လမ်းခွဲချိန်မှာ ဘယ်သူကပိုပြီးခံစားရတာလဲ
လမ်းခွဲတယ်ဆိုတာ ဘယ်တုန်းကမှ ပျော်ရွှင်စရာကိစ္စတစ်ခုမဟုတ်ခဲ့ပါဘူး။
အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် လမ်းခွဲချိန်မှာ ကြေကွဲဝမ်းနည်းမှုတွေ၊
နာကျင်ခံစားရမှုတွေကို ရင်ဆိုင်ကြရမှာတော့ အနည်းနဲ့ အများပါပဲ။
မျက်ရည်တွေ၊ ဒေါသအမျက်တွေ၊ လွမ်းဆွတ် တမ်းတမှုတွေ၊ စိတ်ရှုပ်ထွေးစရာညတွေ၊
စိတ်လိုက်မာန်ပါ အလွန်အကျူးစားသောက်မှုတွေဟာ Relationship တစ်ခု
အဆုံးသတ်သွားချိန်မှာ ကြုံရတတ်တာမျိုးတွေပါ။
ဒီလိုအချိန်မျိုးမှာ အမျိုးသားဘက်ကဖြစ်စေ
အမျိုးသမီးဘက်ကဖြစ်စေ ဘယ်သူပိုခံစားရသလဲဆိုတဲ့ အတွေးမျိုးဝင်လာလေ့ရှိပါတယ်။
ပတ်ဝန်းကျင်ကလည်း ဒီလိုမေးခွန်းမျိုးကို သိပ်ပြီးစိတ်ဝင်စားတတ်ကြပါတယ်။
လူနှစ်ယောက်ရဲ့ ချစ်ဇာတ်လမ်းတစ်ခု အဆုံးသတ်သွားချိန်မှာ ဘယ်သူပိုခံစားရလဲဆိုတဲ့
မေးခွန်းဟာ အရေးပါတယ်လို့တော့မထင်မိပါဘူး။
ဒါပေမယ့်လည်း ကာယကံရှင်တွေကိုယ်တိုင်သာမက အနီးဝန်းကျင်ကလူတိုင်းက
ဒီမေးခွန်းအပေါ် စိတ်ဝင်စားနေကြဆဲပါ။
လုံးဝ လမ်းခွဲပြတ်စဲလိုက်ကြတာလား။ဒ
ါမှမဟုတ်သူငယ်ချင်းတွေအဖြစ် ဆက်ရှိနေကြဦးမှာလားဆိုတာမျိုးကလည်း
လူတိုင်း သိချင်ကြတဲ့ မေးခွန်းမျိုးတွေလိုပါပဲ။
တကယ်တော့ ဆက်ဆံရေးတစ်ခု ပြတ်တောက်သွားတဲ့အခါမျိုးမှာ
နှစ်ဦးစလုံး ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။
ဘယ်သူက စတင်လမ်းခွဲသည်ဖြစ်စေပေါ့။
ဒါပေမယ့် ထူးခြားတာကတော့ အမျိုးသားတွေနဲ့ အမျိုးသမီးတွေအကြား ခံစားပုံခြင်းမတူကြပါဘူး။
လမ်းခွဲကြတဲ့အခါမျိုးမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပတ်ဝန်းကျင်၊
မိသားစုနဲ့ သူငယ်ချင်းတွေဆီက ပံ့ပိုးမှုပိုမိုရရှိတတ်ပါတယ်။
အမျိုးသားတွေလည်း ဒီလို ပံ့ပိုးမှုမရရှိဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။
ဒါပေမယ့် အမျိုးသားတွေ ရနိုင်တဲ့ ပမာဏက နည်းပါးတာဖြစ်ပါတယ်။
တစ်ဖက်မှာလည်း အသဲကွဲချိန်တွေမှာ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုပြီး တက်တက်ကြွကြွရှိတတ်ပြီး
ခံစားချက်ကို ဖုံးကွယ်နိုင်စွမ်းပိုများတာကြောင့် သိပ်မခံစားရဘူးလို့ ထင်မြင်ခံရတတ်ပါတယ်။
တကယ်တမ်း စစ်တမ်းတွေအရဆိုရင် အသဲကွဲမှုဝေဒနာနဲ့ ဆက်စပ်တဲ့ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်းမှာ
အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပမာဏပိုများပါတယ်။
အသဲကွဲနေချိန်မှာ အမျိုးသမီးတွေက ပိုပြီး လူသိရှင်ကြား ပိုမိုထုတ်ဖော်ခံစားကြပြီး
အမျိုးသားတွေကတော့ ပိုပြီး လှုပ်လှုပ်ရှားရှားနေထိုင်ဖြစ်ဖို့ ကြိုးစားကြပါတယ်။
အမျိုးသမီးတွေက လမ်းခွဲပြတ်စဲပြီးချိန်မှာ ကြေကွဲဝမ်းနေတာမျိုးဖြစ်ပြီး
အမျိုးသားတွေကတော့ အလုပ်ကို ဖိလုပ်တာမျိုး၊ အရက်သေစာသောက်စားလိုက်တာမျိုး၊
မိတ်ရင်းဆွေရင်းတွေနဲ့ သောက်ရင်းစားရင်း ရင်ဖွင့်တာမျိုး၊ အွန်လိုင်းပိုသုံးပြီး
တခြားဇာတ်လမ်းတစ်ခုစတင်ဖို့ ကြိုးစားလာတာမျိုး စသဖြင့်
အာရုံလွှဲပစ်လို့ရမယ့် အရာမျိုးကို လုပ်ပစ်လိုက်ကြတာမျိုးပါ။
တစ်ယောက်နဲ့တစ်ယောက်ကတော့ ခံစားချက်တွေကို မတူညီတဲ့ နည်းလမ်းတွေနဲ့ တုန့်ပြန်ကြပေမယ့်
နှစ်ဦးလုံးလဲ ထိခိုက်ကြရပါတယ်။ ဘယ်သူက ပိုခံစားရလဲဆိုတာကို တိုင်းတာဖို့ဆိုရင်
ကျား၊ မ ဖြစ်တည်မှုနဲ့ တိုင်းတာဖို့ မလွယ်ပါဘူး။
ဘယ်သူက ဒီ Relationship အပေါ် ဘယ်လောက်
အလေးအနက်ထားခဲ့သလဲဆိုတာနဲ့ တိုင်းတာမှသာ နီးစပ်တဲ့ အဖြေမျိုးထွက်ပေါ်နိုင်ပါလိမ့်မယ်။
Zawgyi
လမ္းခြဲခ်ိန္မွာ ဘယ္သူကပိုၿပီးခံစားရတာလဲ
လမ္းခြဲတယ္ဆိုတာ ဘယ္တုန္းကမွ ေပ်ာ္႐ႊင္စရာကိစၥတစ္ခုမဟုတ္ခဲ့ပါဘူး။
အမ်ိဳးသားပဲျဖစ္ျဖစ္ အမ်ိဳးသမီးပဲျဖစ္ျဖစ္ လမ္းခြဲခ်ိန္မွာ ေၾကကြဲဝမ္းနည္းမႈေတြ၊
နာက်င္ခံစားရမႈေတြကို ရင္ဆိုင္ၾကရမွာေတာ့ အနည္းနဲ႔ အမ်ားပါပဲ။
မ်က္ရည္ေတြ၊ ေဒါသအမ်က္ေတြ၊ လြမ္းဆြတ္ တမ္းတမႈေတြ၊ စိတ္႐ႈပ္ေထြးစရာညေတြ၊
စိတ္လိုက္မာန္ပါ အလြန္အက်ဴးစားေသာက္မႈေတြဟာ Relationship တစ္ခု
အဆုံးသတ္သြားခ်ိန္မွာ ၾကဳံရတတ္တာမ်ိဳးေတြပါ။
ဒီလိုအခ်ိန္မ်ိဳးမွာ အမ်ိဳးသားဘက္ကျဖစ္ေစ
အမ်ိဳးသမီးဘက္ကျဖစ္ေစ ဘယ္သူပိုခံစားရသလဲဆိုတဲ့ အေတြးမ်ိဳးဝင္လာေလ့႐ွိပါတယ္။
ပတ္ဝန္းက်င္ကလည္း ဒီလိုေမးခြန္းမ်ိဳးကို သိပ္ၿပီးစိတ္ဝင္စားတတ္ၾကပါတယ္။
လူႏွစ္ေယာက္ရဲ႕ ခ်စ္ဇာတ္လမ္းတစ္ခု အဆုံးသတ္သြားခ်ိန္မွာ ဘယ္သူပိုခံစားရလဲဆိုတဲ့
ေမးခြန္းဟာ အေရးပါတယ္လို႔ေတာ့မထင္မိပါဘူး။
ဒါေပမယ့္လည္း ကာယကံ႐ွင္ေတြကိုယ္တိုင္သာမက အနီးဝန္းက်င္ကလူတိုင္းက
ဒီေမးခြန္းအေပၚ စိတ္ဝင္စားေနၾကဆဲပါ။
လုံးဝ လမ္းခြဲျပတ္စဲလိုက္ၾကတာလား။ဒ
ါမွမဟုတ္သူငယ္ခ်င္းေတြအျဖစ္ ဆက္႐ွိေနၾကဦးမွာလားဆိုတာမ်ိဳးကလည္း
လူတိုင္း သိခ်င္ၾကတဲ့ ေမးခြန္းမ်ိဳးေတြလိုပါပဲ။
တကယ္ေတာ့ ဆက္ဆံေရးတစ္ခု ျပတ္ေတာက္သြားတဲ့အခါမ်ိဳးမွာ
ႏွစ္ဦးစလုံး ျပင္းျပင္းထန္ထန္ ခံစားရတတ္ပါတယ္။
ဘယ္သူက စတင္လမ္းခြဲသည္ျဖစ္ေစေပါ့။
ဒါေပမယ့္ ထူးျခားတာကေတာ့ အမ်ိဳးသားေတြနဲ႔ အမ်ိဳးသမီးေတြအၾကား ခံစားပုံျခင္းမတူၾကပါဘူး။
လမ္းခြဲၾကတဲ့အခါမ်ိဳးမွာ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ ပတ္ဝန္းက်င္၊
မိသားစုနဲ႔ သူငယ္ခ်င္းေတြဆီက ပံ့ပိုးမႈပိုမိုရ႐ွိတတ္ပါတယ္။
အမ်ိဳးသားေတြလည္း ဒီလို ပံ့ပိုးမႈမရ႐ွိဘူးလို႔ ဆိုလိုတာမဟုတ္ပါဘူး။
ဒါေပမယ့္ အမ်ိဳးသားေတြ ရႏိုင္တဲ့ ပမာဏက နည္းပါးတာျဖစ္ပါတယ္။
တစ္ဖက္မွာလည္း အသဲကြဲခ်ိန္ေတြမွာ အမ်ိဳးသားေတြဟာ အမ်ိဳးသမီးေတြထက္ ပိုၿပီး တက္တက္ႂကြႂကြ႐ွိတတ္ၿပီး
ခံစားခ်က္ကို ဖုံးကြယ္ႏိုင္စြမ္းပိုမ်ားတာေၾကာင့္ သိပ္မခံစားရဘူးလို႔ ထင္ျမင္ခံရတတ္ပါတယ္။
တကယ္တမ္း စစ္တမ္းေတြအရဆိုရင္ အသဲကြဲမႈေဝဒနာနဲ႔ ဆက္စပ္တဲ့ ကိုယ့္ကိုယ္ကို သတ္ေသမႈႏႈန္းမွာ
အမ်ိဳးသားေတြဟာ အမ်ိဳးသမီးေတြထက္ ပမာဏပိုမ်ားပါတယ္။
အသဲကြဲေနခ်ိန္မွာ အမ်ိဳးသမီးေတြက ပိုၿပီး လူသိ႐ွင္ၾကား ပိုမိုထုတ္ေဖာ္ခံစားၾကၿပီး
အမ်ိဳးသားေတြကေတာ့ ပိုၿပီး လႈပ္လႈပ္႐ွား႐ွားေနထိုင္ျဖစ္ဖို႔ ႀကိဳးစားၾကပါတယ္။
အမ်ိဳးသမီးေတြက လမ္းခြဲျပတ္စဲၿပီးခ်ိန္မွာ ေၾကကြဲဝမ္းေနတာမ်ိဳးျဖစ္ၿပီး
အမ်ိဳးသားေတြကေတာ့ အလုပ္ကို ဖိလုပ္တာမ်ိဳး၊ အရက္ေသစာေသာက္စားလိုက္တာမ်ိဳး၊
မိတ္ရင္းေဆြရင္းေတြနဲ႔ ေသာက္ရင္းစားရင္း ရင္ဖြင့္တာမ်ိဳး၊ အြန္လိုင္းပိုသုံးၿပီး
တျခားဇာတ္လမ္းတစ္ခုစတင္ဖို႔ ႀကိဳးစားလာတာမ်ိဳး စသျဖင့္
အာ႐ုံလႊဲပစ္လို႔ရမယ့္ အရာမ်ိဳးကို လုပ္ပစ္လိုက္ၾကတာမ်ိဳးပါ။
တစ္ေယာက္နဲ႔တစ္ေယာက္ကေတာ့ ခံစားခ်က္ေတြကို မတူညီတဲ့ နည္းလမ္းေတြနဲ႔ တုန္႔ျပန္ၾကေပမယ့္
ႏွစ္ဦးလုံးလဲ ထိခိုက္ၾကရပါတယ္။ ဘယ္သူက ပိုခံစားရလဲဆိုတာကို တိုင္းတာဖို႔ဆိုရင္
က်ား၊ မ ျဖစ္တည္မႈနဲ႔ တိုင္းတာဖို႔ မလြယ္ပါဘူး။
ဘယ္သူက ဒီ Relationship အေပၚ ဘယ္ေလာက္
အေလးအနက္ထားခဲ့သလဲဆိုတာနဲ႔ တိုင္းတာမွသာ နီးစပ္တဲ့ အေျဖမ်ိဳးထြက္ေပၚႏိုင္ပါလိမ့္မယ္။