Knowledge

သားသမီးမ်ားကို ငရဲေပးတဲ့မိဘဆိုတာ တကယ္ရွိပါသလား

သားသမီးမ်ားကို ငရဲေပးတဲ့မိဘဆိုတာ တကယ္ရွိပါသလား

(သင္မဖတ္ပဲေက်ာ္သြားလွ်င္ ဘာတစ္ခုမွ သိမယ္မဟုတ္ပါ)

သားသမီးမ်ားကိုငရဲေပးတဲ့မိဘဆိုတာ တကယ္ရွိပါတယ္။

(၁) အျပစ္တင္လြန္းတဲ့မိဘ

ဘာလုပ္လုပ္အျပစ္တင္ေနတတ္တာတနည္းဆိုရရင္

ေလာဘႀကီးမိၾကတာပါ။

အသုံးမက်ဘူးဆိုတဲ့ေဘာင္ထဲသြတ္သြင္းတာ

သားသမီးက တကယ္အသုံးမက်တာျဖစ္ခ်င္ျဖစ္မယ္။

ဒါေပမဲ့အသုံးမက်တာကိုပဲ

ေဖာက္ျမင္ေနတတ္တာ ဒါကိုၾကားရဖန္မ်ားလာတဲ့အခါ

ေဒါသကမိဘကိုျပန္ခံေျပာတတ္ဖို႔စတင္လာတယ္

(၂) ဘင္လိုက္တာ

သားသမီးခ်င္းတူတူငါ့သမီး/သားေလးဘက္

လိုက္ဆက္ဆံတတ္တာ

ဘက္လိုက္တတ္တဲ့မိဘေတြရဲ႕

သားသမီးေတြဟာမစည္းလုံးၾကတာမ်ားတယ္။

မိဘကေသြးခြဲထားလို႔ပါနင္ကညံ့တယ္

နင္ကေတာ္တယ္ဆိုၿပီး

ကြာလတီခြဲလိုက္တဲ့ကုန္ပစၥည္းေတြဟာ

ဘယ္ေတာ့မွေဈးႏႈန္းညႇိမရၾကေတာ့ဘူး။

ဘက္လိုက္မႈကမေလးစားမႈကို အစပ်ိဳးပါတယ္

အခ်င္းခ်င္းမနာလိုစိတ္ကေနအမုန္းတရားပြားမ်ားလာတယ္။

ကေလးဘဝကတည္းကအ႐ိုးစြဲတဲ့

အမုန္းတရားကဘယ္ေတာ့မွေဖ်ာက္မရေတာ့ဘူး

မိဘေတြသာမရွိၾကေတာ့ရင္

ဒီေမာင္ႏွမေတြဟာပက္သက္စရာ

လုံးဝကိုမရွိေတာ့တဲ့လူေတြျဖစ္ေနၾကပါလိမ့္မယ္။

(၃) ဆဲဆိုလြန္းတာ

ေန႔စဥ္ အဆဲခံရတဲ့လူဟာမခံခ်င္စိတ္ေၾကာင့္ ေဒါသမ်ားမယ္

ျပန္ေျပာမိရင္ေတာ့မိဘကိုခံေျပာသလိုျဖစ္တယ္။

ငရဲႀကီးမယ္ ဒုကၡေရာက္မွေအးမယ္ေခြးျဖစ္မွ

ာဆိုတဲ့က်ိန္စာဆန္ဆန္စကားေတြဟာအရမ္းဆိုးပါတယ္။

ေကာင္းေကာင္းမြန္မြန္ ေျပာၿပီးခိုင္းလို႔ရႏိုင္ေပမယ့္

ဆဲေရးၿပီးမွလုပ္မယ္ ထင္တဲ့အေတြးနဲ႔ခိုင္းတာဟာ

ဆိုးဝါးလြန္းပါတယ္။

(၄) သားသမီးအိမ္ေထာင္ေရးကိစၥကို စြက္ဖက္တာ

နင့္ ေယာက္က်ားကဘယ္လိုနင္ယူထားတဲ့ မိန္းမကဘယ္လို

ဆိုတာမ်ိဳးမေျပာသင့္ပါဘူး။

သားသမီးရဲ႕ေ႐ြးခ်ယ္မႈကိုလဲေလးစားရပါမယ္သူေတာင္

သူ႔ဘဝကိုသူေနတတ္လို႔ေနေနတာပါ။

သားသမီးကသူ႔အိမ္ေထာင္နဲ႔ပက္သက္ၿပီးကူညီပါလို႔

မေျပာမခ်င္း ဝင္ပါစရာမလိုတာပါ။

ငါ့သမီးမွန္တယ္ ငါ့သားမွန္တယ္ဆိုတဲ့အယူအဆဟာမွားပါတယ္။

ကိုယ့္သားသမီးအေၾကာင္းသိတယ္ဆိုတာ

ကေလးဘဝမွာပဲျဖစ္ပါလိမ့္မယ္။

ကေလးဘဝမွာသာမိဘနဲ႔တစ္ေနကုန္ရွိေနလို

႔သူတို႔အက်င့္ေလးေတြသိေနၾကရတာ

သူတို႔္အ႐ြယ္ေရာက္တဲ့အခါမိဘနဲ႔ေနခ်ိန္နည္းေလ

မိဘကသားသမီးစိတ္ကိုမသိရေလဆိုတာကို

သတိထားသင့္ပါတယ္။

သားသမီးဆိုတာ မိဘကိုအစစအရာရာေျပာျပခ်င္တဲ့အ႐ြယ္ဆိုတာ

အသက္ေလးငါးဆယ္ႏွစ္အ႐ြယ္မွာပဲရွိတယ္။

ဒါကိုကေလးလိုပဲအကုန္သိခ်င္အကုန္ေျဖရွင္းေပးခ်င္တယ္

ဆိုရင္ေတာ့တကယ္ျဖစ္လာရင္ေတာင္

မိဘကိုမတိုင္ပင္ ၾကေတာ့တာမ်ားပါတယ္။

ငါေျပာသားပဲ ဆိုတဲ့စကားေနာက္က

အျပစ္တင္မႈေတြဟာျပႆနာကိုေျဖရွင္းဖို႔

ေဝးကြာေစတာသားသမီးေတြကရိပ္စားမိၾကပါတယ္။

သားသမီးအေၾကာင္းတကယ္သာသိရင္

ဒါမ်ိဳးမလုပ္သင့္တာကိုသိကိုသိထားရမယ္။

(၅) သားသမီးကိုေျပာဆိုဆက္ဆံပုံ မွားတာ

အခ်ိဳ႕ မိဘေတြရွိပါတယ္ ျပင္ပမွာေတာ့

လူငယ္လူႀကီးမေ႐ြးကိုအရမ္းအေလးထားဆက္ဆံတတ္ပါတယ္။

။ေျပာရရင္လူေတြအေပၚေလးစားမႈရွိတာေပါ့

သားသမီးကိုက် အဲ့လိုမလုပ္ႏိုင္ၾကပါဘူး။

သားသမီးဆိုတာ ငယ္ႏိုင္လိုျဖစ္ေနေတာ့

စိတ္အလိုမက်တိုင္းသားသမီးကိုႏွိမ္ေနတတ္တာမ်ိဳးပါ

။ေစတနာစကားေပမယ့္..အေျပာမတတ္ရင္

နားခါးတာလူ႔သဘာဝပါ။

အျပင္ပန္းကမွတ္မထားခ်င္ရင္ေနမယ္

စိတ္ခံစားခ်က္ကေတာ့မိဘက

ငါေျပာတိုင္းမေကာင္းျမင္တယ္ဆိုၿပီ

းေဒါသႀကီးေနတတ္တဲ့သားသမီးေတြရွိလာရတာပါ။

စိတ္ဆိုတာအၿမဲၾကည္သာမေနပါဘူး။

အၿမဲနားပူေအာင္ေန႔စဥ္ဆုံးမစကားဆိုမေနမိပါေစနဲ႔။

သူေန႔စဥ္လုပ္တာေတြမွတ္ထားၿပီးတစ္ပတ္တစ္ခါ

တစ္လတစ္ခါေလာက္သာစားပြဲဝိုင္းမွ

ာေအးေအးေဆးေဆးပဲဆုံးမစကား

တစ္ခြန္းခ်င္းေျပာသင့္ပါတယ္။

တစ္ပတ္တစ္ခါမို႔ဆုံးမရတာ စိတ္လဲရွည္တယ္

သားသမီးအေနနဲ႔လည္းမိဘက

ခ်က္က်လက္က်ေျပာေတာ့ျငင္းရခက္တယ္။

သူ႔အမွားကိုဆင္ျခင္ႏိုင္တယ္

ေဒါသပါတဲ့ ဆုံးမစကားဟာေျပာင္းျပန္

အက်ိဳးသက္ေရာက္ပါတယ္။ဘာလို႔လဲဆိုေတာ့

သားသမီးဆိုတာလူသားမို႔ေဒါသထြက္ရင္အ႐ြဲ႕တိုက္တတ္လို႔ပါ

အဆင္မေျပမႈေတြကိုသူတို႔လဲမလိုလားၾကပါဘူး။

ဒါေပမဲ့ ျငင္းဆန္မရရင္ေတာ့မိဘနဲ႔ထိပ္တိုက္ရင္ဆိုင္ျခင္းထက္

အေဝးကို ေျပးသြားလိုက္တာအကုသိုလ္အနည္းဆုံး

အဆင္ေျပဆုံးလို႔ထင္ျမင္ယူဆလာၾကပါတယ္။

မိဘနဲ႔အဆင္မေျပတဲ့သားသမီးဟာ

သူ႔ဖာသာရပ္တည္ေနရတဲ့အခါမွာလဲ

အဆင္ေျပဘို႔ဆိုတာမလြယ္ကူပါဘူး။

အဆင္ေျပေျပ မေျပေျပ မိဘမသိပါေစနဲ႔

အဆင္ေျပတယ္ပဲေျပာလိုက္ပါ။

ေတြးပူေနတတ္တဲ့မိဘကိုလည္းစိတ္မပင္ပန္းေစသလို

အကုသိုလ္လဲနည္းေစပါတယ္။

တတ္ႏိုင္ရင္အေဝးကေနေထာက္ပံ့ျခင္းကိုလုပ္လို႔ရပါတယ္။

အနီးမွာပဲ ေနမယ္ဆိုလဲမိဘနဲ႔

အဆင္ေျပေအာင္နည္းလမ္းရွာၿပီးစိတ္ေလ်ာ့ၾကပါ။

မိဘဆိုတာ အဖိုးတန္ပါတယ္

ဒါေပမယ့္သားသမီးဆိုတာလဲ

လူသားမို႔သူလဲသူ႔တန္ဖိုးနဲ႔သူရွိတယ္ဆိုတာ

မိဘမ်ားအထူးသတိထားၾကည့္ၾကၿပီ

းမိဘနဲ႔သားသမီးမ်ားဆက္ဆံေရးဟာလဲပိုအဆင္ေျပၾကမွာပါ။

Credit

Unicode

သားသမီးများကို ငရဲပေးတဲ့မိဘဆိုတာ တကယ်ရှိပါသလား

သားသမီးများကို ငရဲပေးတဲ့မိဘဆိုတာ တကယ်ရှိပါသလား

(သင်မဖတ်ပဲကျော်သွားလျှင် ဘာတစ်ခုမှ သိမယ်မဟုတ်ပါ)

သားသမီးများကိုငရဲပေးတဲ့မိဘဆိုတာ တကယ်ရှိပါတယ်။

(၁) အပြစ်တင်လွန်းတဲ့မိဘ

ဘာလုပ်လုပ်အပြစ်တင်နေတတ်တာတနည်းဆိုရရင်

လောဘကြီးမိကြတာပါ။

အသုံးမကျဘူးဆိုတဲ့ဘောင်ထဲသွတ်သွင်းတာ

သားသမီးက တကယ်အသုံးမကျတာဖြစ်ချင်ဖြစ်မယ်။

ဒါပေမဲ့အသုံးမကျတာကိုပဲ

ဖောက်မြင်နေတတ်တာ ဒါကိုကြားရဖန်များလာတဲ့အခါ

ဒေါသကမိဘကိုပြန်ခံပြောတတ်ဖို့စတင်လာတယ်

(၂) ဘင်လိုက်တာ

သားသမီးချင်းတူတူငါ့သမီး/သားလေးဘက်

လိုက်ဆက်ဆံတတ်တာ

ဘက်လိုက်တတ်တဲ့မိဘတွေရဲ့

သားသမီးတွေဟာမစည်းလုံးကြတာများတယ်။

မိဘကသွေးခွဲထားလို့ပါနင်ကညံ့တယ်

နင်ကတော်တယ်ဆိုပြီး

ကွာလတီခွဲလိုက်တဲ့ကုန်ပစ္စည်းတွေဟာ

ဘယ်တော့မှဈေးနှုန်းညှိမရကြတော့ဘူး။

ဘက်လိုက်မှုကမလေးစားမှုကို အစပျိုးပါတယ်

အချင်းချင်းမနာလိုစိတ်ကနေအမုန်းတရားပွားများလာတယ်။

ကလေးဘဝကတည်းကအရိုးစွဲတဲ့

အမုန်းတရားကဘယ်တော့မှဖျောက်မရတော့ဘူး

မိဘတွေသာမရှိကြတော့ရင်

ဒီမောင်နှမတွေဟာပက်သက်စရာ

လုံးဝကိုမရှိတော့တဲ့လူတွေဖြစ်နေကြပါလိမ့်မယ်။

(၃) ဆဲဆိုလွန်းတာ

နေ့စဉ် အဆဲခံရတဲ့လူဟာမခံချင်စိတ်ကြောင့် ဒေါသများမယ်

ပြန်ပြောမိရင်တော့မိဘကိုခံပြောသလိုဖြစ်တယ်။

ငရဲကြီးမယ် ဒုက္ခရောက်မှအေးမယ်ခွေးဖြစ်မှ

ာဆိုတဲ့ကျိန်စာဆန်ဆန်စကားတွေဟာအရမ်းဆိုးပါတယ်။

ကောင်းကောင်းမွန်မွန် ပြောပြီးခိုင်းလို့ရနိုင်ပေမယ့်

ဆဲရေးပြီးမှလုပ်မယ် ထင်တဲ့အတွေးနဲ့ခိုင်းတာဟာ

ဆိုးဝါးလွန်းပါတယ်။

(၄) သားသမီးအိမ်ထောင်ရေးကိစ္စကို စွက်ဖက်တာ

နင့် ယောက်ကျားကဘယ်လိုနင်ယူထားတဲ့ မိန်းမကဘယ်လို

ဆိုတာမျိုးမပြောသင့်ပါဘူး။

သားသမီးရဲ့ရွေးချယ်မှုကိုလဲလေးစားရပါမယ်သူတောင်

သူ့ဘဝကိုသူနေတတ်လို့နေနေတာပါ။

သားသမီးကသူ့အိမ်ထောင်နဲ့ပက်သက်ပြီးကူညီပါလို့

မပြောမချင်း ဝင်ပါစရာမလိုတာပါ။

ငါ့သမီးမှန်တယ် ငါ့သားမှန်တယ်ဆိုတဲ့အယူအဆဟာမှားပါတယ်။

ကိုယ့်သားသမီးအကြောင်းသိတယ်ဆိုတာ

ကလေးဘဝမှာပဲဖြစ်ပါလိမ့်မယ်။

ကလေးဘဝမှာသာမိဘနဲ့တစ်နေကုန်ရှိနေလို

့သူတို့အကျင့်လေးတွေသိနေကြရတာ

သူတ်ို့အရွယ်ရောက်တဲ့အခါမိဘနဲ့နေချိန်နည်းလေ

မိဘကသားသမီးစိတ်ကိုမသိရလေဆိုတာကို

သတိထားသင့်ပါတယ်။

သားသမီးဆိုတာ မိဘကိုအစစအရာရာပြောပြချင်တဲ့အရွယ်ဆိုတာ

အသက်လေးငါးဆယ်နှစ်အရွယ်မှာပဲရှိတယ်။

ဒါကိုကလေးလိုပဲအကုန်သိချင်အကုန်ဖြေရှင်းပေးချင်တယ်

ဆိုရင်တော့တကယ်ဖြစ်လာရင်တောင်

မိဘကိုမတိုင်ပင် ကြတော့တာများပါတယ်။

ငါပြောသားပဲ ဆိုတဲ့စကားနောက်က

အပြစ်တင်မှုတွေဟာပြဿနာကိုဖြေရှင်းဖို့

ဝေးကွာစေတာသားသမီးတွေကရိပ်စားမိကြပါတယ်။

သားသမီးအကြောင်းတကယ်သာသိရင်

ဒါမျိုးမလုပ်သင့်တာကိုသိကိုသိထားရမယ်။

(၅) သားသမီးကိုပြောဆိုဆက်ဆံပုံ မှားတာ

အချို့ မိဘတွေရှိပါတယ် ပြင်ပမှာတော့

လူငယ်လူကြီးမရွေးကိုအရမ်းအလေးထားဆက်ဆံတတ်ပါတယ်။

။ပြောရရင်လူတွေအပေါ်လေးစားမှုရှိတာပေါ့

သားသမီးကိုကျ အဲ့လိုမလုပ်နိုင်ကြပါဘူး။

သားသမီးဆိုတာ ငယ်နိုင်လိုဖြစ်နေတော့

စိတ်အလိုမကျတိုင်းသားသမီးကိုနှိမ်နေတတ်တာမျိုးပါ

။စေတနာစကားပေမယ့်..အပြောမတတ်ရင်

နားခါးတာလူ့သဘာဝပါ။

အပြင်ပန်းကမှတ်မထားချင်ရင်နေမယ်

စိတ်ခံစားချက်ကတော့မိဘက

ငါပြောတိုင်းမကောင်းမြင်တယ်ဆိုပြီ

းဒေါသကြီးနေတတ်တဲ့သားသမီးတွေရှိလာရတာပါ။

စိတ်ဆိုတာအမြဲကြည်သာမနေပါဘူး။

အမြဲနားပူအောင်နေ့စဉ်ဆုံးမစကားဆိုမနေမိပါစေနဲ့။

သူနေ့စဉ်လုပ်တာတွေမှတ်ထားပြီးတစ်ပတ်တစ်ခါ

တစ်လတစ်ခါလောက်သာစားပွဲဝိုင်းမှ

ာအေးအေးဆေးဆေးပဲဆုံးမစကား

တစ်ခွန်းချင်းပြောသင့်ပါတယ်။

တစ်ပတ်တစ်ခါမို့ဆုံးမရတာ စိတ်လဲရှည်တယ်

သားသမီးအနေနဲ့လည်းမိဘက

ချက်ကျလက်ကျပြောတော့ငြင်းရခက်တယ်။

သူ့အမှားကိုဆင်ခြင်နိုင်တယ်

ဒေါသပါတဲ့ ဆုံးမစကားဟာပြောင်းပြန်

အကျိုးသက်ရောက်ပါတယ်။ဘာလို့လဲဆိုတော့

သားသမီးဆိုတာလူသားမို့ဒေါသထွက်ရင်အရွဲ့တိုက်တတ်လို့ပါ

အဆင်မပြေမှုတွေကိုသူတို့လဲမလိုလားကြပါဘူး။

ဒါပေမဲ့ ငြင်းဆန်မရရင်တော့မိဘနဲ့ထိပ်တိုက်ရင်ဆိုင်ခြင်းထက်

အဝေးကို ပြေးသွားလိုက်တာအကုသိုလ်အနည်းဆုံး

အဆင်ပြေဆုံးလို့ထင်မြင်ယူဆလာကြပါတယ်။

မိဘနဲ့အဆင်မပြေတဲ့သားသမီးဟာ

သူ့ဖာသာရပ်တည်နေရတဲ့အခါမှာလဲ

အဆင်ပြေဘို့ဆိုတာမလွယ်ကူပါဘူး။

အဆင်ပြေပြေ မပြေပြေ မိဘမသိပါစေနဲ့

အဆင်ပြေတယ်ပဲပြောလိုက်ပါ။

တွေးပူနေတတ်တဲ့မိဘကိုလည်းစိတ်မပင်ပန်းစေသလို

အကုသိုလ်လဲနည်းစေပါတယ်။

တတ်နိုင်ရင်အဝေးကနေထောက်ပံ့ခြင်းကိုလုပ်လို့ရပါတယ်။

အနီးမှာပဲ နေမယ်ဆိုလဲမိဘနဲ့

အဆင်ပြေအောင်နည်းလမ်းရှာပြီးစိတ်လျော့ကြပါ။

မိဘဆိုတာ အဖိုးတန်ပါတယ်

ဒါပေမယ့်သားသမီးဆိုတာလဲ

လူသားမို့သူလဲသူ့တန်ဖိုးနဲ့သူရှိတယ်ဆိုတာ

မိဘများအထူးသတိထားကြည့်ကြပြီ

းမိဘနဲ့သားသမီးများဆက်ဆံရေးဟာလဲပိုအဆင်ပြေကြမှာပါ။

Credit