Lifestyle

RS ဘဝမှာထက် Single ဘဝမှာ ပိုပျော်ရတဲ့ အကြောင်းရင်းများ

RS ဘဝမှာထက် Single ဘဝမှာ ပိုပျော်ရတဲ့ အကြောင်းရင်းများ

တချို့မိန်းကလေးတွေဟာ RS ဘဝမှာထက်

Single ဘဝမှာပိုပြီး ပျော်တတ်ကြပါတယ်။

RS ဘဝမှာ ပြဿနာမျိုးစုံနဲ့အဆင်မပြေသလောက်

Single ဘဝမှာတော့ အထီးကျန်တယ်လို့လည်းမရှိ၊

တစ်ယောက်တည်းမို့

အဆင်မပြေဘူးဆိုတာတွေလည်းမရှိဘဲ

အရမ်းတွေသာယာနေတာမျိုးပေါ့။

ဒီလိုဖြစ်ရတဲ့အကြောင်းရင်းတွေကတော့ ဒီမှာပါ။

သူများကိုဖြည့်ဆည်းပေးရတာမကြိုက်ဘူး

တစ်ယောက်တည်းနေရတာကြိုက်တဲ့သူတွေဟာ

ကိုယ်ပျော်ရွှင်ဖို့အတွက်ကပိုအရေးကြီးပြီး

သူများအကြိုက်လိုက်ဖြည့်ဆည်းနေရတာကို

မကြိုက်ကြပါဘူး။

ဒါကြောင့် RS life မှာ ဘယ်လိုမှအဆင်မပြေတာပါ။

RS ကြောင့်ဖြစ်လာတဲ့

စိတ်ညစ်စရာတွေလိုက်ဖြေရှင်းနေရတာကိုမုန်းတယ်

တစ်ယောက်တည်းနေတဲ့အချိန်မှာ သဝန်တိုတာတွေ၊

သဘောထားမတိုက်ဆိုင်တာတွေမရှိဘဲ

အရာအားလုံးကိုယ့်စိတ်တိုင်းကျ ရှင်းရှင်းလင်းလင်းပဲ။

RS life မှာတော့ ဘာလုပ်လုပ်တစ်ဖက်လူကို

ထည့်စဉ်းစားရတယ်။ ဖြေရှင်းနေရတယ်။

အဆင်မပြေတာမဆန်းပါဘူး။

အနှောင်အဖွဲ့မခံချင်ဘူး

RS ဘဝမှာအဆင်မပြေဘဲ single ဘဝမှာပဲ

အဆင်ပြေတဲ့သူတွေဟာ

တစ်ယောက်ယောက်နဲ့ပတ်သက်နေတယ်

ဆိုတဲ့အနှောင်အဖွဲ့မျိုးကိုမကြိုက်တဲ့သူတွေ၊

ဘယ်အရာမဆိုကိုယ့်စိတ်တိုင်းကျ

လွတ်လွတ်လပ်လပ်ဆုံးဖြတ်ချင်သူတွေဖြစ်ပါတယ်။

သူတို့ဘဝမှာတခြားသောပျော်စရာတွေအများကြီးရှိတယ်

သူတို့တွေအတွက် နေ့စဉ်ဘဝမှာပျော်ရွှင်ဖို့

တစ်စုံတစ်ယောက်ရှိနေဖို့မလိုဘူး။

တခြားသောပျော်စရာတွေရှိရုံနဲ့လုံလောက်တယ်။

ကိုယ်ဝါသနာပါတဲ့အလုပ်

၊သူငယ်ချင်းတွေနဲ့ တခြားသော activities တွေ စသဖြင့်ပေါ့။

ကိုယ့်ကိုယ်ချစ်ပြီး ပျော်အောင်ထားတတ်လို့

တစ်ယောက်တည်းနေရတာပိုပျော်တယ်၊

ပိုအဆင်ပြေတယ် ဆိုတဲ့သူတွေဟာ

ကိုယ့်ကိုယ်ကိုချစ်ကြသူတွေဖြစ်တယ်၊

ကိုယ်ဘာဖြစ်ချင်တယ်၊ ဘာလိုချင်တယ်ဆိုတာသိတယ်၊

ကိုယ့်ကိုယ်ကိုပျော်အောင်ထားနိုင်တယ်၊

သူတို့ပျော်ရွှင်အောင် တခြားတစ်ယောက်ကလုပ်ပေးဖို့မလိုဘူး။

အဲ့ဒီလိုမိန်းကလေးတွေဖြစ်ကြပါတယ်။

Credit






တစ်ယောက်တည်းမို့








မကြိုက်ကြပါဘူး။


RS ကြောင့်ဖြစ်လာတဲ့






ထည့်စဉ်းစားရတယ်။ ဖြေရှင်းနေရတယ်။




အဆင်ပြေတဲ့သူတွေဟာ



















Credit