Lifestyle
















သင်အလိုရှိသောသူသည်



စကားအကျယ်မပြောရ။ သင့်အနေနဲ့




သတိထားမိပါလိမ့်မည်။


ထင်ရပါလိမ့်မည်။




သူ့ကို သတိပေးလိုက်ပါ။





ဒေစီ / အေးမာဝေ

Unicode

တစ်စုံတစ်ဦး ၏ အတွေးထဲတွင် သင်ရှိနေစေရန်

တစ်စုံတစ်ယာက်မှ သင့်ကို စဉ်းစားတွေးတောစေရန်

ပြုလုပ်ခြင်းသည် လွယ်သောအလုပ်မဟုတ်ပါ။

အဘယ့်ကြောင့်ဆိုသော် သူတို့၏စိတ်ကို ပြောင်းလဲပြီး

သင့်ဆီသို့ ညွှန်းခြင်းများပါဝင်နေသည်။

တစ်စုံတစ်ယာက်မှ သင့်အကြောင်းကို စဉ်းစားရန် အတွက်

ပြုလုပ်ရန် အကောင်းဆုံးကြာချိန်မှာ ၅/၆ မိနစ်မျှသာဖြစ်သည်။

နံနက်ပိုင်းနှင့် ညပိုင်း အချိန် ၂ ချိန်စလုံးတွင် ပြုလုပ်နိုင်ပါသည်။

အချိန်စာရင်းက အဓိကမဟုတ်သော်လည်း

ပုံမှန်လေ့ကျင့်ပေးရန်လိုအပ်သည်။

လေ့ကျင့်ရန်အတွက် ပထမဦးဆုံးပြုလုပ်ရမည်မှာ

သက်တောင့်သက်သာရှိပြီး မည်သူမှ

မနှောင့်ယှက်နိုင်သော နေရာ ကိုရှာပါ။

မျက်လုံးများကို မှိတ်ထားပြီး အားရုံစူးစိုက်မှုပြုလုပ်ပါ။

သင်အလိုရှိသောသူသည်

သင်၏ရှေ့တွင်ထိုင်နေသည်ဟု စိတ်ကူးယဉ်ပါ။

ထို့နောက် ထိုသူအား သင်အလိုရှိသောစကားများကို ပြောပါ။

စကားအကျယ်မပြောရ။ သင့်အနေနဲ့

ထိုသူအား စိတ်ဖြင့်သာပြောပေးပါ။

ဤကဲ့သို့လေ့ကျင့်ခြင်းဖြင့် သင်စိတ်ကူးသောသူသည်

သူ၏ လွတ်လပ်သော အပြုအမူဖြင့်ပေါ်လာသည်ကို

သတိထားမိပါလိမ့်မည်။

သူတို့သည် သင်နှင့်အမေးအဖြေများတောင်ပြုလုပ်လာသည်ဟု

ထင်ရပါလိမ့်မည်။

ဤအခြေအနေသို့ရောက်သောအခါ

သင်၏ စိတ်ပိုင်းဆိုင်ရာအာရုံစိုက်မှု အောင်မြင်သွားပါပြီ။

ကျန်သောအပိုင်းမှာ ရိုးရှင်းပြီး သင်ရှိနေသည်ကို

သူ့ကို သတိပေးလိုက်ပါ။

ထိုသူသည် သင့်အကြောင်းကို

အကြိမ်ကြိမ်မတွေးဘဲ မနေနိုင်တော့ပါ။

(မှတ်ချက် – သင့်ကို မသိသောသူအားပြုလုပ်၍မရပါ)

ချစ်ခြင်းများစွာဖြင့်

ဒေစီ / အေးမာဝေ