အခုသင့်နားကချစ်သူမှာ ဒီအချက်(၄)ချက်ရှိရင် လက်လွှတ်မခံလိုက်နဲ့နော်…
မိန်းကလေး တစ်ယောက်က
သင့်ကို တကယ် ချစ်မိသွားပြီဆိုရင်
သစ္စာ ဆိုတာ သင်မတောင်းလည်း
သူ့ဖက်ကနေ ပေးပြီးသားပါပဲ …။
သစ္စာရှိပြီး ဘယ်တော့မှ
ဖောက်ပြန်မှာ မဟုတ်တဲ့ ချစ်သူကို
သင်ပိုင်ဆိုင်ထားတာကြောင့် သင်အရမ်း ကံကောင်းပါတယ် …။
တကယ်လို့ သင့် ချစ်သူဟာ
အခုဖော်ပြပေးတဲ့ အချက် တော်တော်များများနဲ့
ကိုက်ညီနေရင်တော့ သင့်အပေါ် အရမ်းချစ်ပြီး
ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်တော့ပါဘူးနော် …။
၁။ ရည်းစားရှိတာကို ယောက်ျားလေးတွေရှေ့မှာ ဖုံးကွယ်မထားဘူး”
သူများတွေ၊ အထူးသဖြင့် ယောက်ျားလေး တွေက
သူ့ကို ရည်းစားရှိလားလို့ မေးတဲ့ အခါမျိုးမှာ ရှိတယ်လို
့ ပြတ်ပြတ်သားသား ပြောပြရဲတဲ့အပြင်
ဘယ်သူ ဘယ်ဝါလို့ ပြောဖို့တောင် ဝန်မလေးတဲ့သူမျိုးပါ …။
ဒီလို ပြောလိုက်ခြင်းဖြင့်
သူ့ကို တခြားကောင်လေးတွေ မကြိုက်တော့မှာမှန်း
သူကောင်းကောင်း သိပါတယ် …။
ဒါကြောင့် သင့် ချစ်သူ က
သင်နဲ့ သူရဲ့ပတ်သက်မှုကို
အခြားယောက်ျားလေးတွေရှေ့မှာ
ဘယ်တော့မှ မဖုံးကွယ်ဘူး ဆိုရင်
သင့်အပေါ် အရမ်းသစ္စာရှိလို့ဆိုတာကို သဘောပေါက်လိုက်ပါ …။
၂။ သင့်ကို လျှို့ဝှက်ထားတာမရှိဘူး”
သင့် ချစ်သူ ဟာ သင့်ကို
ဘာမှ လျှို့ဝှက်ထားမှာ မဟုတ်ပါဘူး …။
သူ့ရဲ့ အားနည်းချက်၊ အားသာချက်တွေ၊
အတွင်းရေး ကိစ္စတွေက အစ
သင့်ကို တိုင်ပင်တယ်၊ ရင်ဖွင့်တယ်၊
သူနဲ့ ပတ်သက်ပြီး သင် မသိတာ မရှိသလောက်ကို
လျှို့ဝှက်ချက်ကင်းသူ တစ်ယောက် ဖြစ်ပါတယ် …။
သူ့ဖုန်း ကို အချိန်မရွေးယူကြည့်လည်း
ပြဿနာ ဖြစ်စရာတစ်ကွက်မှ ရှိမနေတတ်တဲ့ သူမျိုးပါ …။
ဒါဟာ သူတော်တော် သစ္စာ ရှိတယ်ဆိုတာ
မြင်နိုင်တဲ့ အချက်ပါ …။
၃။ သင့်ကို စိတ်ထဲအမြဲထားတယ်”
သစ္စာရှိတဲ့ မိန်းကလေး တွေဆိုတာ
ချစ်သူ အနားမှာ အမြဲရှိချင်မှ ရှိနိုင်မယ် …။
ဒါပေမယ့် သူ့ရဲ့စိတ်ထဲမှာတော့
ချစ်သူ ကို အမြဲထားတတ်ကြပါတယ် …။
ချစ်သူ ရှေ့မှာပဲဖြစ်ဖြစ်၊
ချစ်သူ ကွယ်ရာမှာပဲဖြစ်ဖြစ်
ချစ်သူ စိတ်ညစ်မယ့် အရာတွေကို မလုပ်တတ်ကြပါဘူး …။
သူတို့ရဲ့စိတ်ထဲမှာ ချစ်သူကို
အပြည့်အဝ နေရာပေးထားတာကြောင့်
တခြားသူတွေ အတွက် နေရာမရှိတော့ပါဘူး …။
၄။ ဂရုစိုက်တယ်”
သစ္စာ ရှိတဲ့ မိန်းကလေး တွေဟာ
ချစ်သူ ကို အရမ်း ဂရုစိုက်တတ် ကြပါတယ်။
ချစ်သူ အတွက် စားစရာလေးတွေ လုပ်ပေးတာမျိုး၊
တိုလီမုတ်စလေးတွေ ဝယ်ပေးတာမျိုးတွေ
ခဏခဏ လုပ်တတ်ကြပါတယ် …။
ချစ်သူ နေမကောင်းတဲ့ အခါမျိုးတွေ မှာလည်း
အရမ်းကို ကြင်နာဂရုစိုက်တတ် ကြပါသေးတယ် …။
ချစ်သူကို စိတ်ပူပြီး အမြဲ တတွတ်တွတ်နဲ့
စကားတွေ မှာနေတတ်တဲ့ သူတွေလည်း ဖြစ်ပါတယ်နော် …။ ။
Credit – Original Writer
အခုသင္႔နားကခ်စ္သူမွာ ဒီအခ်က္(၄)ခ်က္ရွိရင္ လက္လႊတ္မခံလိုက္နဲ႔ေနာ္…
မိန္းကေလး တစ္ေယာက္က
သင့္ကို တကယ္ ခ်စ္မိသြားၿပီဆိုရင္
သစၥာ ဆိုတာ သင္မေတာင္းလည္း
သူ႔ဖက္ကေန ေပးၿပီးသားပါပဲ …။
သစၥာရွိၿပီး ဘယ္ေတာ့မွ
ေဖာက္ျပန္မွာ မဟုတ္တဲ့ ခ်စ္သူကို
သင္ပိုင္ဆိုင္ထားတာေၾကာင့္ သင္အရမ္း ကံေကာင္းပါတယ္ …။
တကယ္လို႔ သင့္ ခ်စ္သူဟာ
အခုေဖာ္ျပေပးတဲ့ အခ်က္ ေတာ္ေတာ္မ်ားမ်ားနဲ႔
ကိုက္ညီေနရင္ေတာ့ သင့္အေပၚ အရမ္းခ်စ္ၿပီး
ဘယ္ေတာ့မွ သစၥာေဖာက္မွာ မဟုတ္ေတာ့ပါဘူးေနာ္ …။
၁။ ရည္းစားရွိတာကို ေယာက်္ားေလးေတြေရွ႕မွာ ဖုံးကြယ္မထားဘူး”
သူမ်ားေတြ၊ အထူးသျဖင့္ ေယာက်္ားေလး ေတြက
သူ႕ကို ရည္းစားရွိလားလို႔ ေမးတဲ့ အခါမ်ိဳးမွာ ရွိတယ္လို
႔ ျပတ္ျပတ္သားသား ေျပာျပရဲတဲ့အျပင္
ဘယ္သူ ဘယ္ဝါလို႔ ေျပာဖို႔ေတာင္ ဝန္မေလးတဲ့သူမ်ိဳးပါ …။
ဒီလို ေျပာလိုက္ျခင္းျဖင့္
သူ႔ကို တျခားေကာင္ေလးေတြ မႀကိဳက္ေတာ့မွာမွန္း
သူေကာင္းေကာင္း သိပါတယ္ …။
ဒါေၾကာင့္ သင့္ ခ်စ္သူ က
သင္နဲ႔ သူရဲ႕ပတ္သက္မႈကို
အျခားေယာက်္ားေလးေတြေရွ႕မွာ
ဘယ္ေတာ့မွ မဖုံးကြယ္ဘူး ဆိုရင္
သင့္အေပၚ အရမ္းသစၥာရွိလို႔ဆိုတာကို သေဘာေပါက္လိုက္ပါ …။
၂။ သင့္ကို လွ်ိဳ႕ဝွက္ထားတာမရွိဘူး”
သင့္ ခ်စ္သူ ဟာ သင့္ကို
ဘာမွ လွ်ိဳ႕ဝွက္ထားမွာ မဟုတ္ပါဘူး …။
သူ႔ရဲ႕ အားနည္းခ်က္၊ အားသာခ်က္ေတြ၊
အတြင္းေရး ကိစၥေတြက အစ
သင့္ကို တိုင္ပင္တယ္၊ ရင္ဖြင့္တယ္၊
သူနဲ႔ ပတ္သက္ၿပီး သင္ မသိတာ မရွိသေလာက္ကို
လွ်ိဳ႕ဝွက္ခ်က္ကင္းသူ တစ္ေယာက္ ျဖစ္ပါတယ္ …။
သူ႔ဖုန္း ကို အခ်ိန္မေ႐ြးယူၾကည့္လည္း
ျပႆနာ ျဖစ္စရာတစ္ကြက္မွ ရွိမေနတတ္တဲ့ သူမ်ိဳးပါ …။
ဒါဟာ သူေတာ္ေတာ္ သစၥာ ရွိတယ္ဆိုတာ
ျမင္ႏိုင္တဲ့ အခ်က္ပါ …။
၃။ သင့္ကို စိတ္ထဲအၿမဲထားတယ္”
သစၥာရွိတဲ့ မိန္းကေလး ေတြဆိုတာ
ခ်စ္သူ အနားမွာ အၿမဲရွိခ်င္မွ ရွိႏိုင္မယ္ …။
ဒါေပမယ့္ သူ႔ရဲ႕စိတ္ထဲမွာေတာ႔
ခ်စ္သူ ကို အၿမဲထားတတ္ၾကပါတယ္ …။
ခ်စ္သူ ေရွ႕မွာပဲျဖစ္ျဖစ္၊
ခ်စ္သူ ကြယ္ရာမွာပဲျဖစ္ျဖစ္
ခ်စ္သူ စိတ္ညစ္မယ့္ အရာေတြကို မလုပ္တတ္ၾကပါဘူး …။
သူတို႔ရဲ႕စိတ္ထဲမွာ ခ်စ္သူကို
အျပည့္အဝ ေနရာေပးထားတာေၾကာင့္
တျခားသူေတြ အတြက္ ေနရာမရွိေတာ့ပါဘူး …။
၄။ ဂ႐ုစိုက္တယ္”
သစၥာ ရွိတဲ့ မိန္းကေလး ေတြဟာ
ခ်စ္သူ ကို အရမ္း ဂ႐ုစိုက္တတ္ ၾကပါတယ္။
ခ်စ္သူ အတြက္ စားစရာေလးေတြ လုပ္ေပးတာမ်ိဳး၊
တိုလီမုတ္စေလးေတြ ဝယ္ေပးတာမ်ိဳးေတြ
ခဏခဏ လုပ္တတ္ၾကပါတယ္ …။
ခ်စ္သူ ေနမေကာင္းတဲ့ အခါမ်ိဳးေတြ မွာလည္း
အရမ္းကို ၾကင္နာဂ႐ုစိုက္တတ္ ၾကပါေသးတယ္ …။
ခ်စ္သူကို စိတ္ပူၿပီး အၿမဲ တတြတ္တြတ္နဲ႔
စကားေတြ မွာေနတတ္တဲ့ သူေတြလည္း ျဖစ္ပါတယ္ေနာ္ …။ ။
Credit – Original Writer