လူတွေက ပိုင်ဆိုင်ပြီးသွားတဲ့အခါ အရင်လို ဂရုစိုက်စရာမလိုတော့ဘူးလို့ထင်သွားတတ်ကြတာပဲ
တကယ့်ကို မှားတယ်ဆိုတာထက်
တကယ်ကို တန်ဖိုးမထားရာ ရောက်ပါတယ် ။
စကားလေးတစ်လုံးတောင် သုံးတတ်ကြသေးတယ်
တံငါသည်တစ်ယောက်
ကိုယ့်ပလိုင်းတဲ့ရောက်နေတဲ့ ငါးကို
အစာကျွေးသေးလို့လားတဲ့ ။
ကျွန်မဟာ ငါးလေးတစ်ကောင်မဟုတ်ခဲ့သလို
အစာကိုမက်လို့ချိတ်ကို ဟပ်ခဲ့တာမဟုတ်ဘူးလေ ။
ရှင့်ကိုချစ်လို့ ဘ၀ထဲ တိုး၀င်ဖို့ ကြိုးစားခဲ့တာပါ ။
မိန်းမကလေးတော်တော်များများမှာ
ထပ်တူညီတဲ့ နောင်တ တစ်ခုတော့ရှိတယ်
အဲ့တာဟာ … ငါသာ အဖြေမပေးခဲ့သေးရင်
သူ အရင်လိုပဲ အမြဲတစေ ဂရုစိုက်လိမ့်မယ်ဆိုတဲ့ နောင်တပေါ့ ။
အရင်တုန်းကလို ကိုယ့်အချစ်ကို
လိုချင်နေတဲ့ လူတစ်ယောက်လို မမြင်ရတော့ဘူး …
မရှိလဲ ဖြစ်တယ်ဆိုတဲ့ လူတစ်ယောက်
ကိုယ့်အနားရပ်နေသလိုပါပဲ …
ခေါင်းကိုက် တာကအစက ဂရုစိုက်တတ်တဲ့သူက ..
ခုဆို အိပ်ယာထဲ လဲနေတာတောင်
စိတ်ပူရမယ့် အရာလို့ မမြင်တော့ဘူး ။
ဒီလိုပြောင်းလဲခြင်းတွေမှာ နေသားတကျလေးဖြစ်ဖို့
ကျွန်မ အများကြီး ကြိုးစားရဦးမယ် …
အရင်တုန်းက ရှင့်ကို ပြန်ရလာဖို့ထက် လက်ရှိ
ကိုယ့်အရှေ့ရှိနေတဲ့ ရှင့်ကို နားလည်ပေးနိုင်ဖို့
အများကြီး ကြိုးစားရဦးမယ် ။
အရင်ကဆို… သည်းသည်းလှုပ်ချစ်တတ်ခဲ့သလောက်
ကိုယ့်ဘက်က ပြန်ချစ်တဲ့အခါမှ အေးစက်သွားတတ်တဲ့
ဆက်ဆံရေးတွေကြားမှာ မပြတ်ချင်တဲ့စိတ်နဲ့
ဆက်ဆွဲထားရင်း ကျွန်မတို့တွေမှာ တန်ဖိုးတွေ မဲ့သွားတတ်ပါတယ် ။
တကယ်တမ်းကျတော့ အရင်တုန်းက
ရှင့်ကို သဘောကျခဲ့ဖူးသလိုပဲ အရင်တုန်းက
ဂရုစိုက်မှုလေးတွေ အမြဲတမ်း လိုအပ်ပါတယ် ။
ကျွန်မတို့ မိန်းမသားတွေကလေ …
အနည်းဆုံးတော့ ကိုယ့် ချစ်သူအတွက်
အရေးပါ အရာရောက်ချင်ကြတယ် ။
အသက်တွေ ဘယ်လောက်ကြီးလာကြီးလာ
ဂရုစိုက်ခံချင်ကြတယ် ။
ဒါတွေ … သိအောင် ပြောမပြနိုင်သေးခင် ..
ငါသာ အဖြေပြန်မပေးခဲ့သေးရင်
အရင်လို ဂရုစိုက်နေဦးမှာပဲဆိုတဲ့ နောင်တလေးတွေပဲ ရှိတယ် ။
တစ်ခုတော့ မှတ်ထားပါ … ကျွန်မသည်လဲ လူပါ။
ဒီနေရာမှာ အမြဲတမ်းရပ်နေပါ့မယ်ဆိုတဲ့
အာမခံချက်တွေ ပေးနိုင်မှာ မဟုတ်ဘူး ။
အရမ်းပင်ပန်းလာတဲ့အခါ ရှင့်ပလိုင်းတဲ့ ခုန်ထွက်ဖြစ်မယ့် င
ါးတစ်ကောင်လဲ ဖြစ်ကောင်းဖြစ်လာနိုင်သေးတယ်လေ ။
ပိုင်ပြီးသွားတဲ့အခါ ဂရုစိုက်စရာ မလိုတော့ဘူးဆိုတဲ့
အတွေးတွေထက် … ပိုင်ဆိုင်တုန်းလေးမှာ
တန်ဖိုးထားသင့်တယ်ဆိုတဲ့
အတွေးလေးတော့ ရှိစေချင်တယ် ။
မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့်
ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ်။
Credit
လူေတြက ပိုင္ဆိုင္ၿပီးသြားတဲ့အခါ အရင္လို ဂ႐ုစိုက္စရာမလိုေတာ့ဘူးလို႔ထင္သြားတတ္ၾကတာပဲ
တကယ့္ကို မွားတယ္ဆိုတာထက္
တကယ္ကို တန္ဖိုးမထားရာ ေရာက္ပါတယ္ ။
စကားေလးတစ္လုံးေတာင္ သုံးတတ္ၾကေသးတယ္
တံငါသည္တစ္ေယာက္
ကိုယ့္ပလိုင္းတဲ့ေရာက္ေနတဲ့ ငါးကို
အစာေကြၽးေသးလို႔လားတဲ့ ။
ကြၽန္မဟာ ငါးေလးတစ္ေကာင္မဟုတ္ခဲ့သလို
အစာကိုမက္လို႔ခ်ိတ္ကို ဟပ္ခဲ့တာမဟုတ္ဘူးေလ ။
႐ွင့္ကိုခ်စ္လို႔ ဘ၀ထဲ တိုး၀င္ဖို႔ ႀကိဳးစားခဲ့တာပါ ။
မိန္းမကေလးေတာ္ေတာ္မ်ားမ်ားမွာ
ထပ္တူညီတဲ့ ေနာင္တ တစ္ခုေတာ့႐ွိတယ္
အဲ့တာဟာ … ငါသာ အေျဖမေပးခဲ့ေသးရင္
သူ အရင္လိုပဲ အၿမဲတေစ ဂ႐ုစိုက္လိမ့္မယ္ဆိုတဲ့ ေနာင္တေပါ့ ။
အရင္တုန္းကလို ကိုယ့္အခ်စ္ကို
လိုခ်င္ေနတဲ့ လူတစ္ေယာက္လို မျမင္ရေတာ့ဘူး …
မ႐ွိလဲ ျဖစ္တယ္ဆိုတဲ့ လူတစ္ေယာက္
ကိုယ့္အနားရပ္ေနသလိုပါပဲ …
ေခါင္းကိုက္ တာကအစက ဂ႐ုစိုက္တတ္တဲ့သူက ..
ခုဆို အိပ္ယာထဲ လဲေနတာေတာင္
စိတ္ပူရမယ့္ အရာလို႔ မျမင္ေတာ့ဘူး ။
ဒီလိုေျပာင္းလဲျခင္းေတြမွာ ေနသားတက်ေလးျဖစ္ဖို႔
ကြၽန္မ အမ်ားႀကီး ႀကိဳးစားရဦးမယ္ …
အရင္တုန္းက ႐ွင့္ကို ျပန္ရလာဖို႔ထက္ လက္႐ွိ
ကိုယ့္အေ႐ွ႕႐ွိေနတဲ့ ႐ွင့္ကို နားလည္ေပးႏိုင္ဖို႔
အမ်ားႀကီး ႀကိဳးစားရဦးမယ္ ။
အရင္ကဆို… သည္းသည္းလႈပ္ခ်စ္တတ္ခဲ့သေလာက္
ကိုယ့္ဘက္က ျပန္ခ်စ္တဲ့အခါမွ ေအးစက္သြားတတ္တဲ့
ဆက္ဆံေရးေတြၾကားမွာ မျပတ္ခ်င္တဲ့စိတ္နဲ႔
ဆက္ဆြဲထားရင္း ကြၽန္မတို႔ေတြမွာ တန္ဖိုးေတြ မဲ့သြားတတ္ပါတယ္ ။
တကယ္တမ္းက်ေတာ့ အရင္တုန္းက
႐ွင့္ကို သေဘာက်ခဲ့ဖူးသလိုပဲ အရင္တုန္းက
ဂ႐ုစိုက္မႈေလးေတြ အၿမဲတမ္း လိုအပ္ပါတယ္ ။
ကြၽန္မတို႔ မိန္းမသားေတြကေလ …
အနည္းဆုံးေတာ့ ကိုယ့္ ခ်စ္သူအတြက္
အေရးပါ အရာေရာက္ခ်င္ၾကတယ္ ။
အသက္ေတြ ဘယ္ေလာက္ႀကီးလာႀကီးလာ
ဂ႐ုစိုက္ခံခ်င္ၾကတယ္ ။
ဒါေတြ … သိေအာင္ ေျပာမျပႏိုင္ေသးခင္ ..
ငါသာ အေျဖျပန္မေပးခဲ့ေသးရင္
အရင္လို ဂ႐ုစိုက္ေနဦးမွာပဲဆိုတဲ့ ေနာင္တေလးေတြပဲ ႐ွိတယ္ ။
တစ္ခုေတာ့ မွတ္ထားပါ … ကြၽန္မသည္လဲ လူပါ။
ဒီေနရာမွာ အၿမဲတမ္းရပ္ေနပါ့မယ္ဆိုတဲ့
အာမခံခ်က္ေတြ ေပးႏိုင္မွာ မဟုတ္ဘူး ။
အရမ္းပင္ပန္းလာတဲ့အခါ ႐ွင့္ပလိုင္းတဲ့ ခုန္ထြက္ျဖစ္မယ့္ င
ါးတစ္ေကာင္လဲ ျဖစ္ေကာင္းျဖစ္လာႏိုင္ေသးတယ္ေလ ။
ပိုင္ၿပီးသြားတဲ့အခါ ဂ႐ုစိုက္စရာ မလိုေတာ့ဘူးဆိုတဲ့
အေတြးေတြထက္ … ပိုင္ဆိုင္တုန္းေလးမွာ
တန္ဖိုးထားသင့္တယ္ဆိုတဲ့
အေတြးေလးေတာ့ ႐ွိေစခ်င္တယ္ ။
မူရင္းစာေရးသားသူ သွ်င္ယြန္း ေလးစားစြာျဖင့္
ျပန္လွန္မွ်ေဝျခင္းျဖစ္ပါတယ္။