ယောကျာ်းဖြစ်စေ မိန်းမဖြစ်စေ တကယ်ချစ်ကြတယ်ဆိုရင် အတိတ်က အမှားတွေကို လက်ညှိးထိုး ပြောဆိုတာမျိုး မလုပ်ရဘူး
တကယ်ချစ်တယ်ဆိုရင် သူမှားနေရင်တောင်မှ
လက်ခံနားလည် ပေးရမှာပဲ။
ချစ်သူ/ရည်းစားရယ်လို့ ဖြစ်လာပြီဆိုရင်
တစ်ယောက်သိက္ခာကို တစ်ယောက်ကကာကွယ်ပေးရမယ်။
အပုပ်မချသင့်ဘူး။
လူတိုင်းဟာ အတ္တသမားချည်းပဲ။
သူ့အတ္တကို ထိပါးလာတာ လူတိုင်းမကြိုက်ကြဘူး။
ပေါင်းသင်းဆက်ဆံရေးမှာ ဒီအချက်ကသိပ်အရေးကြီးတယ်။
ဆိုပါတော့… ထောင်ကျနေတဲ့ လူတွေကိုခင်ဗျားမှားတယ်လို့
သွားပြောရင်ဘာပြန်ပြောမယ်ထင်လဲ။
“တကယ်က ကျွန်တော် လူမှားပြီး တရားစွဲခံခဲ့ရတာ
ပါ”“တရားသူကြီးက လာဒ်စားလို့ပါ”
“ကျွန်တော် ဘုရားမကြိုက်တာ မလုပ်ခဲ့ပါဘူး”
ဆိုတဲ့အဖြေပဲ ပေးကြလိမ့်မယ်။
လူ၁၀၀မှာ ၈၀လောက်က ဝန်ခံရဲကြမှာ မဟုတ်ဘူး။
ဒါဟာ ဘာလို့လဲဆိုတော့ လူတိုင်းဟာ မိမိအတ္တကို
မိမိကာကွယ်ချင်တဲ့စိတ်ရှိလို့ပဲပေါ့။
ချစ်သူ/ ရည်းစား အချင်းချင်း
ကွယ်ရာမှာတစ်ယောက်ကိုတစ်ယောက်
မကောင်းကြောင်းပြောဆိုနေရင်
ဒါဟာ တကယ်ချစ်တာမဟုတ်ဘူးလို့ယူဆလို့ရပါတယ်။
ချစ်နေဆဲအချိန်မှာမြုံထားကြပေမယ့်
ပြဿနာဖြစ်ကြတဲ့အခါအချင်းချင်း
ငယ်ကျိုးငယ်နာတွေ ဖော်ကြမယ်ဆိုရင်
ဘယ်မှာ ငြိမ်းအေးမှု ရှိပါတော့မလဲ။
အမှားကင်းတဲ့ လူရယ်လို့ ဒီလောကမှာ မရှိဘူး။
သူလည်းမှားသလို ကိုယ်လည်းမှားမှာပဲလေ။
ဒါကို နားလည်သဘောပေါက်ထားရမယ်။
ကွယ်ရာမှာ အချင်းချင်း ဝေဖန်အပုပ်ချနေတဲ့ချစ်သူ/
ရည်းစားတွေက မြဲမယ်လို့ထင်သလား။
မမြဲပါဘူးဗျာ။ တစ်ယောက်တည်းနေခဲ့တုန်းကအကောင်း…
သူနဲ့ပေါင်းကာမှ ကိုယ့်သိက္ခာကျရမယ်ဆိုရင်
ဘယ်သူက ဆက်ပေါင်းချင်ပါတော့မလဲ။
သဘောကတော့ ရိုးရှင်းပါတယ်။ကိုယ်တကယ်ချစ်ရင်
သူ့ဘဝကို နားလည်ပေး လိုက်။
နားလည်မပေးနိုင်ရင် မချစ်နဲ့ပေါ့။
ဘယ်သူမှ ချစ်ပါလို့ အတင်းအကျပ်မတောင်းဆိုပါဘူး။
ချစ်တတ်ကြပါစေ…
Credit
ေယာက်ာ္းျဖစ္ေစ မိန္းမျဖစ္ေစ တကယ္ခ်စ္ၾကတယ္ဆိုရင္ အတိတ္က အမွားေတြကို လက္ညႇိးထိုး ေျပာဆိုတာမ်ိဳး မလုပ္ရဘူး
တကယ္ခ်စ္တယ္ဆိုရင္ သူမွားေနရင္ေတာင္မွ
လက္ခံနားလည္ ေပးရမွာပဲ။
ခ်စ္သူ/ရည္းစားရယ္လို႔ ျဖစ္လာၿပီဆိုရင္
တစ္ေယာက္သိကၡာကို တစ္ေယာက္ကကာကြယ္ေပးရမယ္။
အပုပ္မခ်သင့္ဘူး။
လူတိုင္းဟာ အတၱသမားခ်ည္းပဲ။
သူ႕အတၱကို ထိပါးလာတာ လူတိုင္းမႀကိဳက္ၾကဘူး။
ေပါင္းသင္းဆက္ဆံေရးမွာ ဒီအခ်က္ကသိပ္အေရးႀကီးတယ္။
ဆိုပါေတာ့… ေထာင္က်ေနတဲ့ လူေတြကိုခင္ဗ်ားမွားတယ္လို႔
သြားေျပာရင္ဘာျပန္ေျပာမယ္ထင္လဲ။
“တကယ္က ကြၽန္ေတာ္ လူမွားၿပီး တရားစြဲခံခဲ့ရတာ
ပါ”“တရားသူႀကီးက လာဒ္စားလို႔ပါ”
“ကြၽန္ေတာ္ ဘုရားမႀကိဳက္တာ မလုပ္ခဲ့ပါဘူး”
ဆိုတဲ့အေျဖပဲ ေပးၾကလိမ့္မယ္။
လူ၁၀၀မွာ ၈၀ေလာက္က ဝန္ခံရဲၾကမွာ မဟုတ္ဘူး။
ဒါဟာ ဘာလို႔လဲဆိုေတာ့ လူတိုင္းဟာ မိမိအတၱကို
မိမိကာကြယ္ခ်င္တဲ့စိတ္႐ွိလို႔ပဲေပါ့။
ခ်စ္သူ/ ရည္းစား အခ်င္းခ်င္း
ကြယ္ရာမွာတစ္ေယာက္ကိုတစ္ေယာက္
မေကာင္းေၾကာင္းေျပာဆိုေနရင္
ဒါဟာ တကယ္ခ်စ္တာမဟုတ္ဘူးလို႔ယူဆလို႔ရပါတယ္။
ခ်စ္ေနဆဲအခ်ိန္မွာျမဳံထားၾကေပမယ့္
ျပႆနာျဖစ္ၾကတဲ့အခါအခ်င္းခ်င္း
ငယ္က်ိဳးငယ္နာေတြ ေဖာ္ၾကမယ္ဆိုရင္
ဘယ္မွာ ၿငိမ္းေအးမႈ ႐ွိပါေတာ့မလဲ။
အမွားကင္းတဲ့ လူရယ္လို႔ ဒီေလာကမွာ မ႐ွိဘူး။
သူလည္းမွားသလို ကိုယ္လည္းမွားမွာပဲေလ။
ဒါကို နားလည္သေဘာေပါက္ထားရမယ္။
ကြယ္ရာမွာ အခ်င္းခ်င္း ေဝဖန္အပုပ္ခ်ေနတဲ့ခ်စ္သူ/
ရည္းစားေတြက ၿမဲမယ္လို႔ထင္သလား။
မၿမဲပါဘူးဗ်ာ။ တစ္ေယာက္တည္းေနခဲ့တုန္းကအေကာင္း…
သူနဲ႔ေပါင္းကာမွ ကိုယ့္သိကၡာက်ရမယ္ဆိုရင္
ဘယ္သူက ဆက္ေပါင္းခ်င္ပါေတာ့မလဲ။
သေဘာကေတာ့ ႐ိုး႐ွင္းပါတယ္။ကိုယ္တကယ္ခ်စ္ရင္
သူ႕ဘဝကို နားလည္ေပး လိုက္။
နားလည္မေပးႏိုင္ရင္ မခ်စ္နဲ႔ေပါ့။
ဘယ္သူမွ ခ်စ္ပါလို႔ အတင္းအက်ပ္မေတာင္းဆိုပါဘူး။
ခ်စ္တတ္ၾကပါေစ…