ရှင်ဘုရင်တော်ကောက်ခံရမယ့် မိန်းမတွေဟာ သူတောင်းစားတွေနဲ့ လွဲတတ်ပါတယ်…
“မိန်းမတစ်ယောက်ရဲ့ အကုသိုလ်ကံ”
လောကမှာ ယောက်ျားနဲ့ မိန်းမ တွေ့ကြုံဆုံကွဲ ဖြစ်ကြရတာ
ဓမ္မတာပါ။ ဘာထူးဆန်းလို့လဲ လို့ မေးချင်စရာ …
ဟုတ်တယ်…မထူးဆန်းဘူး…ထူးဆန်းတာတာကတော့
အဲဒီမိန်းမတစ်ယောက်ဟာ ကိုယ့်အပေါ် သစ္စာမရှိ တန်ဖိုးမထား
ကိုယ့်အပြင် အခြား အခြားသော မိန်းမတကာ မိန်းမတွေကို
လစ်ရင်တွယ် ချောင်ရင်နှိုက်
ဖောက်ပြန်တတ်တဲ့ ယောက်ျားကို ရထားပြီဆိုရင်တော့…
အဲဒါ ထူးဆန်းနေပြီ …။
ကျွန်မငယ်ရွယ်စဉ် စိတ်ဓာတ် မရင့်ကျက် ခင်ကာလတွေ….
တရားတွေ ကို နားနဲ့ပဲနာခဲ့ပြီး နှလုံးသားနဲ့
မနာတတ်ခင်ကာလတွေတုန်းက
ယောက်ျားတစ်ယောက် ကိုယ့်ကို ဖောက်ပြန်တာ ခံရပြီဆို
ပထမဦးဆုံး…သူ့ကိုဒေါသထွက်တယ်။
ဒုတိယ… ကိုယ့်ကိုကိုယ် ဒေါသထွက်တယ်
တတိယ…သူနဲ့ဖောက်ပြန်တဲ့ မိန်းမကို ဒေါသထွက်တယ် …။
အခုတော့…အဲလို (၃) မျိူးသော ဒေါသတွေ မရှိတော့ဘူး …။
ဖောက်ပြန်တတ်တဲ့ ယောက်ျားဟာ…
ကိုယ်နဲ့တွေ့ပြီးမှ ဖောက်ပြန်တာ မဟုတ်ပါဘူး …။
သူ့ရဲ့ မွေးရာပါ အငုံ့စိတ်ကိုက သူ့အသွေးအသား အတွေးထဲမှာ
ပါလာခဲ့ပြီးသားပါ…အခွင့်အရေး မကြုံလို့သာ…
သူလုပ်ခွင့် မရခဲ့တာပါ …။
ဒါကြောင့်…ကိုယ်နဲ့မယူခင် Single ဘဝမှာ ဖောက်ပြန်တတ်တဲ့
ယောက်ျားကို ကိုယ်နဲ့ယူပြီးမှ ငြိမ်မယ်လို့တော့ မထင်လိုက်ပါနဲ့ …။
ကိုယ်နဲ့လက်ထပ်ပြီးမှ ဖောက်ပြန်တဲ့ ယောက်ျားကို
သူနဲ့ ကလေးရလိုက်ရင် ငြိမ်သွားမယ် မထင်လိုက်ပါနဲ့။
ကိုယ်သာ…တစ်ခုလတ် ကလေးအမေ ဘဝတွေ
ရောက်သွားမယ်…သူတို့ကတော့ ခြံခုန်ကောင်းနေတုန်းပါပဲ …။
မိန်းမတစ်ယောက် ဘဝမှာ…အကုသိုလ်ကံ သိပ်ကြီးလွန်းနေရင်လည်း…
အကျင့်စာရိတ္တ မကောင်း၊ မိန်းမတွေနဲ့ ပွေလီဖောက်ပြားတတ်တဲ့
ယောက်ျားမျိူး ၊ဆိုးသွမ်းနေတဲ့ ယောက်ျားမျိူး ဖြစ်နေလည်း တွေ့နေရလည်း
အဲဒီမိန်းမစိတ်ထဲ ၊ အတွေးထဲ ၊ အသိစိတ်ထဲမှာ
ဒီယောက်ျားဟာ ငါတစ်နေ့မှာ ပြောင်းလဲလုပ်ယူ ပြုပြင်ယူလို့ ရနိင်မယ့်
ယောက်ျားလို့ ဘဝင်လေဟက်ပြီး ထင်နေတတ်ကြတယ် …။
အကုသိုလ် ကံ အမှောင်က အရမ်းများလွန်းနေတော့
အသိအလင်းတန်းက တော်ရုံနဲ့ ထိုးမဖောက်နိုင်ဘူး။
ဘုရားဟော တရားတော်ထဲမှာ ရှိပါတယ် …။
ငရဲသားတစ်ယောက်ဟာ…ခေါင်းမှာငရဲစက်သွားစက်ကြီး တင်ခံထားရပြီး
သွေးစိမ်းရှင်ရှင်တွေ နီမြန်းနေအောင် စီးကျပြီး ငရဲဝဋ်ကို ခံနေရစဉ်…
နောက်ထပ်ရောက်လာတဲ့ ငရဲသားဖြစ်မယ့်သူက သူ့မျက်လုံးထဲမယ်…
ငရဲခွေးသွားစက်ကြီးကို ပတ္တမြားပန်းခိုင်ကြီး နီမြန်းနေတာကြီးကို ခေါင်းမှာဆင်ပြီး
လှနေတယ်လို့ မြင်ပြီး အတင်းကို လုပန်ဖို့ ကြိုးစားခဲ့ပါတယ် …။
ဒါကြောင့်…ဖောက်ပြန်တဲ့ ယောက်ျားကို လက်လွှတ်ရမှာ စိတ်က ဝေခွဲမရဖြစ်နေတဲ့အခါ…
သူများနောက် ကိုယ့်ကိုထားပြီး ပါသွားတဲ့အခါမှာ
မိန်းမတွေစိတ်ထဲ…ငါတို့အကုသိုလ်ကံ ပေးဆပ်ရဖို့ ဝဋ်ကြွေးတွေ ဒီအချိန်မှာ ကျေပြီမို့
နောက်လူက ပတ္တမြား ပန်းအထင်နဲ့ လုယူပန်ဆင်တာဖြစ်တယ် …။
ငါတို့ ကုသိုလ်ကံလေးတွေ ပြန်အလင်း ပွင့်လာပြီဖြစ်လို့….
ကိုယ့်ဘဝကိုယ် လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်းရှင်သန်ခွင့်ကို
ရလိုက်ပြီလို့သာ…တွေးပြီး ဝမ်းသာကြည်နူးဖြစ်ကြည့်လိုက်ပါ …။
အကုသိုလ်ကံ သိပ်များနေချိန်မှာ….မိန်းမတွေဟာ…
ယောက်ျားယုတ် ၊ ယောက်ျားဆိုး တွေနဲ့ တွေ့ကြုံရတတ်ပါတယ် …။
မိန်းမသားများအားလုံး…ကုသိုလ်စိတ်လေးတွေ အပြည့်နဲ့…
တစ်ယောက်တည်း ဘဝကို ကျေနပ်လှပစွာ ဖန်တီးပုံဖော်နိုင်ကြစေဖို့…
အားပေး ဆုတောင်းလိုက်ပါတယ်နော် …။ ။
zawgyi
ရွင္ဘုရင္ေတာ္ေကာက္ခံရမယ့္ မိန္းမေတြဟာ သူေတာင္းစားေတြနဲ႔ လြဲတတ္ပါတယ္…
“မိန္းမတစ္ေယာက္ရဲ႕ အကုသိုလ္ကံ”
ေလာကမွာ ေယာက်ာ္းနဲ႔ မိန္းမ ေတြ႕ႀကဳံဆုံကြဲ ျဖစ္ၾကရတာ
ဓမၼတာပါ။ ဘာထူးဆန္းလို႔လဲ လို႔ ေမးခ်င္စရာ …
ဟုတ္တယ္…မထူးဆန္းဘူး…ထူးဆန္းတာတာကေတာ့
အဲဒီမိန္းမတစ္ေယာက္ဟာ ကိုယ့္အေပၚ သစၥာမရွိ တန္ဖိုးမထား
ကိုယ့္အျပင္ အျခား အျခားေသာ မိန္းမတကာ မိန္းမေတြကို
လစ္ရင္တြယ္ ေခ်ာင္ရင္ႏႈိက္
ေဖာက္ျပန္တတ္တဲ့ ေယာက်ာ္းကို ရထားၿပီဆိုရင္ေတာ့…
အဲဒါ ထူးဆန္းေနၿပီ …။
ကြၽန္မငယ္႐ြယ္စဥ္ စိတ္ဓာတ္ မရင့္က်က္ ခင္ကာလေတြ….
တရားေတြ ကို နားနဲ႔ပဲနာခဲ့ၿပီး ႏွလုံးသားနဲ႔
မနာတတ္ခင္ကာလေတြတုန္းက
ေယာက်ာ္းတစ္ေယာက္ ကိုယ့္ကို ေဖာက္ျပန္တာ ခံရၿပီဆို
ပထမဦးဆုံး…သူ႔ကိုေဒါသထြက္တယ္။
ဒုတိယ… ကိုယ့္ကိုကိုယ္ ေဒါသထြက္တယ္
တတိယ…သူနဲ႔ေဖာက္ျပန္တဲ့ မိန္းမကို ေဒါသထြက္တယ္ …။
အခုေတာ့…အဲလို (၃) မ်ိဴးေသာ ေဒါသေတြ မရွိေတာ့ဘူး …။
ေဖာက္ျပန္တတ္တဲ့ ေယာက်ာ္းဟာ…
ကိုယ္နဲ႔ေတြ႕ၿပီးမွ ေဖာက္ျပန္တာ မဟုတ္ပါဘူး …။
သူ႔ရဲ႕ ေမြးရာပါ အငုံ႔စိတ္ကိုက သူ႔အေသြးအသား အေတြးထဲမွာ
ပါလာခဲ့ၿပီးသားပါ…အခြင့္အေရး မႀကဳံလို႔သာ…
သူလုပ္ခြင့္ မရခဲ့တာပါ …။
ဒါေၾကာင့္…ကိုယ္နဲ႔မယူခင္ Single ဘဝမွာ ေဖာက္ျပန္တတ္တဲ့
ေယာက်ာ္းကို ကိုယ္နဲ႔ယူၿပီးမွ ၿငိမ္မယ္လို႔ေတာ႔ မထင္လိုက္ပါနဲ႔ …။
ကိုယ္နဲ႔လက္ထပ္ၿပီးမွ ေဖာက္ျပန္တဲ့ ေယာက်ာ္းကို
သူနဲ႔ ကေလးရလိုက္ရင္ ၿငိမ္သြားမယ္ မထင္လိုက္ပါနဲ႔။
ကိုယ္သာ…တစ္ခုလတ္ ကေလးအေမ ဘဝေတြ
ေရာက္သြားမယ္…သူတို႔ကေတာ့ ၿခံခုန္ေကာင္းေနတုန္းပါပဲ …။
မိန္းမတစ္ေယာက္ ဘဝမွာ…အကုသိုလ္ကံ သိပ္ႀကီးလြန္းေနရင္လည္း…
အက်င့္စာရိတၱ မေကာင္း၊ မိန္းမေတြနဲ႔ ေပြလီေဖာက္ျပားတတ္တဲ့
ေယာက်ာ္းမ်ိဴး ၊ဆိုးသြမ္းေနတဲ့ ေယာက်ာ္းမ်ိဴး ျဖစ္ေနလည္း ေတြ႕ေနရလည္း
အဲဒီမိန္းမစိတ္ထဲ ၊ အေတြးထဲ ၊ အသိစိတ္ထဲမွာ
ဒီေယာက်ာ္းဟာ ငါတစ္ေန႔မွာ ေျပာင္းလဲလုပ္ယူ ျပဳျပင္ယူလို႔ ရနိင္မယ့္
ေယာက်ာ္းလို႔ ဘဝင္ေလဟက္ၿပီး ထင္ေနတတ္ၾကတယ္ …။
အကုသိုလ္ ကံ အေမွာင္က အရမ္းမ်ားလြန္းေနေတာ့
အသိအလင္းတန္းက ေတာ္႐ုံနဲ႔ ထိုးမေဖာက္ႏိုင္ဘူး။
ဘုရားေဟာ တရားေတာ္ထဲမွာ ရွိပါတယ္ …။
ငရဲသားတစ္ေယာက္ဟာ…ေခါင္းမွာငရဲစက္သြားစက္ႀကီး တင္ခံထားရၿပီး
ေသြးစိမ္းရွင္ရွင္ေတြ နီျမန္းေနေအာင္ စီးက်ၿပီး ငရဲဝဋ္ကို ခံေနရစဥ္…
ေနာက္ထပ္ေရာက္လာတဲ့ ငရဲသားျဖစ္မယ့္သူက သူ႔မ်က္လုံးထဲမယ္…
ငရဲေခြးသြားစက္ႀကီးကို ပတၱျမားပန္းခိုင္ႀကီး နီျမန္းေနတာႀကီးကို ေခါင္းမွာဆင္ၿပီး
လွေနတယ္လို႔ ျမင္ၿပီး အတင္းကို လုပန္ဖို႔ ႀကိဳးစားခဲ့ပါတယ္ …။
ဒါေၾကာင့္…ေဖာက္ျပန္တဲ့ ေယာက်ာ္းကို လက္လႊတ္ရမွာ စိတ္က ေဝခြဲမရျဖစ္ေနတဲ့အခါ…
သူမ်ားေနာက္ ကိုယ့္ကိုထားၿပီး ပါသြားတဲ့အခါမွာ
မိန္းမေတြစိတ္ထဲ…ငါတို႔အကုသိုလ္ကံ ေပးဆပ္ရဖို႔ ဝဋ္ေႂကြးေတြ ဒီအခ်ိန္မွာ ေက်ၿပီမို႔
ေနာက္လူက ပတၱျမား ပန္းအထင္နဲ႔ လုယူပန္ဆင္တာျဖစ္တယ္ …။
ငါတို႔ ကုသိုလ္ကံေလးေတြ ျပန္အလင္း ပြင့္လာၿပီျဖစ္လို႔….
ကိုယ့္ဘဝကိုယ္ လြတ္လပ္ေပါ့ပါးစြာ ျဖတ္သန္းရွင္သန္ခြင့္ကို
ရလိုက္ၿပီလို႔သာ…ေတြးၿပီး ဝမ္းသာၾကည္ႏူးျဖစ္ၾကည္႔လိုက္ပါ …။
အကုသိုလ္ကံ သိပ္မ်ားေနခ်ိန္မွာ….မိန္းမေတြဟာ…
ေယာက်ာ္းယုတ္ ၊ ေယာက်ာ္းဆိုး ေတြနဲ႔ ေတြ႕ႀကဳံရတတ္ပါတယ္ …။
မိန္းမသားမ်ားအားလုံး…ကုသိုလ္စိတ္ေလးေတြ အျပည့္နဲ႔…
တစ္ေယာက္တည္း ဘဝကို ေက်နပ္လွပစြာ ဖန္တီးပုံေဖာ္ႏိုင္ၾကေစဖို႔…
အားေပး ဆုေတာင္းလိုက္ပါတယ္ေနာ္ …။ ။