တစ်ချို့ မိန်းကလေးတွေကျ အရမ်း ကံကောင်းတယ်
သိပ်မချောလည်း သူ့ကောင်လေးက
ကြင်ကြင်နာနာချစ်တယ် ဝေးနေတဲ့
အချိန်မှာလည်း သစ္စာမပျက်ဘူး
အသည်းကွဲတယ်ဆိုတဲ့ ဝေဒနာလည်း မခံစားဖူးဘူး။
အရင်ဆုံး ချစ်မိတဲ့သူနဲ့ပဲ လက်ထပ်ပြီး
ဘဝကို ရိုးမြေကျ အတူဖြတ်သန်းခွင့် ရတယ် …။
ကိုယ့်ကောင်မလေး ကိုယ့်ကြောင့်ပျော်နေရတာကိုပဲ
တစိမ့်စိမ့်ကြည့်ပြီး ကျေနပ် နေတတ်တာ
အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နေပြီး
ကိုယ့်ချစ်သူကို စိတ်မပူစေတာ …
သံသယ မများစေတာ၊
သူ့အတွက်ဆိုတာထက်
ကိုယ့်အတွက် ဆိုတာမျိုးပဲ
အမြဲဖြည့်ဆည်းပေးချင်တာ
မိန်းမတွေ အများကြီးရှိတဲ့အထဲမှာမှ
ကိုယ့်ကောင်မလေးကိုပဲ
ကိုယ့်ရဲ့လက်တွဲဖော်လို့ သတ်မှတ်ထားတာ၊
အဲ့လိုယောကျ်ားမျိုးကို ပိုင်ဆိုင်ခွင့်ရတဲ့
မိန်းကလေးက သိပ် ကံကောင်းတာပဲ …။
လောကမှာ ပိုက်ဆံတွေ အများကြီးရှိပြီး
အသည်းကွဲလို့ ထင်ရာစိုင်းနေတဲ့
မိန်းမတွေလည်း မြင်ဖူးတယ်
ဘွဲ့ထူးဂုဏ်ထူးတွေနဲ့ အောင်မြင်နေပေမယ့်
ညအိပ်ယာဝင်ချိန်တိုင်း အချစ်ကြောင့်
ပူလောင်ပြီး ငိုနေရတဲ့ မိန်းမတွေလည်း တွေ့ဖူးပါတယ် …။
ချစ်တတ်နေသရွေ့တော့
အချစ်က အရေးမကြီးဘူးလို့ ပြောလို့မရဘူး။
အချစ်ဆိုတာထက် ကိုယ့်ရဲ့လက်တွဲဖော်ပေါ့
ကိုယ့်ရဲ့ပျော်ရွှင်မှုက
ကိုယ့်ရဲ့ ချစ်သူအပေါ်မှာ မူတည်သွားပြီလေ …။
ကိုယ်မှ မချစ်ပဲမနေနိုင်တာကိုး
သူပျော်အောင်ထားရင် ပျော်ရမယ်၊
သူနာကျင်အောင်လုပ်ရင် ငိုရမယ်၊
ဘာပဲဖြစ်ဖြစ် ကိုယ့်လက်ကို
တကြိမ်ဆုပ်ကိုင်ဖူးတာနဲ့ ဘယ်တော့မှ
လွှတ်မချတော့ဘူးဆိုပြီး ခေါင်းမာတတ်တဲ့
ချစ်သူမျိုးသာရှိရင် ကိုယ့်အသည်းလည်း
ကွဲစရာမလိုတော့ဘူးပေါ့နော် …
Credit
တစ္ခ်ိဳ႕ မိန္းကေလးေတြက် အရမ္း ကံေကာင္းတယ္
သိပ္မေခ်ာလည္း သူ႕ေကာင္ေလးက
ၾကင္ၾကင္နာနာခ်စ္တယ္ ေဝးေနတဲ့
အခ်ိန္မွာလည္း သစၥာမပ်က္ဘူး
အသည္းကြဲတယ္ဆိုတဲ့ ေဝဒနာလည္း မခံစားဖူးဘူး။
အရင္ဆုံး ခ်စ္မိတဲ့သူနဲ႔ပဲ လက္ထပ္ၿပီး
ဘဝကို ႐ိုးေျမက် အတူျဖတ္သန္းခြင့္ ရတယ္ …။
ကိုယ့္ေကာင္မေလး ကိုယ့္ေၾကာင့္ေပ်ာ္ေနရတာကိုပဲ
တစိမ့္စိမ့္ၾကည့္ၿပီး ေက်နပ္ ေနတတ္တာ
ေအးေအးေဆးေဆး တည္တည္ၿငိမ္ၿငိမ္ေနၿပီး
ကိုယ့္ခ်စ္သူကို စိတ္မပူေစတာ …
သံသယ မမ်ားေစတာ၊
သူ႕အတြက္ဆိုတာထက္
ကိုယ့္အတြက္ ဆိုတာမ်ိဳးပဲ
အၿမဲျဖည့္ဆည္းေပးခ်င္တာ
မိန္းမေတြ အမ်ားႀကီး႐ွိတဲ့အထဲမွာမွ
ကိုယ့္ေကာင္မေလးကိုပဲ
ကိုယ့္ရဲ႕လက္တြဲေဖာ္လို႔ သတ္မွတ္ထားတာ၊
အဲ့လိုေယာက်္ားမ်ိဳးကို ပိုင္ဆိုင္ခြင့္ရတဲ့
မိန္းကေလးက သိပ္ ကံေကာင္းတာပဲ …။
ေလာကမွာ ပိုက္ဆံေတြ အမ်ားႀကီး႐ွိၿပီး
အသည္းကြဲလို႔ ထင္ရာစိုင္းေနတဲ့
မိန္းမေတြလည္း ျမင္ဖူးတယ္
ဘြဲ႕ထူးဂုဏ္ထူးေတြနဲ႔ ေအာင္ျမင္ေနေပမယ့္
ညအိပ္ယာဝင္ခ်ိန္တိုင္း အခ်စ္ေၾကာင့္
ပူေလာင္ၿပီး ငိုေနရတဲ့ မိန္းမေတြလည္း ေတြ႕ဖူးပါတယ္ …။
ခ်စ္တတ္ေနသေ႐ြ႕ေတာ့
အခ်စ္က အေရးမႀကီးဘူးလို႔ ေျပာလို႔မရဘူး။
အခ်စ္ဆိုတာထက္ ကိုယ့္ရဲ႕လက္တြဲေဖာ္ေပါ့
ကိုယ့္ရဲ႕ေပ်ာ္႐ႊင္မႈက
ကိုယ့္ရဲ႕ ခ်စ္သူအေပၚမွာ မူတည္သြားၿပီေလ …။
ကိုယ္မွ မခ်စ္ပဲမေနႏိုင္တာကိုး
သူေပ်ာ္ေအာင္ထားရင္ ေပ်ာ္ရမယ္၊
သူနာက်င္ေအာင္လုပ္ရင္ ငိုရမယ္၊
ဘာပဲျဖစ္ျဖစ္ ကိုယ့္လက္ကို
တႀကိမ္ဆုပ္ကိုင္ဖူးတာနဲ႔ ဘယ္ေတာ့မွ
လႊတ္မခ်ေတာ့ဘူးဆိုၿပီး ေခါင္းမာတတ္တဲ့
ခ်စ္သူမ်ိဳးသာ႐ွိရင္ ကိုယ့္အသည္းလည္း
ကြဲစရာမလိုေတာ့ဘူးေပါ့ေနာ္ …