သင့်ဘဝမှာ ဆုံတွေ့ရမဲ့ လူ ၉ မျိုး
အချိန်လွန်မှတတဲ့ နောင်တမရစေဘဲ အေးချမ်းတဲ့ဘဝကို
တစ်သက်တာပိုင်ဆိုင်စေဖို့ ဒီလူ၉ယောက်နဲ့ တွေ့ဆုံတဲ့အခါ
ဒီအချက်လေးတွေက သင့်ကို ကူညီပေးပါလိမ့်မယ်။
ဆန်းစစ်ကြည့်လိုက်ပါဦး။
၁။ ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ
သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။
သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။
၂။ ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့
ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်နိုင်ဖို့ ကြိုးစားပါ။
ဘဝတစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း
တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ မလွယ်လှဘူး။
၃။ ကိုယ့်ဘဝကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ
သူ့ကျေးဇူးကို မှတ်ထားပါ။
သူဟာ ကိုယ့်ဘဝကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။
၄။ ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး
ကျေးဇူးတင်ကြောင်းပြောပါ။
သူ့ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ပါပဲ။
၅။ ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။
သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။
၆။ ကိုယ်နဲ့အတူနေနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံ
းဝကျေးဇူးတင်ပါ။ သူ့ကြောင့် ပျော်ရွှင်ကြည်နှုးမှုနဲ့
ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။
၇။ ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ
ခေါ်ပြောနှုတ်ဆက်ပါ။ သူ့ကြောင့် လောကကြီးအကြောင်းကို
ကိုယ်နားလည်ခဲ့လို့ပါပဲ။
၈။ ကိုယ်တိတ်တခိုးချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ
သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။
သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါ။
၉။ ကိုယ့်ကို ထားခဲ့တဲ့လူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။
ကိုယ့်ဘဝမှာ အမှတ်တရ အတိတ်ခြေရာလေးတွေ
ထင်ကျန်အောင် သူ နင်းလျှောက်ခဲ့လို့ပါပဲ။
တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘဝမှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။
Zawgyi
သင့္ဘဝမွာ ဆုံေတြ႕ရမဲ့ လူ ၉ မ်ိဳး
အခ်ိန္လြန္မွတတဲ့ ေနာင္တမရေစဘဲ ေအးခ်မ္းတဲ့ဘဝကို
တစ္သက္တာပိုင္ဆိုင္ေစဖို႔ ဒီလူ၉ေယာက္နဲ႔ ေတြ႕ဆုံတဲ့အခါ
ဒီအခ်က္ေလးေတြက သင့္ကို ကူညီေပးပါလိမ့္မယ္။
ဆန္းစစ္ၾကည့္လိုက္ပါဦး။
၁။ ကိုယ္တကယ္ခ်စ္တဲ့ လူနဲ႔ဆုံတဲ့အခါ
သူနဲ႔တစ္သက္သာ လက္တြဲႏိုင္ဖို႔ ႀကိဳးစားပါ။
သူမ႐ွိေတာ့ရင္ အရာအားလုံးက ေႏွာင္းသြားလိမ့္မယ္။
၂။ ကိုယ္ယုံၾကည္ရတဲ့ သူငယ္ခ်င္းနဲ႔
ဆုံတဲ့အခါ သင့္ျမတ္ေအာင္ ေနထိုင္ႏိုင္ဖို႔ ႀကိဳးစားပါ။
ဘဝတစ္ေလွ်ာက္မွာ ကိုယ္နဲ႔သေဘာထားခ်င္း
တိုက္ဆိုင္သူနဲ႔ ဆုံဖို႔ဆိုတာ မလြယ္လွဘူး။
၃။ ကိုယ့္ဘဝကို ကူညီတဲ့လူနဲ႔ ဆုံတဲ့အခါ
သူ႕ေက်းဇူးကို မွတ္ထားပါ။
သူဟာ ကိုယ့္ဘဝကို လွည့္ေျပာင္းေပးခဲ့သူ ျဖစ္လို႔ပါပဲ။
၄။ ကိုယ္ခ်စ္ခဲ့ဖူးတဲ့လူနဲ႔ ဆုံတဲ့အခါ ျပဳံးျပၿပီး
ေက်းဇူးတင္ေၾကာင္းေျပာပါ။
သူ႕ေၾကာင့္ အခ်စ္ကို ပိုနားလည္ေစခဲ့လို႔ပါပဲ။
၅။ ကိုယ္မုန္းခဲ့ဖူးတဲ့လူနဲ႔ ဆုံတဲ့အခါ ျပဳံးျပၿပီး ႏႈတ္ဆက္လိုက္ပါ။
သူ႕ေၾကာင့္ ကိုယ္ပိုၾကံ့ခိုင္ခဲ့လို႔ပါပဲ။
၆။ ကိုယ္နဲ႔အတူေနေနတဲ့၊ ကိုယ့္ကို အေဖာ္ျပဳေနသူကို လုံ
းဝေက်းဇူးတင္ပါ။ သူ႕ေၾကာင့္ ေပ်ာ္႐ႊင္ၾကည္ႏႈးမႈနဲ႔
ခ်စ္ျခင္းေမတၱာေတြကို ကိုယ္ရေနလို႔ပါပဲ။
၇။ ကိုယ့္ကို သစၥာေဖာက္သြားသူနဲ႔ ဆုံတဲ့အခါ
ေခၚေျပာႏႈတ္ဆက္ပါ။ သူ႕ေၾကာင့္ ေလာကႀကီးအေၾကာင္းကို
ကိုယ္နားလည္ခဲ့လို႔ပါပဲ။
၈။ ကိုယ္တိတ္တခိုးခ်စ္ခဲ့ဖူးသူနဲ႔ ဆုံတဲ့အခါ
သူေပ်ာ္႐ႊင္ဖို႔ ေတာင္းဆုျပဳပါ။
သူ႕ကို ကိုယ္ခ်စ္ခဲ့စဥ္က သူေပ်ာ္ေနတာကိုပဲ ကိုယ္ျမင္ခ်င္ခဲ့လို႔ပါ။
၉။ ကိုယ့္ကို ထားခဲ့တဲ့လူနဲ႔ ဆုံတဲ့အခါ ေက်းဇူးတင္ေၾကာင္းေျပာပါ။
ကိုယ့္ဘဝမွာ အမွတ္တရ အတိတ္ေျခရာေလးေတြ
ထင္က်န္ေအာင္ သူ နင္းေလွ်ာက္ခဲ့လို႔ပါပဲ။
တစ္ခါပဲျဖစ္ခြင့္ရတဲ့ ဘဝမွာ လုပ္ခြင့္ရတဲ့ အခြင့္အေရးဟာလဲ တစ္ခါပဲ႐ွိတယ္။