တတိယလူ ၀င်လာတဲ့အခါ
တတိယလူ . . . .အရမ်းကို သင့်မြတ်ပါတယ်
ဆိုတဲ့မောင်နှမတွေ အရမ်းကို ချစ်ပါတယ်ဆိုတဲ့
သမီးရည်းစားလင်မယားတွေ စည်းလုံးပါတယ်ဆိုတဲ့
မိသားစုတွေကြား တတိယလူ ၀င်လာတဲ့အခါ
အလိုလို ပြိုပျက် ပျက်စီးရပါတယ်
တတိယလူတဲ့ စကားလုံးလေး ရိုးရှင်းသလို
အဓိပ္ပါယ်လဲ ထင်သလောက် မနက်နဲပါဘူး
ချစ်သူနှစ်ဦးကြား၀င်လာတတတ်တဲ့
တတိယလူတွေကတော့ အများကြီးပဲပေါ့
သူငယ်ချင်းတွေ မိသားစုတွေ ပြီးတော့
ကြောင်တောင်နိုက်ချင်တဲ့ တစ်လုံးချိုင့်တွေ
အများကြီးပါ တတိယ လူ၀င်လာတဲ့အခါ
တစ်ဦးနဲ့တစ်ဦး ပွင့်လင်းဖို့နဲ့ ယုံကြည်ဖို့
အရမ်းကို အရေးကြီးပါတယ်
မပွင့်မလင်းနဲ့ မရိုးမသား လုပ်နေရင်
အဲ့ဒီ ဆက်ဆံရေးတွေက ပျက်ဆီးမှာပဲ
မယုံကြည်မှုတွေကနေ တဖြေးဖြေး
သံသယတွေ ဖြစ်လာပြီး နောက်ဆုံး လမ်းခွဲခြင်းတွေ
အမုန်းတွေနဲ့သာ အဆုံးသတ်ပါတယ်နား နှစ်ဖက်
မျက်လုံးနှစ်ဖက်ရှိတာ မျှမျှတတ ကြည့်ပြီး
နှစ်ဖက်လုံးကို နားထောင်ပါ တစ်ဖက်တည်းကို
စုံလုံးကန်းပြီး မယုံနဲ့
မိဘတွေ ပြောလို့ မောင်နှမတွေကြောင့်
သူငယ်ချင်းတွေကြောင့် ပြီးတော့
တစ်စုံတစ်ယောက်ကြောင့် ချစ်လျက်နဲ့
ဝေးရခဲ့ဖူးသူတွေ အများကြီးပါ သူတို့ပေးခဲ့တဲ့
သာဓကတွေကို ကြည့်ကြည့်ပါ တစ်ဦးနဲ့တစ်ဦး
အရမ်းတွေ ချစ်ပါလျက်နဲ့ တစ်ယောက်အပေါ်တစ်ယောက်
သံသယတွေ ထားလာတဲ့အခါ
ရှေ့ဆက်လက်တွဲဖို့လဲခက် လက်ခွဲပြတ်စဲဖို့လဲခက်နဲ့
မျက်ရည်တွေနဲ့သာ အဆုံးသတ်ရတယ် ။
ဖြစ်နိုင်ရင် ချစ်သူနှစ်ဦးကြားမှာပဲဖြစ်ဖြစ်
လင်နဲ့မယားကြားမှာပဲဖြစ်ဖြစ် တတိယလူဆိုတာ
ရှိကို မရှိသင့်ဘူး ကိုယ့်ချစ်သူထက် ပိုပြီးလဲ
မယုံကြည်သင့်ဘူး သံသယတွေ ရှိလာတဲ့အခါ
စိတ်ထဲမှာ ကြိတ်ပြီးမထားနဲ့ ချက်ချင်း မေးပြီး
ချက်ချင်းဖြေရှင်းတာပဲ ကောင်းတယ်
တခြားတစ်ယောက်ကို လိုက်ပြီးပြောပြနေတာထက်
ကိုယ့်ချစ်သူကို ကိုယ် ပွင့်ပွင့်လင်းလင်းမေးတာက
သူ့အပေါ် ယုံကြည်ရာရောက်ပါတယ်
တတိယလူဆိုတာ . . . ဘာမှ ဖြစ်မလာမှန်းသိရင်
အချိန်တန် သူ့လမ်းသူဆက်ပြီးလျှောက်သွားမှာပဲ
အဲ့ဒီခဏလေးမှာ ဒီထက်ပိုပြီး ခိုင်မြဲတဲ့ သံယောဇဥ်တွေ
မေတ္တာတွေ တည်ဆောက်ပါ
ချစ်လျက်နဲ့ ဝေးရတဲ့အဖြစ်မျိုး ဆက်ပြီး မဖြစ်စေချင်ဘူး
ညီအစ်ကို မောင်နှမဆိုတာ လောကကြီးကပေးတဲ့
ဆုလာဒ်တွေထဲက အလှဆုံးသော အရာပါ
တစ်ဦးနဲ့တစ်ဦး စိတ်၀မ်းမကွဲစေနဲ့
သူစိမ်းတစ်ယောက်အတွက်
ကိုယ့်ညီအစ်ကို မောင်နှမတွေအချင်းချင်း
ရန်ဖြစ်နေကြတယ်ဆိုတာ
ဘေးပတ်၀န်းကျင်ကြားလို့လဲ မကောင်းဘူး
ကိုယ်နဲ့ ဘယ်လောက်ပဲ ရင်းနှီးရင်းနှီး သူစိမ်းကတော့ သူစိမ်းပါပဲ
ဒုက္ခတွေ ဖြစ်လာတဲ့အခါ အတူတူရှိမှာဆိုလို့
သွေးသားရင်းတဲ့ ဒီညီအစ်ကို မောင်နှမတွေပဲရှိတာ
ခုချိန် သူစိမ်းကို အားကိုးလို့
ကိုယ့်ညီအစ်ကိုမောင်နှမတွေကို မကောင်းမြင်နေရင်
နောင်တစ်ချ်ိန်မှ နောင်တတွေ အကြီးကြီးရလိမ့်မယ်
နွားကွဲရင် ကျားဆွဲတယ်ဆိုတဲ့စကား ကြားဖူးတယ်မလား
ကိုယ့်အိမ် ကိုယ့်ယာ ကိုယ့်မောင်နှမသားချင်းတွေကို
ကိုယ်က ကာကွယ်စောင့်ရှောက်ပေးရမှာလေ
ကိုယ်ကိုယ်တိုင်က မယုံမကြည်ဖြစ်နေရင် စဥ်းစားတာကြည့်တော့
ဘယ်ဆက်ဆံရေးမှာမဆို တတိယလူ ၀င်လာတဲ့အခါ
အနည်းနဲ့အများတော့ နာကျင်ထိခိုက်ရတာပါပဲ
ဒါပေမယ့် နှစ်ရှည်လများ တည်ဆောက်ထားတဲ့
မိသားစုဘ၀တွေ ဆက်ဆံရေးတွေ လက်တွဲတွေ
ဖြုတ်ပစ်လိုက်ဖို့ထိတော့ မဖြစ်သင့်ဘူး
တကယ်လို့ လူနှစ်ဦးသာ တစ်ယောက်အပေါ် တစ်ယောက် ယုံကြည်ထားရင်
ဘယ်သွေးထိုးစကားကြောင့်မှ ဝေးသွားဖို့မလိုပါဘူး။
မိန်းမသားတို့အတွက်
သျှင်ယွန်း
တတိယလူ ၀င္လာတဲ့အခါ
တတိယလူ . . . .အရမ္းကို သင့္ျမတ္ပါတယ္
ဆိုတဲ့ေမာင္ႏွမေတြ အရမ္းကို ခ်စ္ပါတယ္ဆိုတဲ့
သမီးရည္းစားလင္မယားေတြ စည္းလုံးပါတယ္ဆိုတဲ့
မိသားစုေတြၾကား တတိယလူ ၀င္လာတဲ့အခါ
အလိုလို ၿပိဳပ်က္ ပ်က္စီးရပါတယ္
တတိယလူတဲ့ စကားလုံးေလး ႐ိုး႐ွင္းသလို
အဓိပၸါယ္လဲ ထင္သေလာက္ မနက္နဲပါဘူး
ခ်စ္သူႏွစ္ဦးၾကား၀င္လာတတတ္တဲ့
တတိယလူေတြကေတာ့ အမ်ားႀကီးပဲေပါ့
သူငယ္ခ်င္းေတြ မိသားစုေတြ ၿပီးေတာ့
ေၾကာင္ေတာင္ႏိုက္ခ်င္တဲ့ တစ္လုံးခ်ိဳင့္ေတြ
အမ်ားႀကီးပါ တတိယ လူ၀င္လာတဲ့အခါ
တစ္ဦးနဲ႔တစ္ဦး ပြင့္လင္းဖို႔နဲ႔ ယုံၾကည္ဖို႔
အရမ္းကို အေရးႀကီးပါတယ္
မပြင့္မလင္းနဲ႔ မ႐ိုးမသား လုပ္ေနရင္
အဲ့ဒီ ဆက္ဆံေရးေတြက ပ်က္ဆီးမွာပဲ
မယုံၾကည္မႈေတြကေန တေျဖးေျဖး
သံသယေတြ ျဖစ္လာၿပီး ေနာက္ဆုံး လမ္းခြဲျခင္းေတြ
အမုန္းေတြနဲ႔သာ အဆုံးသတ္ပါတယ္နား ႏွစ္ဖက္
မ်က္လုံးႏွစ္ဖက္႐ွိတာ မွ်မွ်တတ ၾကည့္ၿပီး
ႏွစ္ဖက္လုံးကို နားေထာင္ပါ တစ္ဖက္တည္းကို
စုံလုံးကန္းၿပီး မယုံနဲ႔
မိဘေတြ ေျပာလို႔ ေမာင္ႏွမေတြေၾကာင့္
သူငယ္ခ်င္းေတြေၾကာင့္ ၿပီးေတာ့
တစ္စုံတစ္ေယာက္ေၾကာင့္ ခ်စ္လ်က္နဲ႔
ေဝးရခဲ့ဖူးသူေတြ အမ်ားႀကီးပါ သူတို႔ေပးခဲ့တဲ့
သာဓကေတြကို ၾကည့္ၾကည့္ပါ တစ္ဦးနဲ႔တစ္ဦး
အရမ္းေတြ ခ်စ္ပါလ်က္နဲ႔ တစ္ေယာက္အေပၚတစ္ေယာက္
သံသယေတြ ထားလာတဲ့အခါ
ေ႐ွ႕ဆက္လက္တြဲဖို႔လဲခက္ လက္ခြဲျပတ္စဲဖို႔လဲခက္နဲ႔
မ်က္ရည္ေတြနဲ႔သာ အဆုံးသတ္ရတယ္ ။
ျဖစ္ႏိုင္ရင္ ခ်စ္သူႏွစ္ဦးၾကားမွာပဲျဖစ္ျဖစ္
လင္နဲ႔မယားၾကားမွာပဲျဖစ္ျဖစ္ တတိယလူဆိုတာ
႐ွိကို မ႐ွိသင့္ဘူး ကိုယ့္ခ်စ္သူထက္ ပိုၿပီးလဲ
မယုံၾကည္သင့္ဘူး သံသယေတြ ႐ွိလာတဲ့အခါ
စိတ္ထဲမွာ ႀကိတ္ၿပီးမထားနဲ႔ ခ်က္ခ်င္း ေမးၿပီး
ခ်က္ခ်င္းေျဖ႐ွင္းတာပဲ ေကာင္းတယ္
တျခားတစ္ေယာက္ကို လိုက္ၿပီးေျပာျပေနတာထက္
ကိုယ့္ခ်စ္သူကို ကိုယ္ ပြင့္ပြင့္လင္းလင္းေမးတာက
သူ႕အေပၚ ယုံၾကည္ရာေရာက္ပါတယ္
တတိယလူဆိုတာ . . . ဘာမွ ျဖစ္မလာမွန္းသိရင္
အခ်ိန္တန္ သူ႕လမ္းသူဆက္ၿပီးေလွ်ာက္သြားမွာပဲ
အဲ့ဒီခဏေလးမွာ ဒီထက္ပိုၿပီး ခိုင္ၿမဲတဲ့ သံေယာဇဥ္ေတြ
ေမတၱာေတြ တည္ေဆာက္ပါ
ခ်စ္လ်က္နဲ႔ ေဝးရတဲ့အျဖစ္မ်ိဳး ဆက္ၿပီး မျဖစ္ေစခ်င္ဘူး
ညီအစ္ကို ေမာင္ႏွမဆိုတာ ေလာကႀကီးကေပးတဲ့
ဆုလာဒ္ေတြထဲက အလွဆုံးေသာ အရာပါ
တစ္ဦးနဲ႔တစ္ဦး စိတ္၀မ္းမကြဲေစနဲ႔
သူစိမ္းတစ္ေယာက္အတြက္
ကိုယ့္ညီအစ္ကို ေမာင္ႏွမေတြအခ်င္းခ်င္း
ရန္ျဖစ္ေနၾကတယ္ဆိုတာ
ေဘးပတ္၀န္းက်င္ၾကားလို႔လဲ မေကာင္းဘူး
ကိုယ္နဲ႔ ဘယ္ေလာက္ပဲ ရင္းႏွီးရင္းႏွီး သူစိမ္းကေတာ့ သူစိမ္းပါပဲ
ဒုကၡေတြ ျဖစ္လာတဲ့အခါ အတူတူ႐ွိမွာဆိုလို႔
ေသြးသားရင္းတဲ့ ဒီညီအစ္ကို ေမာင္ႏွမေတြပဲ႐ွိတာ
ခုခ်ိန္ သူစိမ္းကို အားကိုးလို႔
ကိုယ့္ညီအစ္ကိုေမာင္ႏွမေတြကို မေကာင္းျမင္ေနရင္
ေနာင္တစ္ခ်္ိန္မွ ေနာင္တေတြ အႀကီးႀကီးရလိမ့္မယ္
ႏြားကြဲရင္ က်ားဆြဲတယ္ဆိုတဲ့စကား ၾကားဖူးတယ္မလား
ကိုယ့္အိမ္ ကိုယ့္ယာ ကိုယ့္ေမာင္ႏွမသားခ်င္းေတြကို
ကိုယ္က ကာကြယ္ေစာင့္ေ႐ွာက္ေပးရမွာေလ
ကိုယ္ကိုယ္တိုင္က မယုံမၾကည္ျဖစ္ေနရင္ စဥ္းစားတာၾကည့္ေတာ့
ဘယ္ဆက္ဆံေရးမွာမဆို တတိယလူ ၀င္လာတဲ့အခါ
အနည္းနဲ႔အမ်ားေတာ့ နာက်င္ထိခိုက္ရတာပါပဲ
ဒါေပမယ့္ ႏွစ္႐ွည္လမ်ား တည္ေဆာက္ထားတဲ့
မိသားစုဘ၀ေတြ ဆက္ဆံေရးေတြ လက္တြဲေတြ
ျဖဳတ္ပစ္လိုက္ဖို႔ထိေတာ့ မျဖစ္သင့္ဘူး
တကယ္လို႔ လူႏွစ္ဦးသာ တစ္ေယာက္အေပၚ တစ္ေယာက္ ယုံၾကည္ထားရင္
ဘယ္ေသြးထိုးစကားေၾကာင့္မွ ေဝးသြားဖို႔မလိုပါဘူး။
မိန္းမသားတို႔အတြက္
သွ်င္ယြန္း