အခ်ိန္တန္တဲ့ တစ္ေန႔ေတာ့ ကိုယ္လဲ အစစ္အမွန္ေတြပဲ ျပန္ရလာမွာပါ
ကိုယ့္ဘက္ကအတတ္ႏိုင္ဆုံး အစစ္အမွန္ေတြ ေပးတယ္
ေပါင္းသင္းဆက္ဆံတဲ့အခါ ဖားၿပီးလဲ မေပါင္းဘူး
ေျမႇာက္ပင့္ၿပီးလဲ မေပါင္းဘူး
ဒီလိုေၾကာင့္ပဲ . . . အေပါင္းအသင္းလဲ နည္းတယ္
အ႐ွိကို အ႐ွိအတိုင္းေျပာတတ္သလို
မွားေနတဲ့အခါ မွားေနတယ္လို႔
ေထာက္ျပေဝဖန္တတ္တယ္
ဒီလိုနဲ႔ ေစတနာကို ေစတနာလို႔
ျမင္တဲ့လူေတြကေတာ့
ကိုယ့္ကို အေကာင္းျမင္ၾကပါတယ္
ဒါေပမယ့္ အေကာင္းမထင္တဲ့လူေတြကေတာ့
မေပါင္းမသင္းပဲ ေနၾကတယ္
ဒါလဲ တစ္ခုေကာင္းပါတယ္
အေပါင္းအသင္းနည္းလဲ စိတ္ခ်မ္းသာရတယ္ေလ
တခ်ိဳ႕ကေတာ့ မာနႀကီးတယ္လို႔
စြပ္စြဲ ၾကေသးတာ မရယ္မျပဳံးနဲ႔တဲ့
အရင္ကဆို ကြၽန္ေတာ့မွာ လူတိုင္းအေပၚ ေဖာ္ေဖာ္ေ႐ြေ႐ြနဲ႔
ေဈးတအားေပါခဲ့ဖူးတာ ကိုယ္နဲ႔သိတာပဲ ျဖစ္ျဖစ္
မသိတာပဲျဖစ္ျဖစ္ ကူညီစရာ႐ွိတဲ့အခါ ကူညီေပးလိုက္ရမွ
ျပဳံးျပတတ္တာကလဲ မသိရင္ ဖားေနသလိုမ်ိဳးေပါ့
အဲ့ဒီလိုနဲ႔ ကြၽန္ေတာ္ ဟာ ေဈးအရမ္းေပါခဲ့ဖူးတာေလ
ကြၽန္ေတာ့ေစတနာေတြ သံေယာဇဥ္ေတြကို
တန္ဖိုးထားရေကာင္းမွန္း နားမလည္ၾကေတာ့ဘူး
အဲ့ဒီေနာက္ပိုင္း ကြၽန္ေတာ္ တည္တည္တံ့တံ့ေလး ေနထိုင္တတ္လာ႐ုံပါ
မာနႀကီးလာတာ မဟုတ္ဘူး
ကိုယ့္အေပါင္းအသင္းေတြကေတာ့ ကိုယ္ေပါမွန္းသိပါတယ္
ကိုယ္နဲ႔ မရင္းႏွီးတဲ့လူေတြကေတာ့ မာနႀကီးတယ္ေပါ့
ဘယ္လိုပဲ ထင္ထင္ပါ အခုလိုေနရတာ
ကြၽန္ေတာ္ တကယ္အဆင္ေျပပါတယ္ ။
ကိုယ့္ဘက္က အတတ္ႏိုင္ဆုံး အစစ္အမွန္ေတြပဲ ေပးတယ္
တန္ဖိုးထားတယ္ ။ ေလးစားသင့္တဲ့အခါ ေလးစားတယ္
မလိုအပ္ဘူးလို႔ ထင္တဲ့အခါ ဘဝထဲက ထုတ္ပစ္လိုက္တယ္
ကိုယ့္ဘက္က စစ္မွန္ခဲ့သေလာက္
အေပၚယံေတြပဲ ရလာတဲ့အခါ
တစ္ခါတစ္ခါ ဝမ္းနည္း႐ုံပဲ႐ွိတာပါ
သိပ္ၿပီးေတာ့ မခံစားျဖစ္ေတာ့ဘူး . . . ကိုယ့္ေစတနာမွန္ရင္
အခ်ိန္တန္ရင္ တန္ျပန္လာပါလိမ့္မယ္ ခုေတာ့
အခ်ိန္မတန္ေသးဘူးလို႔ပဲ သေဘာထားပါတယ္
အခ်ိန္တန္တဲ့ တစ္ေန႔ေတာ့
ကိုယ္လဲ အစစ္အမွန္ေတြပဲ ျပန္ရလာမွာပါ ။
Unicode
အချိန်တန်တဲ့ တစ်နေ့တော့ ကိုယ်လဲ အစစ်အမှန်တွေပဲ ပြန်ရလာမှာပါ
ကိုယ့်ဘက်ကအတတ်နိုင်ဆုံး အစစ်အမှန်တွေ ပေးတယ်
ပေါင်းသင်းဆက်ဆံတဲ့အခါ ဖားပြီးလဲ မပေါင်းဘူး
မြှောက်ပင့်ပြီးလဲ မပေါင်းဘူး
ဒီလိုကြောင့်ပဲ . . . အပေါင်းအသင်းလဲ နည်းတယ်
အရှိကို အရှိအတိုင်းပြောတတ်သလို
မှားနေတဲ့အခါ မှားနေတယ်လို့
ထောက်ပြဝေဖန်တတ်တယ်
ဒီလိုနဲ့ စေတနာကို စေတနာလို့
မြင်တဲ့လူတွေကတော့
ကိုယ့်ကို အကောင်းမြင်ကြပါတယ်
ဒါပေမယ့် အကောင်းမထင်တဲ့လူတွေကတော့
မပေါင်းမသင်းပဲ နေကြတယ်
ဒါလဲ တစ်ခုကောင်းပါတယ်
အပေါင်းအသင်းနည်းလဲ စိတ်ချမ်းသာရတယ်လေ
တချို့ကတော့ မာနကြီးတယ်လို့
စွပ်စွဲ ကြသေးတာ မရယ်မပြုံးနဲ့တဲ့
အရင်ကဆို ကျွန်တော့မှာ လူတိုင်းအပေါ် ဖော်ဖော်ရွေရွေနဲ့
ဈေးတအားပေါခဲ့ဖူးတာ ကိုယ်နဲ့သိတာပဲ ဖြစ်ဖြစ်
မသိတာပဲဖြစ်ဖြစ် ကူညီစရာရှိတဲ့အခါ ကူညီပေးလိုက်ရမှ
ပြုံးပြတတ်တာကလဲ မသိရင် ဖားနေသလိုမျိုးပေါ့
အဲ့ဒီလိုနဲ့ ကျွန်တော် ဟာ ဈေးအရမ်းပေါခဲ့ဖူးတာလေ
ကျွန်တော့စေတနာတွေ သံယောဇဉ်တွေကို
တန်ဖိုးထားရကောင်းမှန်း နားမလည်ကြတော့ဘူး
အဲ့ဒီနောက်ပိုင်း ကျွန်တော် တည်တည်တံ့တံ့လေး နေထိုင်တတ်လာရုံပါ
မာနကြီးလာတာ မဟုတ်ဘူး
ကိုယ့်အပေါင်းအသင်းတွေကတော့ ကိုယ်ပေါမှန်းသိပါတယ်
ကိုယ်နဲ့ မရင်းနှီးတဲ့လူတွေကတော့ မာနကြီးတယ်ပေါ့
ဘယ်လိုပဲ ထင်ထင်ပါ အခုလိုနေရတာ
ကျွန်တော် တကယ်အဆင်ပြေပါတယ် ။
ကိုယ့်ဘက်က အတတ်နိုင်ဆုံး အစစ်အမှန်တွေပဲ ပေးတယ်
တန်ဖိုးထားတယ် ။ လေးစားသင့်တဲ့အခါ လေးစားတယ်
မလိုအပ်ဘူးလို့ ထင်တဲ့အခါ ဘဝထဲက ထုတ်ပစ်လိုက်တယ်
ကိုယ့်ဘက်က စစ်မှန်ခဲ့သလောက်
အပေါ်ယံတွေပဲ ရလာတဲ့အခါ
တစ်ခါတစ်ခါ ဝမ်းနည်းရုံပဲရှိတာပါ
သိပ်ပြီးတော့ မခံစားဖြစ်တော့ဘူး . . . ကိုယ့်စေတနာမှန်ရင်
အချိန်တန်ရင် တန်ပြန်လာပါလိမ့်မယ် ခုတော့
အချိန်မတန်သေးဘူးလို့ပဲ သဘောထားပါတယ်
အချိန်တန်တဲ့ တစ်နေ့တော့
ကိုယ်လဲ အစစ်အမှန်တွေပဲ ပြန်ရလာမှာပါ ။