Love

ကိုယ့္ခ်စ္သူေကာင္ေလး ကိုယ့္ကိုအလိုလိုေနရင္းလြမ္းေနေစမယ့္ နည္းလမ္း(၅)သြယ္

ကိုယ့္ခ်စ္သူေကာင္ေလး ကိုယ့္ကိုအလိုလိုေနရင္းလြမ္းေနေစမယ့္ နည္းလမ္း(၅)သြယ္

မိန္းကေလးတိုင္းကေတာ့ ကိုယ့္ခ်စ္သူေကာင္ေလး

ကိုယ့္ကို သတိရတာ လိုခ်င္ၾကတာႀကီးပါပဲ။

ဒါေပမယ့္ ကိုယ္ေၾကာင့္ သူစိတ္အေႏွာင့္အယွက္

ျဖစ္သြားမွာကိုေတာ့ စိုးရိမ္ၾကတာ သဘာဝပါ …။

ကိုယ့္ကိုလည္း သတိရေစခ်င္တယ္။

ကိုယ္ကသြားေျပာလို႔ သတိရတာမ်ိဳးလဲ မျဖစ္ေစခ်င္ဘူး

ဆိုရင္ေတာ့ ဒီနည္းလမ္းေလးေတြကို အသုံးခ်ၾကည့္ပါေနာ္ …။

(၁) ကိုယ္ပိုင္အခ်ိန္ေလး ေပးၾကည့္ပါ။

ကိုယ္ကသူ႕ကို ခ်စ္လို႔ လြမ္းလို႔ အနားမွာ ေနေနရင္ေတာ့

သူကိုယ့္ကိုလြမ္းမလြမ္း သိရမွာ မဟုတ္ဘူး။

ေတြ႕ခ်ိန္တန္ေတြ႕ၿပီး လႊတ္ေပးခ်ိန္တန္ လႊတ္ ေပးထားၾကည့္ပါ …။

အနားမွာ အၿမဲမ႐ွိမွ ကိုယ့္နဲ႔ အခ်ိန္ေလးေတြကို

ျပန္တမ္းတၿပီး ကိုယ့္ကိုလြမ္းေနမွာ အေသအခ်ာပါပဲ …။

(၂) ရင္ဖြင့္ပါ။

ရင္ဖြင့္တာကေတာ့ အေကာင္းဆုံး ရင္ဘက္ခ်င္းနီးတဲ့

နည္းလမ္းတစ္ခု ျဖ စ္ပါတယ္ …။

ကိုယ္နဲ႔ရင္ဘတ္ခ်င္းနီးတဲ့သူကို

ပိုၿပီးသတိရ တမ္းတတက္တာ သဘာဝပါပဲ။

တစ္ေယာက္အေၾကာင္း တစ္ေယာက္ရင္ဖြင့္ရင္းနဲ႔

ပိုၿပီးလဲ ရင္းႏွီးတယ္။

ကိုယ္မ႐ွိရင္လဲ ကိုယ့္ကို သတိရေနမွာေတာ့ အေသအခ်ာပါပဲ …။

(၃) အၿမဲသူ႕အတြက္အသင့္မ႐ွိေနပါနဲ႔။

သူလိုတိုင္း ကိုယ္ကသူ႕အတြက္႐ွိေနရင္

ဘယ္လိုလုပ္ကိုယ့္ကို တန္ဖိုးထားမွာလဲ။

အၿမဲသူ႕အတြက္ မ႐ွိေနပါနဲ႔ …။

သူလိုအပ္ခ်ိန္တိုင္း ကိုယ္က႐ွိေနရင္

ကိုယ့္တန္ဖိုးလဲသိမွာ မဟုတ္သလို

ကိုယ့္ကိုလြမ္းရေကာင္းမွန္းလဲ သိမွာ မဟုတ္ေတာ့ပါဘူးေနာ္။

သူ႕အနားမွာ သူလိုအပ္တိုင္းမ႐ွိမွ

ကိုယ့္တန္ဖိုးကိုသိၿပီး ကိုယ့္ကိုလည္း လြမ္းေနမွာပါ …။

(၄) သူ႕သူငယ္ခ်င္းေတြနဲ႔ အခ်ိန္ျဖဳန္းဖို႔ တိုက္တြန္းပါ။

ဟုတ္ပါတယ္။ ေခါင္းစဥ္မမွားပါဘူး။

တကယ္ကို သူ႕သူငယ္ခ်င္းေတြနဲ႔ အခ်ိန္ျဖဳန္းဖို႔ တိုက္တြန္းပါ။

သူ႕သူငယ္ခ်င္းေတြနဲ႔ သြားဖို႔ေတာင္

တိုက္တြန္းတဲ့ သူမ်ိဳးကို ဘယ္သူမွ မလြမ္းပဲ မေနႏိုင္ပါဘူး …။

ကိုယ့္ကို အရမ္းနားလည္ေပးတယ္ဆိုၿပီးေတာ့ေတာင္

ပိုလြမ္းမွာပဲ ျဖစ္ပါတယ္။ ကိုယ္ကသူ႕အတြက္

နားအလည္ေပးႏိုင္ဆုံးဆိုတဲ့ ေနရာမွာ ေနျခင္းျဖင့္

သူကိုယ့္ကိုလြမ္းလာမွာ အေသအခ်ာပါပဲ …။

(၅) ကိုယ့္ဘဝနဲ႔ကိုယ္ ေနႏိုင္ေအာင္ႀကိဳးစားပါ။

ဘယ္သူမဆို ကိုယ့္ကိုအရမ္းမွီခိုေနရင္ မႀကိဳက္ပါဘူး …။

အရာရာတိုင္းမွာ ကိုယ္ကသူ႕ကိုပဲ မွီခိုေနမယ္ဆိုရင္

သူလဲၾကာရင္ အထင္ ေသးၿပီး စိတ္ညစ္လာမွာ အေသအခ်ာပါပဲ။

ကိုယ္ကလည္း ကိုယ့္ဘဝနဲ႔ ကိုယ္ေနၿပီး မမွီခိုရင္

သူလဲ သူအားရင္အားသ လို ကိုယ့္ကို သတိရမွာပါ …။

အနားမွာ မတြယ္ကပ္ပဲ ကိုယ့္ဟာကိုယ္ေနတက္ျခင္းကလဲ

ကိုယ့္ကိုသတိရေစမယ့္ နည္းလမ္းတစ္ခုပဲ ျဖစ္ပါတယ္ေနာ္ …။ ။

Credit

Unicode

ကိုယ့်ချစ်သူကောင်လေး ကိုယ့်ကိုအလိုလိုနေရင်းလွမ်းနေစေမယ့် နည်းလမ်း(၅)သွယ်

မိန်းကလေးတိုင်းကတော့ ကိုယ့်ချစ်သူကောင်လေး

ကိုယ့်ကို သတိရတာ လိုချင်ကြတာကြီးပါပဲ။

ဒါပေမယ့် ကိုယ်ကြောင့် သူစိတ်အနှောင့်အယှက်

ဖြစ်သွားမှာကိုတော့ စိုးရိမ်ကြတာ သဘာဝပါ …။

ကိုယ့်ကိုလည်း သတိရစေချင်တယ်။

ကိုယ်ကသွားပြောလို့ သတိရတာမျိုးလဲ မဖြစ်စေချင်ဘူး

ဆိုရင်တော့ ဒီနည်းလမ်းလေးတွေကို အသုံးချကြည့်ပါနော် …။

(၁) ကိုယ်ပိုင်အချိန်လေး ပေးကြည့်ပါ။

ကိုယ်ကသူ့ကို ချစ်လို့ လွမ်းလို့ အနားမှာ နေနေရင်တော့

သူကိုယ့်ကိုလွမ်းမလွမ်း သိရမှာ မဟုတ်ဘူး။

တွေ့ချိန်တန်တွေ့ပြီး လွှတ်ပေးချိန်တန် လွှတ် ပေးထားကြည့်ပါ …။

အနားမှာ အမြဲမရှိမှ ကိုယ့်နဲ့ အချိန်လေးတွေကို

ပြန်တမ်းတပြီး ကိုယ့်ကိုလွမ်းနေမှာ အသေအချာပါပဲ …။

(၂) ရင်ဖွင့်ပါ။

ရင်ဖွင့်တာကတော့ အကောင်းဆုံး ရင်ဘက်ချင်းနီးတဲ့

နည်းလမ်းတစ်ခု ဖြ စ်ပါတယ် …။

ကိုယ်နဲ့ရင်ဘတ်ချင်းနီးတဲ့သူကို

ပိုပြီးသတိရ တမ်းတတက်တာ သဘာဝပါပဲ။

တစ်ယောက်အကြောင်း တစ်ယောက်ရင်ဖွင့်ရင်းနဲ့

ပိုပြီးလဲ ရင်းနှီးတယ်။

ကိုယ်မရှိရင်လဲ ကိုယ့်ကို သတိရနေမှာတော့ အသေအချာပါပဲ …။

(၃) အမြဲသူ့အတွက်အသင့်မရှိနေပါနဲ့။

သူလိုတိုင်း ကိုယ်ကသူ့အတွက်ရှိနေရင်

ဘယ်လိုလုပ်ကိုယ့်ကို တန်ဖိုးထားမှာလဲ။

အမြဲသူ့အတွက် မရှိနေပါနဲ့ …။

သူလိုအပ်ချိန်တိုင်း ကိုယ်ကရှိနေရင်

ကိုယ့်တန်ဖိုးလဲသိမှာ မဟုတ်သလို

ကိုယ့်ကိုလွမ်းရကောင်းမှန်းလဲ သိမှာ မဟုတ်တော့ပါဘူးနော်။

သူ့အနားမှာ သူလိုအပ်တိုင်းမရှိမှ

ကိုယ့်တန်ဖိုးကိုသိပြီး ကိုယ့်ကိုလည်း လွမ်းနေမှာပါ …။

(၄) သူ့သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းဖို့ တိုက်တွန်းပါ။

ဟုတ်ပါတယ်။ ခေါင်းစဉ်မမှားပါဘူး။

တကယ်ကို သူ့သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းဖို့ တိုက်တွန်းပါ။

သူ့သူငယ်ချင်းတွေနဲ့ သွားဖို့တောင်

တိုက်တွန်းတဲ့ သူမျိုးကို ဘယ်သူမှ မလွမ်းပဲ မနေနိုင်ပါဘူး …။

ကိုယ့်ကို အရမ်းနားလည်ပေးတယ်ဆိုပြီးတော့တောင်

ပိုလွမ်းမှာပဲ ဖြစ်ပါတယ်။ ကိုယ်ကသူ့အတွက်

နားအလည်ပေးနိုင်ဆုံးဆိုတဲ့ နေရာမှာ နေခြင်းဖြင့်

သူကိုယ့်ကိုလွမ်းလာမှာ အသေအချာပါပဲ …။

(၅) ကိုယ့်ဘဝနဲ့ကိုယ် နေနိုင်အောင်ကြိုးစားပါ။

ဘယ်သူမဆို ကိုယ့်ကိုအရမ်းမှီခိုနေရင် မကြိုက်ပါဘူး …။

အရာရာတိုင်းမှာ ကိုယ်ကသူ့ကိုပဲ မှီခိုနေမယ်ဆိုရင်

သူလဲကြာရင် အထင် သေးပြီး စိတ်ညစ်လာမှာ အသေအချာပါပဲ။

ကိုယ်ကလည်း ကိုယ့်ဘဝနဲ့ ကိုယ်နေပြီး မမှီခိုရင်

သူလဲ သူအားရင်အားသ လို ကိုယ့်ကို သတိရမှာပါ …။

အနားမှာ မတွယ်ကပ်ပဲ ကိုယ့်ဟာကိုယ်နေတက်ခြင်းကလဲ

ကိုယ့်ကိုသတိရစေမယ့် နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်နော် …။ ။

Credit