Love

ဘဝမှာ ကိုယ့်အပေါ်စစ်မှန်သူတွေနဲ့ပဲ အသက်ရှင်ရတာ နေပျော်ပါတယ်လေ…

ဘဝမှာ ကိုယ့်အပေါ်စစ်မှန်သူတွေနဲ့ပဲ အသက်ရှင်ရတာ နေပျော်ပါတယ်လေ…

ဘဝမှာ တစ်ချို့လူတွေနဲ့

မိတ်ဆွေတော့ဖြစ်ခဲ့ရတယ် သူငယ်ချင်းအဆင့်ထိ

ရောက်အောင် ခရီးမဆက်ဖြစ်ခဲ့ဘူး….

ဘဝမှာ တစ်ချို့လူတွေနဲ့

ချစ်သူတော့ဖြစ်ခဲ့ရတယ် ဘဝတစ်လျှောက်လုံး

အတူတူဖြတ်သန်းဖို့်တော့ ရေစက်တွေမပါခဲ့ဘူး…

သူ့ဘက်ကနှုတ်ဆက်သွားလို့ဖြစ်စေ

ကိုယ့်ဘက်က နှုတ်ဆက်ခဲ့သည်ဖြစ်စေ ဒီလိုတွေနဲ့

ခင်မင်မှုတွေ၊ချစ်ခင်မှုတွေ တစ်ခန်းရပ်ခဲ့ရတယ်….

တစ်ခါတစ်လေကျရင် ကိုယ့်ဘက်က

ခင်မင်မှုတွေ၊ချစ်ခင်မှုတွေကို ရှေ့ဆက်ချင်ပေမယ့်

သဘောထားမတိုက်ဆိုင်တာတွေရယ်ကြောင့်

ခရီးတစ်ဝက်တင် လက်ပြနှုတ်ဆက်ကျောခိုင်းခဲ့ရတယ်…

မုန်းလို့ရယ်တော့မဟုတ် ဘာမှထူးမလာတော့မယ့်

Relationshipတစ်ခုအတွက်ရယ်နဲ့တော့ ခဏလေး

အသက်ရှင်ရတဲ့အခိုက်အတန့်မှာ

စိတ်ဖိစီးမှုတွေခံစားရတာ

မတန်ဘူးလို့ခံစားမိတယ် …

ဒါကြောင့် ကိုယ့်ဘဝမှာ လက်ပြနှုတ်ဆက်သင့်ရင်

လှည့်မကြည့်မိအောင်

နောင်တကင်းကင်းနဲ့နှုတ်ဆက်တယ်

ဘဝထဲဆွဲခေါ်သင့်တဲ့လူတွေကိုတော့

အတ္တကင်းကင်းနဲ့

ကိုယ့်ဘဝထဲမှာရှင်သန်ခွင့်ပေးမိတယ်…

ဘဝမှာ ကိုယ့်အပေါ်စစ်မှန်သူတွေနဲ့ပဲ

အသက်ရှင်ရတာ

နေပျော်ပါတယ်လေ…

Credit





















လှည့်မကြည့်မိအောင်



အတ္တကင်းကင်းနဲ့



အသက်ရှင်ရတာ

နေပျော်ပါတယ်လေ…

Credit