ဝဋ်လည်ခြင်း ဆုလာဒ်…
ဂရုစိုက်တဲ့လူကို မင်းပစ်ပယ်တဲ့အခါ……
ဥပေက္ခာပြုတဲ့သူနဲ့ မင်း တွေ့ရလိမ့်မယ် ။
သည်းခံပေးမှန်း မင်းသိရက်နဲ့ အနိုင်ယူတဲ့အခါ ……
သည်းမခံနိုင်တဲ့သူက မင်းကို ပြန်စော်ကားလိမ့်မယ် ။
သဝန်တိုတတ်သူကို မင်းမျက်ကွယ်ပြုမိတဲ့အခါ ……
သဝန်မတိုတတ်သူက မင်းကို လက်ပိုက်ကြည့်နေလိမ့်မယ် ။
နားလည်ပေးနိုင်သူကို မင်းစိတ်ပျက်အောင်
လုပ်မိသောအခါ နားမလည်ပေးနိုင်သူကြောင့်
မင်းစိတ်ဆင်းရဲလိမ့်မယ် ။
အရမ်းချစ်တတ်သူကို မင်းနာကျင်အောင်လုပ်တဲ့အခါ
မချစ်တတ်တဲ့သူက မင်းအနားရောက်လာလိမ့်မယ် ။
ခဏပဲစောင့်ပါ ဝဋ်ဆိုတာ နောင်ဘဝ မကူးစေပါဘူး……
လက်စားချေခြင်းနဲ့ အနိုင်မယူလိုသောအခါ ……
ဝဋ်လည်ခြင်းက ဆုလာဒ်အဖြစ်
မင်းအနား ရောက်လာမှာပါ။
Credit
ဝဋ်လည်ခြင်း ဆုလာဒ်…
Credit