ပါးစပ်ကနေပဲချစ်ပြပြီး တကယ်မချစ်တဲ့ယောက်ျားတွေရဲ့အမူအကျင့်များ…
ချစ်သူတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက်
အပြန်အလှန် ဂရုစိုက်၊ နွေးထွေးကြရပါတယ် …။
ပါးစပ်ကနေချစ်တယ်လို့ တဖွဖွပြောနေပြီး လက်တွေ့မှာ
ဂရုမစိုက်တာဟာ တကယ်မချစ်လို့ ဆိုတာ
ပြောစရာတောင်မလိုပါဘူးနော် …။
သင့်ကို သင့်ရဲ့ချစ်သူက ပါးစပ်ကနေပဲချစ်ပြနေပြီး
တကယ်မချစ်ဘူး …၊
သင်နဲ့ပတ်သက်တာတွေကို ဂရုမစိုက်ဘူးဆိုတာ
ဒီအချက်တွေက သက်သေပါပဲ …။
(၁) သင့်အတွက်အချိန်မပေးဘူး”
ကိုယ့်ကိုချစ်တဲ့ သူတစ်ယောက်က ဘယ်လောက်ပဲအလုပ်များများ
ကိုယ့်အတွက်အချိန်ပေးဖို့ ကြိုးစားပါလိမ့်မယ် …။
အချိန်လည်း ပေးနိုင်ပါတယ် …။
အချိန်မရှိဘူး၊ မအားဘူး၊ အလုပ်တွေများနေတယ်ဆိုတဲ့
အကြောင်းပြချက်ဟာ တကယ်မချစ်တဲ့သူ၊
သူတို့ဂရုမစိုက်တဲ့ သူတွေက ပေးတတ်တဲ့ဆင်ခြေတေါပါ …။
တကယ်ချစ်တဲ့သူဟာ သူချစ်တဲ့သူအတွက်
လိုလိုလားလားကို အချိန်ပေးတတ်ကြပါတယ် …။
(၂) အရာအားလုံးအတွက် သင့်ကိုအပြစ်တင်တတ်တယ်”
ချစ်တဲ့စိတ်နဲ့ကြည့်ရင် အပြစ်ရယ်လို့ မမြင်ပဲ
အရာအားလုံးကခွင့်လွှတ်ချင်စရာပါ …။
မချစ်တဲ့သူအတွက်ကတော့
ဘာလုပ်လုပ်အပြစ်တွေ မြင်နေမှာပါပဲ …။
ဒါကြောင့် သင့်ကိုချစ်တယ်လို့ပြောပြီး
သင့်ရဲ့ကောင်းကွက်တွေကို မမြင်ပဲ
အပြစ်တွေပဲ မြင်နေတဲ့ သူအတွက်
ခံစားနေမယ်ဆိုရင် လုံး၀ မတန်ပါဘူး …။
(၃) ဘာလုပ်လုပ် မတိုင်ပင်ဘူး”
လူတစ်ယောက်က တကယ်ချစ်မိသွားပြီဆိုရင်
ဘာပဲလုပ်လုပ် သူချစ်တဲ့သူကို တိုင်ပင်ချင်တယ် …။
ချစ်တဲ့သူရဲ့အမြင်ကို သိချင်တယ် …။
ချစ်တဲ့သူရဲ့ထောက်ခံအားပေးမှုကို လိုချင်ကြပါတယ် …။
ဒါကြောင့် သင့်ကို တကယ်ချစ်တယ်၊
ဂရုစိုက်တယ်ဆိုရင် သင့်ကို အမြဲတမ်း တိုင်ပင်ပါလိမ့်မယ် …။
ဘာပဲလပြ်လုပ် မတိုင်ပင်ဘူး၊
သင့်ကိုမသိတောင်မပေးဘူး ဆိုရင်တော့
သူဟာသင့်ကို ဂရုလည်းမစိုက်သလို ချစ်လည်းမချစ်ပါဘူး …။
(၄) သင်ပျော်ရွှင်အောင် မလုပ်ပေးဘူး”
ချစ်မိသွားတဲ့သူတစ်ယောက်က
သူချစ်ရတဲ့သူပျော်ရွှင်ဖို့ စဉ်းစားပေးတယ် …။
ချစ်ရသူပျော်ရွှင်အောင် ဘာလုပ်ပေးရမလဲ
အမြဲတွေးပေးပါတယ် …။
သူ့ဘက်က သင်ပျော်တာမပျော်တာတွေစိတ်မဝင်စားဘူး …၊
သင်ပျော်အောင်လည်း
တစ်ခါမှ မလုပ်ပေးဖူးဘူးဆိုရင်တော့
သင့်ကိုချစ်တယ်ဆိုတာ အလိမ်အညာတွေပဲ
ဖြစ်ပါလိမ့်မယ်နော် …။
(၅) သင်အဆင်ပြေ၊မပြေ စိတ်မဝင်စားဘူး”
ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို
အဆင်ပြေပျော်ရွှင်နေတာကိုပဲ မြင်ချင်ကြပြီး
သူ့တစ်နေ့တာကို ဘယ်လိုဖြတ်သန်းလဲ၊
တစ်နေ့တာမှာ ဘာတွေဖြစ်ခဲ့လဲ၊
ဘယ်လိုစိတ်ညစ်စရာတွေနဲ့ကြုံနေလဲ
စသဖြင့် တွေးပေးတတ်ကြပါတယ် …။
တကယ်လို့ သင်အဆင်ပြေ၊ မပြေစိတ်မဝင်စားဘူး၊
အဆင်ပြေရဲ့လားလို့တောင် မမေးဘူး၊
သင်ရင်ဖွင့်တာတွေကိုလည်း
ဘယ်တော့မှနားမထောင်တတ်ဘူးဆိုရင်တော့
သေချာပါတယ် သူဟာ သင့်ကိုမချစ်ပါဘူး …။
(၆) တခြားမိန်းမတွေနဲ့ ရောတယ်”
ဘယ်လောက်ပဲရှုပ်ပွေတဲ့ ယောက်ျားတစ်ယောက်ဖြစ်ပါစေ …၊
သူတကယ်ချစ်တဲ့သူနဲ့တွေ့တဲ့အခါ
သူချစ်တဲ့သူက သူ့ကို လူရှုပ်၊
လူပွေတစ်ယောက်လို့
မြင်သွားမှာကို စိုးရိမ်ပြီး
အနေအထိုင်ဆင်ခြင်တတ်ပါတယ် …။
ကိုယ်ချစ်တဲ့သူအရှေ့မှာ မပြောနဲ့ ကွယ်ရာမှာတောင်
တခြားမိန်းမတွေနဲ့ ရောတာမျိုးမလုပ်ပဲ
စောင့်ထိန်းတတ်ပါတယ် …။
သင့်ကို ချစ်ပါတယ်လို့ပြောနေပြီး
သင့်အရှေ့မှာတောင် တခြားမိန်းမတွေနဲ
့ရောနှောနေတယ်ဆိုရင်တော့
သူဟာ သင့်ကိုဂရုမစိုက်ဘူးဆိုတာ ပေါ်လွင်နေပါပြီနော် …။ ။
Credit – Source
Zawgyi
တကယ်မချစ်ဘူး …၊
ဘာပဲလပ်ြလုပ် မတိုင်ပင်ဘူး၊
အမြဲတွေးပေးပါတယ် …။
သင်ပျော်အောင်လည်း
ဖြစ်ပါလိမ့်မယ်နော် …။
လူပွေတစ်ယောက်လို့
စောင့်ထိန်းတတ်ပါတယ် …။
Credit – Source