သင္ကိုယ္တိုင္ျပဳလုပ္ႏိုင္တဲ့ ေပ်ာ္စရာေကာင္းတဲ့ အရာမ်ား
တစ္ေယာက္တည္း ေကာ္ဖီဆိုင္ထိုင္ရင္
အထီးက်န္ေနတဲ့သူလို႔ ထင္ျမင္ခံရတဲ့
လူအဖြဲ႕အစည္းရဲ႕အျမင္ေတြေၾကာင့္ ေပ်ာ္႐ႊင္မႈဆိုတာ
ကိုယ္တိုင္ဖန္တီးလို႔မရႏိုင္ဘူးလို႔ လူေတြထင္မိလာၾကပါတယ္။
တကယ္ေတာ့ မွားပါတယ္။
ေယာက်ာ္းေလးျဖစ္ေစ မိန္းကေလးျဖစ္ေစ တစ္ေယာက္ တည္း
သီးသန႔္ေနထိုင္သင့္တဲ့ ကိုယ္ပိုင္အခ်ိန္ဆိုတာ
ရွိသင့္တာပဲမဟုတ္လား။ ၿပီးေတာ့ သင္ကိုယ္တိုင္
သင့္ရဲ႕ေပ်ာ္႐ႊင္မႈကို ဖန္တီးယူႏိုင္တယ္ဆိုတာလည္း
မေမ့လိုက္ပါနဲ႔။ ဒီေဆာင္းပါးေလးမွာေတာ့
သင္ကိုယ္တိုင္ျပဳလုပ္ႏိုင္တဲ့ ေပ်ာ္စရာေကာင္းတဲ့
အရာ (၄) ခုကို မွ်ေဝေပးခ်င္ပါတယ္။
(၁) အရသာရွိတာေတြ စားပါ
အရင္ဆုံး သင္အႀကိဳက္ဆုံးဆိုတဲ့ မုန႔္ သို႔မဟုတ္
အစားအစာ ၃ မ်ိဳးကို စဥ္းစားၾကည့္ပါ။
ဒီထဲကမွ သင္လက္တေလာ အစားခ်င္ဆုံးျဖစ္ေနတဲ့
အစားအစာကို သြားစားလိုက္ပါ။
ဘယ္ဆိုင္မွာထိုင္မယ္ ဘာစားမလဲဆိုတာကို
တျခားသူေတြအႀကိဳက္နဲ႔ လိုက္ညႇိစရာမလိုပဲ
သင့္စိတ္ႀကိဳက္စားခ်င္တာ တစ္ေယာက္တည္းသြားစားၾကည့္ပါ။
ေပ်ာ္စရာေကာင္းပါလိမ့္မယ္။
(၂) ဆယ္လ္ဖီ ႐ိုက္ပါ
ဆယ္လ္ဖီ႐ိုက္တဲ့အခါ အမ်ားစုက ကိုယ္ကိုယ္ကိုလွတယ္လို
႔ခံစားရတဲ့အထိ တစ္ပုံၿပီးတစ္ပုံ ႐ိုက္ၾကပါတယ္။
တကယ္ေတာ့ ဆယ္လ္ဖီကိုေပါ့ေပါ့ပါးပါးနဲ႔
ေပ်ာ္စရာေကာင္းတဲ့႐ုပ္ေျပာင္ပုံေလးေတြ ပုံစံအမ်ိဳးမ်ိဳး
ရႈ႕ေထာင္အမ်ိဳးမ်ိဳးကေန ႐ိုက္ၾကည့္ပါ။
ပုံေလးေတြက သင္သတ္မွတ္ထားသလို
လွတယ္ဆိုတဲ့ခံစားခ်က္မ်ိဳး ရခ်င္မွရပါလိမ့္မယ္။
ဒါေပမယ့္ သင္ရဲ႕ခ်စ္စရာေကာင္းတဲ့ ပင္ကိုယ္ပုံစံေလးနဲ႔
သင္႐ိုက္ထားတဲ့ ရယ္စရာပုံေလးေတြေၾကာင့္
အနည္းဆုံးေတာ့ ၿပဳံးမိမွာအေသအခ်ာပါပဲ။
(၃) ပန္းၿခံမွာ စာအုပ္ဖတ္ပါ
ပန္းၿခံထဲက ျမက္ခင္းစိမ္းေပၚမွာ သက္ေတာင့္သက္သာထိုင္ၿပီး
စာအုပ္ေကာင္းတစ္အုပ္ဖတ္ဖူးပါသလား။
မဖတ္ဖူးေသးရင္ေတာ့ ေသခ်ာေပါက္စမ္းၾကည့္ဖို႔
အႀကံျပဳခ်င္ပါတယ္။ ပန္းၿခံမွာ စာဖတ္ရင္
စာအုပ္ထဲအာ႐ုံစိုက္ႏိုင္ပါ့မလားဆိုၿပီးလည္း ေတြးၿပီးစိတ္မပူပါနဲ႔။
အဓိက သင့္ရမွာက ေပ်ာ္႐ႊင္ၿငိမ္းခ်မ္းမႈနဲ႔
မတူညီတဲ့အေတြ႕အႀကဳံအသစ္ေတြပဲ ျဖစ္ပါတယ္။
(၄) လမ္းေလ်ာက္ပါ
ကြၽန္ေတာ္တို႔ေတြ ပုံမွန္အတိုင္းသြားလာၾကတဲ့အခါ
ကိုယ့္ရဲ႕ဦးတည္ရာကိုပဲ စိတ္ထဲထားၿပီး ေလ်ာက္ၾကတာမ်ားပါတယ္။
ဒီေတာ့ လမ္းတစ္ေလ်ာက္ ေဘးပတ္ဝန္းက်င္ကအရာေတြကို
ေတာ္႐ုံသတိမထားမိပါဘူး။
ေပ်ာ္႐ႊင္မႈကို ခံစားခ်င္တယ္ဆိုရင္ေတာ့
လမ္းေလ်ာက္တဲ့အခါ ေဘးပတ္ဝန္းက်င္ကအရာေတြကို
ေသခ်ာခံစားၿပီးေလ်ာက္ၾကည့္ပါ။
သစ္ပင္ေတြ လူေတြ ေဈးဆိုင္ေတြ မီးပြိဳင့္ေတြ စသည္ျဖင့္
သင့္မ်က္လုံးထဲျမင္သမွ်အရာေတြက
ေပ်ာ္႐ႊင္ျခင္းရဲ႕ အႏုပညာပါပဲ။
ဘာနဲ႔အလားသ႑ာန္တူလဲဆိုရင္ တျခားၿမိဳ႕တစ္ၿမိဳ႕ကို
သင္ပထမဆုံးအလည္ပတ္ခရီးသြားတဲ့အခါ
ျမင္ျမင္သမွ်က ထူးျခားၿပီး ေပ်ာ္ဖို႔ေကာင္းေနတာမ်ိဳးပါ။
ဒါဟာ ခံစားၿပီးၾကည့္တဲ့သင့္ရဲ႕အျမင္ေၾကာင့္ ျဖစ္ပါတယ္။
Credit
Unicode
သင်ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ ပျော်စရာကောင်းတဲ့ အရာများ
တစ်ယောက်တည်း ကော်ဖီဆိုင်ထိုင်ရင်
အထီးကျန်နေတဲ့သူလို့ ထင်မြင်ခံရတဲ့
လူအဖွဲ့အစည်းရဲ့အမြင်တွေကြောင့် ပျော်ရွှင်မှုဆိုတာ
ကိုယ်တိုင်ဖန်တီးလို့မရနိုင်ဘူးလို့ လူတွေထင်မိလာကြပါတယ်။
တကယ်တော့ မှားပါတယ်။
ယောက်ျားလေးဖြစ်စေ မိန်းကလေးဖြစ်စေ တစ်ယောက် တည်း
သီးသန့်နေထိုင်သင့်တဲ့ ကိုယ်ပိုင်အချိန်ဆိုတာ
ရှိသင့်တာပဲမဟုတ်လား။ ပြီးတော့ သင်ကိုယ်တိုင်
သင့်ရဲ့ပျော်ရွှင်မှုကို ဖန်တီးယူနိုင်တယ်ဆိုတာလည်း
မမေ့လိုက်ပါနဲ့။ ဒီဆောင်းပါးလေးမှာတော့
သင်ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ ပျော်စရာကောင်းတဲ့
အရာ (၄) ခုကို မျှဝေပေးချင်ပါတယ်။
(၁) အရသာရှိတာတွေ စားပါ
အရင်ဆုံး သင်အကြိုက်ဆုံးဆိုတဲ့ မုန့် သို့မဟုတ်
အစားအစာ ၃ မျိုးကို စဉ်းစားကြည့်ပါ။
ဒီထဲကမှ သင်လက်တလော အစားချင်ဆုံးဖြစ်နေတဲ့
အစားအစာကို သွားစားလိုက်ပါ။
ဘယ်ဆိုင်မှာထိုင်မယ် ဘာစားမလဲဆိုတာကို
တခြားသူတွေအကြိုက်နဲ့ လိုက်ညှိစရာမလိုပဲ
သင့်စိတ်ကြိုက်စားချင်တာ တစ်ယောက်တည်းသွားစားကြည့်ပါ။
ပျော်စရာကောင်းပါလိမ့်မယ်။
(၂) ဆယ်လ်ဖီ ရိုက်ပါ
ဆယ်လ်ဖီရိုက်တဲ့အခါ အများစုက ကိုယ်ကိုယ်ကိုလှတယ်လို
့ခံစားရတဲ့အထိ တစ်ပုံပြီးတစ်ပုံ ရိုက်ကြပါတယ်။
တကယ်တော့ ဆယ်လ်ဖီကိုပေါ့ပေါ့ပါးပါးနဲ့
ပျော်စရာကောင်းတဲ့ရုပ်ပြောင်ပုံလေးတွေ ပုံစံအမျိုးမျိုး
ရှု့ထောင်အမျိုးမျိုးကနေ ရိုက်ကြည့်ပါ။
ပုံလေးတွေက သင်သတ်မှတ်ထားသလို
လှတယ်ဆိုတဲ့ခံစားချက်မျိုး ရချင်မှရပါလိမ့်မယ်။
ဒါပေမယ့် သင်ရဲ့ချစ်စရာကောင်းတဲ့ ပင်ကိုယ်ပုံစံလေးနဲ့
သင်ရိုက်ထားတဲ့ ရယ်စရာပုံလေးတွေကြောင့်
အနည်းဆုံးတော့ ပြုံးမိမှာအသေအချာပါပဲ။
(၃) ပန်းခြံမှာ စာအုပ်ဖတ်ပါ
ပန်းခြံထဲက မြက်ခင်းစိမ်းပေါ်မှာ သက်တောင့်သက်သာထိုင်ပြီး
စာအုပ်ကောင်းတစ်အုပ်ဖတ်ဖူးပါသလား။
မဖတ်ဖူးသေးရင်တော့ သေချာပေါက်စမ်းကြည့်ဖို့
အကြံပြုချင်ပါတယ်။ ပန်းခြံမှာ စာဖတ်ရင်
စာအုပ်ထဲအာရုံစိုက်နိုင်ပါ့မလားဆိုပြီးလည်း တွေးပြီးစိတ်မပူပါနဲ့။
အဓိက သင့်ရမှာက ပျော်ရွှင်ငြိမ်းချမ်းမှုနဲ့
မတူညီတဲ့အတွေ့အကြုံအသစ်တွေပဲ ဖြစ်ပါတယ်။
(၄) လမ်းလျောက်ပါ
ကျွန်တော်တို့တွေ ပုံမှန်အတိုင်းသွားလာကြတဲ့အခါ
ကိုယ့်ရဲ့ဦးတည်ရာကိုပဲ စိတ်ထဲထားပြီး လျောက်ကြတာများပါတယ်။
ဒီတော့ လမ်းတစ်လျောက် ဘေးပတ်ဝန်းကျင်ကအရာတွေကို
တော်ရုံသတိမထားမိပါဘူး။
ပျော်ရွှင်မှုကို ခံစားချင်တယ်ဆိုရင်တော့
လမ်းလျောက်တဲ့အခါ ဘေးပတ်ဝန်းကျင်ကအရာတွေကို
သေချာခံစားပြီးလျောက်ကြည့်ပါ။
သစ်ပင်တွေ လူတွေ ဈေးဆိုင်တွေ မီးပွိုင့်တွေ စသည်ဖြင့်
သင့်မျက်လုံးထဲမြင်သမျှအရာတွေက
ပျော်ရွှင်ခြင်းရဲ့ အနုပညာပါပဲ။
ဘာနဲ့အလားသဏ္ဍာန်တူလဲဆိုရင် တခြားမြို့တစ်မြို့ကို
သင်ပထမဆုံးအလည်ပတ်ခရီးသွားတဲ့အခါ
မြင်မြင်သမျှက ထူးခြားပြီး ပျော်ဖို့ကောင်းနေတာမျိုးပါ။
ဒါဟာ ခံစားပြီးကြည့်တဲ့သင့်ရဲ့အမြင်ကြောင့် ဖြစ်ပါတယ်။