နှလုံးသားတစ်ခုလုံးပုံအပ်ပြီး သင့်ကိုပဲတကယ်ချစ်နေတဲ့ ယောကျ်ားတစ်ယောက်ရဲ့လက္ခဏာ (၅)မျိုး
ယောကျ်ားလေးတစ်ယောက်နဲ့ပတ်သက်ပြီး
ခန့်မှန်းရအခက်ဆုံးကတော့ သူကိုယ့်ကို နှလုံးအပြည့်နဲ့
တကယ်ချစ်တာလား၊ ဒါမှမဟုတ် ခင်မင်ရုံသက်သက်ပဲလား၊
ဒါမှမဟုတ် အပျော်တွဲတာလားဆိုတာကိုပါ။
ခုဖော်ပြပေးမှာကတော့ သင့်အပေါ်ကို
နှလုံးသားတစ်ခုလုံးပုံအပ်ပြီး
သင့်ကိုပဲ အရူးအမူးချစ်နေတဲ့
ယောကျ်ားတစ်ယောက်ရဲ့ လက္ခဏာပါ။
ဒီအချက်လေးတွေဟာ သင့်ချစ်သူ ဒါမှမဟုတ်
တစ်စုံတစ်ယောက်နဲ့ပတ်သက်ပြီး သင်သိချင်နေတဲ့
မေးခွန်းလေးတွေကို ဖြေပေးသွားမှာဖြစ်ပါတယ်။
(၁) ဖုန်းနဲ့စကားပြောတယ်
သင့်ကို အီစီကလီ ဒါမှမဟုတ် အပျော်လောက်ပဲ
သဘောထားတဲ့ ယောကျ်ားတစ်ယောက်ဟာ text တွေ၊
chatting တွေလောက်နဲ့ပဲ သင့်ကို စကားပြောမှာပါ။
ဒါပေမယ့်လည်း သင့်ကို တကယ်ချစ်တဲ့
ယောကျ်ားတစ်ယောက်ကတော့
သူအားတဲ့အချိန်တိုင်း သင့်ကို ဖုန်းခေါ်မှာဖြစ်ပါတယ်။
သင့်ကို ဖုန်းပုံမှန်ဆက်တယ်၊
မကြာမကြာ ဖုန်းဆက်တတ်တယ်ဆိုရင်တော့
သူဟာ သင့်ကို တကယ်ချစ်နေတာဖြစ်ပါတယ်။
(၂) နာမည်ပြောင်လေးတွေခေါ်တယ်
သင့်ချစ်သူဟာ သင့်ကို နာမည်ပြောင်လေးတွေ
ပေးထားတယ်ဆိုတာ
သင့်ကို အလေးအနက်ထားတာကို ပြတာပါ။
ရယ်စရာ နာမည်ပြောင်လေးတွေ၊
ချစ်စရာနာမည်ပြောင်လေးတွေနဲ့
စနောက်ပြီး ချစ်စနိုးခေါ်တတ်တယ်ဆိုရင်တော့
သင့်ကို သူ တကယ်ချစ်နေတယ်ဆိုတာ သိထားလိုက်ပါနော်။
(၃) သင်ပြောခဲ့တဲ့စကားလေးတွေကို မှတ်မိနေတယ်
သင်ပြောဖူးတဲ့ စကားလေးတွေ
ဥပမာ ရုပ်ရှင်ဇာတ်ကားအကြောင်း၊
သင်ကြိုက်တဲ့ အစားအသောက်အကြောင်း၊
သင်ကြိုက်တဲ့ သီချင်းတွေအကြောင်း စသဖြင့်
သင့်အကြိုက်လေးတွေ၊ သင်ပြောဖူးတဲ့ အရာလေးတွေ၊
သင်အလေးအနက်ထားတဲ့ အရာလေးတွေကို
မှတ်မိနေတယ်ဆိုရင်တော့ သင့်ကို တကယ်ချစ်နေတာပါ။
(၄) သင့်ကိုမြင်တိုင်း ဟန်မဆောင်နိုင်လောက်အောင်ပျော်တယ်
သင့်ချစ်သူဟာ သင့်အနားမှာ ရှိနေတဲ့အချိန်တွေ၊
သင့်ကိုမြင်လိုက်တဲ့ အချိန်တွေ၊
သင်နဲ့ ဆုံတဲ့အချိန်တွေတိုင်းမှာ
ထိန်းမရလောက်အောင်ကို ပျော်နေမှာဖြစ်ပါတယ်။
သူ့မျက်နှာမှာ ပျော်ရွှင်ခြင်းတွေ ပြည့်နေပြီး
အမြဲတမ်းပြုံးရွှင်နေပါလိမ့်မယ်။
ရယ်စရာတွေပြော၊ ဟာသတွေလုပ်ပြီး
ရွှင်လန်းတက်ကြွနေတယ်ဆိုတာ သင့်ကို တကယ်ချစ်နေလို့ပါ။
(၅) အနာဂတ်အတွက် ကြိုးစားနေမယ်
သင့်ကို ချစ်တဲ့ ယောကျ်ားတစ်ယောက်ဟာ
ဘဝကို ဖြစ်သလိုနေမယ့်သူမဟုတ်ပါဘူး။
သူတတ်နိုင်သလောက် အကောင်းဆုံးသော အိပ်မက်တွေ၊
အကောင်းဆုံးသော ဘဝစိတ်ကူးတွေ ရှိနေပြီး
အဲ့ဒီ့အရာတွေထဲမှာ သင်လည်း အမြဲတမ်းပါဝင်နေမှာပါ။
သင်နဲ့ နီးစပ်ခွင့်ရဖို့အတွက် ကြိုးစားပြီး
အနာဂတ်အတွက် အကောင်းဆုံး ကြိုးစားနေတဲ့ယောကျ်ားဟာ
သင့်ကို တကယ်ချစ်နေတဲ့သူဖြစ်ပါတယ်။
Credit
Zawgyi
ႏွလုံးသားတစ္ခုလုံးပုံအပ္ၿပီး သင့္ကိုပဲတကယ္ခ်စ္ေနတဲ့ ေယာက်္ားတစ္ေယာက္ရဲ႕လကၡဏာ (၅)မ်ိဳး
ေယာက်္ားေလးတစ္ေယာက္နဲ႔ပတ္သက္ၿပီး
ခန္႔မွန္းရအခက္ဆုံးကေတာ့ သူကိုယ့္ကို ႏွလုံးအျပည့္နဲ႔
တကယ္ခ်စ္တာလား၊ ဒါမွမဟုတ္ ခင္မင္႐ုံသက္သက္ပဲလား၊
ဒါမွမဟုတ္ အေပ်ာ္တြဲတာလားဆိုတာကိုပါ။
ခုေဖာ္ျပေပးမွာကေတာ့ သင့္အေပၚကို
ႏွလုံးသားတစ္ခုလုံးပုံအပ္ၿပီး
သင့္ကိုပဲ အ႐ူးအမူးခ်စ္ေနတဲ့
ေယာက်္ားတစ္ေယာက္ရဲ႕ လကၡဏာပါ။
ဒီအခ်က္ေလးေတြဟာ သင့္ခ်စ္သူ ဒါမွမဟုတ္
တစ္စုံတစ္ေယာက္နဲ႔ပတ္သက္ၿပီး သင္သိခ်င္ေနတဲ့
ေမးခြန္းေလးေတြကို ေျဖေပးသြားမွာျဖစ္ပါတယ္။
(၁) ဖုန္းနဲ႔စကားေျပာတယ္
သင့္ကို အီစီကလီ ဒါမွမဟုတ္ အေပ်ာ္ေလာက္ပဲ
သေဘာထားတဲ့ ေယာက်္ားတစ္ေယာက္ဟာ text ေတြ၊
chatting ေတြေလာက္နဲ႔ပဲ သင့္ကို စကားေျပာမွာပါ။
ဒါေပမယ့္လည္း သင့္ကို တကယ္ခ်စ္တဲ့
ေယာက်္ားတစ္ေယာက္ကေတာ့
သူအားတဲ့အခ်ိန္တိုင္း သင့္ကို ဖုန္းေခၚမွာျဖစ္ပါတယ္။
သင့္ကို ဖုန္းပုံမွန္ဆက္တယ္၊
မၾကာမၾကာ ဖုန္းဆက္တတ္တယ္ဆိုရင္ေတာ့
သူဟာ သင့္ကို တကယ္ခ်စ္ေနတာျဖစ္ပါတယ္။
(၂) နာမည္ေျပာင္ေလးေတြေခၚတယ္
သင့္ခ်စ္သူဟာ သင့္ကို နာမည္ေျပာင္ေလးေတြ
ေပးထားတယ္ဆိုတာ
သင့္ကို အေလးအနက္ထားတာကို ျပတာပါ။
ရယ္စရာ နာမည္ေျပာင္ေလးေတြ၊
ခ်စ္စရာနာမည္ေျပာင္ေလးေတြနဲ႔
စေနာက္ၿပီး ခ်စ္စႏိုးေခၚတတ္တယ္ဆိုရင္ေတာ့
သင့္ကို သူ တကယ္ခ်စ္ေနတယ္ဆိုတာ သိထားလိုက္ပါေနာ္။
(၃) သင္ေျပာခဲ့တဲ့စကားေလးေတြကို မွတ္မိေနတယ္
သင္ေျပာဖူးတဲ့ စကားေလးေတြ
ဥပမာ ႐ုပ္႐ွင္ဇာတ္ကားအေၾကာင္း၊
သင္ႀကိဳက္တဲ့ အစားအေသာက္အေၾကာင္း၊
သင္ႀကိဳက္တဲ့ သီခ်င္းေတြအေၾကာင္း စသျဖင့္
သင့္အႀကိဳက္ေလးေတြ၊ သင္ေျပာဖူးတဲ့ အရာေလးေတြ၊
သင္အေလးအနက္ထားတဲ့ အရာေလးေတြကို
မွတ္မိေနတယ္ဆိုရင္ေတာ့ သင့္ကို တကယ္ခ်စ္ေနတာပါ။
(၄) သင့္ကိုျမင္တိုင္း ဟန္မေဆာင္ႏိုင္ေလာက္ေအာင္ေပ်ာ္တယ္
သင့္ခ်စ္သူဟာ သင့္အနားမွာ ႐ွိေနတဲ့အခ်ိန္ေတြ၊
သင့္ကိုျမင္လိုက္တဲ့ အခ်ိန္ေတြ၊
သင္နဲ႔ ဆုံတဲ့အခ်ိန္ေတြတိုင္းမွာ
ထိန္းမရေလာက္ေအာင္ကို ေပ်ာ္ေနမွာျဖစ္ပါတယ္။
သူ႕မ်က္ႏွာမွာ ေပ်ာ္႐ႊင္ျခင္းေတြ ျပည့္ေနၿပီး
အၿမဲတမ္းျပဳံး႐ႊင္ေနပါလိမ့္မယ္။
ရယ္စရာေတြေျပာ၊ ဟာသေတြလုပ္ၿပီး
႐ႊင္လန္းတက္ႂကြေနတယ္ဆိုတာ သင့္ကို တကယ္ခ်စ္ေနလို႔ပါ။
(၅) အနာဂတ္အတြက္ ႀကိဳးစားေနမယ္
သင့္ကို ခ်စ္တဲ့ ေယာက်္ားတစ္ေယာက္ဟာ
ဘဝကို ျဖစ္သလိုေနမယ့္သူမဟုတ္ပါဘူး။
သူတတ္ႏိုင္သေလာက္ အေကာင္းဆုံးေသာ အိပ္မက္ေတြ၊
အေကာင္းဆုံးေသာ ဘဝစိတ္ကူးေတြ ႐ွိေနၿပီး
အဲ့ဒီ့အရာေတြထဲမွာ သင္လည္း အၿမဲတမ္းပါဝင္ေနမွာပါ။
သင္နဲ႔ နီးစပ္ခြင့္ရဖို႔အတြက္ ႀကိဳးစားၿပီး
အနာဂတ္အတြက္ အေကာင္းဆုံး ႀကိဳးစားေနတဲ့ေယာက်္ားဟာ
သင့္ကို တကယ္ခ်စ္ေနတဲ့သူျဖစ္ပါတယ္။
Credit