ရူးလောက်အောင်ချစ်ခဲ့ရသူကို မေ့ပျောက်အောင်ကြိုးစားနည်း
လူတိုင်းဟာ အချစ်ဦးနဲ့ လက်တွဲခွင့်မရတတ်ကြပါဘူး။
အချစ်ဦးတင်မဟုတ်ပဲ။ တစ်ခါတစ်လေ အချစ်ဆုံးဆိုသူတွေနဲ့
လည်းကွဲကွာတတ်ကြပါတယ်။
ဒီလိုကွဲကွာတဲ့အခိုက်အတန့်မှာ ခံစားရတဲ့ဝေဒနာမျိုးဟာ
ပြောမပြတတ်လောက်အောင်နာကျင်ရပါတယ်။
အချို့သူတွေကတော့ နှစ်အနည်းငယ်အကြာမှာ
အနည်ကျသွားပေမယ့်
အချို့သူတွေကတော့နှစ်တွေအများကြီးကြာသွားတာတောင်
အနည်မထိုင်ပဲရှိနေတတ်ပါတယ်။
အသဲကွဲခြင်းက ရေရှည်ဖြစ်နေပြီး မိမိကိုယ်ကို
ရူးလောက်အောင်ချစ်ခဲ့ရသူကို မေ့ပျောက်အောင်ကြိုးစားနည်း
လွင့်ချင်ရာလွင့်ပါစေဆိုပြီး မျှောထားတဲ့လှေတစ်စင်းလို
ပြုမူနေရင်တော့သင့်ဘဝကိုအမြန်ဆုံးပြုပြင်သင့်ပါပြီ။
အောက်ပါအချက်တွေကသင့်ရဲ့အချစ်ရဆုံးကို
ချက်ချင်းကြီးမေ့အောင်တော့မကူညီနိုင်ပေမယ့်
အချိန်အမြန်ဆုံးမေ့အောင်ကြိုးစားတဲ့နေရာမှာတော့
ကူညီပေးနိုင်ပါလိမ့်မယ်။
(၁) ပထမဆုံးသင်သတိရဖို့က
အချိန်တွေအများကြီးရှိသေးတယ်ဆိုတာပါပဲ။
သင့်ရဲ့အချစ်ဆုံးကိုဘယ်လောက်ကြာရင်
မေ့နိုင်အောင်ကြိုးစားမယ်ဆိုပြီးပုံသေကြီးချမထားပါနဲ့။
ဒီအချက်ကသူ့ကိုပိုပြီးသတိရစေပါတယ်။
အချိန်ကတဖြည်းဖြည်းကုစားသွားမယ်ဆိုပေမယ့်အဲ့ဒိအချိန်
ရူးလောက်အောင်ချစ်ခဲ့ရသူကို မေ့ပျောက်အောင်ကြိုးစားနည်း
ဆိုတာကြီးကိုခဏခဏခေါင်းထဲမရောက်ပါစေနဲ့။
သင်ကအချိန်ကာလာအကန့်အသတ်ပေးထားရင်
အချိန်ပြည့်လို့မမေ့နိုင်သေးရင်ပိုပြီးတော့တောင်
သူကစိတ်ထဲရောက်လာနိုင်ပါတယ်။
အခုကစပြီးအချိန်ကာလအကြောင်းကခဏမေ့ထားပါ။
(၂) အပြည့်အဝနာကျင်လိုက်ပါ။
အသဲကွဲရင်ရင်ကွဲမတတ်ခံစားရတာ
သင်တစ်ယောက်ထဲမဟုတ်ပါဘူး။
ရင်ဘတ်ထဲဘာလိုလို့လိုနေမှန်းမသိခြင်း၊
အထီးကျန်ခြင်း၊စိတ်ဓာတ်ကျခြင်း၊
မျှော်လင့်ချက်မဲ့သွားခြင်းစတာတွေဟာ
အသဲကွဲတဲ့သူတိုင်းခံစားရပါတယ်။
ရူးလောက်အောင်ချစ်ခဲ့ရသူကို မေ့ပျောက်အောင်ကြိုးစားနည်း
ဒီအတွက် သင်အကြာကြီးတော့ အချိန်မယူမိပါစေနဲ့။
ဒါပေမယ့် နာကျင်တဲ့အချိန်မှာတော့အပြည့်အဝနာကျင်လိုက်ပါ။
ဖွင့်ပြောမယ့် သူငယ်ချင်းရှိရင် ဖွင့်ပြောလိုက်ပါ။
မရှိရင် စာအုပ်ထဲမှာ ချရေးပါ။
(၃) နောက်တစ်ဆင့်အနေနဲ့ သင့်ရဲ့အဆက်ဟောင်းကို မမြင်အောင်နေပါ။
သင့်အဆက်ဟောင်းရဲ့ Facebook ကို ဘလော့ပါ။
နောက်ဆုံးစိတ်မထိန်းနိုင်ရင်
ကိုယ့်အကောင့်ပါ Delete လုပ်ပြီး Facebook မသုံးပဲနေပါ။
ဖုန်းနံပါတ်၊ viberစတာတွေက အချစ်ဟောင်းရဲ့
အကြွင်းအကျန်တွေကို ဖြတ်ပစ်ပါ။
သူပေးထားတဲ့ လက်ဆောင်တွေအားလုံးလွှင့်ပစ်ပါ။
ဘာဆိုဘာမှကို မကျန်ပါစေနဲ့။
ရူးလောက်အောင်ချစ်ခဲ့ရသူကို
မေ့ပျောက်အောင်ကြိုးစားနည်း
(၄) မိမိကိုယ်ကိုချစ်ဖို့ကြိုးစားပါ။
တစ်ခါတစ်လေ လမ်းခွဲကြပြီးရင်
အချို့ကကိုယ့်ကိုယ်ကိုအပြစ်တင်တတ်ကြပါတယ်။
ငါများသူ့အတွက် မလုံလောက်ခဲ့လို့လား။
ငါကပဲ လိုအပ်ခဲ့လို့လားဆိုပြီး
မိမိကိုယ်ကိုယ်အပြစ်တင်တတ်ကြပါတယ်။
သင်ဟာဘယ်သူ့ရဲ့ ကျေးကျွန်မှ မဟုတ်ဘူးဆိုတာ
ပြန်သတိရပါ။ သင့်ကိုယ်သင်ချစ်တတ်အောင် ပြန်ကြိုးစားပါ။
ကျန်းမာရေးကောင်းအောင်နေပါ။
ပိုပြီးအောင်မြင်အောင်ကြိုးစားပါ။
ရူးလောက်အောင်ချစ်ခဲ့ရသူကို မေ့ပျောက်အောင်ကြိုးစားနည်း
(၅) ခံစားချက်တွေကိုချရေးပါ။
သင်ဘယ်လောက်ပဲ မေ့ဖို့ကြိုးစားကြိုးစား အစတော့
သူ့ကိုခဏခဏသတိရမိမှာပါပဲ။
ဒါပေမယ့် သူနဲ့ပက်သက်တဲ့ခံစားချက်
တွေရင်ထဲမှာဖြစ်လာတိုင်း စာအုပ်ထဲမှာချရေးပါ။
သူ့ကိုဖုန်းခေါ်တာ Messageပို့တာ၊
သူ့Facebookကိုဝင်ကြည့်တာ၊စတာတွေ လုံးဝမလုပ်မိပါစေနဲ့။
စာအုပ်ထဲမှာခံစားချက်တွေ ချရေးခြင်းက
သင့်ရဲ့စိတ်ကိုထွက်ပေါက်ပေးရာလည်းရောက်ပါတယ်။
ရူးလောက်အောင်ချစ်ခဲ့ရသူကို မေ့ပျောက်အောင်ကြိုးစားနည်း
(၆) သင့်ခံစားချက်တွေကို အပေါင်းလက္ခဏာဆောင်တဲ့အရာတွေအဖြစ်ပြောင်းလဲပါ။
အစပိုင်းမှာ အိမ်တွင်းပုန်းပြီး ချောကလက်စားလိုက်၊
တီဗွီကြည့်လိုက်လုပ်လို့ရပေမယ့်
အမြဲတမ်းတော့ အိမ်တွင်းပုန်းနေတာမျိုး မလုပ်သင့်ပါဘူး။
သင့်ဘဝကို ပြန်လည်မောင်းနှင်ရမှာပါ။ အနည်းဆုံးဘာမှ
မလုပ်နိုင်သေးရင်တောင် အိမ်သန့်ှရှင်းရေးလုပ် တာကစပါ။
မိမိကိုယ်ကို အားလပ်ချိန်အရမ်းမပေးပါနဲ့။
အခြားဆီအာရုံရောက်မယ့် အရာတွေကိုပြောင်းလဲ လုပ်ဆောင်ပါ။
အသဲကွဲခြင်းကို စွမ်းအင်တစ်ခု အဖြစ်ပြောင်းလဲလိုက်ပါ။
ရူးလောက်အောင်ချစ်ခဲ့ရသူကို မေ့ပျောက်အောင်ကြိုးစားနည်း
(၇) ဒေါသနဲ့အပြစ်တင်ခြင်းတွေကို အပြိးတိုင်စွန့်လွှတ်ပါ။
သင့်ကိုယ်သင်လဲ အပြစ်မတင်နဲ့ သူ့ကိုလည်း
ဒေါသမထွက်ပါနဲ့တော့။ ဘာမှပြန်လုပ်လို့မရတဲ့အရာတစ်ခု
အတွက်သင့်စိတ်ထဲမှာ နေရာအကျယ်ကြီး မပေးထားပါနဲ့တော့။
(၈) သင်တစ်နေ့ သင့်ကိုချစ်တဲ့သူနဲ့တွေ့လိမ့်မယ်။ (သို့မဟုတ်) သင့်ကိုယ်သင်ချစ်တတ်သွားလိမ့်မယ်။
တစ်နေ့နေ့မှာ သင့်ကိုတကယ်ချစ်တဲ့သူနဲ့
တကယ်ကိုတွေ့နိုင်ပါတယ်။
ဘဝဟာ အမြဲတမ်းဆိုးရွားမှုတွေနဲ့ပြည့်နှက်မနေပါဘူး။
သင့်ဘက်ကလည်း အကောင်းမြင်ဖု့ိလိုပါတယ်။
Negative Mindနဲ့ Positive Life
ရူးလောက်အောင်ချစ်ခဲ့ရသူကို မေ့ပျောက်အောင်ကြိုးစားနည်း
တစ်ခုကိုဘယ် လိုမှမရနိုင်လို့ပါ။
အကယ်၍ သင့်ကိုချစ်တဲ့ သူနဲ့မတွေ့လည်း သင်စိုးရိမ်စရာမလိုပါဘူး။
သင့်ကိုယ်သင်ချစ် တတ်သွားရင်အရာရာပိုပြီး
စိတ်ချမ်းသာလာပါလိမ့်မယ်။
ပရိတ်သတ်ကြီး အသဲကွဲခြင်း ကင်းဝေးကြပါစေ။
Credit
႐ူးေလာက္ေအာင္ခ်စ္ခဲ့ရသူကို ေမ့ေပ်ာက္ေအာင္ႀကိဳးစားနည္း
လူတိုင္းဟာ အခ်စ္ဦးနဲ႔ လက္တြဲခြင့္မရတတ္ၾကပါဘူး။
အခ်စ္ဦးတင္မဟုတ္ပဲ။ တစ္ခါတစ္ေလ အခ်စ္ဆုံးဆိုသူေတြနဲ႔
လည္းကြဲကြာတတ္ၾကပါတယ္။
ဒီလိုကြဲကြာတဲ့အခိုက္အတန္႔မွာ ခံစားရတဲ့ေဝဒနာမ်ိဳးဟာ
ေျပာမျပတတ္ေလာက္ေအာင္နာက်င္ရပါတယ္။
အခ်ိဳ႕သူေတြကေတာ့ ႏွစ္အနည္းငယ္အၾကာမွာ
အနည္က်သြားေပမယ့္
အခ်ိဳ႕သူေတြကေတာ့ႏွစ္ေတြအမ်ားႀကီးၾကာသြားတာေတာင္
အနည္မထိုင္ပဲ႐ွိေနတတ္ပါတယ္။
အသဲကြဲျခင္းက ေရ႐ွည္ျဖစ္ေနၿပီး မိမိကိုယ္ကို
႐ူးေလာက္ေအာင္ခ်စ္ခဲ့ရသူကို ေမ့ေပ်ာက္ေအာင္ႀကိဳးစားနည္း
လြင့္ခ်င္ရာလြင့္ပါေစဆိုၿပီး ေမွ်ာထားတဲ့ေလွတစ္စင္းလို
ျပဳမူေနရင္ေတာ့သင့္ဘဝကိုအျမန္ဆုံးျပဳျပင္သင့္ပါၿပီ။
ေအာက္ပါအခ်က္ေတြကသင့္ရဲ႕အခ်စ္ရဆုံးကို
ခ်က္ခ်င္းႀကီးေမ့ေအာင္ေတာ့မကူညီႏိုင္ေပမယ့္
အခ်ိန္အျမန္ဆုံးေမ့ေအာင္ႀကိဳးစားတဲ့ေနရာမွာေတာ့
ကူညီေပးႏိုင္ပါလိမ့္မယ္။
(၁) ပထမဆုံးသင္သတိရဖို႔က
အခ်ိန္ေတြအမ်ားႀကီး႐ွိေသးတယ္ဆိုတာပါပဲ။
သင့္ရဲ႕အခ်စ္ဆုံးကိုဘယ္ေလာက္ၾကာရင္
ေမ့ႏိုင္ေအာင္ႀကိဳးစားမယ္ဆိုၿပီးပုံေသႀကီးခ်မထားပါနဲ႔။
ဒီအခ်က္ကသူ႕ကိုပိုၿပီးသတိရေစပါတယ္။
အခ်ိန္ကတျဖည္းျဖည္းကုစားသြားမယ္ဆိုေပမယ့္အဲ့ဒိအခ်ိန္
႐ူးေလာက္ေအာင္ခ်စ္ခဲ့ရသူကို ေမ့ေပ်ာက္ေအာင္ႀကိဳးစားနည္း
ဆိုတာႀကီးကိုခဏခဏေခါင္းထဲမေရာက္ပါေစနဲ႔။
သင္ကအခ်ိန္ကာလာအကန္႔အသတ္ေပးထားရင္
အခ်ိန္ျပည့္လို႔မေမ့ႏိုင္ေသးရင္ပိုၿပီးေတာ့ေတာင္
သူကစိတ္ထဲေရာက္လာႏိုင္ပါတယ္။
အခုကစၿပီးအခ်ိန္ကာလအေၾကာင္းကခဏေမ့ထားပါ။
(၂) အျပည့္အဝနာက်င္လိုက္ပါ။
အသဲကြဲရင္ရင္ကြဲမတတ္ခံစားရတာ
သင္တစ္ေယာက္ထဲမဟုတ္ပါဘူး။
ရင္ဘတ္ထဲဘာလိုလို႔လိုေနမွန္းမသိျခင္း၊
အထီးက်န္ျခင္း၊စိတ္ဓာတ္က်ျခင္း၊
ေမွ်ာ္လင့္ခ်က္မဲ့သြားျခင္းစတာေတြဟာ
အသဲကြဲတဲ့သူတိုင္းခံစားရပါတယ္။
႐ူးေလာက္ေအာင္ခ်စ္ခဲ့ရသူကို ေမ့ေပ်ာက္ေအာင္ႀကိဳးစားနည္း
ဒီအတြက္ သင္အၾကာႀကီးေတာ့ အခ်ိန္မယူမိပါေစနဲ႔။
ဒါေပမယ့္ နာက်င္တဲ့အခ်ိန္မွာေတာ့အျပည့္အဝနာက်င္လိုက္ပါ။
ဖြင့္ေျပာမယ့္ သူငယ္ခ်င္း႐ွိရင္ ဖြင့္ေျပာလိုက္ပါ။
မ႐ွိရင္ စာအုပ္ထဲမွာ ခ်ေရးပါ။
(၃) ေနာက္တစ္ဆင့္အေနနဲ႔ သင့္ရဲ႕အဆက္ေဟာင္းကို မျမင္ေအာင္ေနပါ။
သင့္အဆက္ေဟာင္းရဲ႕ Facebook ကို ဘေလာ့ပါ။
ေနာက္ဆုံးစိတ္မထိန္းႏိုင္ရင္
ကိုယ့္အေကာင့္ပါ Delete လုပ္ၿပီး Facebook မသုံးပဲေနပါ။
ဖုန္းနံပါတ္၊ viberစတာေတြက အခ်စ္ေဟာင္းရဲ႕
အႂကြင္းအက်န္ေတြကို ျဖတ္ပစ္ပါ။
သူေပးထားတဲ့ လက္ေဆာင္ေတြအားလုံးလႊင့္ပစ္ပါ။
ဘာဆိုဘာမွကို မက်န္ပါေစနဲ႔။
႐ူးေလာက္ေအာင္ခ်စ္ခဲ့ရသူကို
ေမ့ေပ်ာက္ေအာင္ႀကိဳးစားနည္း
(၄) မိမိကိုယ္ကိုခ်စ္ဖို႔ႀကိဳးစားပါ။
တစ္ခါတစ္ေလ လမ္းခြဲၾကၿပီးရင္
အခ်ိဳ႕ကကိုယ့္ကိုယ္ကိုအျပစ္တင္တတ္ၾကပါတယ္။
ငါမ်ားသူ႕အတြက္ မလုံေလာက္ခဲ့လို႔လား။
ငါကပဲ လိုအပ္ခဲ့လို႔လားဆိုၿပီး
မိမိကိုယ္ကိုယ္အျပစ္တင္တတ္ၾကပါတယ္။
သင္ဟာဘယ္သူ႕ရဲ႕ ေက်းကြၽန္မွ မဟုတ္ဘူးဆိုတာ
ျပန္သတိရပါ။ သင့္ကိုယ္သင္ခ်စ္တတ္ေအာင္ ျပန္ႀကိဳးစားပါ။
က်န္းမာေရးေကာင္းေအာင္ေနပါ။
ပိုၿပီးေအာင္ျမင္ေအာင္ႀကိဳးစားပါ။
႐ူးေလာက္ေအာင္ခ်စ္ခဲ့ရသူကို ေမ့ေပ်ာက္ေအာင္ႀကိဳးစားနည္း
(၅) ခံစားခ်က္ေတြကိုခ်ေရးပါ။
သင္ဘယ္ေလာက္ပဲ ေမ့ဖို႔ႀကိဳးစားႀကိဳးစား အစေတာ့
သူ႕ကိုခဏခဏသတိရမိမွာပါပဲ။
ဒါေပမယ့္ သူနဲ႔ပက္သက္တဲ့ခံစားခ်က္
ေတြရင္ထဲမွာျဖစ္လာတိုင္း စာအုပ္ထဲမွာခ်ေရးပါ။
သူ႕ကိုဖုန္းေခၚတာ Messageပို႔တာ၊
သူ႕Facebookကိုဝင္ၾကည့္တာ၊စတာေတြ လုံးဝမလုပ္မိပါေစနဲ႔။
စာအုပ္ထဲမွာခံစားခ်က္ေတြ ခ်ေရးျခင္းက
သင့္ရဲ႕စိတ္ကိုထြက္ေပါက္ေပးရာလည္းေရာက္ပါတယ္။
႐ူးေလာက္ေအာင္ခ်စ္ခဲ့ရသူကို ေမ့ေပ်ာက္ေအာင္ႀကိဳးစားနည္း
(၆) သင့္ခံစားခ်က္ေတြကို အေပါင္းလကၡဏာေဆာင္တဲ့အရာေတြအျဖစ္ေျပာင္းလဲပါ။
အစပိုင္းမွာ အိမ္တြင္းပုန္းၿပီး ေခ်ာကလက္စားလိုက္၊
တီဗြီၾကည့္လိုက္လုပ္လို႔ရေပမယ့္
အၿမဲတမ္းေတာ့ အိမ္တြင္းပုန္းေနတာမ်ိဳး မလုပ္သင့္ပါဘူး။
သင့္ဘဝကို ျပန္လည္ေမာင္းႏွင္ရမွာပါ။ အနည္းဆုံးဘာမွ
မလုပ္ႏိုင္ေသးရင္ေတာင္ အိမ္သန္႔ွ႐ွင္းေရးလုပ္ တာကစပါ။
မိမိကိုယ္ကို အားလပ္ခ်ိန္အရမ္းမေပးပါနဲ႔။
အျခားဆီအာ႐ုံေရာက္မယ့္ အရာေတြကိုေျပာင္းလဲ လုပ္ေဆာင္ပါ။
အသဲကြဲျခင္းကို စြမ္းအင္တစ္ခု အျဖစ္ေျပာင္းလဲလိုက္ပါ။
႐ူးေလာက္ေအာင္ခ်စ္ခဲ့ရသူကို ေမ့ေပ်ာက္ေအာင္ႀကိဳးစားနည္း
(၇) ေဒါသနဲ႔အျပစ္တင္ျခင္းေတြကို အၿပိးတိုင္စြန္႔လႊတ္ပါ။
သင့္ကိုယ္သင္လဲ အျပစ္မတင္နဲ႔ သူ႕ကိုလည္း
ေဒါသမထြက္ပါနဲ႔ေတာ့။ ဘာမွျပန္လုပ္လို႔မရတဲ့အရာတစ္ခု
အတြက္သင့္စိတ္ထဲမွာ ေနရာအက်ယ္ႀကီး မေပးထားပါနဲ႔ေတာ့။
(၈) သင္တစ္ေန႔ သင့္ကိုခ်စ္တဲ့သူနဲ႔ေတြ႕လိမ့္မယ္။ (သို႔မဟုတ္) သင့္ကိုယ္သင္ခ်စ္တတ္သြားလိမ့္မယ္။
တစ္ေန႔ေန႔မွာ သင့္ကိုတကယ္ခ်စ္တဲ့သူနဲ႔
တကယ္ကိုေတြ႕ႏိုင္ပါတယ္။
ဘဝဟာ အၿမဲတမ္းဆိုး႐ြားမႈေတြနဲ႔ျပည့္ႏွက္မေနပါဘူး။
သင့္ဘက္ကလည္း အေကာင္းျမင္ဖု႔ိလိုပါတယ္။
Negative Mindနဲ႔ Positive Life
႐ူးေလာက္ေအာင္ခ်စ္ခဲ့ရသူကို ေမ့ေပ်ာက္ေအာင္ႀကိဳးစားနည္း
တစ္ခုကိုဘယ္ လိုမွမရႏိုင္လို႔ပါ။
အကယ္၍ သင့္ကိုခ်စ္တဲ့ သူနဲ႔မေတြ႕လည္း သင္စိုးရိမ္စရာမလိုပါဘူး။
သင့္ကိုယ္သင္ခ်စ္ တတ္သြားရင္အရာရာပိုၿပီး
စိတ္ခ်မ္းသာလာပါလိမ့္မယ္။
ပရိတ္သတ္ႀကီး အသဲကြဲျခင္း ကင္းေဝးၾကပါေစ။