ကိုယ့်ရဲ့ဖူးစာဖက်လေးနဲ့ တွေ့ဆုံနိုင်ခြေရှိတဲ့ နေရာလေးတချို့
အားလုံးပဲ မင်္ဂလာပါ။
ငယ်စဉ်အရွယ် ကျောင်းသားဘဝတုန်းက
ချစ်သူရည်းစားထားတာ၊
အချစ်ရေး အချစ်ရာတွေဟာ
ပျော်စရာကိစ္စတစ်ခုအနေနဲ့ မြင်တွေ့နိုင်ကြပါတယ်။
ဒါပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့
ဘဝပေးအကြောင်းအရင်းအမျိုးမျိုးကြောင့်
အချစ်ရေးကိစ္စတွေကျဲသွားပြီး
ကိုယ့်အတွက်သင့်တော်မယ့် ဖူးစာဖက်ကို
ရှာတွေ့ဖို့ဆိုတာ ခက်ခဲလာပါတယ်။
ဘားတွေကိုသွားမှ ကိုယ့်အတွက်အဆင်ပြေမယ့်
ဖူးစာဖက်ကို ရှာတွေ့နိုင်တာမဟုတ်ပါဘူး။
အခုဖော်ပြပေးသွားမယ့် နေရာလေးတွေမှာလည်း
အချစ်စစ်ကို ရှာတွေ့နိုင်ပါသေးတယ်။
သူငယ်ချင်းတွေကနေတဆင့်
ရည်းစားရဖို့အတွက် အားမထုတ်နိုင်သူတစ်ဦးဆိုရင်တော့
သူငယ်ချင်းတွေကိုပြောပြပြီး
သင့်တော်မယ့်လူရှိရင် မိတ်ဆက်ခိုင်းပါ။
ဒီလိုပြုလုပ်ခြင်းက ကိုယ့်အတွက်
သင့်တော်မယ့် ချစ်သူတစ်ဦးကို ရရှိနိုင်သလို
ထိုချစ်သူဟာလည်း
သူငယ်ချင်းတွေနဲ့ ရင်းနှီးတဲ့လူဖြစ်ရင်တော့
အကောင်းဆုံးပါပဲ။
ကိုယ့်သူငယ်ချင်းဖြစ်တဲ့အတွက်ကြောင့်
မတော်တရော်တွေနဲ့ ပေးတွေ့မှာကို
စိတ်ပူစရာမလိုတော့ဘူးပေါ့။
ကော်ဖီဆိုင်
ပိတ်ရက်တွေမှာ စာအုပ်လေးတစ်အုပ်၊
လပ်ပ်တော့၊ တစ်မျိုးမျိုးကိုသယ်ပြီး
ကော်ဖီဆိုင်လေးမှာသွားထိုင်းရင်း
အတွေးလေးတွေကို ဖြန့်ကျက်ရတာ
တကယ်ကို အရသာရှိလှပါတယ်။
ပိတ်ရက်ဆိုရင် လူအများစုက
ကော်ဖီဆိုင်တွေမှာ သွားထိုင်လေ့ရှိကြတာကြောင့်
ကိုယ့်ရဲ့ဖူးစာဖက်လေးနဲ့ ဆုံတွေ့ရင်တွေ့နိုင်ပါသေးတယ်။
လူမှုကွန်ရက်
Social Media ကိုအချိန်တိုင်းသုံးပြီးတော့
အမြဲတမ်း ထိုင် Chat နေရမယ်လို့ မဆိုလိုပါဘူး။
ဒါပေမယ့် Social Media ကို အသုံးပြုရင်းနဲ့
ကိုယ်နဲ့အဆက်အသွယ်ပြတ်နေသူတွေ၊
ဒါမှမဟုတ် သေချာမရင်းနှီးတဲ့ သူတွေနဲ့
ပြန်လည်ဆုံတွေ့စကားပြောဆိုင်လာနိုင်ပါတယ်။
လူတစ်ယောက်ကို သွားနှုတ်ဆက်ပြီး
အဆင်ပြေရဲ့လားလို့ မေးဖို့ဆိုတာ
ဘယ်သူ့ကိုမှ ထိခိုက်တဲ့အရာမဟုတ်ပါဘူး။
စေတနာ့ဝန်ထမ်း
အကယ်လို့ သင်ဟာ တခြားလိုအပ်တဲ့လူတွေအတွက်
ကူညီဖေးမပေးရတာ လိုအပ်တာတွေ
ဖြည့်ဆည်းပေးရတာကို
ဝါသနာပါသူတစ်ဦးဆိုရင်တော့
တကယ်အဆင်ပြေပါတယ်။
ကိုယ်နဲ့စိတ်တူကိုယ်တူ အားတက်သရော
စေတနာ့ဝန်ထမ်းလုပ်ရတာ
ဝါသနာပါတဲ့ ဖူးစာဖက်ကို
ထိုနေရာမှာပဲ ဆုံတွေ့ရမယ်ဆိုရင်တော့ ဘာလိုအုံးမှာပါလဲ။
ပန်းခြံ
သင်ဟာ ပြေးတာ၊ စက်ဘီးစီးတာ
ဒါမှမဟုတ် လမ်းလျှောက်ထွက်ရတာကို
ကြိုက်ပါသလား။
အမျိုးသားများလည်း ထိုအတိုင်းပါပဲ။
အမျိုးသားတွေရဲ့ စိတ်ကူးအိပ်မက်ထဲမှာ
အမျိုးသမီးတစ်ယောက်နဲ့အတူတူ
လေ့ကျင့်ခန်းလုပ်ရတာက တစ်ခုအပါအဝင်ပါ။
လေ့ကျင့်ခန်းလုပ်တယ်ဆိုတာဟာ
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အတွက်အကျိုးရှိသလို
ကိုယ့်ရဲ့ဖူးစာရှင်နဲ့ဆုံတွေ့ရမယ်ဆိုရင်
ပိုပြီးတော့တောင် မကောင်းပါဘူးလား။
လုပ်ငန်းခွင်
လုပ်ငန်းခွင်ထဲက လုပ်ဖော်ကိုင်ဖက်ကို
ရည်းစားအဖြစ်လက်ခံတော့မယ်ဆိုရင်
တစ်ခုသတိပေးချင်တာကတော့
သတိထား၊ ဂရုစိုက်ဖို့ပါပဲ။
ပျော်ဖို့လည်းကောင်းသလို
လမ်းခွဲပြီးတဲ့အခါမှာလည်း
တစ်ယောက်နဲ့တစ်ယောက်ကြားက
ဆက်ဆံရေးက တော်တော်ဆိုးသွားနိုင်ပါတယ်။
Credit
ကိုယ့္ရဲ႕ဖူးစာဖက္ေလးနဲ႔ ေတြ႕ဆုံႏိုင္ေျခ႐ွိတဲ့ ေနရာေလးတခ်ိဳ႕
အားလုံးပဲ မဂၤလာပါ။
ငယ္စဥ္အ႐ြယ္ ေက်ာင္းသားဘဝတုန္းက
ခ်စ္သူရည္းစားထားတာ၊
အခ်စ္ေရး အခ်စ္ရာေတြဟာ
ေပ်ာ္စရာကိစၥတစ္ခုအေနနဲ႔ ျမင္ေတြ႕ႏိုင္ၾကပါတယ္။
ဒါေပမယ့္ အ႐ြယ္ေရာက္လာတဲ့အခါမွာေတာ့
ဘဝေပးအေၾကာင္းအရင္းအမ်ိဳးမ်ိဳးေၾကာင့္
အခ်စ္ေရးကိစၥေတြက်ဲသြားၿပီး
ကိုယ့္အတြက္သင့္ေတာ္မယ့္ ဖူးစာဖက္ကို
႐ွာေတြ႕ဖို႔ဆိုတာ ခက္ခဲလာပါတယ္။
ဘားေတြကိုသြားမွ ကိုယ့္အတြက္အဆင္ေျပမယ့္
ဖူးစာဖက္ကို ႐ွာေတြ႕ႏိုင္တာမဟုတ္ပါဘူး။
အခုေဖာ္ျပေပးသြားမယ့္ ေနရာေလးေတြမွာလည္း
အခ်စ္စစ္ကို ႐ွာေတြ႕ႏိုင္ပါေသးတယ္။
သူငယ္ခ်င္းေတြကေနတဆင့္
ရည္းစားရဖို႔အတြက္ အားမထုတ္ႏိုင္သူတစ္ဦးဆိုရင္ေတာ့
သူငယ္ခ်င္းေတြကိုေျပာျပၿပီး
သင့္ေတာ္မယ့္လူ႐ွိရင္ မိတ္ဆက္ခိုင္းပါ။
ဒီလိုျပဳလုပ္ျခင္းက ကိုယ့္အတြက္
သင့္ေတာ္မယ့္ ခ်စ္သူတစ္ဦးကို ရ႐ွိႏိုင္သလို
ထိုခ်စ္သူဟာလည္း
သူငယ္ခ်င္းေတြနဲ႔ ရင္းႏွီးတဲ့လူျဖစ္ရင္ေတာ့
အေကာင္းဆုံးပါပဲ။
ကိုယ့္သူငယ္ခ်င္းျဖစ္တဲ့အတြက္ေၾကာင့္
မေတာ္တေရာ္ေတြနဲ႔ ေပးေတြ႕မွာကို
စိတ္ပူစရာမလိုေတာ့ဘူးေပါ့။
ေကာ္ဖီဆိုင္
ပိတ္ရက္ေတြမွာ စာအုပ္ေလးတစ္အုပ္၊
လပ္ပ္ေတာ့၊ တစ္မ်ိဳးမ်ိဳးကိုသယ္ၿပီး
ေကာ္ဖီဆိုင္ေလးမွာသြားထိုင္းရင္း
အေတြးေလးေတြကို ျဖန္႔က်က္ရတာ
တကယ္ကို အရသာ႐ွိလွပါတယ္။
ပိတ္ရက္ဆိုရင္ လူအမ်ားစုက
ေကာ္ဖီဆိုင္ေတြမွာ သြားထိုင္ေလ့႐ွိၾကတာေၾကာင့္
ကိုယ့္ရဲ႕ဖူးစာဖက္ေလးနဲ႔ ဆုံေတြ႕ရင္ေတြ႕ႏိုင္ပါေသးတယ္။
လူမႈကြန္ရက္
Social Media ကိုအခ်ိန္တိုင္းသုံးၿပီးေတာ့
အၿမဲတမ္း ထိုင္ Chat ေနရမယ္လို႔ မဆိုလိုပါဘူး။
ဒါေပမယ့္ Social Media ကို အသုံးျပဳရင္းနဲ႔
ကိုယ္နဲ႔အဆက္အသြယ္ျပတ္ေနသူေတြ၊
ဒါမွမဟုတ္ ေသခ်ာမရင္းႏွီးတဲ့ သူေတြနဲ႔
ျပန္လည္ဆုံေတြ႕စကားေျပာဆိုင္လာႏိုင္ပါတယ္။
လူတစ္ေယာက္ကို သြားႏႈတ္ဆက္ၿပီး
အဆင္ေျပရဲ႕လားလို႔ ေမးဖို႔ဆိုတာ
ဘယ္သူ႕ကိုမွ ထိခိုက္တဲ့အရာမဟုတ္ပါဘူး။
ေစတနာ့ဝန္ထမ္း
အကယ္လို႔ သင္ဟာ တျခားလိုအပ္တဲ့လူေတြအတြက္
ကူညီေဖးမေပးရတာ လိုအပ္တာေတြ
ျဖည့္ဆည္းေပးရတာကို
ဝါသနာပါသူတစ္ဦးဆိုရင္ေတာ့
တကယ္အဆင္ေျပပါတယ္။
ကိုယ္နဲ႔စိတ္တူကိုယ္တူ အားတက္သေရာ
ေစတနာ့ဝန္ထမ္းလုပ္ရတာ
ဝါသနာပါတဲ့ ဖူးစာဖက္ကို
ထိုေနရာမွာပဲ ဆုံေတြ႕ရမယ္ဆိုရင္ေတာ့ ဘာလိုအုံးမွာပါလဲ။
ပန္းျခံ
သင္ဟာ ေျပးတာ၊ စက္ဘီးစီးတာ
ဒါမွမဟုတ္ လမ္းေလွ်ာက္ထြက္ရတာကို
ႀကိဳက္ပါသလား။
အမ်ိဳးသားမ်ားလည္း ထိုအတိုင္းပါပဲ။
အမ်ိဳးသားေတြရဲ႕ စိတ္ကူးအိပ္မက္ထဲမွာ
အမ်ိဳးသမီးတစ္ေယာက္နဲ႔အတူတူ
ေလ့က်င့္ခန္းလုပ္ရတာက တစ္ခုအပါအဝင္ပါ။
ေလ့က်င့္ခန္းလုပ္တယ္ဆိုတာဟာ
ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ့္အတြက္အက်ိဳး႐ွိသလို
ကိုယ့္ရဲ႕ဖူးစာ႐ွင္နဲ႔ဆုံေတြ႕ရမယ္ဆိုရင္
ပိုၿပီးေတာ့ေတာင္ မေကာင္းပါဘူးလား။
လုပ္ငန္းခြင္
လုပ္ငန္းခြင္ထဲက လုပ္ေဖာ္ကိုင္ဖက္ကို
ရည္းစားအျဖစ္လက္ခံေတာ့မယ္ဆိုရင္
တစ္ခုသတိေပးခ်င္တာကေတာ့
သတိထား၊ ဂ႐ုစိုက္ဖို႔ပါပဲ။
ေပ်ာ္ဖို႔လည္းေကာင္းသလို
လမ္းခြဲၿပီးတဲ့အခါမွာလည္း
တစ္ေယာက္နဲ႔တစ္ေယာက္ၾကားက
ဆက္ဆံေရးက ေတာ္ေတာ္ဆိုးသြားႏိုင္ပါတယ္။