Love

စောင့်ရခြင်းတွေ မျှော်ရခြင်းတွေဟာ ဘယ်လောက်ပင်ပန်းစေလဲဆိုတာ စောင့်ခဲ့ဖူးသူတွေ မျှော်ခဲ့ဖူးသူတွေပဲ သိပါတယ်

စောင့်ရခြင်းတွေ မျှော်ရခြင်းတွေဟာ ဘယ်လောက်ပင်ပန်းစေလဲဆိုတာ စောင့်ခဲ့ဖူးသူတွေ မျှော်ခဲ့ဖူးသူတွေပဲ သိပါတယ်

စောင့်ရခြင်းတွေ မျှော်ရခြင်းတွေဟာ

ဘယ်လောက်ပင်ပန်းစေလဲဆိုတာ

စောင့်ခဲ့ဖူးသူတွေ မျှော်ခဲ့ဖူးသူတွေပဲ သိပါတယ်

ပေါ်လာနိုးနိုး ပေါ်လာနိုးနိုးနဲ့ မျှော်ခဲ့ဖူးတဲ့

ကောင်မလေးတစ်ယောက်ရဲ့ ရင်ဖွင့်သံပေါ့ ။

လာခဲ့မယ်လို့ ပြောထားခဲ့ရင်တော့ မမျှော်ပါဘူးလို့

ဘယ်လောက်ပြောပြော ကိုယ့်စိတ်ထဲမှာတော့

မျှော်မိနေတတ်တဲ့ စိတ်လေးတွေရှိပါတယ် ။

ရောက်မလာခဲ့တဲ့အခါ နားလည်ပေးပါ

ခွင့်လွှတ်ပေးပါဆိုတဲ့ စကားတွေနောက်မှာ

ကျွန်မ ဘာကြောင့် ခွင့်မလွှတ်နိုင်ခဲ့ဘူးလို့ ထင်တယ် ။

အလေးမထားပါလား တန်ဖိုးမထားပါလားဆိုတဲ့

အတွေးတွေ တစ်စီတစ်တန်းကြီး

ခေါင်းထဲ ဝင်လာတဲ့အခါ ကျွန်မ မှာ ဝမ်းနည်းရတယ်

အဲ့ဒီအစားဒေါသတွေ ထွက်ခဲ့မိတာပါ ။

နားလည်မပေးနိုင်တာမဟုတ်ပဲ မျှော်နေပါလားဆိုတဲ့

အသိလေးရှိစေချင်တာ ။

နောက်ဆို ဖြစ်နိုင်မယ်လို့ထင်တဲ့ ကတိတွေကိုပဲပေးပါ ။

ကတိတွေပေးထားပြီးတဲ့အခါ အနည်းနဲ့အများတော့

မျှော်လင့်တတ်ကြတာ သဘာဝပါပဲ ။

အဲ့ဒီ ကတိပျက်ခြင်းတွေ အနောက်မှာ

ကျွန်မတို့ရဲ့ ယုံကြည်ရဲတဲ့စိတ်တွေ ကပ်ပါသွားတတ်တယ် ။

ဖြစ်လာမှာ မဟုတ်ပါဘူးဆိုတဲ့ အတွေးတွေ

ခေါင်းထဲစွဲသွားတဲ့အခါ မယုံကြည်နိုင်တာလားဆိုတဲ့

မေးခွန်းတွေ မေးရလောက်တဲ့အထိ

ကျွန်မ မမျှော်လင့်တတ်ပဲ ဖြစ်သွားလိမ့်မယ် ။

တကယ်တမ်းကျတော့

ကျွန်မ… မျှော်လင့်သင့်သလောက် မျှော်လင့်ခဲ့ဖူးသလို

ယုံကြည်သင့်တာတွေထက် ပိုပြီး ယုံကြည်ခဲ့မိတာပါ …

အဲ့တာတွေ ဖြစ်မလာတဲ့အခါ

ကျွန်မမှာ မျှော်လင့်နေမိတဲ့စိတ်ကို မုန်းမိသွားတာ ။ ဒါပါပဲ ။

မိန်းမသားတို့အတွက်

သျှင်ယွန်;

ေစာင့္ရျခင္းေတြ ေမွ်ာ္ရျခင္းေတြဟာ ဘယ္ေလာက္ပင္ပန္းေစလဲဆိုတာ ေစာင့္ခဲ့ဖူးသူေတြ ေမွ်ာ္ခဲ့ဖူးသူေတြပဲ သိပါတယ္

ေစာင့္ရျခင္းေတြ ေမွ်ာ္ရျခင္းေတြဟာ

ဘယ္ေလာက္ပင္ပန္းေစလဲဆိုတာ

ေစာင့္ခဲ့ဖူးသူေတြ ေမွ်ာ္ခဲ့ဖူးသူေတြပဲ သိပါတယ္

ေပၚလာႏိုးႏိုး ေပၚလာႏိုးႏိုးနဲ႔ ေမွ်ာ္ခဲ့ဖူးတဲ့

ေကာင္မေလးတစ္ေယာက္ရဲ႕ ရင္ဖြင့္သံေပါ့ ။

လာခဲ့မယ္လို႔ ေျပာထားခဲ့ရင္ေတာ့ မေမွ်ာ္ပါဘူးလို႔

ဘယ္ေလာက္ေျပာေျပာ ကိုယ့္စိတ္ထဲမွာေတာ့

ေမွ်ာ္မိေနတတ္တဲ့ စိတ္ေလးေတြ႐ွိပါတယ္ ။

ေရာက္မလာခဲ့တဲ့အခါ နားလည္ေပးပါ

ခြင့္လႊတ္ေပးပါဆိုတဲ့ စကားေတြေနာက္မွာ

ကြၽန္မ ဘာေၾကာင့္ ခြင့္မလႊတ္ႏိုင္ခဲ့ဘူးလို႔ ထင္တယ္ ။

အေလးမထားပါလား တန္ဖိုးမထားပါလားဆိုတဲ့

အေတြးေတြ တစ္စီတစ္တန္းႀကီး

ေခါင္းထဲ ဝင္လာတဲ့အခါ ကြၽန္မ မွာ ဝမ္းနည္းရတယ္

အဲ့ဒီအစားေဒါသေတြ ထြက္ခဲ့မိတာပါ ။

နားလည္မေပးႏိုင္တာမဟုတ္ပဲ ေမွ်ာ္ေနပါလားဆိုတဲ့

အသိေလး႐ွိေစခ်င္တာ ။

ေနာက္ဆို ျဖစ္ႏိုင္မယ္လို႔ထင္တဲ့ ကတိေတြကိုပဲေပးပါ ။

ကတိေတြေပးထားၿပီးတဲ့အခါ အနည္းနဲ႔အမ်ားေတာ့

ေမွ်ာ္လင့္တတ္ၾကတာ သဘာဝပါပဲ ။

အဲ့ဒီ ကတိပ်က္ျခင္းေတြ အေနာက္မွာ

ကြၽန္မတို႔ရဲ႕ ယုံၾကည္ရဲတဲ့စိတ္ေတြ ကပ္ပါသြားတတ္တယ္ ။

ျဖစ္လာမွာ မဟုတ္ပါဘူးဆိုတဲ့ အေတြးေတြ

ေခါင္းထဲစြဲသြားတဲ့အခါ မယုံၾကည္ႏိုင္တာလားဆိုတဲ့

ေမးခြန္းေတြ ေမးရေလာက္တဲ့အထိ

ကြၽန္မ မေမွ်ာ္လင့္တတ္ပဲ ျဖစ္သြားလိမ့္မယ္ ။

တကယ္တမ္းက်ေတာ့

ကြၽန္မ… ေမွ်ာ္လင့္သင့္သေလာက္ ေမွ်ာ္လင့္ခဲ့ဖူးသလို

ယုံၾကည္သင့္တာေတြထက္ ပိုၿပီး ယုံၾကည္ခဲ့မိတာပါ …

အဲ့တာေတြ ျဖစ္မလာတဲ့အခါ

ကြၽန္မမွာ ေမွ်ာ္လင့္ေနမိတဲ့စိတ္ကို မုန္းမိသြားတာ ။ ဒါပါပဲ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္;