အင်္ဂါသားသမီးလေးတွေရဲ့ ရင်ထဲမှာ တကယ်ချစ်ပေမယ့် ချစ်မပြတတ်တဲ့အကြောင်း
စွမ်းအားကြီးမားပြီး စိန်ခေါ်မှုတွေကို
နှစ်သက်တဲ့အင်္ဂါသား၊ သမီးတွေဟာ
အခက်အခဲတွေနဲ့တွေ့ရင်
အရှုံးမပေးဘဲရင်ဆိုင်ဖြေရှင်းနိုင်တဲ့သူ၊
မိသားစုအတွက် ရှေ့ကနေမားမားမတ်မတ်
ကာကွယ်မယ့်သူတွေဖြစ်ပါတယ်။
အလုပ်အကိုင်၊ စီးပွားရေးနဲ့
ပတ်သက်လာရင်လည်း
ကောင်းကောင်းကိုင်တွယ်နိုင်ပြီး
အောင်မြင်အောင်စွမ်းဆောင်နိုင်စွမ်းရှိကြတဲ့
အင်္ဂါသား၊သမီးလေးတွေရဲ့
အချစ်ရေးနဲ့ပတ်သက်သမျှ ကို
ဖော်ပြပေးလိုက်ပါတယ်နော်။
ရင်ထဲက ခံစားချက်တွေကို
လွယ်လွယ်နဲ့ဖွင့်ဟလေ့ မရှိတာကြောင့်
အချစ်ရေးမှာအထီးကျန်တဲ့
ခံစားချက်မျိုး အမြဲဖြစ်နေတတ်ပါတယ်။
ကိုယ်ချစ်တဲ့ သူကိုစကားလုံးတွေနဲ့
နာကျင်အောင်ပြောဆိုတတ်တဲ့
အကျင့်ဆိုးရှိပြီး အဲ့ဒီအကျင့်ကြောင့်
တကယ်ချစ်တာ မဟုတ်ဘူးလို့
သတ်မှတ်ခံရတတ်ပါတယ်။
ရိုမန်း တစ်မဆန်တတ်ဘဲ
တဲ့တိုးပြောတတ်တဲ့သူတွေ၊
ချစ်တာကိုအပြောနဲ့မဟုတ်ဘဲ
လုပ်ရပ်နဲ့သက်သေပြတတ်တဲ့သူတွေဖြစ်တယ်။
မရိုတတ်ပေမယ့် အခက်အခဲဖြစ်နေတဲ့
အချိန်မှာ ကာကွယ်ပေးမယ့်၊
ဖေးမပေးမယ့်သူ၊ ခက်ခဲတဲ့အခြေအနေမှာ
ကိုယ့်ချစ်သူကို ဘယ်တော့မှ
လက်တွဲမဖြုတ်မယ့် သူလေးတွေပါ။
ရင်ထဲမှာ တကယ်ချစ်ပေမယ့်
ချစ်မပြတတ်တော့ တခါတလေ
ငြီးငွေ့စရာကောင်းတယ်ဆိုပြီး
ချစ်သူကပြဿနာရှာတာကိုခံရတတ် တယ်။
ချစ်တာကို မကြာခဏထုတ်မပြော တတ်ပေမယ့်
ချစ်သူကို ဖူးဖူးမှုတ်
ထားမယ့်အချစ်ကြီး သူတွေဆိုတာကေတာ့
အသေအချာပါပဲ။
Credit
အဂၤါသားသမီးေလးေတြရဲ႕ ရင္ထဲမွာ တကယ္ခ်စ္ေပမယ့္ ခ်စ္မျပတတ္တဲ့အေၾကာင္း
စြမ္းအားႀကီးမားၿပီး စိန္ေခၚမႈေတြကို
ႏွစ္သက္တဲ့အဂၤါသား၊ သမီးေတြဟာ
အခက္အခဲေတြနဲ႔ေတြ႕ရင္
အ႐ႈံးမေပးဘဲရင္ဆိုင္ေျဖ႐ွင္းႏိုင္တဲ့သူ၊
မိသားစုအတြက္ ေ႐ွ႕ကေနမားမားမတ္မတ္
ကာကြယ္မယ့္သူေတြျဖစ္ပါတယ္။
အလုပ္အကိုင္၊ စီးပြားေရးနဲ႔
ပတ္သက္လာရင္လည္း
ေကာင္းေကာင္းကိုင္တြယ္ႏိုင္ၿပီး
ေအာင္ျမင္ေအာင္စြမ္းေဆာင္ႏိုင္စြမ္း႐ွိၾကတဲ့
အဂၤါသား၊သမီးေလးေတြရဲ႕
အခ်စ္ေရးနဲ႔ပတ္သက္သမွ် ကို
ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
ရင္ထဲက ခံစားခ်က္ေတြကို
လြယ္လြယ္နဲ႔ဖြင့္ဟေလ့ မ႐ွိတာေၾကာင့္
အခ်စ္ေရးမွာအထီးက်န္တဲ့
ခံစားခ်က္မ်ိဳး အၿမဲျဖစ္ေနတတ္ပါတယ္။
ကိုယ္ခ်စ္တဲ့ သူကိုစကားလုံးေတြနဲ႔
နာက်င္ေအာင္ေျပာဆိုတတ္တဲ့
အက်င့္ဆိုး႐ွိၿပီး အဲ့ဒီအက်င့္ေၾကာင့္
တကယ္ခ်စ္တာ မဟုတ္ဘူးလို႔
သတ္မွတ္ခံရတတ္ပါတယ္။
႐ိုမန္း တစ္မဆန္တတ္ဘဲ
တဲ့တိုးေျပာတတ္တဲ့သူေတြ၊
ခ်စ္တာကိုအေျပာနဲ႔မဟုတ္ဘဲ
လုပ္ရပ္နဲ႔သက္ေသျပတတ္တဲ့သူေတြျဖစ္တယ္။
မ႐ိုတတ္ေပမယ့္ အခက္အခဲျဖစ္ေနတဲ့
အခ်ိန္မွာ ကာကြယ္ေပးမယ့္၊
ေဖးမေပးမယ့္သူ၊ ခက္ခဲတဲ့အေျခအေနမွာ
ကိုယ့္ခ်စ္သူကို ဘယ္ေတာ့မွ
လက္တြဲမျဖဳတ္မယ့္ သူေလးေတြပါ။
ရင္ထဲမွာ တကယ္ခ်စ္ေပမယ့္
ခ်စ္မျပတတ္ေတာ့ တခါတေလ
ၿငီးေငြ႕စရာေကာင္းတယ္ဆိုၿပီး
ခ်စ္သူကျပႆနာ႐ွာတာကိုခံရတတ္ တယ္။
ခ်စ္တာကို မၾကာခဏထုတ္မေျပာ တတ္ေပမယ့္
ခ်စ္သူကို ဖူးဖူးမႈတ္
ထားမယ့္အခ်စ္ႀကီး သူေတြဆိုတာေကတာ့
အေသအခ်ာပါပဲ။
Credit