လမ္းခြဲဖို႔အတြက္ မတြန္႔ဆုတ္ပါနဲ႔
လူသားအားလုံးက ခ်စ္ျခင္းေမတၱာကို ခံစားတတ္ၾကသူ၊
ခ်စ္ျခင္းေမတၱာနဲ႔ ထိုက္တန္ၾကသူေတြခ်ည္းပါ။
ဒါေၾကာင့္လည္း relationshipတစ္ခုကို စတင္တာဟာ
ခ်စ္တတ္တဲ့ သဘာဝေၾကာင့္လို႔ ဆိုႏိုင္သလို
“ကိုင္းကြၽန္းမွီ ကြၽန္းကိုင္းမွီ”ၾကဖို႔ လို႔လည္း ဆိုႏိုင္ပါတယ္။
ကိုယ္ေ႐ြးခ်ယ္လိုက္တဲ့ ခ်စ္ျခင္းေမတၱာဟာ
ကိုယ့္ကို စိတ္ေသာကပဲ ေပးတဲ့အခါ၊
ကိုယ့္ဘက္က ေပးဆပ္ရသေလာက္ သူ႕ဘက္ကျပန္ေပးတာ
ပင္ပန္းမႈေတြပဲျဖစ္ေနတဲ့အခါမ်ိဳးမွာ
ဒီ relationshipကို အဆုံးသတ္ရဲတဲ့ သတၱိ႐ွိဖို႔ လိုအပ္လာပါၿပီ။
ဒါေပမယ့္လည္းအေၾကာင္းအရင္းတခ်ိဳ႕ေၾကာင့္
လမ္းခြဲရမွာကို ေၾကာက္႐ြံ႕ေနတတ္ၾကပါတယ္။
ဒီလိုေၾကာက္ေနရတဲ့ အဓိကအခ်က္ကေတာ့
အေၾကာင္းရင္း ကေတာ့ ကိုယ့္ဘက္ကစၿပီး
အဆုံးသတ္လိုက္တဲ့ relationshipေၾကာင့္
ကိုယ္ဟာ မေကာင္းတဲ့သူ၊ ေပြ႐ႈပ္တဲ့သူ လို႔
အမ်ားအျမင္မွာ အထင္ေသးခံရမွာကို ေၾကာက္တာပါ။
ဒီ လူနဲ႔ ျပတ္ၿပီး ေနာက္တစ္ေယာက္နဲ႔ စတင္မိတဲ့အခါ
တန္ဖိုးမ႐ွိတဲ့မိန္းမ၊ ရည္းစားမ်ားတဲ့ မိန္းမ လို႔ သမုတ္ခံရမွာကို
မိန္းကေလးအမ်ားစုက သိပ္ေၾကာက္တတ္ၾကပါတယ္။
အဲ့ဒီလိုမ်ိဳးအထင္ခံရမွာ ေၾကာက္တဲ့အတြက္
ဒီစိတ္ညစ္စရာေကာင္းတဲ့ relationshipထဲမွာပဲ
ႀကိတ္မွိတ္ၿပီး က်န္႐ွိေနတတ္ၾကပါတယ္။
ကိုယ့္ရဲ႕ ကံၾကမၼာကို ကိုယ္သာ ဖန္တီးခြင့္႐ွိတာမို႔
ပတ္ဝန္းက်င္ကို ဂ႐ုမစိုက္ဘဲ relationship တစ္ခုရဲ႕
အဆုံးသတ္ကို သင့္ေတာ္သလို
လြတ္လြတ္လပ္လပ္ ဆုံးျဖတ္သင့္ပါတယ္။
တကယ္ေတာ့ ခ်စ္တယ္ဆိုတဲ့ အေျပာခ်ိဳခ်ိဳေလးကို
ပါးစပ္က တဖြဖြေျပာေန႐ုံနဲ႔ တကယ္ခ်စ္တာပဲ လို႔
ယူဆလို႔မရပါဘူး။
အေျပာနဲ႔ လက္ေတြ႕က တလြဲစီျဖစ္ေနရင္ေတာ့ ၊
သူ႕လုပ္ရပ္ေတြဟာ ကိုယ္ေမွ်ာ္မွန္းထားသလို ျဖစ္မလာဘဲ
စိတ္ညစ္ရေစတယ္ဆိုရင္ေတာ့ အားမနာဘဲ
အဆုံးသတ္ပစ္လိုက္ပါ။
ကိုယ္ စိတ္အညစ္ခံၿပီး ဒီ relationship ထဲမွာ
ဆက္ေနတာဟာ ေရ႐ွည္မွာ ႏွစ္ေယာက္စလုံးအတြက္
မေကာင္းပါဘူး။ အခ်ိန္ၾကာရင္ ၾကာသြားသလို
ပိုခံစားရမွာျဖစ္လို႔ အခ်ိန္မဆြဲဘဲ အဆုံးသတ္သင့္ပါတယ္ေနာ္။
ဒါေၾကာင့္ မေပ်ာ္႐ႊင္ေတာ့တဲ့ relationship တစ္ခုကို
အဆုံးသတ္လိုက္တာဟာ ေရ႐ွည္မွာ
ႏွစ္ေယာက္လုံး ေကာင္းဖို႔အတြက္ဆိုတာ ကို သတိရေပးပါ။
ငါတစ္ေယာက္တည္း ဒီဘဝႀကီးကို
ျဖတ္သန္းႏိုင္ပါ့မလား ဆိုတဲ့ အေတြးက အထီးက်န္မွာကို
ေၾကာက္႐ြံ႕တဲ့ သူေတြအတြက္ေတာ့ အေတာ္ေလး
ေၾကကြဲစရာေကာင္းႏိုင္ပါတယ္။
အထူးသျဖင့္ အင္မတန္ ၾကာ႐ွည္တဲ့ အမွတ္တရ
ေန႔ရက္ေတြကို ဖန္တီးခဲ့ၾကတဲ့ ခ်စ္သူေတြဆို လမ္းခြဲဖို႔ကို
ပိုၿပီးေၾကာက္႐ြံ႕ၾကပါတယ္။
ဒါေၾကာင့္လည္း အထီးက်န္ၿပီး ေၾကကြဲရမွာ
ထက္စာရင္ မေပ်ာ္႐ႊင္ေတာ့တဲ့ relationshipကို
ဆက္သည္းခံၿပီး ေနတာကမွ ေတာ္ပါဦးမယ္လို႔ စဥ္းစားၿပီး
ႀကိတ္မွိတ္သည္းခံတတ္ၾကပါတယ္။
ေၾကကြဲမႈကို အခ်ိန္က ကုစားသြားမွာ ျဖစ္လို႔
လတ္တေလာေတာ့ ေၾကကြဲအထီးက်န္ရမွာ ျဖစ္ၿပီး
ေနာင္တစ္ခ်ိန္မွာေတာ့ ဒီကိစၥေတြကို ျပန္ၾကည့္တဲ့အခါ
ဘဝရဲ႕ သင္ခန္းစာတစ္ခုထက္ မပိုတာကို ေတြ႕ရမွာပါ။
ဒါေၾကာင့္ relationship တစ္ခုဟာ ကိုယ္ေမွ်ာ္မွန္းသလို
အလုပ္မျဖစ္ေတာ့တဲ့အခါ၊ စိတ္ညစ္ရတာေတြပဲ
မ်ားလာတဲ့အခါ ရဲရဲဝံ့ဝံ့သာ လမ္းခြဲလိုက္သင့္ပါတယ္။
တစ္ခါတေလ ပိုေကာင္းတဲ့ ဘဝအခ်ိဳးအေကြ႕ေတြကို
ဖန္တီးဖို႔ သတၱိ႐ွိဖို႔ေတာ့ လိုပါတယ္။
ဒါဟာ မေပ်ာ္႐ႊင္ေတာ့တဲ့ ကိုယ့္ကိုယ္ကိုယ္သာမက
သူ႕ကိုပါ ပိုေကာင္းတဲ့သူတစ္ေယာက္နဲ႔ ေတြ႕ဆုံႏိုင္ေအာင္
လႊတ္ေပးလိုက္တာပါပဲ။
ေနာက္တစ္ခုကေတာ့ ကိုယ့္ဘဝဟာ
ကိုယ္ကိုယ္တိုင္သာ ျဖစ္ၿပီး သူဟာ ကိုယ့္ဘဝႀကီး
မဟုတ္ဘူးဆိုတာကို အၿမဲသတိရေနေပးပါ။
Unicode
လမ်းခွဲဖို့အတွက် မတွန့်ဆုတ်ပါနဲ့
လူသားအားလုံးက ချစ်ခြင်းမေတ္တာကို ခံစားတတ်ကြသူ၊
ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်ကြသူတွေချည်းပါ။
ဒါကြောင့်လည်း relationshipတစ်ခုကို စတင်တာဟာ
ချစ်တတ်တဲ့ သဘာဝကြောင့်လို့ ဆိုနိုင်သလို
“ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ”ကြဖို့ လို့လည်း ဆိုနိုင်ပါတယ်။
ကိုယ်ရွေးချယ်လိုက်တဲ့ ချစ်ခြင်းမေတ္တာဟာ
ကိုယ့်ကို စိတ်သောကပဲ ပေးတဲ့အခါ၊
ကိုယ့်ဘက်က ပေးဆပ်ရသလောက် သူ့ဘက်ကပြန်ပေးတာ
ပင်ပန်းမှုတွေပဲဖြစ်နေတဲ့အခါမျိုးမှာ
ဒီ relationshipကို အဆုံးသတ်ရဲတဲ့ သတ္တိရှိဖို့ လိုအပ်လာပါပြီ။
ဒါပေမယ့်လည်းအကြောင်းအရင်းတချို့ကြောင့်
လမ်းခွဲရမှာကို ကြောက်ရွံ့နေတတ်ကြပါတယ်။
ဒီလိုကြောက်နေရတဲ့ အဓိကအချက်ကတော့
အကြောင်းရင်း ကတော့ ကိုယ့်ဘက်ကစပြီး
အဆုံးသတ်လိုက်တဲ့ relationshipကြောင့်
ကိုယ်ဟာ မကောင်းတဲ့သူ၊ ပွေရှုပ်တဲ့သူ လို့
အများအမြင်မှာ အထင်သေးခံရမှာကို ကြောက်တာပါ။
ဒီ လူနဲ့ ပြတ်ပြီး နောက်တစ်ယောက်နဲ့ စတင်မိတဲ့အခါ
တန်ဖိုးမရှိတဲ့မိန်းမ၊ ရည်းစားများတဲ့ မိန်းမ လို့ သမုတ်ခံရမှာကို
မိန်းကလေးအများစုက သိပ်ကြောက်တတ်ကြပါတယ်။
အဲ့ဒီလိုမျိုးအထင်ခံရမှာ ကြောက်တဲ့အတွက်
ဒီစိတ်ညစ်စရာကောင်းတဲ့ relationshipထဲမှာပဲ
ကြိတ်မှိတ်ပြီး ကျန်ရှိနေတတ်ကြပါတယ်။
ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ်သာ ဖန်တီးခွင့်ရှိတာမို့
ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ relationship တစ်ခုရဲ့
အဆုံးသတ်ကို သင့်တော်သလို
လွတ်လွတ်လပ်လပ် ဆုံးဖြတ်သင့်ပါတယ်။
တကယ်တော့ ချစ်တယ်ဆိုတဲ့ အပြောချိုချိုလေးကို
ပါးစပ်က တဖွဖွပြောနေရုံနဲ့ တကယ်ချစ်တာပဲ လို့
ယူဆလို့မရပါဘူး။
အပြောနဲ့ လက်တွေ့က တလွဲစီဖြစ်နေရင်တော့ ၊
သူ့လုပ်ရပ်တွေဟာ ကိုယ်မျှော်မှန်းထားသလို ဖြစ်မလာဘဲ
စိတ်ညစ်ရစေတယ်ဆိုရင်တော့ အားမနာဘဲ
အဆုံးသတ်ပစ်လိုက်ပါ။
ကိုယ် စိတ်အညစ်ခံပြီး ဒီ relationship ထဲမှာ
ဆက်နေတာဟာ ရေရှည်မှာ နှစ်ယောက်စလုံးအတွက်
မကောင်းပါဘူး။ အချိန်ကြာရင် ကြာသွားသလို
ပိုခံစားရမှာဖြစ်လို့ အချိန်မဆွဲဘဲ အဆုံးသတ်သင့်ပါတယ်နော်။
ဒါကြောင့် မပျော်ရွှင်တော့တဲ့ relationship တစ်ခုကို
အဆုံးသတ်လိုက်တာဟာ ရေရှည်မှာ
နှစ်ယောက်လုံး ကောင်းဖို့အတွက်ဆိုတာ ကို သတိရပေးပါ။
ငါတစ်ယောက်တည်း ဒီဘဝကြီးကို
ဖြတ်သန်းနိုင်ပါ့မလား ဆိုတဲ့ အတွေးက အထီးကျန်မှာကို
ကြောက်ရွံ့တဲ့ သူတွေအတွက်တော့ အတော်လေး
ကြေကွဲစရာကောင်းနိုင်ပါတယ်။
အထူးသဖြင့် အင်မတန် ကြာရှည်တဲ့ အမှတ်တရ
နေ့ရက်တွေကို ဖန်တီးခဲ့ကြတဲ့ ချစ်သူတွေဆို လမ်းခွဲဖို့ကို
ပိုပြီးကြောက်ရွံ့ကြပါတယ်။
ဒါကြောင့်လည်း အထီးကျန်ပြီး ကြေကွဲရမှာ
ထက်စာရင် မပျော်ရွှင်တော့တဲ့ relationshipကို
ဆက်သည်းခံပြီး နေတာကမှ တော်ပါဦးမယ်လို့ စဉ်းစားပြီး
ကြိတ်မှိတ်သည်းခံတတ်ကြပါတယ်။
ကြေကွဲမှုကို အချိန်က ကုစားသွားမှာ ဖြစ်လို့
လတ်တလောတော့ ကြေကွဲအထီးကျန်ရမှာ ဖြစ်ပြီး
နောင်တစ်ချိန်မှာတော့ ဒီကိစ္စတွေကို ပြန်ကြည့်တဲ့အခါ
ဘဝရဲ့ သင်ခန်းစာတစ်ခုထက် မပိုတာကို တွေ့ရမှာပါ။
ဒါကြောင့် relationship တစ်ခုဟာ ကိုယ်မျှော်မှန်းသလို
အလုပ်မဖြစ်တော့တဲ့အခါ၊ စိတ်ညစ်ရတာတွေပဲ
များလာတဲ့အခါ ရဲရဲဝံ့ဝံ့သာ လမ်းခွဲလိုက်သင့်ပါတယ်။
တစ်ခါတလေ ပိုကောင်းတဲ့ ဘဝအချိုးအကွေ့တွေကို
ဖန်တီးဖို့ သတ္တိရှိဖို့တော့ လိုပါတယ်။
ဒါဟာ မပျော်ရွှင်တော့တဲ့ ကိုယ့်ကိုယ်ကိုယ်သာမက
သူ့ကိုပါ ပိုကောင်းတဲ့သူတစ်ယောက်နဲ့ တွေ့ဆုံနိုင်အောင်
လွှတ်ပေးလိုက်တာပါပဲ။
နောက်တစ်ခုကတော့ ကိုယ့်ဘဝဟာ
ကိုယ်ကိုယ်တိုင်သာ ဖြစ်ပြီး သူဟာ ကိုယ့်ဘဝကြီး
မဟုတ်ဘူးဆိုတာကို အမြဲသတိရနေပေးပါ။