စိတ်ကောင်းရှိတဲ့ မိန်းကလေးတွေ အချစ်ရေးကံမကောင်းရတဲ့ အကြောင်းရင်း(၅)ချက်
စိတ်ကောင်းရှိတဲ့ မိန်းကလေးတွေ
အချစ်ရေးကံမကောင်းရတဲ့ အကြောင်းရင်း(၅)ချက်…
တချို့မိန်းကလေးတွေဟာ ကိုယ်တိုင်ကစိတ်ကောင်းရှိတဲ့သူ
တစ်ယောက်၊ လူကောင်းတစ်ယောက်ဖြစ်ပါရက်နဲ့
သူတို့အပေါ်မကောင်းတဲ့သူတွေနဲ့တွေ့ဆုံရပြီး
အချစ်ရေးမှာကံမကောင်းတတ်ကြပါဘူး။
တကယ်တော့ ဒါဟာအကြောင်းမဲ့မဟုတ်ပါဘူး။
ခိုင်လုံတဲ့အကြောင်းရင်းလေးတွေရှိပါတယ်။
စိတ်ကောင်းရှိတဲ့မိန်းကလေးတွေ
အချစ်ရေးကံမကောင်းရတဲ့
အကြောင်းရင်းတွေကတော့ ဒီလိုပါ။
၁။ နားပဲထောင်တယ် မပြောဘူး
စိတ်ထားကောင်းတဲ့သူလေးတွေဟာ
သူများရဲ့ပြဿနာတွေ မကျေနပ်ချက်တွေကိုပဲတစ်ချိန်လုံးနားထောင်ပေးပြီး
ကိုယ့်ရဲ့ခံစားချက်တွေကိုတော့ဖွင့်မပြောတတ်ပါဘူး။
ဒီလိုမျိုး တစ်ချိန်လုံးနားထောင်ပေးပြီး
ကိုယ့်ဘက်ကခံစားချက်တွေကိုမပြောဘဲနေရာက
ကိုယ့်ရဲ့အဆင်မပြေမှုတွေကို
လုံးဝပြောခွင့်မရတဲ့အခြေအနေမျိုးဖြစ်လာတန်ပါတယ်။
ဒီကတဆင့် ကိုယ်ကချည်းနားထောင်ပေးဖေးမပေးရတဲ့
တစ်ဖက်စောင်းနင်းဆက်ဆံရေးမျိုးဖြစ်လာတတ်ပါတယ်။
၂။ ကိုယ့်အချိန်တွေကိုတခြားသူအတွက်ဖြုန်းတယ်
ကိုယ့်မှာအချိန်ရှိရှိမရှိရှိ သူ့အတွက်အချိန်ပေးတယ်၊
ကိုယ့်အားလပ်ချိန်တွေတင်မက
အလုပ်လုပ်နေချိန်တွေကိုတောင်ဖျက်ပြီး
သူ့အတွက်အချိန်ပေးတာမျိုးတွေက
တဖြည်းဖြည်းနဲ့ သူဖြစ်ချင်တာမှန်သမျှကိုယ်ကပဲ
လိုက်ဖြည့်ဆည်းပေးရတဲ့သူမျိုး ဖြစ်လာပါတယ်။
ကြာလာတော့ ကိုယ်ကချည်း အချိန်ပေးရသူဖြစ်လာပါလိမ့်မယ်။
၃။ ဟန်မဆောင်တတ်ဘူး
စိတ်ကောင်းရှိသူတို့ထုံးစံအတိုင်း
တစ်ခုခုဆို အဆင်ပြေတယ်ဆိုတာချည်းပဲ။
ငါအဆင်မပြေဘူး၊ မရဘူး၊ အချိန်မရှိဘူး၊
မလုပ်ပေးနိုင်ဘူး ဆိုပြီး
ဟန်ဆောင်ပန်ဆောင်ငြင်းတာမျိုးတောင်မရှိဘူး။
ငါ့ကြောင့်သူစိတ်ဆိုးသွားမလား၊
ငါ့ကြောင့်သူစိတ်ညစ်သွားမလားဆိုတာမျိုး
အရမ်းစိုးရိမ်နေတာကို အရှိအတိုင်းထုတ်ပြလိုက်တဲ့အခါ
တစ်ဖက်က အနိုင်ယူဖို့ အခွင့်အရေးပေးသလိုဖြစ်နေပါလိမ့်မယ်
၄။ ကိုယ်အဆင်ပြေဖို့ထက် သူများအဆင်ပြေဖို့ပဲဦးစားပေးတယ်
ကိုယ်အဆင်ပြေမပြေအရေးမကြီးဘူး၊
သူအဆင်ပြေဖို့အဓိက၊ ကိုယ့်အတွက်စဉ်းစားဖို့မလိုဘူး၊
သူ့အတွက်ပဲစဉ်းစားဖို့လိုတာဆိုတဲ့ အပြုအမူမျိုးကိုပဲ
အမြဲလုပ်နေမယ်ဆိုရင် သူ့ဘက်က
အခွင့်ကောင်းယူတော့တာပါပဲ။
သူများအတွက်ဦးစားပေးရင်က
ကိုယ့်ရဲ့အခွင့်အရေးတွေဆုံးရှုံးမှန်းမသိ ဆုံးရှုံးလာရတာပါ။
၅။ တစ်ဖက်သားကိုအရမ်းဖေးမချင်တယ်
စိတ်ကောင်းရှိတဲ့သူတွေက
သူများစိတ်ညစ်နေရင်အရမ်းဖေးမချင်တယ်၊
ကူညီချင်တယ်၊ တစ်ဖက်သားကိုအဆင်ပြေစေချင်တယ်။
သူတို့ရဲ့အဲ့ဒီစိတ်ထားကိုသိတဲ့အခါ
တစ်ဖက်လူက အခွင့်ကောင်းယူပြီး အနိုင်ကျင့်တန်ကြပါတယ်။
ဒီလိုအခွင့်ကောင်းယူတာကိုလည်း
သူတို့က သိသိချည်းနဲ့ခွင့်လွှတ်နေတတ်ကြတာပါပဲ။
တကယ်တော့ စိတ်ကောင်းရှိတဲ့မိန်းကလေးတွေက
မကောင်းတဲ့သူတွေနဲ့ဆုံရတာမဟုတ်ပါဘူး၊
သူတို့ကကောင်းလွန်းတော့ တစ်ဖက်သားအတွက်
အနိုင်ယူချင်စရာဖြစ်သွားတာမျိုးပါ။
May
Zawgyi
စိတ္ေကာင္း႐ွိတဲ့ မိန္းကေလးေတြ အခ်စ္ေရးကံမေကာင္းရတဲ့ အေၾကာင္းရင္း(၅)ခ်က္
စိတ္ေကာင္း႐ွိတဲ့ မိန္းကေလးေတြ
အခ်စ္ေရးကံမေကာင္းရတဲ့ အေၾကာင္းရင္း(၅)ခ်က္…
တခ်ိဳ႕မိန္းကေလးေတြဟာ ကိုယ္တိုင္ကစိတ္ေကာင္း႐ွိတဲ့သူ
တစ္ေယာက္၊ လူေကာင္းတစ္ေယာက္ျဖစ္ပါရက္နဲ႔
သူတို႔အေပၚမေကာင္းတဲ့သူေတြနဲ႔ေတြ႕ဆုံရၿပီး
အခ်စ္ေရးမွာကံမေကာင္းတတ္ၾကပါဘူး။
တကယ္ေတာ့ ဒါဟာအေၾကာင္းမဲ့မဟုတ္ပါဘူး။
ခိုင္လုံတဲ့အေၾကာင္းရင္းေလးေတြ႐ွိပါတယ္။
စိတ္ေကာင္း႐ွိတဲ့မိန္းကေလးေတြ
အခ်စ္ေရးကံမေကာင္းရတဲ့
အေၾကာင္းရင္းေတြကေတာ့ ဒီလိုပါ။
၁။ နားပဲေထာင္တယ္ မေျပာဘူး
စိတ္ထားေကာင္းတဲ့သူေလးေတြဟာ
သူမ်ားရဲ႕ျပႆနာေတြ မေက်နပ္ခ်က္ေတြကိုပဲတစ္ခ်ိန္လုံးနားေထာင္ေပးၿပီး
ကိုယ့္ရဲ႕ခံစားခ်က္ေတြကိုေတာ့ဖြင့္မေျပာတတ္ပါဘူး။
ဒီလိုမ်ိဳး တစ္ခ်ိန္လုံးနားေထာင္ေပးၿပီး
ကိုယ့္ဘက္ကခံစားခ်က္ေတြကိုမေျပာဘဲေနရာက
ကိုယ့္ရဲ႕အဆင္မေျပမႈေတြကို
လုံးဝေျပာခြင့္မရတဲ့အေျခအေနမ်ိဳးျဖစ္လာတန္ပါတယ္။
ဒီကတဆင့္ ကိုယ္ကခ်ည္းနားေထာင္ေပးေဖးမေပးရတဲ့
တစ္ဖက္ေစာင္းနင္းဆက္ဆံေရးမ်ိဳးျဖစ္လာတတ္ပါတယ္။
၂။ ကိုယ့္အခ်ိန္ေတြကိုတျခားသူအတြက္ျဖဳန္းတယ္
ကိုယ့္မွာအခ်ိန္႐ွိ႐ွိမ႐ွိ႐ွိ သူ႕အတြက္အခ်ိန္ေပးတယ္၊
ကိုယ့္အားလပ္ခ်ိန္ေတြတင္မက
အလုပ္လုပ္ေနခ်ိန္ေတြကိုေတာင္ဖ်က္ၿပီး
သူ႕အတြက္အခ်ိန္ေပးတာမ်ိဳးေတြက
တျဖည္းျဖည္းနဲ႔ သူျဖစ္ခ်င္တာမွန္သမွ်ကိုယ္ကပဲ
လိုက္ျဖည့္ဆည္းေပးရတဲ့သူမ်ိဳး ျဖစ္လာပါတယ္။
ၾကာလာေတာ့ ကိုယ္ကခ်ည္း အခ်ိန္ေပးရသူျဖစ္လာပါလိမ့္မယ္။
၃။ ဟန္မေဆာင္တတ္ဘူး
စိတ္ေကာင္း႐ွိသူတို႔ထုံးစံအတိုင္း
တစ္ခုခုဆို အဆင္ေျပတယ္ဆိုတာခ်ည္းပဲ။
ငါအဆင္မေျပဘူး၊ မရဘူး၊ အခ်ိန္မ႐ွိဘူး၊
မလုပ္ေပးႏိုင္ဘူး ဆိုၿပီး
ဟန္ေဆာင္ပန္ေဆာင္ျငင္းတာမ်ိဳးေတာင္မ႐ွိဘူး။
ငါ့ေၾကာင့္သူစိတ္ဆိုးသြားမလား၊
ငါ့ေၾကာင့္သူစိတ္ညစ္သြားမလားဆိုတာမ်ိဳး
အရမ္းစိုးရိမ္ေနတာကို အ႐ွိအတိုင္းထုတ္ျပလိုက္တဲ့အခါ
တစ္ဖက္က အႏိုင္ယူဖို႔ အခြင့္အေရးေပးသလိုျဖစ္ေနပါလိမ့္မယ္
၄။ ကိုယ္အဆင္ေျပဖို႔ထက္ သူမ်ားအဆင္ေျပဖို႔ပဲဦးစားေပးတယ္
ကိုယ္အဆင္ေျပမေျပအေရးမႀကီးဘူး၊
သူအဆင္ေျပဖို႔အဓိက၊ ကိုယ့္အတြက္စဥ္းစားဖို႔မလိုဘူး၊
သူ႕အတြက္ပဲစဥ္းစားဖို႔လိုတာဆိုတဲ့ အျပဳအမူမ်ိဳးကိုပဲ
အၿမဲလုပ္ေနမယ္ဆိုရင္ သူ႕ဘက္က
အခြင့္ေကာင္းယူေတာ့တာပါပဲ။
သူမ်ားအတြက္ဦးစားေပးရင္က
ကိုယ့္ရဲ႕အခြင့္အေရးေတြဆုံး႐ႈံးမွန္းမသိ ဆုံး႐ႈံးလာရတာပါ။
၅။ တစ္ဖက္သားကိုအရမ္းေဖးမခ်င္တယ္
စိတ္ေကာင္း႐ွိတဲ့သူေတြက
သူမ်ားစိတ္ညစ္ေနရင္အရမ္းေဖးမခ်င္တယ္၊
ကူညီခ်င္တယ္၊ တစ္ဖက္သားကိုအဆင္ေျပေစခ်င္တယ္။
သူတို႔ရဲ႕အဲ့ဒီစိတ္ထားကိုသိတဲ့အခါ
တစ္ဖက္လူက အခြင့္ေကာင္းယူၿပီး အႏိုင္က်င့္တန္ၾကပါတယ္။
ဒီလိုအခြင့္ေကာင္းယူတာကိုလည္း
သူတို႔က သိသိခ်ည္းနဲ႔ခြင့္လႊတ္ေနတတ္ၾကတာပါပဲ။
တကယ္ေတာ့ စိတ္ေကာင္း႐ွိတဲ့မိန္းကေလးေတြက
မေကာင္းတဲ့သူေတြနဲ႔ဆုံရတာမဟုတ္ပါဘူး၊
သူတို႔ကေကာင္းလြန္းေတာ့ တစ္ဖက္သားအတြက္
အႏိုင္ယူခ်င္စရာျဖစ္သြားတာမ်ိဳးပါ။
May