” စိတ္ထားေကာင္းတဲ့ မိန္းကေလး ဖတ္ဖို႔ “
စိတ္ထားေကာင္းတဲ့ မိန္းကေလးေတြကအမ်ားေသာအားျဖင့္
အခ်စ္ကံ ေခက်တာမ်ားပါတယ္ ။
သင္က စိတ္ထားေကာင္းေတာ့
သင္ ခ်စ္တဲ့ သူေတြကို ေကာင္းေကာင္းမြန္မြန္ဆက္ဆံတယ္
ဒါေပမယ့္ သူတို႔ကက်ေတာ့သင့္အေပၚ
ဘာလို႔ မေကာင္းရတာလဲ ။
ဒါေပမယ့္ ကမာၻႀကီးမွာ ဆိုးတဲ့ေယာက်ၤားေတြခ်ည္းပဲ ရွိတာ မဟုတ္ပါဘူး ။
သင့္ရဲ႕ ေဝဒနာေတြ ေလ်ာ့ပါးသက္သာဖို႔အတြက္
ဒီအခ်က္ေလးေတြကို သိထားဖို႔ လိုပါတယ္ ။
သင့္မွာ ျပႆနာရွိေနတာ မဟုတဘူး……
အခ်စ္ကံေခတဲ့အတြက္ ကိုယ့္ကိုယ္ကိုယုံၾကည္မႈ မေပ်ာက္ပါနဲ႔ ။
ေ႐ြးခ်ယ္မႈမွားခဲ့တာက လြဲလို႔ သင္ ဘာမ်ားမွမလုပ္ခဲ့ပါဘူး ။
သူ သင့္ကို ထားမသြားခင္တုန္းကလိုပဲ သင္ဟာလွေနတုန္း ၊
ထက္ျမက္ေနတုန္းပါ ။
အဲ့ဒီေတာ့ ကိုယ့္ကိုယ္ကို သံသယမျဖစ္ပါနဲ႔ ။
လူတိုင္း အသည္းကြဲဖူးတယ္…….
အသည္းကြဲတဲ့ ေဝဒနာကို သင္မခံစားခ်င္လို႔ မရပါဘူး ။
အဲ့ဒီေတာ့သင္ ခံစားစရာ ရွိတာ ခံစားလိုက္ပါ ။
လူတိုင္း အသည္းကြဲခံရဖူးတယ္ ။
သင့္ကို အသည္းခြဲသြားသူလည္း တစ္ေန႔အသည္းခြဲ ခံရမွာပဲ ။
ေယာက်ာၤးတိုင္း ဒီလို မဟုတ္ဘူး…….
သင္ ေတြ႕တဲ့ေယာက်ာၤးတိုင္းက
သင့္ကို အသည္းခြဲမယ့္ သူေတြလို႔ မထင္လိုက္ပါနဲ႔ ။
တခ်ိဳ႕ေသာေယာက်ာၤးတိုင္း
သင့္ရဲ႕ရည္းစားေဟာင္းနဲ႔ လုံးဝ မတူပါဘူး ။
တစ္ေန႔က်ရင္ ေပ်ာ္႐ႊင္ရမွာပါ….
သင္ တကယ္လိုခ်င္တဲ့ ခ်စ္သူမ်ိဳးရသြားခ်ိန္မွာေတာ့
အတိတ္ကိုသင္ လြမ္းေနေတာ့မွာ မဟုတ္ပါဘူး ။
သူတို႔ေတြေၾကာင့္သာ ကိုယ့္အေပၚတကယ္ေကာင္းမယ့္သူကို
သင္ ရွာႏိုင္ခဲ့တာေပါ့ ။
ေနာက္တစ္ခါ အျဖစ္မခံပါနဲ႔….
ကိုယ့္အေပၚ ေကာင္းတာတစ္ခ်က္တည္းနဲ႔ေသခ်ာ
မစူစမ္း မေလ့လာပဲ ခ်စ္သူ မထားပါနဲ႔ ။
မ်က္စိဖြင့္ နားစြင့္ထားၿပီး ေသခ်ာ အကဲခတ္ပါ ။
အရမ္းမေကာင္းနဲ႔……
ကိုယ့္အေပၚ အမႈိက္သ႐ိုက္လို ဆက္ဆံေနတဲ့ သူကို
ဒုတိယ အခြင့္အေရးေတြ ၊တတိယ အခြင့္အေရးေတြ ေပးမေနနဲ႔ ။
အဲ့ဒီလို လူမ်ိဳးကို သင့္ဘဝထဲကေန
အၿပီးအပိုင္ ေမာင္းထုတ္လိုက္ပါ ။
ေနာက္တစ္ခါ ခ်စ္ဖို႔အတြက္မေၾကာက္ပါနဲ႔……
ကိုယ့္ဘဝ အေဖာ္မြန္ကို ရွာေတြ႕တဲ့အခါ
သင့္ ခံစားခ်က္ေတြ အားလုံး ေျပာင္းလဲသြားပါလိမ့္မယ္ ။
အသည္းကြဲခံရမွာကိုသင္ ေၾကာက္႐ြံ႕ေနေတာ့မွာ မဟုတ္ပါဘူး ။
သူက သင့္ကို ေကာင္းေကာင္းမြန္မြန္ ဆက္ဆံပါလိမ့္မယ္ ။
အဆုံးသတ္ မဟုတ္ဘူး…..
ေယာက်ၤား တစ္ေယာက္ သင့္ကိုပစ္သြားခ်ိန္မွာ
သင့္ကို ခ်ဥ္းကပ္ဖို႔ေစာင့္ေနသူက အၿမဲ ရွိေနမွာပါပဲ ။
ငကန္းေသရင္ ငေစြလာမယ္ဆိုတဲ့စကားအတိုင္း
သင့္ရဲ႕ အေတြ႕အႀကဳံရပိုေကာင္းတဲ့သူကို
သင္………ေ႐ြးခ်ယ္တတ္သြားမွာပါ ။
ခဏေလာက္ တစ္ကိုယ္တည္းေနၾကည့္လို႔ ရပါတယ္…..
လုံးဝႀကီး လက္ေလွ်ာ့လိုက္တာမ်ိဳးေတာ့မလုပ္ပါနဲ႔ ။
ပန္းသီးတစ္လုံးမေကာင္းတာနဲ႔တစ္ခိုင္လုံး ပစ္စရာ မလိုတာ ။
သင့္လိုမိန္းကေလးမ်ိဳး နဲ႔ ခ်စ္သူျဖစ္ခ်င္ခြင့္
ရခ်င္တဲ့ေယာက်ၤားေကာင္းေတြ ရွိေနပါေသးတယ္ ။
သင့္ရဲ႕ ဖူးစာဖက္မွန္ကန္စြာ ေ႐ြးခ်ယ္တတ္ဖို႔
သင့္ရဲ႕ ဖူးစာဖက္ ေ႐ြးခ်ယ္ရာမွာသင္ကို ရင္ထဲကမပါ
ႏႈတ္ဖ်ားမွခ်စ္တယ္လို႔ တဖြဖြ ေျပာေနသူကို
သင့္ရဲ႕ ဖူးစာဖက္ အျဖစ္ မေ႐ြးခ်ယ္ပါနဲ႔ ။
သင့္ကို ရင္ထဲက ႏွစ္ႏွစ္ကာကာ ခ်စ္ၿပီးဂ႐ုတစိုက္
သင့္အတြက္ အခ်ိန္ေပးသစၥာရွိစြာ ခ်စ္ေနသူကို
သင့္ရဲ႕ဘဝခရီး လက္တြဲေဖာ္ အျဖစ္ ေ႐ြးခ်ယ္လိုက္ပါ ။
Rose
Unicode
” စိတ်ထားကောင်းတဲ့ မိန်းကလေး ဖတ်ဖို့ “
စိတ်ထားကောင်းတဲ့ မိန်းကလေးတွေကအများသောအားဖြင့်
အချစ်ကံ ခေကျတာများပါတယ် ။
သင်က စိတ်ထားကောင်းတော့
သင် ချစ်တဲ့ သူတွေကို ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်
ဒါပေမယ့် သူတို့ကကျတော့သင့်အပေါ်
ဘာလို့ မကောင်းရတာလဲ ။
ဒါပေမယ့် ကမာ္ဘကြီးမှာ ဆိုးတဲ့ယောင်္ကျားတွေချည်းပဲ ရှိတာ မဟုတ်ပါဘူး ။
သင့်ရဲ့ ဝေဒနာတွေ လျော့ပါးသက်သာဖို့အတွက်
ဒီအချက်လေးတွေကို သိထားဖို့ လိုပါတယ် ။
သင့်မှာ ပြဿနာရှိနေတာ မဟုတဘူး……
အချစ်ကံခေတဲ့အတွက် ကိုယ့်ကိုယ်ကိုယုံကြည်မှု မပျောက်ပါနဲ့ ။
ရွေးချယ်မှုမှားခဲ့တာက လွဲလို့ သင် ဘာများမှမလုပ်ခဲ့ပါဘူး ။
သူ သင့်ကို ထားမသွားခင်တုန်းကလိုပဲ သင်ဟာလှနေတုန်း ၊
ထက်မြက်နေတုန်းပါ ။
အဲ့ဒီတော့ ကိုယ့်ကိုယ်ကို သံသယမဖြစ်ပါနဲ့ ။
လူတိုင်း အသည်းကွဲဖူးတယ်…….
အသည်းကွဲတဲ့ ဝေဒနာကို သင်မခံစားချင်လို့ မရပါဘူး ။
အဲ့ဒီတော့သင် ခံစားစရာ ရှိတာ ခံစားလိုက်ပါ ။
လူတိုင်း အသည်းကွဲခံရဖူးတယ် ။
သင့်ကို အသည်းခွဲသွားသူလည်း တစ်နေ့အသည်းခွဲ ခံရမှာပဲ ။
ယောကျာင်္းတိုင်း ဒီလို မဟုတ်ဘူး…….
သင် တွေ့တဲ့ယောကျာင်္းတိုင်းက
သင့်ကို အသည်းခွဲမယ့် သူတွေလို့ မထင်လိုက်ပါနဲ့ ။
တချို့သောယောကျာင်္းတိုင်း
သင့်ရဲ့ရည်းစားဟောင်းနဲ့ လုံးဝ မတူပါဘူး ။
တစ်နေ့ကျရင် ပျော်ရွှင်ရမှာပါ….
သင် တကယ်လိုချင်တဲ့ ချစ်သူမျိုးရသွားချိန်မှာတော့
အတိတ်ကိုသင် လွမ်းနေတော့မှာ မဟုတ်ပါဘူး ။
သူတို့တွေကြောင့်သာ ကိုယ့်အပေါ်တကယ်ကောင်းမယ့်သူကို
သင် ရှာနိုင်ခဲ့တာပေါ့ ။
နောက်တစ်ခါ အဖြစ်မခံပါနဲ့….
ကိုယ့်အပေါ် ကောင်းတာတစ်ချက်တည်းနဲ့သေချာ
မစူစမ်း မလေ့လာပဲ ချစ်သူ မထားပါနဲ့ ။
မျက်စိဖွင့် နားစွင့်ထားပြီး သေချာ အကဲခတ်ပါ ။
အရမ်းမကောင်းနဲ့……
ကိုယ့်အပေါ် အမှိုက်သရိုက်လို ဆက်ဆံနေတဲ့ သူကို
ဒုတိယ အခွင့်အရေးတွေ ၊တတိယ အခွင့်အရေးတွေ ပေးမနေနဲ့ ။
အဲ့ဒီလို လူမျိုးကို သင့်ဘဝထဲကနေ
အပြီးအပိုင် မောင်းထုတ်လိုက်ပါ ။
နောက်တစ်ခါ ချစ်ဖို့အတွက်မကြောက်ပါနဲ့……
ကိုယ့်ဘဝ အဖော်မွန်ကို ရှာတွေ့တဲ့အခါ
သင့် ခံစားချက်တွေ အားလုံး ပြောင်းလဲသွားပါလိမ့်မယ် ။
အသည်းကွဲခံရမှာကိုသင် ကြောက်ရွံ့နေတော့မှာ မဟုတ်ပါဘူး ။
သူက သင့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါလိမ့်မယ် ။
အဆုံးသတ် မဟုတ်ဘူး…..
ယောင်္ကျား တစ်ယောက် သင့်ကိုပစ်သွားချိန်မှာ
သင့်ကို ချဉ်းကပ်ဖို့စောင့်နေသူက အမြဲ ရှိနေမှာပါပဲ ။
ငကန်းသေရင် ငစွေလာမယ်ဆိုတဲ့စကားအတိုင်း
သင့်ရဲ့ အတွေ့အကြုံရပိုကောင်းတဲ့သူကို
သင်………ရွေးချယ်တတ်သွားမှာပါ ။
ခဏလောက် တစ်ကိုယ်တည်းနေကြည့်လို့ ရပါတယ်…..
လုံးဝကြီး လက်လျှော့လိုက်တာမျိုးတော့မလုပ်ပါနဲ့ ။
ပန်းသီးတစ်လုံးမကောင်းတာနဲ့တစ်ခိုင်လုံး ပစ်စရာ မလိုတာ ။
သင့်လိုမိန်းကလေးမျိုး နဲ့ ချစ်သူဖြစ်ချင်ခွင့်
ရချင်တဲ့ယောင်္ကျားကောင်းတွေ ရှိနေပါသေးတယ် ။
သင့်ရဲ့ ဖူးစာဖက်မှန်ကန်စွာ ရွေးချယ်တတ်ဖို့
သင့်ရဲ့ ဖူးစာဖက် ရွေးချယ်ရာမှာသင်ကို ရင်ထဲကမပါ
နှုတ်ဖျားမှချစ်တယ်လို့ တဖွဖွ ပြောနေသူကို
သင့်ရဲ့ ဖူးစာဖက် အဖြစ် မရွေးချယ်ပါနဲ့ ။
သင့်ကို ရင်ထဲက နှစ်နှစ်ကာကာ ချစ်ပြီးဂရုတစိုက်
သင့်အတွက် အချိန်ပေးသစ္စာရှိစွာ ချစ်နေသူကို
သင့်ရဲ့ဘဝခရီး လက်တွဲဖော် အဖြစ် ရွေးချယ်လိုက်ပါ ။
Rose