်တည်းဘ က်က
ချစ်နေရုံနဲ့ မပြီးပြည့်စုံနေပါဘူး။
Credit