Lifestyle

အောက်ပါအချက်တွေထဲက ၅ ချက်နဲ့ ငြိသွားရင်တော့ဖြင့် သင်လည်းအသက်ကြီးသွားပြီ….

အောက်ပါအချက်တွေထဲက ၅ ချက်နဲ့ ငြိသွားရင်တော့ဖြင့် သင်လည်းအသက်ကြီးသွားပြီ….

၁။ ရူတ်ရူတ်ရှက်ရှက်လည်းမကြိုက်တော့ဘူး၊

ထင်ထင်ပေါ်ပေါ်လည်း မဖြစ်ချင်တော့ဘူး၊

ကိုယ်ဖာသာကိုယ်ပဲ အေးအေးဆေးဆေး နေချင်တယ်…

၂။ အသိမိတ်ဆွေဟောင်း ဆုံမိရင် ငြီးငြူတယ်။

ရင်ဖွင့်တယ်။ လူစိမ်းတွေနဲ့ကျတော့ ခပ်ဝေးဝေးနေချင်တယ်။

၃။ တီဗွီမကြည့်ရင် ဘာမှမဖြစ်ဘူး ။

ကြည့်ချင်တဲ့စိတ်လည်း သိပ်မရှိတော့ဘူး၊

စမတ်ဖုန်းတို့၊ ကွန်ပြူတာတို့၊ အိုင်ဘက်တို့ တစ်ခုခုရှိနေဖို့လိုတယ်။

၄။ အမြဲပြောနေတဲ့စကားကတော့ “နေတတ်ဖို့လိုတယ်။

စိတ်ထားတတ်ဖို့လိုတယ်။ ကျန်းမာဖို့လိုတယ်။”

၅။ သမိုင်း၊ ပထဝီ၊ ရာသီဥတု စသည်တို့ကို

စိတ်ဝင်စားမူ တဖြည်းဖြည်းပိုလာတယ်။

ပင်စင်စားတဲ့လူတွေကို စတင်သတိပြုမိလာတယ်။

၆။ အသိမိတ်ဆွေတွေ အရက်ဖြတ်ဖို့၊

ဆေးလိပ်တို့ ကွမ်းယာတို့ကို ဖြတ်ဖို့၊

လျှော့သောက်ဖို့ တိုက်တွန်းတတ်ပြီ။

၇။ မနက်ဆိုရင် လမ်းလျှောက်တာဖြစ်ဖြစ်၊

အားကစားတစ်ခုခုဖြစ်ဖြစ်၊

လုပ်လိုက်ရမှ တစ်နေ့လုံး နေလို့ထိုင်လို့ ကောင်းသလိုပဲ။

၈။ မသိမသာဖြစ်ဖြစ်။ သိသိသာသာဖြစ်ဖြစ်၊

သူငယ်ချင်းအသိုင်းအဝိုင်း၊ မိတ်ဆွေ အသိုင်းအဝိုင်း စချုံ့ ပြီ။

၉။ အရင်တုန်းက ဝယ်ဖို့ နှမျောနေတဲ့ ပစ္စည်းတွေ

အခုသိပ်မနှမျောတော့ဘူး။

၁၀။ ကိုယ့် မိဘနဲ့ပြန်ဆုံမိရင် အကြာကြီး

စကားပြောလာနိုင်တယ်။

၁၁။ တစ်နှစ်တစ်ကြိမ် ဆေးစစ်ပြီ။

၁၂။ နှစ်စဉ် မိသားစုဝင်နဲ့ ခရီးသွားတာ

အကျင့်တစ်ခုလို ဖြစ်လာပြီ။

၁၃။ ရေနွေးတို့၊ လ္ဘက်ရည်တို့ သောက်ရင်

အကောင်းကြိုက်လာပြီး၊ ထ္မင်းဟင်းတွေကိုတော့

အသီးအရွက် ပိုအစားများလာတယ်။

ဆီများတဲ့အစာ၊ ဆီကျော်တဲ့အစာ

သိပ်စားချင်စိတ်မပေါက်တော့ဘူး။

၁၄။ စိတ်ထားပျော့ပျောင်းလာတယ်။

သူများနဲ့ အတိုက်အခံလုပ်ပြီး သိပ်မပြောတော့ဘူး။

၁၅။ကျန်းမာရေးကို တော်တော်ဂရုစိုက်လာတယ်။

ဆေးဗဟုသုတတွေ၊ ဆေးမီးတိုတွေ စိတ်ဝင်စားလာပြီ။

၁၆။ အဝတ်အစားရွေးရင် လှတာထက်

ဝတ်လို့ကောင်းတဲ့ဟာကို ပိုဦးစားပေးလာပြီ။

၁၇။ ငယ်ငယ်တုန်းက အဖြစ်အပျက်တွေ၊

သူငယ်ချင်းနာမည်တွေ အကုန်လုံးနီးပါး မှတ်မိတယ်။

အခုရက်ပိုင်းအတွင်းမှာပဲ သိခဲ့တဲ့လူတွေကို တော့

အကုန်းလုံးနီးပါး မေ့ကုန်တယ်။

၁၈။ လူကနေတတ်ဖို့ထက် သေတတ်ဖို့က ပိုအရေးကြီးတယ်။

သေတတ်အောင်လေ့ကျင့်ထားရမယ်။

စသည့်အယူအဆတွေ လွမ်းမိုးစပြုလာပြီ။

Credit

ေအာက္ပါအခ်က္ေတြထဲက ၅ ခ်က္နဲ႔ ၿငိသြားရင္ေတာ့ျဖင့္ သင္လည္းအသက္ႀကီးသြားၿပီ….

၁။ ႐ူတ္႐ူတ္႐ွက္႐ွက္လည္းမႀကိဳက္ေတာ့ဘူး၊

ထင္ထင္ေပၚေပၚလည္း မျဖစ္ခ်င္ေတာ့ဘူး၊

ကိုယ္ဖာသာကိုယ္ပဲ ေအးေအးေဆးေဆး ေနခ်င္တယ္…

၂။ အသိမိတ္ေဆြေဟာင္း ဆုံမိရင္ ၿငီးျငဴတယ္။

ရင္ဖြင့္တယ္။ လူစိမ္းေတြနဲ႔က်ေတာ့ ခပ္ေဝးေဝးေနခ်င္တယ္။

၃။ တီဗြီမၾကည့္ရင္ ဘာမွမျဖစ္ဘူး ။

ၾကည့္ခ်င္တဲ့စိတ္လည္း သိပ္မ႐ွိေတာ့ဘူး၊

စမတ္ဖုန္းတို႔၊ ကြန္ျပဴတာတို႔၊ အိုင္ဘက္တို႔ တစ္ခုခု႐ွိေနဖို႔လိုတယ္။

၄။ အၿမဲေျပာေနတဲ့စကားကေတာ့ “ေနတတ္ဖို႔လိုတယ္။

စိတ္ထားတတ္ဖို႔လိုတယ္။ က်န္းမာဖို႔လိုတယ္။”

၅။ သမိုင္း၊ ပထဝီ၊ ရာသီဥတု စသည္တို႔ကို

စိတ္ဝင္စားမူ တျဖည္းျဖည္းပိုလာတယ္။

ပင္စင္စားတဲ့လူေတြကို စတင္သတိျပဳမိလာတယ္။

၆။ အသိမိတ္ေဆြေတြ အရက္ျဖတ္ဖို႔၊

ေဆးလိပ္တို႔ ကြမ္းယာတို႔ကို ျဖတ္ဖို႔၊

ေလွ်ာ့ေသာက္ဖို႔ တိုက္တြန္းတတ္ၿပီ။

၇။ မနက္ဆိုရင္ လမ္းေလွ်ာက္တာျဖစ္ျဖစ္၊

အားကစားတစ္ခုခုျဖစ္ျဖစ္၊

လုပ္လိုက္ရမွ တစ္ေန႔လုံး ေနလို႔ထိုင္လို႔ ေကာင္းသလိုပဲ။

၈။ မသိမသာျဖစ္ျဖစ္။ သိသိသာသာျဖစ္ျဖစ္၊

သူငယ္ခ်င္းအသိုင္းအဝိုင္း၊ မိတ္ေဆြ အသိုင္းအဝိုင္း စခ်ံဳ႕ ၿပီ။

၉။ အရင္တုန္းက ဝယ္ဖို႔ ႏွေမ်ာေနတဲ့ ပစၥည္းေတြ

အခုသိပ္မႏွေမ်ာေတာ့ဘူး။

၁၀။ ကိုယ့္ မိဘနဲ႔ျပန္ဆုံမိရင္ အၾကာႀကီး

စကားေျပာလာႏိုင္တယ္။

၁၁။ တစ္ႏွစ္တစ္ႀကိမ္ ေဆးစစ္ၿပီ။

၁၂။ ႏွစ္စဥ္ မိသားစုဝင္နဲ႔ ခရီးသြားတာ

အက်င့္တစ္ခုလို ျဖစ္လာၿပီ။

၁၃။ ေရေႏြးတို႔၊ လၻက္ရည္တို႔ ေသာက္ရင္

အေကာင္းႀကိဳက္လာၿပီး၊ ထၼင္းဟင္းေတြကိုေတာ့

အသီးအ႐ြက္ ပိုအစားမ်ားလာတယ္။

ဆီမ်ားတဲ့အစာ၊ ဆီေက်ာ္တဲ့အစာ

သိပ္စားခ်င္စိတ္မေပါက္ေတာ့ဘူး။

၁၄။ စိတ္ထားေပ်ာ့ေပ်ာင္းလာတယ္။

သူမ်ားနဲ႔ အတိုက္အခံလုပ္ၿပီး သိပ္မေျပာေတာ့ဘူး။

၁၅။က်န္းမာေရးကို ေတာ္ေတာ္ဂ႐ုစိုက္လာတယ္။

ေဆးဗဟုသုတေတြ၊ ေဆးမီးတိုေတြ စိတ္ဝင္စားလာၿပီ။

၁၆။ အဝတ္အစားေ႐ြးရင္ လွတာထက္

ဝတ္လို႔ေကာင္းတဲ့ဟာကို ပိုဦးစားေပးလာၿပီ။

၁၇။ ငယ္ငယ္တုန္းက အျဖစ္အပ်က္ေတြ၊

သူငယ္ခ်င္းနာမည္ေတြ အကုန္လုံးနီးပါး မွတ္မိတယ္။

အခုရက္ပိုင္းအတြင္းမွာပဲ သိခဲ့တဲ့လူေတြကို ေတာ့

အကုန္းလုံးနီးပါး ေမ့ကုန္တယ္။

၁၈။ လူကေနတတ္ဖို႔ထက္ ေသတတ္ဖို႔က ပိုအေရးႀကီးတယ္။

ေသတတ္ေအာင္ေလ့က်င့္ထားရမယ္။

စသည့္အယူအဆေတြ လြမ္းမိုးစျပဳလာၿပီ။

Credit