အချစ်စစ်နဲ့ တွေ့ရှိသွားသူတိုင်းရရှိလာမယ့် ခံစားမှု(၅)မျိုး…
လူတစ်ယောက်အကြောင်းက အကြောင်းမရှိပဲ
ခေါင်းထဲရောက်ရောက်လာရင်၊
ဆုံမိရင် ရင်ခုန်နေတာမျိုး ဆိုရင် အဲ့တာဟာ အချစ်ပါ …။
အချစ်စစ်ဆိုတာ ဖန်တီးယူလို့ရတဲ့အရာ
မဟုတ်သလို အတင်းလုပ်ယူလို့ရတဲ့
အရာမျိုးလည်း မဟုတ်ပါဘူး …။
သင့်ကိုယ့်သင်ထက် ချစ်ရမယ့် သူမျိုးကို
တွေ့နေပြီးဆိုရင် သင်ဟာ အချစ်ကို တွေ့နေပါပြီ။
သင်အချစ်ကို တွေ့ပြီဆိုရင်တော့
ဒီလိုမျိုးပြောင်းလဲလာမှာပဲ ဖြစ်ပါတယ်နော် …။
(၁) ခံစားချက်တွေ နားလည်လာမယ်”
စုံတွဲတိုင်းမှာတော့ နားလည်မှုရှိမှ
ပျော်ရွှင်ရတဲ့ ချစ်သူဘဝကို ပိုင်ဆိုင်ရမှာပါ။
တစ်ယောက်ဘက်က ချည်းနားလည်ပေးနေလို့ မရပါဘူး …။
တစ်ယောက်က နားလည်ပေးတဲ့အချိန်
တစ်ယောက်က အလိုက်သိနေပေးရမှာပါ …။
တကယ်ကို အချစ်စစ်နဲ့တွေ့ရှိသွားတဲ့
စုံတွဲတွေကတော့ ချစ်သူက စိတ်တွေညစ် ၊
စိတ်ပင်ပန်းနေတဲ့ အချိန်တွေဆို
ဘေးကနေ အားပေးပြီး နားလည်ပေးလာတတ်ကြပါတယ် …။
ချစ်သူရဲ့အလုပ်ကိစ္စ ၊ ဝါသနာတွေကို
နားလည်ပေးလာကြတယ်။
အစစအရာရာ တိုင်းကို ဖြည့်တွေးပေးလာပြီး
နားလည်ပေးလာကြတယ်။
အကြောင်းကတော့ အချစ်စစ်နဲ့ ချစ်မိသွားကြလို့ပါပဲ …။
(၂) အလျှော့ပေးတတ်လာမယ်”
စုံတွဲတိုင်း လျှောက်ရတဲ့လမ်းပေါ်မှာ
ဆူး၊ခလုတ် တွေရှိတတ်ကြတယ်။
စိတ်ဆိုးတဲ့အချိန်နဲ့ ရန်ဖြစ်တဲ့ အချိန်လိုမျိုးပေါ့ …။
သင်နဲ့ သင့်ချစ်သူ ရန်ဖြစ် ၊
စကားများတဲ့ အချိန်တွေမှာဆို
နှစ်ယောက်စလုံး တင်းမာနေတာမျိုး မရှိပဲ
တစ်ယောက်မဟုတ်ရင် တစ်ယောက်က
အလျော့ပေးတတ်လာကြပါတယ် …။
ဒီလို အလျော့ပေးလာတာကလည်း
တစ်ယောက်နဲ့တစ်ယောက်
အခြေအနေတွေကို မတင်းမာစေတော့ပါဘူး …။
(၃) ယုံကြည်လာမယ်”
ချစ်သူတိုင်း တွဲခါစ အချိန်မှာတော့
ယုံကြည်မှုနည်းတာမျိုး ၊
နားမလည်ပေးနိုင်တာမျိုး ရှိကောင်းရှိကြပါ လိမ့်မယ် …။
တစ်ယောက်နဲ့ တစ်ယောက် လက်တွဲမြဲလာတဲ့
အချိန်မှာတော့ တစ်ယောက်နဲ့
တစ်ယောက် ယုံကြည်လာကြမယ် …။
ဘယ်သူတွေကပဲ ရန်တိုက်ပေးနေပါစေ ၊
စနိုက်ကြော်နေပါစေ စိတ်ဝမ်းမကွဲသွားဘဲ
ပိုပြီး ယုံကြည်လာကြပါတယ် …။
အကြောင်းက သင့်တို့ နှစ်ယောက်ကြားမှာ
ယုံကြည်မှုကို တည်ဆောက်ထားတဲ့အတွက်
သင့်တို့အချစ်ကို ဘယ်သူကမှ ဖျက်ဆီးပစ်နိုင်မှာ မဟုတ်လို့ပါပဲ …။
(၄) သည်းခံလာမယ်”
သင့်ဘက်ကလည်း သင့်ချစ်သူအပေါ်ကို စိတ်ရှည် ၊
သည်းခံ ၊ ခွင့်လွှတ်လာတယ်ဆိုရင်
သင့်ချစ်သူဘက်ကလည်း သင့်အတိုင်းပဲ
ထပ်တူဖြစ်လာပါလိမ့်မယ် …။
ချစ်သူက သင့်ကို စိတ်ဆိုးအောင် ၊
သင့်မကြိုက်တာတွေ လုပ်မိရင်တောင် သည်းခံပေးလာနိုင်မယ် …။
သင့်တို့နှစ်ယောက်စလုံး တစ်ယောက်အမှားကို
တစ်ယောက် အပြစ်မမြင်တော့ပဲ သည်းခံတတ်လာတယ် …။
သင့်တို့နှစ်ယောက်စလုံး တစ်ယောက်အမှားကို
တစ်ယောက် အပြစ်မမြင်တော့ပဲ သည်းခံတတ်လာတယ် …။
အကြောင်းကတော့ ကိစ္စသေးသေးလေးတွေအတွက်
သင့်တို့အချစ်ရေးကို မပျက်ဆီးစေချင်ကြလို့ပဲ ဖြစ်ပါတယ် …။
(၅) ကိုယ့်ကိုယ်ကိုထက် ပိုချစ်လာမယ်”
တကယ်လို့ သင့် နဲ့ သင့်ချစ်သူတို့နှစ်ယောက်က
ကိုယ့်ကိုယ်ကို ထက် ပိုချစ်လာကြတယ်ဆိုရင် အချစ်စစ်လို့ပါ …။
အချစ်မှာ သစ္စာရှိကြရတယ် ၊
တစ်ယောက်နဲ့ တစ်ယောက် သစ္စာမဖောက်ကြပဲ
အနစ်နာခံတတ်လာတတ်တယ် …။
တစ်ယောက် လိုအပ်နေချိန်မှာ
တစ်ယောက်က ဖြည့်ဆည်းပေးတတ်ကြတယ် …။
ကိုယ်အတွက်ဆိုတာ မရှိလောက်အောင်
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဖြည့်ဆည်း ၊
အနစ်နာခံတတ်လာပါတယ် …။ ။
Credit
အခ်စ္စစ္နဲ႔ ေတြ႕႐ွိသြားသူတိုင္းရ႐ွိလာမယ့္ ခံစားမႈ(၅)မ်ိဳး…
လူတစ္ေယာက္အေၾကာင္းက အေၾကာင္းမ႐ွိပဲ
ေခါင္းထဲေရာက္ေရာက္လာရင္၊
ဆုံမိရင္ ရင္ခုန္ေနတာမ်ိဳး ဆိုရင္ အဲ႔တာဟာ အခ်စ္ပါ …။
အခ်စ္စစ္ဆိုတာ ဖန္တီးယူလို႔ရတဲ့အရာ
မဟုတ္သလို အတင္းလုပ္ယူလို႔ရတဲ့
အရာမ်ိဳးလည္း မဟုတ္ပါဘူး …။
သင့္ကိုယ့္သင္ထက္ ခ်စ္ရမယ့္ သူမ်ိဳးကို
ေတြ႕ေနၿပီးဆိုရင္ သင္ဟာ အခ်စ္ကို ေတြ႕ေနပါၿပီ။
သင္အခ်စ္ကို ေတြ႕ၿပီဆိုရင္ေတာ့
ဒီလိုမ်ိဳးေျပာင္းလဲလာမွာပဲ ျဖစ္ပါတယ္ေနာ္ …။
(၁) ခံစားခ်က္ေတြ နားလည္လာမယ္”
စုံတြဲတိုင္းမွာေတာ႔ နားလည္မႈ႐ွိမွ
ေပ်ာ္႐ႊင္ရတဲ့ ခ်စ္သူဘ၀ကို ပိုင္ဆိုင္ရမွာပါ။
တစ္ေယာက္ဘက္က ခ်ည္းနားလည္ေပးေနလို႔ မရပါဘူး …။
တစ္ေယာက္က နားလည္ေပးတဲ့အခ်ိန္
တစ္ေယာက္က အလိုက္သိေနေပးရမွာပါ …။
တကယ္ကို အခ်စ္စစ္နဲ႔ေတြ႕႐ွိသြားတဲ့
စုံတြဲေတြကေတာ့ ခ်စ္သူက စိတ္ေတြညစ္ ၊
စိတ္ပင္ပန္းေနတဲ့ အခ်ိန္ေတြဆို
ေဘးကေန အားေပးၿပီး နားလည္ေပးလာတတ္ၾကပါတယ္ …။
ခ်စ္သူရဲ႕အလုပ္ကိစၥ ၊ ဝါသနာေတြကို
နားလည္ေပးလာၾကတယ္။
အစစအရာရာ တိုင္းကို ျဖည့္ေတြးေပးလာၿပီး
နားလည္ေပးလာၾကတယ္။
အေၾကာင္းကေတာ့ အခ်စ္စစ္နဲ႔ ခ်စ္မိသြားၾကလို႔ပါပဲ …။
(၂) အေလွ်ာ႔ေပးတတ္လာမယ္”
စုံတြဲတိုင္း ေလွ်ာက္ရတဲ့လမ္းေပၚမွာ
ဆူး၊ခလုတ္ ေတြ႐ွိတတ္ၾကတယ္။
စိတ္ဆိုးတဲ့အခ်ိန္နဲ႔ ရန္ျဖစ္တဲ့ အခ်ိန္လိုမ်ိဳးေပါ့ …။
သင္နဲ႔ သင့္ခ်စ္သူ ရန္ျဖစ္ ၊
စကားမ်ားတဲ့ အခ်ိန္ေတြမွာဆို
ႏွစ္ေယာက္စလုံး တင္းမာေနတာမ်ိဳး မ႐ွိပဲ
တစ္ေယာက္မဟုတ္ရင္ တစ္ေယာက္က
အေလ်ာ့ေပးတတ္လာၾကပါတယ္ …။
ဒီလို အေလ်ာ့ေပးလာတာကလည္း
တစ္ေယာက္နဲ႔တစ္ေယာက္
အေျခအေနေတြကို မတင္းမာေစေတာ႔ပါဘူး …။
(၃) ယုံၾကည္လာမယ္”
ခ်စ္သူတိုင္း တြဲခါစ အခ်ိန္မွာေတာ့
ယုံၾကည္မႈနည္းတာမ်ိဳး ၊
နားမလည္ေပးႏိုင္တာမ်ိဳး ႐ွိေကာင္း႐ွိၾကပါ လိမ္႔မယ္ …။
တစ္ေယာက္နဲ႔ တစ္ေယာက္ လက္တြဲၿမဲလာတဲ့
အခ်ိန္မွာေတာ့ တစ္ေယာက္နဲ႔
တစ္ေယာက္ ယုံၾကည္လာၾကမယ္ …။
ဘယ္သူေတြကပဲ ရန္တိုက္ေပးေနပါေစ ၊
စႏိုက္ေၾကာ္ေနပါေစ စိတ္၀မ္းမကြဲသြားဘဲ
ပိုၿပီး ယုံၾကည္လာၾကပါတယ္ …။
အေၾကာင္းက သင့္တို႔ ႏွစ္ေယာက္ၾကားမွာ
ယုံၾကည္မႈကို တည္ေဆာက္ထားတဲ့အတြက္
သင့္တို႔အခ်စ္ကို ဘယ္သူကမွ ဖ်က္ဆီးပစ္ႏိုင္မွာ မဟုတ္လို႔ပါပဲ …။
(၄) သည္းခံလာမယ္”
သင့္ဘက္ကလည္း သင့္ခ်စ္သူအေပၚကို စိတ္႐ွည္ ၊
သည္းခံ ၊ ခြင့္လႊတ္လာတယ္ဆိုရင္
သင့္ခ်စ္သူဘက္ကလည္း သင့္အတိုင္းပဲ
ထပ္တူျဖစ္လာပါလိမ္႔မယ္ …။
ခ်စ္သူက သင့္ကို စိတ္ဆိုးေအာင္ ၊
သင့္မႀကိဳက္တာေတြ လုပ္မိရင္ေတာင္ သည္းခံေပးလာႏိုင္မယ္ …။
သင့္တို႔ႏွစ္ေယာက္စလုံး တစ္ေယာက္အမွားကို
တစ္ေယာက္ အျပစ္မျမင္ေတာ့ပဲ သည္းခံတတ္လာတယ္ …။
သင့္တို႔ႏွစ္ေယာက္စလုံး တစ္ေယာက္အမွားကို
တစ္ေယာက္ အျပစ္မျမင္ေတာ့ပဲ သည္းခံတတ္လာတယ္ …။
အေၾကာင္းကေတာ့ ကိစၥေသးေသးေလးေတြအတြက္
သင့္တို႔အခ်စ္ေရးကို မပ်က္ဆီးေစခ်င္ၾကလို႔ပဲ ျဖစ္ပါတယ္ …။
(၅) ကိုယ့္ကိုယ္ကိုထက္ ပိုခ်စ္လာမယ္”
တကယ္လို႔ သင့္ နဲ႔ သင့္ခ်စ္သူတို႔ႏွစ္ေယာက္က
ကိုယ့္ကိုယ္ကို ထက္ ပိုခ်စ္လာၾကတယ္ဆိုရင္ အခ်စ္စစ္လို႔ပါ …။
အခ်စ္မွာ သစၥာ႐ွိၾကရတယ္ ၊
တစ္ေယာက္နဲ႔ တစ္ေယာက္ သစၥာမေဖာက္ၾကပဲ
အနစ္နာခံတတ္လာတတ္တယ္ …။
တစ္ေယာက္ လိုအပ္ေနခ်ိန္မွာ
တစ္ေယာက္က ျဖည့္ဆည္းေပးတတ္ၾကတယ္ …။
ကိုယ္အတြက္ဆိုတာ မ႐ွိေလာက္ေအာင္
တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ျဖည့္ဆည္း ၊
အနစ္နာခံတတ္လာပါတယ္ …။ ။