မိန်းကလေးတစ်ယောက်က သူ့ချစ်သူကောင်လေးကို အရမ်းချစ်မိသွားတဲ့အခါ…
မိန်းကလေးတစ်ယောက်က
သူ့ချစ်သူ ကောင်လေးကို
အရမ်း ချစ်မိသွားတဲ့အခါ ဆေးလိပ်မသောက်နဲ့
ကွမ်းမစားနဲ့ အရက်မသောက်နဲ့ ဆေးမချနဲ့
လောင်းကစားမလုပ်နဲ့ စသဖြင့်
မကောင်းတာတွေ
မလုပ်ဖို့ပြောကောင်းပြောပါလိမ့်မယ်။
အဲ့ဒီလို ပြောတယ်ဆိုတာ
သူ့ကို ကိုယ်က အထင်သေးလို့
မဟုတ်ဘူး၊ ရွံလို့လည်း မဟုတ်ပါဘူး..။
ဘေးလူတွေအမြင်မှာ ပေပေတေတေကောင်လေးနဲ့
တွဲတယ်ဆိုပီး သူ့သိက္ခာကျမှာ စိုးလို့လဲ မဟုတ်ပါဘူး။
သူများကြိုက်တဲ့ အရာကို
ချုပ်ချယ်တာမျိုးလည်း မဟုတ်ပါဘူး …။
တကယ်လို့ အဲ့ဒါတွေက ဘာဆိုးကျိုးမှ မရှိဘူး၊
လူကို အန္တရာယ်မပေးခဲ့ဘူး၊
အသက်မတိုဘူးဆိုရင်
အတူတွဲသောက် အတူတွဲစားဖို့တောင်
ဝန်လေးမှာ မဟုတ်ပါဘူး …။
တကယ်တော့ အဲ့ဒါတွေ လုပ်ခဲ့ရင် ရောဂါတွေရပီး
သူနဲ့အတူ အသက်စေ့ မနေရပဲ လူ့လောကထဲက
သူ့ကို ထားခဲ့ပီး အစောကြီး မထွက်သွားစေချင်လို့ပါပဲ …။
ချစ်သူဘဝရော အိမ်ထောင်သည်ဘဝပါ
သက်တမ်းစေ့ အေးအတူပူအမျှ
အဘိုးကြီးအဘွားကြီး ဖြစ်တဲ့အထိ..၊
ဖြတ်သန်းချင်လို့ဆိုတာ ဂျစ်ကန်ကန်နဲ့
ပြန်မပြော နားမထောင် ကောင်လေးတွေ သိထားကြပါ …။
တကယ်တော့ အချိန်မတန်သေးပဲနဲ့ သေသွားခဲ့ရင်
ကျန်ခဲ့တဲ့သူလည်း လွမ်းတသသနဲ့
ချစ်လို့မဝသေးပဲနဲ့ တစ်သက်လုံး စွဲလန်းပြီး
နာကျင်ခံစားနေရမယ် …။
သေသွားခဲ့တဲ့ သူကလည်း ရခဲလှတဲ့
လူ့ဘဝကို ဘဝအတွက် လုပ်ချင်တာတွေ
မလုပ်လိုက်ရပဲ ချစ်သူနဲ့လည်း ပျော်ပျော်ရွှင်ရွှင်နဲ့ …၊
သက်တမ်းစေ့ မဖြတ်သန်းရပဲ စောစီးစွာ
ထွက်သွားရမှာမို့ အတတ်နိုင်ဆုံး
ဆင်ခြင် ပေးစေချင်တာပါ …။
ဘယ်သူမဆို ကိုယ့်ချစ်သူက ရေရှည်ကြည့်ပြီး
သတိပေးပြောပြနေတာကို သေချာစဉ်းစားပြီး
လက်ခံနားထောင်သင့်ပါတယ်နော် …။ ။
Credit
မိန်းကလေးတစ်ယောက်က
မကောင်းတာတွေ
အသက်မတိုဘူးဆိုရင်
ဝန်လေးမှာ မဟုတ်ပါဘူး …။
နာကျင်ခံစားနေရမယ် …။