ကံကောင်းခြင်းတွေ ပိုပြီးပိုင်ဆိုင်ရစေဖို့ ဘဝမှာ ဒီလိုလေးနေထိုင်ကြမယ်…
ကံကောင်းခြင်းတွေ ပိုပြီးပိုင်ဆိုင်ရစေဖို့
ဘဝမှာ ဒီလိုလေးနေထိုင်ကြမယ်…
ကိုယ့်ကိုယ်ကို ကံကောင်းတဲ့သူ တစ်ယောက်
ဒါမှမဟုတ် ကံဆိုးတဲ့ သူတစ်ယောက်လို့ သတ်မှတ်ထားလား၊
လူတိုင်းကတော့ ကိုယ့်ကိုယ်ကို ကံကောင်းခြင်းတွေ
ပိုင်ဆိုင်ချင်ကြတာ ချည်းပါပဲ …။
တကယ်တော့ ကံဆိုတာ အလုပ်တဲ့ ကိုယ်လုပ်လိုက်တဲ့
တန်ပြန်သက်ရောက်မှုတိုင်းက ကံကောင်းခြင်း၊
ကံဆိုးခြင်းတွေကို ဖြစ်စေပါတယ်။
ဒီတော့ ဘဝမှာ ကံကောင်းခြင်းတွေ
များများပိုင်ဆိုင်ချင်ရင်တော့
ကံကောင်းစေမယ့် အလေ့အကျင့် ကောင်းလေးတွေ
လုပ်ဖို့ လိုအပ်ပါတယ် …။
အကောင်းမြင်စိတ်က သင့်ကို ကံဆိုးခြင်းတွေကနေ
ဝေးကွာသွားစေပါတယ်နော်။
အရာရာကို အဆိုးဘက်က ကြည့်ရင်
အဆိုးတွေက သင်နဲ့ထပ်ကြပ်မကွာ ဆက်လိုက်နေအုံးမှာပါ …။
ဒါကြောင့် အကောင်းမြင်စိတ်လေး မွေးကြည့်ပါ။
အကောင်းမြင်စိတ်က အရာရာကို ရင်ဆိုင်တဲ့အခါ
ပိုလွယ်ကူ ချောမွေ့တာကို တွေ့ရမှာပါ။
ဒါဟာ ကံကောင်းခြင်းပဲ မဟုတ်လား
စိတ်ထားကောင်းရင် ကံံကောင်းတယ်တဲ့
ဒီစကားကို တော်တော်များများ ကြားဖူးကြမယ် ထင်ပါတယ်။
ဒါဟာ မှန်ကန်တဲ့ တန်ပြန်သက်ရောက်မှု တစ်ခုပါပဲ …။
စိတ်ထားကောင်းတဲ့သူဟာ တစ်ခြားသူတွေကို
ကူညီတတ်ပြီး လူတွေအပေါ် ကြင်နာတတ်တဲ့သူ ဖြစ်နေလို့
သူဒုက္ခရောက်တဲ့ အချိန်မှာလည်း ကူညီတဲ့သူတွေ ပေါများနေတာပါ …။
ဒါကို လူတွေကတော့ ကံကောင်းခြင်းကို ဆိုပါတယ်။ဘုရားတရား လုပ်ဖို့ကို မမေ့ပါနဲ့
ဘုရားတရားကို ရိုသေကိုင်းရှိုင်းတဲ့ လူဟာ
စိတ်ပိုတည်ငြိမ်သလို၊ မကောင်းစိတ်တွေလည်း
ပိုနည်းတတ်ပါတယ်။
ဒါကြောင့် အချိန်လေးပေးပြီး ဘုရားတရား များများ လုပ်ပါ …။
အထူးသဖြင့် ဘာသာရေးရဲ့အဆုံးအမကို ခံယူခိုင်းတာပါ။
ဒါက သင့်အတွက် ခုအတွက်ရော၊
နောင်အတွက်ပါ ကောင်းမွန်မှုတွေ ယူဆောင်လာပါလိမ့်မယ် …
အဆိုးတွေ ကြုံလာတဲ့ အချိန်တိုင်း ကိုယ့်ကိုယ်ကို
ကံဆိုးတဲ့ သူတစ်ယောက်အဖြစ် မသတ်မှတ်လိုက်ပါနဲ့။
ဒီလိုမျိုး ကိုယ့်ကိုယ်ကို သတ်မှတ်လိုက်တာနဲ့
ကံဆိုးခြင်းတွေက တကယ်ပဲ
သင့်ဆီကို ရောက်လာတတ်လို့ပါပဲ …။
ကိုယ့်ကိုယ်ကို ယုံကြည်ပါ အဆိုးတွေနဲ့
ရင်ဆိုင်ရလည်း ဖြတ်ကျော်နိုင်မယ်ဆိုတာ ယုံကြည်ထားပါ။
ယုံကြည်မှုက သင့်ကို အကောင်းတွေဖြစ်လာဖို့
တွန်းအားပေးပြီး ကံကောင်းခြင်းတွေကို
ပိုင်ဆိုင်နိုင်လာမှာပဲ ဖြစ်ပါတယ်နော် ။
Credit
ကံေကာင္းျခင္းေတြ ပိုၿပီးပိုင္ဆိုင္ရေစဖို႔ ဘဝမွာ ဒီလိုေလးေနထိုင္ၾကမယ္…
ကံေကာင္းျခင္းေတြ ပိုၿပီးပိုင္ဆိုင္ရေစဖို႔
ဘဝမွာ ဒီလိုေလးေနထိုင္ၾကမယ္…
ကိုယ့္ကိုယ္ကို ကံေကာင္းတဲ့သူ တစ္ေယာက္
ဒါမွမဟုတ္ ကံဆိုးတဲ့ သူတစ္ေယာက္လို႔ သတ္မွတ္ထားလား၊
လူတိုင္းကေတာ့ ကိုယ့္ကိုယ္ကို ကံေကာင္းျခင္းေတြ
ပိုင္ဆိုင္ခ်င္ၾကတာ ခ်ည္းပါပဲ …။
တကယ္ေတာ့ ကံဆိုတာ အလုပ္တဲ့ ကိုယ္လုပ္လိုက္တဲ့
တန္ျပန္သက္ေရာက္မႈတိုင္းက ကံေကာင္းျခင္း၊
ကံဆိုးျခင္းေတြကို ျဖစ္ေစပါတယ္။
ဒီေတာ့ ဘဝမွာ ကံေကာင္းျခင္းေတြ
မ်ားမ်ားပိုင္ဆိုင္ခ်င္ရင္ေတာ့
ကံေကာင္းေစမယ့္ အေလ့အက်င့္ ေကာင္းေလးေတြ
လုပ္ဖို႔ လိုအပ္ပါတယ္ …။
အေကာင္းျမင္စိတ္က သင့္ကို ကံဆိုးျခင္းေတြကေန
ေဝးကြာသြားေစပါတယ္ေနာ္။
အရာရာကို အဆိုးဘက္က ၾကည့္ရင္
အဆိုးေတြက သင္နဲ႔ထပ္ၾကပ္မကြာ ဆက္လိုက္ေနအုံးမွာပါ …။
ဒါေၾကာင့္ အေကာင္းျမင္စိတ္ေလး ေမြးၾကည့္ပါ။
အေကာင္းျမင္စိတ္က အရာရာကို ရင္ဆိုင္တဲ့အခါ
ပိုလြယ္ကူ ေခ်ာေမြ႕တာကို ေတြ႕ရမွာပါ။
ဒါဟာ ကံေကာင္းျခင္းပဲ မဟုတ္လား
စိတ္ထားေကာင္းရင္ ကံံေကာင္းတယ္တဲ့
ဒီစကားကို ေတာ္ေတာ္မ်ားမ်ား ၾကားဖူးၾကမယ္ ထင္ပါတယ္။
ဒါဟာ မွန္ကန္တဲ့ တန္ျပန္သက္ေရာက္မႈ တစ္ခုပါပဲ …။
စိတ္ထားေကာင္းတဲ့သူဟာ တစ္ျခားသူေတြကို
ကူညီတတ္ၿပီး လူေတြအေပၚ ၾကင္နာတတ္တဲ့သူ ျဖစ္ေနလို႔
သူဒုကၡေရာက္တဲ့ အခ်ိန္မွာလည္း ကူညီတဲ့သူေတြ ေပါမ်ားေနတာပါ …။
ဒါကို လူေတြကေတာ့ ကံေကာင္းျခင္းကို ဆိုပါတယ္။ဘုရားတရား လုပ္ဖို႔ကို မေမ့ပါနဲ႔
ဘုရားတရားကို ႐ိုေသကိုင္း႐ိႈင္းတဲ့ လူဟာ
စိတ္ပိုတည္ၿငိမ္သလို၊ မေကာင္းစိတ္ေတြလည္း
ပိုနည္းတတ္ပါတယ္။
ဒါေၾကာင့္ အခ်ိန္ေလးေပးၿပီး ဘုရားတရား မ်ားမ်ား လုပ္ပါ …။
အထူးသျဖင့္ ဘာသာေရးရဲ႕အဆုံးအမကို ခံယူခိုင္းတာပါ။
ဒါက သင့္အတြက္ ခုအတြက္ေရာ၊
ေနာင္အတြက္ပါ ေကာင္းမြန္မႈေတြ ယူေဆာင္လာပါလိမ့္မယ္ …
အဆိုးေတြ ၾကဳံလာတဲ့ အခ်ိန္တိုင္း ကိုယ့္ကိုယ္ကို
ကံဆိုးတဲ့ သူတစ္ေယာက္အျဖစ္ မသတ္မွတ္လိုက္ပါနဲ႔။
ဒီလိုမ်ိဳး ကိုယ့္ကိုယ္ကို သတ္မွတ္လိုက္တာနဲ႔
ကံဆိုးျခင္းေတြက တကယ္ပဲ
သင့္ဆီကို ေရာက္လာတတ္လို႔ပါပဲ …။
ကိုယ့္ကိုယ္ကို ယုံၾကည္ပါ အဆိုးေတြနဲ႔
ရင္ဆိုင္ရလည္း ျဖတ္ေက်ာ္ႏိုင္မယ္ဆိုတာ ယုံၾကည္ထားပါ။
ယုံၾကည္မႈက သင့္ကို အေကာင္းေတြျဖစ္လာဖို႔
တြန္းအားေပးၿပီး ကံေကာင္းျခင္းေတြကို
ပိုင္ဆိုင္ႏိုင္လာမွာပဲ ျဖစ္ပါတယ္ေနာ္ ။
Credit