ကိုယ့်ကိုယ်ကို တန်ဖိုးထား ချစ်မြတ်နိုးတဲ့ အမျိုးသမီးတိုင်း လိုက်နာသင့်တဲ့ အချက် (၁၀) ချက်
ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးဖို့ဆိုတာ
သိပ်ကို အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။
လူပေါင်းစုံရှိတဲ့ လောကကြီးမှာ
ကိုယ့်ကိုယ်ကိုလောက် ကိုယ့်ကို ချစ်မယ့်သူ
ထပ်ရှိဖို့ဆိုတာ မသေချာပါဘူး။
ကိုယ့်ရဲ့အစစအရာရာကို ကိုယ်ကမှ မချစ်ရင်
တခြားသူ ချစ်လာဖို့ကို မျှော်လင့်ကြည့်မယ်ဆိုရင်
ဒါက အဓိပ္ပာယ် မရှိတဲ့ အချက်ပါပဲ။
ကိုယ့်ကိုယ်ကို တန်ဖိုးထားတယ်၊
ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင်တော့
အခုဖော်ပြမယ့် အချက်တွေက
မဖြစ်မနေ လိုက်နာသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်
(၁) ကျန်းမာရေးကို ဂရုစိုက်ပါ
ကျန်းမာရေးမကောင်းရင် ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။
ဘာပဲ ဖြစ်ချင်ဖြစ်ချင် ကျန်းမာရေးကောင်းဖို့က
နံပါတ်(၁) မို့ ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင်
ကျန်းမာရေးကောင်းအောင် နေဖို့၊
အစားအသောက် ဆင်ခြင်ဖို့၊
ကျန်းမာရေးပိုကောင်းစေမယ့်
အစားအသောက်တွေကို စားသောက်ဖို့နဲ့
တခြားသော ကိုယ်လက်လှုပ်ရှားမှုတွေလည်း
လုပ်သင့်ပါတယ်။
(၂) လှလှပပလေး နေထိုင်ပါ
လူတစ်ယောက်ရဲ့ အသွင်အပြင်က
သူ့ရဲ့ ဘဝကို အများကြီး သက်ရောက်ပါတယ်။
အလုပ်အတွက် ဖြစ်စေ၊
ကိုယ့်ရဲ့ စိတ်ချမ်းသာမှုအတွက် ဖြစ်စေ၊
ကိုယ့်က ဘယ်လိုလူလဲဆိုတာကိုဖြစ်စေ
ဖော်ပြပေးနိုင်တာမို့ လှတပတလေး
နေထိုင်ဖို့က အရေးကြီးပါတယ်။
လှနေတဲ့ ကိုယ်က ကိုယ့်အတွက်
စိတ်ခွန်အားလည်း ဖြစ်စေပါတယ်
(၃) မိသားစုကို ဂရုစိုက်ပေးပါ
မိသားစုက ငယ်တဲ့အချိန်နဲ့
အချိန်မလွန်ခင်မှာပဲ ဂရုစိုက်ခွင့် ရတာပါ။
သွေးသားတော်စပ်တဲ့
တစ်ခုတည်းသော မိသားစုကို ဂရုစိုက်ပေးတဲ့အခါ
သင်လည်း စိတ်ကျေနပ်မှုနဲ့အတူ ပျော်ရွှင်လာပါလိမ့်မယ်။
အထူးသဖြင့် ကိုယ့်ကို ကလေးဘဝတည်းက
ဂရုတစိုက် မွေးမြူခဲ့တဲ့ မိဘတွေကို
ပိုပြီး ဂရုစိုက်ပေးသင့်ပါတယ်နော်
(၄) ငွေရှာပါ
ကိုယ့်ဘဝကို တခြားတယောက်အပေါ်မှာ
မှီတည်ထားရတယ်ဆိုတာ မကောင်းပါဘူး။
ကိုယ်က ဘယ်သူမှ မရှိရင်တောင်
ကိုယ့်အရည်အချင်းနဲ့ ကိုယ် ငွေရှာနိုင်တယ်။
စားဝတ်နေရေးအတွက် တစ်ယောက်ယောက်ကို
မှီခိုစရာ မလိုဘူးဆိုတာ ဂုဏ်ယူစရာ ဖြစ်ပြီး
သူများ မျက်နှာ မကြည့်ရမယ့် အချက်လည်း ဖြစ်ပါတယ်
(၅) ဗဟုသုတတွေ ဖြည့်ပါ
လောကမှာ ဖြစ်လာမယ့် အခြေအနေတွေက
ကိုယ်မမျှော်လင့်ထားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ကိုယ်က လောကနဲ့ ပတ်သတ်တဲ့
ဗဟုသုတတွေလည်း အမြဲ ဖြည့်သင့်ပါတယ်။
လောကမှာ ရှိတဲ့ မကောင်းတဲ့သူတွေအကြောင်း၊
လက်ရှိခေတ်စားနေတဲ့အရာတွေအကြောင်းအပြင်
ကိုယ့်အရည်အချင်းနဲ့ ပတ်သတ်တဲ့
ဗဟုသုတတွေက ကိုယ်ကို အထောက်အကူ ဖြစ်စေမှာပါ
(၆) ကိုယ့်ကိုယ်ကို ပျော်အောင် နေပါ
ဘဝဆိုတာ ရှင်သန်ရချိန်က ခဏလေးပါ။
ဒီအချိန်ခဏမှာ ကိုယ့်ကိုယ်ကို ပျော်ရတဲ့
အချိန်တွေ များအောင် ဂရုစိုက်ပေးသင့်ပါတယ်။
တခြားသူတွေကြောင့် ကိုယ့်အပျော်တွေ
ပျက်သုဉ်းရတာမျိုး မဖြစ်ပါစေနဲ့။
ပျော်ရွှင်ခြင်းက ကိုယ့်ကိုယ်ကို ချစ်တဲ့
သင်္ကေတ တစ်ခုလည်း ဖြစ်ပါတယ်
(၇) ကိုယ့်ကိုယ်ကိုလည်း ဂုဏ်ပြုပါ
ရှင်သန်ခဲ့တဲ့ တစ်လျှောက်လုံးမှာ
ကိုယ်တိုင်ရဲ့ ပြုလုပ်ခဲ့တဲ့ အရာတွေကိုလည်း
ကျေးဇူးတင်သင့်ပါတယ်။
ကျန်းမာနေတာမျိုး၊ အရည်အချင်း ရှိနေတာမျိုး၊
အသားအရေကို ဂရုစိုက်ပေးနိုင်တာမျိုး စတဲ့
အချက်တွေအတွက်လည်း
ကိုယ့်ကိုယ်ကို ချီးကျူး ဂုဏ်ပြုသင့်ပါတယ်
(၈) ဝါသနာပါတာ လုပ်ပါ
စိတ်ပင်ပန်းစရာတွေ၊ အလုပ်တာဝန်တွေနဲ့
တစ်သက်လုံး ရှင်သန်နေခဲ့တဲ့အတောအတွင်းမှာ
ကိုယ့်ကိုယ်ကို အနားပေးဖို့လည်း လိုအပ်ပါတယ်။
ဒီအတွက် ကိုယ် ဝါသနာ ပါတာလေးတွေ
လုပ်ရင်း အနားပေးနိုင်ပါတယ်။
သိုးမွှေးထိုးတာမျိုး၊ အဝတ်ချုပ်တာမျိုး စတဲ့
ဝါသနာလေးတွေကို အချိန်ပေးနိုင်ပြီဆိုရင်တော့
ကိုယ့်ကိုယ်ကို ချစ်တာ သေချာသလောက်ပါပဲ။
(၉) ငွေစုပါ
ဘဝဆိုတာ ခန့်မှန်းလို့ မရပါဘူး။
ကိုယ့်အတွက် တခြားသူတစ်ယောက်
ရှိမလားဆိုတာလည်း မသေချာပါဘူး။
ဒါကြောင့် ကိုယ့်အတွက် ကိုယ့်ကိုယ်ကိုပဲ အားကိုးပါ။
ငွေရှာနိုင်တဲ့အချိန်မှာ ချွေတာသုံးပြီး ငွေစုဖို့ ပြုလုပ်ပါ။
ငွေစုတာက သင့်အတွက် တချိန်မဟုတ် တချိန်မှာ
အထောက်အကူ ဖြစ်စေမယ့် အချက် ဖြစ်ပါတယ်။
(၁၀) စိတ်အေးချမ်းအောင် ပြုလုပ်ပါ
အကြည်ဓာတ်ရှိရာကို အကြည်ဓာတ်တွေ
လာတယ်ဆိုသလို ကိုယ့်မှာ ကောင်းတဲ့အရာတွေ
ပိုပြီး ဖြစ်လာစေဖို့အတွက်
ကိုယ့်ရဲ့ စိတ်တွေက အေးချမ်းမှုတွေ ရှိနေဖို့ လိုအပ်ပါတယ်။
မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေ၊
သိမ်းထားဖို့ မလိုတဲ့ ပူလောင်မှုတွေကို လွှတ်ချပြီး
ကိုယ့်စိတ်ကို အေးချမ်းဖို့လည်း ပြုလုပ်ပေးသင့်ပါတယ်။
Zawgyi
ကိုယ့္ကိုယ္ကို တန္ဖိုးထား ခ်စ္ျမတ္ႏိုးတဲ့ အမ်ိဳးသမီးတိုင္း လိုက္နာသင့္တဲ့ အခ်က္ (၁၀) ခ်က္
ကိုယ့္ကိုယ္ကို ခ်စ္ျမတ္ႏိုးဖို႔ဆိုတာ
သိပ္ကို အေရးႀကီးတဲ့အခ်က္ ျဖစ္ပါတယ္။
လူေပါင္းစုံ႐ွိတဲ့ ေလာကႀကီးမွာ
ကိုယ့္ကိုယ္ကိုေလာက္ ကိုယ့္ကို ခ်စ္မယ့္သူ
ထပ္႐ွိဖို႔ဆိုတာ မေသခ်ာပါဘူး။
ကိုယ့္ရဲ႕အစစအရာရာကို ကိုယ္ကမွ မခ်စ္ရင္
တျခားသူ ခ်စ္လာဖို႔ကို ေမွ်ာ္လင့္ၾကည့္မယ္ဆိုရင္
ဒါက အဓိပၸာယ္ မ႐ွိတဲ့ အခ်က္ပါပဲ။
ကိုယ့္ကိုယ္ကို တန္ဖိုးထားတယ္၊
ကိုယ့္ကိုယ္ကို ခ်စ္တယ္ဆိုရင္ေတာ့
အခုေဖာ္ျပမယ့္ အခ်က္ေတြက
မျဖစ္မေန လိုက္နာသင့္တဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္
(၁) က်န္းမာေရးကို ဂ႐ုစိုက္ပါ
က်န္းမာေရးမေကာင္းရင္ ဘာမွ လုပ္ႏိုင္မွာ မဟုတ္ပါဘူး။
ဘာပဲ ျဖစ္ခ်င္ျဖစ္ခ်င္ က်န္းမာေရးေကာင္းဖို႔က
နံပါတ္(၁) မို႔ ကိုယ့္ကိုယ္ကို ခ်စ္တယ္ဆိုရင္
က်န္းမာေရးေကာင္းေအာင္ ေနဖို႔၊
အစားအေသာက္ ဆင္ျခင္ဖို႔၊
က်န္းမာေရးပိုေကာင္းေစမယ့္
အစားအေသာက္ေတြကို စားေသာက္ဖို႔နဲ႔
တျခားေသာ ကိုယ္လက္လႈပ္႐ွားမႈေတြလည္း
လုပ္သင့္ပါတယ္။
(၂) လွလွပပေလး ေနထိုင္ပါ
လူတစ္ေယာက္ရဲ႕ အသြင္အျပင္က
သူ႕ရဲ႕ ဘဝကို အမ်ားႀကီး သက္ေရာက္ပါတယ္။
အလုပ္အတြက္ ျဖစ္ေစ၊
ကိုယ့္ရဲ႕ စိတ္ခ်မ္းသာမႈအတြက္ ျဖစ္ေစ၊
ကိုယ့္က ဘယ္လိုလူလဲဆိုတာကိုျဖစ္ေစ
ေဖာ္ျပေပးႏိုင္တာမို႔ လွတပတေလး
ေနထိုင္ဖို႔က အေရးႀကီးပါတယ္။
လွေနတဲ့ ကိုယ္က ကိုယ့္အတြက္
စိတ္ခြန္အားလည္း ျဖစ္ေစပါတယ္
(၃) မိသားစုကို ဂ႐ုစိုက္ေပးပါ
မိသားစုက ငယ္တဲ့အခ်ိန္နဲ႔
အခ်ိန္မလြန္ခင္မွာပဲ ဂ႐ုစိုက္ခြင့္ ရတာပါ။
ေသြးသားေတာ္စပ္တဲ့
တစ္ခုတည္းေသာ မိသားစုကို ဂ႐ုစိုက္ေပးတဲ့အခါ
သင္လည္း စိတ္ေက်နပ္မႈနဲ႔အတူ ေပ်ာ္႐ႊင္လာပါလိမ့္မယ္။
အထူးသျဖင့္ ကိုယ့္ကို ကေလးဘဝတည္းက
ဂ႐ုတစိုက္ ေမြးျမဴခဲ့တဲ့ မိဘေတြကို
ပိုၿပီး ဂ႐ုစိုက္ေပးသင့္ပါတယ္ေနာ္
(၄) ေငြ႐ွာပါ
ကိုယ့္ဘဝကို တျခားတေယာက္အေပၚမွာ
မွီတည္ထားရတယ္ဆိုတာ မေကာင္းပါဘူး။
ကိုယ္က ဘယ္သူမွ မ႐ွိရင္ေတာင္
ကိုယ့္အရည္အခ်င္းနဲ႔ ကိုယ္ ေငြ႐ွာႏိုင္တယ္။
စားဝတ္ေနေရးအတြက္ တစ္ေယာက္ေယာက္ကို
မွီခိုစရာ မလိုဘူးဆိုတာ ဂုဏ္ယူစရာ ျဖစ္ၿပီး
သူမ်ား မ်က္ႏွာ မၾကည့္ရမယ့္ အခ်က္လည္း ျဖစ္ပါတယ္
(၅) ဗဟုသုတေတြ ျဖည့္ပါ
ေလာကမွာ ျဖစ္လာမယ့္ အေျခအေနေတြက
ကိုယ္မေမွ်ာ္လင့္ထားတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။
ဒါေၾကာင့္ ကိုယ္က ေလာကနဲ႔ ပတ္သတ္တဲ့
ဗဟုသုတေတြလည္း အၿမဲ ျဖည့္သင့္ပါတယ္။
ေလာကမွာ ႐ွိတဲ့ မေကာင္းတဲ့သူေတြအေၾကာင္း၊
လက္႐ွိေခတ္စားေနတဲ့အရာေတြအေၾကာင္းအျပင္
ကိုယ့္အရည္အခ်င္းနဲ႔ ပတ္သတ္တဲ့
ဗဟုသုတေတြက ကိုယ္ကို အေထာက္အကူ ျဖစ္ေစမွာပါ
(၆) ကိုယ့္ကိုယ္ကို ေပ်ာ္ေအာင္ ေနပါ
ဘဝဆိုတာ ႐ွင္သန္ရခ်ိန္က ခဏေလးပါ။
ဒီအခ်ိန္ခဏမွာ ကိုယ့္ကိုယ္ကို ေပ်ာ္ရတဲ့
အခ်ိန္ေတြ မ်ားေအာင္ ဂ႐ုစိုက္ေပးသင့္ပါတယ္။
တျခားသူေတြေၾကာင့္ ကိုယ့္အေပ်ာ္ေတြ
ပ်က္သုဥ္းရတာမ်ိဳး မျဖစ္ပါေစနဲ႔။
ေပ်ာ္႐ႊင္ျခင္းက ကိုယ့္ကိုယ္ကို ခ်စ္တဲ့
သေကၤတ တစ္ခုလည္း ျဖစ္ပါတယ္
(၇) ကိုယ့္ကိုယ္ကိုလည္း ဂုဏ္ျပဳပါ
႐ွင္သန္ခဲ့တဲ့ တစ္ေလွ်ာက္လုံးမွာ
ကိုယ္တိုင္ရဲ႕ ျပဳလုပ္ခဲ့တဲ့ အရာေတြကိုလည္း
ေက်းဇူးတင္သင့္ပါတယ္။
က်န္းမာေနတာမ်ိဳး၊ အရည္အခ်င္း ႐ွိေနတာမ်ိဳး၊
အသားအေရကို ဂ႐ုစိုက္ေပးႏိုင္တာမ်ိဳး စတဲ့
အခ်က္ေတြအတြက္လည္း
ကိုယ့္ကိုယ္ကို ခ်ီးက်ဴး ဂုဏ္ျပဳသင့္ပါတယ္
(၈) ဝါသနာပါတာ လုပ္ပါ
စိတ္ပင္ပန္းစရာေတြ၊ အလုပ္တာဝန္ေတြနဲ႔
တစ္သက္လုံး ႐ွင္သန္ေနခဲ့တဲ့အေတာအတြင္းမွာ
ကိုယ့္ကိုယ္ကို အနားေပးဖို႔လည္း လိုအပ္ပါတယ္။
ဒီအတြက္ ကိုယ္ ဝါသနာ ပါတာေလးေတြ
လုပ္ရင္း အနားေပးႏိုင္ပါတယ္။
သိုးေမႊးထိုးတာမ်ိဳး၊ အဝတ္ခ်ဳပ္တာမ်ိဳး စတဲ့
ဝါသနာေလးေတြကို အခ်ိန္ေပးႏိုင္ၿပီဆိုရင္ေတာ့
ကိုယ့္ကိုယ္ကို ခ်စ္တာ ေသခ်ာသေလာက္ပါပဲ။
(၉) ေငြစုပါ
ဘဝဆိုတာ ခန္႔မွန္းလို႔ မရပါဘူး။
ကိုယ့္အတြက္ တျခားသူတစ္ေယာက္
႐ွိမလားဆိုတာလည္း မေသခ်ာပါဘူး။
ဒါေၾကာင့္ ကိုယ့္အတြက္ ကိုယ့္ကိုယ္ကိုပဲ အားကိုးပါ။
ေငြ႐ွာႏိုင္တဲ့အခ်ိန္မွာ ေခြၽတာသုံးၿပီး ေငြစုဖို႔ ျပဳလုပ္ပါ။
ေငြစုတာက သင့္အတြက္ တခ်ိန္မဟုတ္ တခ်ိန္မွာ
အေထာက္အကူ ျဖစ္ေစမယ့္ အခ်က္ ျဖစ္ပါတယ္။
(၁၀) စိတ္ေအးခ်မ္းေအာင္ ျပဳလုပ္ပါ
အၾကည္ဓာတ္႐ွိရာကို အၾကည္ဓာတ္ေတြ
လာတယ္ဆိုသလို ကိုယ့္မွာ ေကာင္းတဲ့အရာေတြ
ပိုၿပီး ျဖစ္လာေစဖို႔အတြက္
ကိုယ့္ရဲ႕ စိတ္ေတြက ေအးခ်မ္းမႈေတြ ႐ွိေနဖို႔ လိုအပ္ပါတယ္။
မလိုအပ္တဲ့ စိတ္ဖိစီးမႈေတြ၊
သိမ္းထားဖို႔ မလိုတဲ့ ပူေလာင္မႈေတြကို လႊတ္ခ်ၿပီး
ကိုယ့္စိတ္ကို ေအးခ်မ္းဖို႔လည္း ျပဳလုပ္ေပးသင့္ပါတယ္။