အချစ်နဲ့ပတ်သက်ပြီး မိန်းကလေး ၄ မျိုးရှိတယ်
၁ ချစ်ကြောင်းမပြတတ်တဲ့ မိန်းကလေး
သေလောက်အောင်ချစ်ပေမယ့်
ရင်ထဲမှာပဲ သိမ်းထားတယ် ။
ဘယ်တော့မှ ထုတ်ပြလေ့မရှိဘူး ။
တီတီတာတာတွေ မပြောပဲ
ဘယ်လောက်ချစ်တဲ့အကြောင်းတွေ
ဘယ်လောက်လွမ်းတဲ့အကြောင်းတွေ
တဖွဖွမပြောတတ်ဘူးပေါ့ ။
အရမ်းချစ်ပြလိုက်ရင်
တန်ဖိုးမထားပဲနေမလားဆိုတဲ့ အတွေးနဲ့
သူ့တို့ရင်ထဲမှာ ရှိတဲ့အရာကို
ထုတ်ပြပြီးမချစ်ခဲ့ကြရုံပဲ
သေလောက်အောင်တော့ ချစ်ကြတယ် ။
နောက်ဆုံး အဲ့လို အေးတိအေးစက်ကြောင့်ပဲ
တချို့က မချစ်ဘူးအထင်နဲ့
လမ်းခွဲရတာတွေလဲ ရှိတယ် ။
၂ – ပွင့်လင်းတတ်တဲ့ မိန်းကလေး
ကိုယ့်စိတ်ထဲမှာ ရှိတဲ့အတိုင်း
ဘယ်လောက်ချစ်တဲ့အကြောင်း
ပွင့်ပွင့်လင်းလင်းပြောဖို့ ၀န်မလေးသလို ။
ဘယ်လောက်လွမ်းတဲ့အကြောင်း မမေးပဲ
ဖြေဖို့လဲ ၀န်မလေးကြဘူး ။
သိပ်ချစ်ပြတတ်တယ် ဂရုစိုက်တတ်တယ် ။
မေတ္တာတွေစစ်မှန်ရင်
မေတ္တာတွေပြန်ရလာလိမ့်မယ်ဆိုတဲ့ အတွေးနဲ့
သူပေးခဲ့တာပေါ့ ။
ဒါပေမယ့် တကယ်တမ်းပြန်ရလာခဲ့တာက
တန်ဖိုးမထားခဲ့မှုတွေ
နာကျင်ရတာတွေကလွဲလို့ ဘာမှ မရှိခဲ့ဘူး ။
၃ – တွေဝေတတ်တဲ့ မိန်းကလေး
သူ့ကို ကိုယ် ချစ်နေတာလား
မချစ်ဘူးလားဆိုတာ သူကိုယ်တိုင်တောင်
မသိပဲ ဖြစ်နေတတ်တာမျိုးပေါ့ ။
သူရှိနေတဲ့အခါ ပျော်သယောင်ရှိပေမယ့်
သူမရှိတဲ့အခါလဲ ထူးထူးခြားခြား
လွမ်းနေရတာမျိုးတွေ မဖြစ်ခဲ့ဘူး ။
သူကိုယ်တိုင် … ဆုံးဖြတ်ရခက်
ဝေခွဲရခက်နေတာမျိုးပေါ့ ။
၄ – အချစ်ကို ကြောက်သွားတဲ့မိန်းကလေး
အချစ်လို့ပြောတာနဲ့ အတိတ်က
ဒဏ်ရာတွေပြန်ပေါ်လာပြီး သိပ်ကြွေပြနေရင်တောင်
အဲ့တာ ဟန်ဆောင်လိမ်ညာနေတာပဲနေမှာဆိုပြီး
အတွေး၀င်သွားတတ်တဲ့ မိန်းကလေးပေါ့ ။
သူ့မှာ အချစ်နဲ့ ပတ်သက်ပြီး
ကိုယ်တိုင်ခံစားခဲ့ရတာတွေလဲ ရှိရင်ရှိခဲ့လိမ့်မယ်
ဒါမှမဟုတ် ကိုယ့်အနီးပတ်၀န်းကျင်ကိုကြည့်ပြီး
အချစ်ကို အလိုလို ကြောက်နေတာမျိုးတွေလဲ
ဖြစ်ကောင်းဖြစ်နိုင်တယ် ။
ညီမလေးကော ဘယ်လို မိန်းကလေးထဲမှာပါလဲ
commet ပြောပြပေးခဲ့လို့ရတယ်နော်
မိန်းမသားတို့အတွက်
သျှင်ယွန်း
Zawgyi
တီတီတာတာတွေ မပြောပဲ
အရမ်းချစ်ပြလိုက်ရင်
မေတ္တာတွေစစ်မှန်ရင်
သူပေးခဲ့တာပေါ့ ။
၎ – အချစ်ကို ကြောက်သွားတဲ့မိန်းကလေး
မိန်းမသားတို့အတွက်
သျှင်ယွန်း