မမုန်းပါနဲ့ ပြုံးပြလိုက်ပါ….
လိုလို့ပဲ သုံးသုံး မလိုလို့ပဲ မုန်းမုန်း..
အသုံးနဲ့ အမုန်းကြားကာလမှာ..
ခဏလေးပြုံးခွင့်ရတာ ကျေနပ်တယ်..
ကံကြောင်ပဲ ဆုံဆုံ…ဝဠ်ကြွေးကြောင့်ပဲ
ကြုံကြုံ ဆုံခြင်းနဲ့ ကြုံခြင်းကြားကာလမှာ
ခဏလေးရင်းနှီး ခွင့်ရတာ ကျေနပ်တယ်
…ချစ်လို့ပဲ ခေါ်ခေါ်..မုန်းကြလို့ပဲ
မခေါ်ခေါ် ခေါ်ခြင်းနဲ့ မခေါ်ခြင်းကြားကာလမှ
ာ ခဏလေး ပျော်ဝင်ခွင့်ရတာ ကျေနပ်တယ်…
စိတ်ရင်းရှိလို့ပဲ တွေ့တွေ့ စိတ်ရင်းမရှိတော့လို့ပဲ မေ့မေ့
တွေ့ခြင်းနဲ့ မေ့ခြင်းကြားကာလာမှာ..
ခဏလေးတွေ့ရတာ လည်းကျေနပ်တယ်…
တစ်ကယ်တော့…လောကကြီးထဲ့မှာ
အရာအားလုံးက ကံကြောင့်ပဲ ဖြစ်ဖြစ်
ဝဠ်ကြွေးကြောင့်ပဲဖြစ်ဖြစ်
လိုရင်သုံးပါ ရပါတယ်၊မလိုရင် မုန်းပါ ရပါတယ်
ကံကြောင့်ဆုံလည်းရတယ်၊ဝဠ်ကြွေးကြောင့်ကြုံလဲရတယ်
ချစ်လို့ ခေါ်ရတယ် ၊မုန်းလို့မခေါ်လဲရတယ်..
စိတ်ရင်ရှိလို့တွေ့လည်ရပါတယ်၊
စိတ်ရင်မရှိလို့မေ့လည်းရတယ်
ခဏဆိုတဲ့ အချိန်လေးဟာ တန်းဖိုးရှိပါတယ်…
ခဏလေးဆိုတဲ့အချိန်ကို
သတိထားမဆင်ခြင်မိလို့ပုထုဇဉ်ပီပီရူးမိုက်တဲ့
လမ်းတွေ “ထွင်”ဖောက်ခဲ့ကြတာပါ
တစ်နေထွက်၊တစ်နေဝင် တစ်ယောက်လာ!
တစ်ယောက်သွား! …အပြောင်းလဲ” နိယာမ”ကို
မေ့ထားခဲ့မိတာ..ကိုယ်က အမှားကြီး မှားသွားရတော့တာပါ
ဒါကြောင့်လည်း….ကိုယ့်ကိုယ် လိုသူအတွက်ပဲ…
ဖြစ်ဖြစ်၊မလိုသူအတွက်ပဲ ဖြစ်ဖြစ်..
ခဏလေးကံရဲ့ ကြုံဆုံခွင့် ရတုန်မှာ
အမုန်းအာယာတ စိတ်တွေနဲ့မထားချင်တော့တာပါ
မေတ္တာ စိတ်ထားတတ်ဖို့ ကြိုးစားရမှာပါ….
ကံကြောင့်ဆုံ ကုန်လိုသေရင် ခွဲကြရမယ့်
အတူတူကြည်ဖြူစွာ ပြုံးပြလိုက်ပါ။
Credit