ချစ်သူတွေ အပြန်အလှန် ရင့်ထဲနင့်နေအောင် အရူးအမူး ချစ်မိကြတဲ့အခါ …
အချစ်ဆိုတာ သိပ်ကို ဆန်းကြယ်ပါတယ်။
ဒါကြောင့် ချစ်စိတ်ဝင်လာရင် လူတွေက
ပြောင်းလဲသွားတတ်ကြတာပါ။
ချစ်သူရှိတဲ့သူတွေဆိုရင် အချစ်ကို သူ
များထက် ပိုခံစားမိတတ်ကြပါတယ်။
တစ်ယောက်ကို တစ်ယောက် တကယ့်ကို
အချစ်စစ်နဲ့ အရူးအမူး ချစ်မိကြတယ်ဆိုရင်တော့
အခု ဖော်ပြမယ့် အရာတွေကိုပါ ကြုံဆုံရလေ့ ရှိပါတယ်။
(၁) အချစ်က ကိုယ်ချင်းစာတတ်ဖို့ သင်ပေးတယ်
တစ်ဦးရဲ့ ခံစားချက်ကို တစ်ဦးက
နားလည်ခံစားပေးတတ်တာဟာ ကိုယ်ချင်းစာတရားပါပဲ။
တခြားသူတွေအပေါ်မှာတောင် ကိုယ်ချင်းစာတရား
ထားတတ်ဖို့ လိုအပ်တာမို့ သမီးရည်းစားကြားမှာဆိုရ
ပိုလို့တောင် လိုအပ်ပါသေးတယ်။
တကယ် အရူးအမူး ချစ်ကြတဲ့ ချစ်သူတွေမှာတော့
နှစ်ကိုယ်ပေါင်း တစ်စိတ်ဖြစ်သွားတယ်ဆိုတဲ့
အခြေအနေမျိုး ရောက်သွားတတ်ပါတယ်။
တစ်ဦးရဲ့ နာကျင်မှုက တစ်ဦးအပေါ်မှာ အလိုလို
သက်ရောက်တတ်တာမို့ တစ်ဦးအပေါ်မှာ တစ်ဦးက
အလိုလို ကိုယ်ချင်းစာတတ်သွားစေဖို့ အချစ်က သင်ပေးသွားပါတယ်။
(၂) အချစ်က စိတ်ရှည်တတ်ဖို့ သင်ပေးတယ်
အရူးမူးချစ်မိတဲ့ အချစ်က သင်ပေးတဲ့ နောက်သင်ခန်းစာ
တစ်ခုကတော့ စိတ်ရှည်သည်းခံတတ်မှုပဲ ဖြစ်ပါတယ်။
စိတ်ရှည်ဖို့ဆိုတာ သမီးရည်းစား ဆက်ဆံရေးမှာ
အခရာကျတဲ့ ထောက်တိုင်တစ်ခုပဲ ဖြစ်ပါတယ်။
တစ်ဦးနဲ့တစ်ဦး အရူးအမူးချစ်ကြတဲ့အခါ တစ်ဦးအပေါ်
တစ်ဦး စိတ်ရှည်တတ်မှုကို အလိုလို ရလာမှာပါ။
စိတ်ရှည်မှပဲ သမီးရည်းစား ဆက်ဆံရေးက
တည်မြဲမှာမို့လို့ပဲ ဖြစ်ပါတယ်။
(၃) အချစ်က စိတ်ခွန်အားပေးနိုင်တယ်
နှစ်ယောက်တစ်ဘဝအတွက် ကြိုးစားချင်စိတ်ဆိုတာ
အရူးအမူး ချစ်ကြတဲ့ချစ်သူတွေကြားမှာ ရှိနေတဲ့အရာပါ။
စိတ်ဓာတ်ကျနေရင်တောင်
တစ်ယောက်တည်းမဟုတ်ဘူးဆိုတဲ့
ခံစားချက်ကို အမြဲပေးနိုင်ပါတယ်။
ချစ်ရသူအတွက်ဆိုတဲ့ စိတ်ခံစားချက်က
မျှော်လင့်ချက်အသစ်တွေ ပေးနိုင်ပါတယ်။
လက်လျှော့ချင်တဲ့အခါမျိုးမှာတောင်
စိတ်အားတင်းနိုင်တဲ့ အခြေအနေမျိုးပဲ ဖြစ်ပါတယ်။
(၄) အချစ်က သင့်ရဲ့ တည်ရှိမှုကို အသိအမှတ်ပြုပေးတယ်
ဒီလောကကြီးမှာ သင့်ဘက်က ချစ်ရသူ ရှိနေပါလားနဲ့
သင့်ကို ပြန်ချစ်တဲ့သူ ရှိနေပါလားဆိုတဲ့အသိက သင်ဟာ
တခြားလူသားတစ်ဦးအတွက်ပါ ရှင်သန်နေတယ်ဆိုတာပဲ ဖြစ်ပါတယ်။
သင်တစ်ယောက်တည်း အဖော်မဲ့နေပြီး
အထီးကျန်သိမ်ငယ်သလို ခံစားရတဲ့ ခံစားချက်ကို ဖြေဖျောက်ပေးနိုင်ပါတယ်။
အရူးအမူးချစ်တဲ့ စိတ်ခံစားချက်ကို ပိုင်ဆိုင်ထားပြီဆိုရင်တော့
နေ့ရက်တိုင်းက သင်ဟာ သင်ကိုယ်တိုင်အတွက်နဲ့
တခြားလူသားတစ်ဦးအတွက်ပါ တည်ရှိနေတယ်ဆိုတာ
အသိအမှတ်ပြုခံနေရသလိုဖြစ်နေမှာပါ။
(၅) အချစ်က ခွင့်လွှတ်နားလည်တတ်မှုကို သင်ပေးတယ်
မကျေနပ်ချက်တွေ၊ အကြိတ်အခဲတွေနဲ့ ရှင်သန်ရတာဟာ
ပူလောင်ပါတယ်။ စိတ်ငြိမ်းချမ်းမှုလည်း မရပါဘူး။
အဲ့ဒါအပြင် စိတ်အတွင်း ပူလောင်မှုက မျက်နှာအထိပါ
ထင်ဟပ်စေတာကြောင့် တခြားသူတွေကိုပါ အပူပေးမိသလိုဖြစ်စေမှာပါ။
သူ့ကြည့်ရတာ ပူလောင်လိုက်တာဆိုတာမျိုးပေါ့။
အချစ်ကတော့ လူတစ်ယောက်ကို ဒီလိုဖြစ်စေမှာမဟုတ်ပါဘူး။
ဘာလို့လဲဆိုတော့ အချစ်က ခွင့်လွှတ်နားလည်တတ်မှုကို
သင်ကြားပေးတတ်လို့ ဖြစ်ပါတယ်။
အရူးအမူးချစ်တဲ့ အချစ်က ချစ်ရသူအပေါ်အပြင်
တခြားသူတွေအပေါ်ပါ ခွင့်လွှတ်နားလည်တတ်မှုကို
သင်ကြားပေးနိုင်ပါတယ်။
Credit
ခ်စ္သူေတြ အျပန္အလွန္ ရင့္ထဲနင့္ေနေအာင္ အရူးအမူး ခ်စ္မိၾကတဲ့အခါ …
အခ်စ္ဆိုတာ သိပ္ကို ဆန္းၾကယ္ပါတယ္။
ဒါေၾကာင့္ ခ်စ္စိတ္ဝင္လာရင္ လူေတြက
ေျပာင္းလဲသြားတတ္ၾကတာပါ။
ခ်စ္သူရွိတဲ့သူေတြဆိုရင္ အခ်စ္ကို သူ
မ်ားထက္ ပိုခံစားမိတတ္ၾကပါတယ္။
တစ္ေယာက္ကို တစ္ေယာက္ တကယ့္ကို
အခ်စ္စစ္နဲ႔ အ႐ူးအမူး ခ်စ္မိၾကတယ္ဆိုရင္ေတာ့
အခု ေဖာ္ျပမယ့္ အရာေတြကိုပါ ႀကဳံဆုံရေလ့ ရွိပါတယ္။
(၁) အခ်စ္က ကိုယ္ခ်င္းစာတတ္ဖို႔ သင္ေပးတယ္
တစ္ဦးရဲ႕ ခံစားခ်က္ကို တစ္ဦးက
နားလည္ခံစားေပးတတ္တာဟာ ကိုယ္ခ်င္းစာတရားပါပဲ။
တျခားသူေတြအေပၚမွာေတာင္ ကိုယ္ခ်င္းစာတရား
ထားတတ္ဖို႔ လိုအပ္တာမို႔ သမီးရည္းစားၾကားမွာဆိုရ
ပိုလို႔ေတာင္ လိုအပ္ပါေသးတယ္။
တကယ္ အ႐ူးအမူး ခ်စ္ၾကတဲ့ ခ်စ္သူေတြမွာေတာ့
ႏွစ္ကိုယ္ေပါင္း တစ္စိတ္ျဖစ္သြားတယ္ဆိုတဲ့
အေျခအေနမ်ိဳး ေရာက္သြားတတ္ပါတယ္။
တစ္ဦးရဲ႕ နာက်င္မႈက တစ္ဦးအေပၚမွာ အလိုလို
သက္ေရာက္တတ္တာမို႔ တစ္ဦးအေပၚမွာ တစ္ဦးက
အလိုလို ကိုယ္ခ်င္းစာတတ္သြားေစဖို႔ အခ်စ္က သင္ေပးသြားပါတယ္။
(၂) အခ်စ္က စိတ္ရွည္တတ္ဖို႔ သင္ေပးတယ္
အ႐ူးမူးခ်စ္မိတဲ့ အခ်စ္က သင္ေပးတဲ့ ေနာက္သင္ခန္းစာ
တစ္ခုကေတာ့ စိတ္ရွည္သည္းခံတတ္မႈပဲ ျဖစ္ပါတယ္။
စိတ္ရွည္ဖို႔ဆိုတာ သမီးရည္းစား ဆက္ဆံေရးမွာ
အခရာက်တဲ့ ေထာက္တိုင္တစ္ခုပဲ ျဖစ္ပါတယ္။
တစ္ဦးနဲ႔တစ္ဦး အ႐ူးအမူးခ်စ္ၾကတဲ့အခါ တစ္ဦးအေပၚ
တစ္ဦး စိတ္ရွည္တတ္မႈကို အလိုလို ရလာမွာပါ။
စိတ္ရွည္မွပဲ သမီးရည္းစား ဆက္ဆံေရးက
တည္ၿမဲမွာမို႔လို႔ပဲ ျဖစ္ပါတယ္။
(၃) အခ်စ္က စိတ္ခြန္အားေပးႏိုင္တယ္
ႏွစ္ေယာက္တစ္ဘဝအတြက္ ႀကိဳးစားခ်င္စိတ္ဆိုတာ
အ႐ူးအမူး ခ်စ္ၾကတဲ့ခ်စ္သူေတြၾကားမွာ ရွိေနတဲ့အရာပါ။
စိတ္ဓာတ္က်ေနရင္ေတာင္
တစ္ေယာက္တည္းမဟုတ္ဘူးဆိုတဲ့
ခံစားခ်က္ကို အၿမဲေပးႏိုင္ပါတယ္။
ခ်စ္ရသူအတြက္ဆိုတဲ့ စိတ္ခံစားခ်က္က
ေမွ်ာ္လင့္ခ်က္အသစ္ေတြ ေပးႏိုင္ပါတယ္။
လက္ေလွ်ာ့ခ်င္တဲ့အခါမ်ိဳးမွာေတာင္
စိတ္အားတင္းႏိုင္တဲ့ အေျခအေနမ်ိဳးပဲ ျဖစ္ပါတယ္။
(၄) အခ်စ္က သင့္ရဲ႕ တည္ရွိမႈကို အသိအမွတ္ျပဳေပးတယ္
ဒီေလာကႀကီးမွာ သင့္ဘက္က ခ်စ္ရသူ ရွိေနပါလားနဲ႔
သင့္ကို ျပန္ခ်စ္တဲ့သူ ရွိေနပါလားဆိုတဲ့အသိက သင္ဟာ
တျခားလူသားတစ္ဦးအတြက္ပါ ရွင္သန္ေနတယ္ဆိုတာပဲ ျဖစ္ပါတယ္။
သင္တစ္ေယာက္တည္း အေဖာ္မဲ့ေနၿပီး
အထီးက်န္သိမ္ငယ္သလို ခံစားရတဲ့ ခံစားခ်က္ကို ေျဖေဖ်ာက္ေပးႏိုင္ပါတယ္။
အ႐ူးအမူးခ်စ္တဲ့ စိတ္ခံစားခ်က္ကို ပိုင္ဆိုင္ထားၿပီဆိုရင္ေတာ့
ေန႔ရက္တိုင္းက သင္ဟာ သင္ကိုယ္တိုင္အတြက္နဲ႔
တျခားလူသားတစ္ဦးအတြက္ပါ တည္ရွိေနတယ္ဆိုတာ
အသိအမွတ္ျပဳခံေနရသလိုျဖစ္ေနမွာပါ။
(၅) အခ်စ္က ခြင့္လႊတ္နားလည္တတ္မႈကို သင္ေပးတယ္
မေက်နပ္ခ်က္ေတြ၊ အႀကိတ္အခဲေတြနဲ႔ ရွင္သန္ရတာဟာ
ပူေလာင္ပါတယ္။ စိတ္ၿငိမ္းခ်မ္းမႈလည္း မရပါဘူး။
အဲ့ဒါအျပင္ စိတ္အတြင္း ပူေလာင္မႈက မ်က္ႏွာအထိပါ
ထင္ဟပ္ေစတာေၾကာင့္ တျခားသူေတြကိုပါ အပူေပးမိသလိုျဖစ္ေစမွာပါ။
သူ႔ၾကည့္ရတာ ပူေလာင္လိုက္တာဆိုတာမ်ိဳးေပါ့။
အခ်စ္ကေတာ့ လူတစ္ေယာက္ကို ဒီလိုျဖစ္ေစမွာမဟုတ္ပါဘူး။
ဘာလို႔လဲဆိုေတာ့ အခ်စ္က ခြင့္လႊတ္နားလည္တတ္မႈကို
သင္ၾကားေပးတတ္လို႔ ျဖစ္ပါတယ္။
အ႐ူးအမူးခ်စ္တဲ့ အခ်စ္က ခ်စ္ရသူအေပၚအျပင္
တျခားသူေတြအေပၚပါ ခြင့္လႊတ္နားလည္တတ္မႈကို
သင္ၾကားေပးႏိုင္ပါတယ္။
Credit