လွယ်လွယ်ရရင် . . .လူတွေက တန်ဖိုးထားရကောင်းမှန်း နားမလည်ကြတော့ဘူး
အဲ့ဒီအထဲမှာ အချစ်နဲ့ စေတနာတွေ ထိပ်ဆုံးက ပါတယ် ။
ကိုယ်က လိုမယ်ထင်လို့ပေးလိုက်ပေမယ့်
တစ်ဖက်က ပေါနေလို့ပေးတယ်လို့လွယ်လွယ်လေး
သဘောထားလိုက်ကြတာလေ..၊
တန်ဖိုးရှိပါလား တန်ဖိုးထားရမှာပါလို့ မတွေးမိတော့ဘူး
ဒါပေမယ့် …ဝမ်းမနည်းပါနဲ့ ကိုယ့်မေတ္တာတွေ စစ်မှန်ရင်
တစ်နေ့ကျရင်ရောင်ပြန်လာမှာပါ..။
ရောင်ပြန်လာမယ်ဆိုတာ ကိုယ်ပေးလိုက်တဲ့လူဆီကနေ ပြန်ပြီး
တန်ပြန်လာလိမ့်မယ်လို့တော့ တစ်ထစ်ချကြီး မတွေးစေချင်ဘူး
သေချာပေါက် တန်ပြန်လာပါလိမ့်မယ်
ကိုယ်ပေးလိုက်တဲ့လူဆီက ဖြစ်ချင်မှ ဖြစ်မှာပေါ့..၊
လူတွေကို တစ်ခုတော့ သိစေချင်တယ်
အကူအညီပေးလိုက်တယ်ဆိုတိုင်း
အရမ်းကို အဆင်ပြေနေလို့မဟုတ်ပဲ
တစ်ခါတစ်လေကိုယ်ကိုယ်တိုင် ဒုက္ခဖြစ်ခံပြီး
ကူညီပေးလိုက်တာတွေမှ အများကြီးပါ..။
ကိုယ်က သူအဆင်ပြေပါစေတော့ဆိုပြီး
ကူညီလိုက်ပေမယ့် နောက်ဆုံး တကယ်အဆင်မပြေဖြစ်သွားတာက
ကိုယ်ကိုယ်တိုင်ဖြစ်သွားတယ်ဆိုတဲ့စကား သိပ်ကိုမှန်ပါတယ်
အဲ့လိုပုံစံမျိုးနဲ့ ဘဝမှာ ခက်ခဲရပေါင်းလဲ တော်တော်လေးကို များနေပါပြီ..။
အချစ် . . . ဒီတစ်ခုက ပိုဆိုးတယ် မာနတွေ ချပြီး
ချစ်ပစ်လိုက်တာ သူမှသူဖြစ်တဲ့အထိ ချစ်ပစ်လိုက်ကြတာပေါ့
နောက်ဆုံး ကိုယ်ဆိုတာ သူ ဂရုမစိုက်လဲ
အနားနားရှိနေမှာပဲဆိုပြီး
လွယ်လွယ်လေး တွေးပစ်လိုက်ကြတယ်လေ..၊
သူ့အတွက် ကိုယ်က တန်ဖိုးထားပေးဖို့မလိုတော့ဘူးလို့
လွယ်လွယ်လေးတွေးပစ်လိုက်တာပေါ့
သူ့ဘက်စမခေါ်လဲ ကိုယ့်က လာပြီးခေါ်လာလိမ့်မယ်
ကိုယ်စိတ်ဆိုးနေလဲ အလိုလိုစိတ်ကောက်ပြေသွားလိမ့်မယ်
ဆိုပြီး သူ့ခေါင်းထဲ စွဲသွားခဲ့တာ..၊
နောက်ဆုံး ကိုယ့်အတွေးနဲ့ကိုယ် ကိုယ်ပဲနာကျင်ရတာပါလဲ
ဘယ်သူမှားလဲလို့တွေးတဲ့အခါ
ပေါပေါပဲပဲ ပေးခဲ့မိတဲ့ကိုယ်ပဲ မှားတာပေါ့..၊
နောက်ဆို . . . ဒီထက်ပိုပြီး ဆင်ခြင်မှ ရတော့မယ် ။
ကိုယ်ဘယ်လောက်ပဲ ချစ်နေပါစေ
ကိုယ်ချစ်တာရဲ့ တစ်ဝက်လောက်ပဲ ပြတော့မယ်..။
ကိုယ်ဘယ်လောက်ပဲ သနားနေပါတယ်
တကယ်ခက်ခဲမှပဲ ကူညီပေးတော့မယ်
လူတွေက လွယ်လွယ်လေးရရင် တန်ဖိုး မထားတတ်ကြဘူးလေ..၊
Pstar
Credit
Zawgyi
လြယ္လြယ္ရရင္ . . .လူေတြက တန္ဖိုးထားရေကာင္းမွန္း နားမလည္ၾကေတာ့ဘူး
အဲ့ဒီအထဲမွာ အခ်စ္နဲ႔ ေစတနာေတြ ထိပ္ဆုံးက ပါတယ္ ။
ကိုယ္က လိုမယ္ထင္လို႔ေပးလိုက္ေပမယ့္
တစ္ဖက္က ေပါေနလို႔ေပးတယ္လို႔လြယ္လြယ္ေလး
သေဘာထားလိုက္ၾကတာေလ..၊
တန္ဖိုး႐ွိပါလား တန္ဖိုးထားရမွာပါလို႔ မေတြးမိေတာ့ဘူး
ဒါေပမယ့္ …ဝမ္းမနည္းပါနဲ႔ ကိုယ့္ေမတၱာေတြ စစ္မွန္ရင္
တစ္ေန႔က်ရင္ေရာင္ျပန္လာမွာပါ..။
ေရာင္ျပန္လာမယ္ဆိုတာ ကိုယ္ေပးလိုက္တဲ့လူဆီကေန ျပန္ၿပီး
တန္ျပန္လာလိမ့္မယ္လို႔ေတာ့ တစ္ထစ္ခ်ႀကီး မေတြးေစခ်င္ဘူး
ေသခ်ာေပါက္ တန္ျပန္လာပါလိမ့္မယ္
ကိုယ္ေပးလိုက္တဲ့လူဆီက ျဖစ္ခ်င္မွ ျဖစ္မွာေပါ့..၊
လူေတြကို တစ္ခုေတာ့ သိေစခ်င္တယ္
အကူအညီေပးလိုက္တယ္ဆိုတိုင္း
အရမ္းကို အဆင္ေျပေနလို႔မဟုတ္ပဲ
တစ္ခါတစ္ေလကိုယ္ကိုယ္တိုင္ ဒုကၡျဖစ္ခံၿပီး
ကူညီေပးလိုက္တာေတြမွ အမ်ားႀကီးပါ..။
ကိုယ္က သူအဆင္ေျပပါေစေတာ့ဆိုၿပီး
ကူညီလိုက္ေပမယ့္ ေနာက္ဆုံး တကယ္အဆင္မေျပျဖစ္သြားတာက
ကိုယ္ကိုယ္တိုင္ျဖစ္သြားတယ္ဆိုတဲ့စကား သိပ္ကိုမွန္ပါတယ္
အဲ့လိုပုံစံမ်ိဳးနဲ႔ ဘဝမွာ ခက္ခဲရေပါင္းလဲ ေတာ္ေတာ္ေလးကို မ်ားေနပါၿပီ..။
အခ်စ္ . . . ဒီတစ္ခုက ပိုဆိုးတယ္ မာနေတြ ခ်ၿပီး
ခ်စ္ပစ္လိုက္တာ သူမွသူျဖစ္တဲ့အထိ ခ်စ္ပစ္လိုက္ၾကတာေပါ့
ေနာက္ဆုံး ကိုယ္ဆိုတာ သူ ဂ႐ုမစိုက္လဲ
အနားနား႐ွိေနမွာပဲဆိုၿပီး
လြယ္လြယ္ေလး ေတြးပစ္လိုက္ၾကတယ္ေလ..၊
သူ႕အတြက္ ကိုယ္က တန္ဖိုးထားေပးဖို႔မလိုေတာ့ဘူးလို႔
လြယ္လြယ္ေလးေတြးပစ္လိုက္တာေပါ့
သူ႕ဘက္စမေခၚလဲ ကိုယ့္က လာၿပီးေခၚလာလိမ့္မယ္
ကိုယ္စိတ္ဆိုးေနလဲ အလိုလိုစိတ္ေကာက္ေျပသြားလိမ့္မယ္
ဆိုၿပီး သူ႕ေခါင္းထဲ စြဲသြားခဲ့တာ..၊
ေနာက္ဆုံး ကိုယ့္အေတြးနဲ႔ကိုယ္ ကိုယ္ပဲနာက်င္ရတာပါလဲ
ဘယ္သူမွားလဲလို႔ေတြးတဲ့အခါ
ေပါေပါပဲပဲ ေပးခဲ့မိတဲ့ကိုယ္ပဲ မွားတာေပါ့..၊
ေနာက္ဆို . . . ဒီထက္ပိုၿပီး ဆင္ျခင္မွ ရေတာ့မယ္ ။
ကိုယ္ဘယ္ေလာက္ပဲ ခ်စ္ေနပါေစ
ကိုယ္ခ်စ္တာရဲ႕ တစ္ဝက္ေလာက္ပဲ ျပေတာ့မယ္..။
ကိုယ္ဘယ္ေလာက္ပဲ သနားေနပါတယ္
တကယ္ခက္ခဲမွပဲ ကူညီေပးေတာ့မယ္
လူေတြက လြယ္လြယ္ေလးရရင္ တန္ဖိုး မထားတတ္ၾကဘူးေလ..၊
Pstar
Credit