မိန်းမတစ်ယောက်ရဲ့အချစ်စစ်ဟာ အရမ်းတန်ဖိုးရှိပါတယ်
ချစ်တာပေါ့ ဘယ်မိန်းမက RS တစ်ခုကို
လွယ်လွယ်နဲ့ အဆုံးသတ်ချင်ပါ့မလဲ
မိန်းမတွေဆိုတာ အပေါ်ယံ ဘယ်လောက်ပဲ
မာကြောနေခက်ထန်နေ မောက်မာနေ မာန်ရှိနေပစေ
အချစ်စစ်နဲ့တွေ့ရင် ပျော့ညံ့သွားတတ်ကြတယ်
ချစ် လို့ပဲဖစ်စေ ကိုယ့်အတွက် အတ္တကြောင့်ပဲဖစ်စေ
မာန ကြောင့်ပဲဖစ်ဖစ် အနိုင်ယူလိုမှု့ ကြောင့်ပဲဖစ်စေ
သိက္ခာ ကြောင့်ပဲဖစ်ဖစ် ပတ်ဝန်းကျင် ကြောင့်ပဲဖြစ်စေ
သားသမီးတွေ ကြောင့်ပဲဖြစ်စေ အတတ်နိုင်ဆုံး
ခံနိုင်ရည်ရှိတာထက်ကို လွန်ကဲပီး
RSတစ်ခုကိုမပျက်စီးအောင် သီးခံပီး
ဟန်ဆောင်ပီး ဟန်မပျက် ထိန်းထားတတ်ကြတယ်
ဘယ်လောက်ပဲ နာကြင်နေပစေ လွယ်လွယ်နဲ့
လက်မလွှတ်တတ်ကြဘူး လက်လွှတ်ချင်လောက်အောင်
ဖစ်သွားပီဆိုရင်လဲ ဘယ်လောက်ကောင်းတဲ့
ယောက်ကျားပဲဖြစ်ဖြစ်ဘယ်လောက်ပဲ
ချစ်နေရတဲ့ယောက်ကျားပဲဖစ်ဖစ်ဘယ်လောက်ပဲ
ချမ်းသာနေပစေ ဘယ်လောက်ပဲ တောင်းပန်နေပစေ
ပျက်သားသွားရင် ပြန်လှည့်မကြည့်တော့တာများတယ်
မခံနိုင်တော့တာ စိတ်မောတာ စိတ်ပင်ပန်းတာ
လူမောတာကအနားယူလို့ရတယ် စိတ်မောတာက
အနားယူလို့မရဘူး ကိုယ့်ကိုယ် မနှိပ်စက်ချင်တော့တာ
တူတူရှိနေလဲ အချင်းချင်း ဟန်ဆောင်ရ
ပတ်ဝန်းကျင်ပေါ် ဟန်ဆောင်ရ အများအမြင်ပေါ်
ဟန်ဆောင်ရ လိုက်လျောညီထွေ အဆင်ပြေအောင်နေရ နဲ့
ပင်ပန်းလာတယ် ပျော်ရွှင်မှု့အစစ်အမှန်ဆိုတာ မရှိတော့ဘူး
မိန်းမတစ်ယောက် ချစ်နေတယ် တန်ဖိုးထားနေတယ်
ဂရုစိုက်နေတယ် အလေးထားနေတယ် ဆိုရင်
တန်ဖိုးထားပါ အတ္တမပါ မာန္မာနမပါ အနိုင်ယူလိုမှု့မပါ
မာနမပါတဲ့ အချစ်အချစ်စစ်မှန်ရင် အေးချမ်းမှု့ကို
ရရှိမှာပါမိန်းမတွေရဲ့အချစ်ဟာ
ပူလောင်မှု့တွေများသလို
အရမ်းကိုလဲ စိတ်အေးချမ်းစေပါတယ်….
Credit
Credit