Lifestyle

ဒေါသ ကြီးတတ်သူများဖတ်ဖို့

ဒေါသ ကြီးတတ်သူများဖတ်ဖို့

ဒေါသကို ချစ်ခြင်းမေတ္တာနဲ့

ဘယ်လိုအစားထိုးမလဲတစ်ခါတစ်ရံ စိတ်အလို

မကျတဲ့အခါ ဒေါသထွက်တတ် ကြပါတယ်။

အဲဒီဒေါသကြောင့် မပြောသင့်တာတွေပြောမိတတ်သလို

အရင် ကဘယ်လောက်ပဲ ချစ်ခင်ခဲ့ပါစေရန်သူတွေ

လိုလည်း မုန်းသွား တတ်ကြပါတယ်။

ဒါ့အပြင် ဒေါသကြောင့် ခေါင်းကိုက်တာသွေးတိုးတာ၊

နှလုံးရောဂါ ထတာစတဲ့ဝေဒနာ တွေလည်း

ဖြစ်တတ် ပါသေးတယ်။

ဒေါသထွက်တဲ့ အခါ

‘ငါဘာကြောင့် စိတ်တိုရ တာလဲ’ လို့အရင်ဆုံး

စဉ်းစား လိုက်ပါ။

စိတ်တိုရတဲ့ အကြောင်းရင်းက

တကယ်ပဲ အရေးပါလို့လား၊

လူတစ်ယောက်ပြောစကား တစ်ခွန်းကြောင့်

စိတ္တိုရတာ လား၊ တစ္ခုခု လုပ္ခဲ့လို့စိတ္တိုတာလား

ဘယ်သူ့ကို ဒေါသ ထွက်တာလဲ၊

ဘာကြောင့် ဒေါသ ထွက်တာလဲ၊

ဒီအခြေအနေ ဖြစ်အောင်ဘယ်သူက ဖန်တီးခဲ့တာလဲ

ဆိုတာသေချာ စဉ်းစားပါ။

ဒေါသ ထွက်စေတဲ့ အခြေအနေကို

သင်ကိုယ် တိုင်က

ဖန်တီး ခဲ့တယ် ဆိုရင်ဒီလို အခြေ အနေမျိုး ထပ်မံ

မဖြစ်စေဖို့ သင်ခန်းစာ ရယူပြီး ဒေါသကိုလျှော့လိုက် ပါ။

တခြားသူက ဖန်တီး ခဲ့တယ် ဆိုရင် အဲဒီလူကို

တတ်နိုင်သမျှ ညှိနှိုင်း ကြည့်ပါ။

တစ်ခါ တစ်ရံ ကိုယ်ချစ်ခင်တဲ့ သူတွေကို

မမှားစေ ချင်တဲ့စိတ်၊မေတ္တာပိုတဲ့ စိတ်တွေနဲ့

ကရုဏာဒေါသ ထွက်ရတဲ့ အချိန်တွေ

ရှိတတ်ပါတယ်။

အဲဒီအခါ ဒေါသ ထွက်လာရင်ဒေါသကြောင့်စေတနာကနေ

ဝေဒနာပြောင်းမသွား စေဖို့ ချစ်ခြင်း မေတ္တာနဲ့

အစားထိုး သင့်ပါတယ်။

ကြင်ကြင်နာနာ၊ ချစ်ချစ် ခင်ခင်နဲ့

နားလည်အောင် ပြောပြလိုက်ပါ။

ဒေါသ ထွက်တဲ့အခါ

အခြေအနေ အရပ်ရပ်ကို အရင်ဆုံးသုံးသပ်ကြည့်လိုက်ပါ။

ဘယ်သူကမှ ကိုယ့်ကို နာကျင်အောင်၊ စိတ်ညစ်အောင်

မလုပ်နိုင်ဘူးလို့ တွေးလိုက်ပါ။

ဒါဆိုရင်ဒေါသတွေအလိုလိုပြေလျော့ လာပြီး

စိတ်ခံစားမှု ပိုကောင်း လာပါလိမ့်မယ်။

ဒေါသကို ထိန်းချုပ်ရတာ ခက်ပါတယ်။

ဒေါသကို မမျိုချသင့် တာလည်းအမှန်ပါ။

ဒေါသ ထွက်တဲ့ အခါ သင်ခံစားရတဲ့

ဒေါသကြောင့်သင်ကိုယ်တိုင်နဲ့ သင့် ဝန်းကျင်က လူတွေ

မထိခိုက်အောင်၊အနာတရမဖြစ် အောင် အထူးသတိထား
သင့်ပါတယ်။

ဒေါသက ခဏ တာ ဖြစ်ပေမယ့်ဒေါသကြီးတာကို

မထိန်းနိုင်လို့မှားခဲ့ရင် တစ်ဘဝစာ နောင်တရသွား

နိုင်တာကြောင့်ပါ ။

ကိုယ်အဆင်မပြေတိုင်း ကိုယ်မျက်စီရှေ့မှာ

အမြင့်မတော်တာမြင်တိုင်း ကိုယ်စိတ်က အမြဲတမ်း

ဒေါသကြီးပဲဖြစ်နေမှာဆိုရင် တစ်နေ့တစ်နေ့ကို

ကိုသိုလ်ဆိုတာရအုံးမှာပါလား အမြဲတမ်း

အကိုသိုလ်တွေပဲရမှာလေ ။

ဒေါသဆိုတာ လူတိုင်းမှာရှိပါတယ် ။

( သို့ပေမယ့် )

အမြဲတမ်း ဒေါသ ဖြစ်နေမယ်ဆိုရင်မကောင်းဘူးလေ ။

Credit to Original Writer

ေဒါသ ႀကီးတတ္သူမ်ားဖတ္ဖို႔

ေဒါသကို ခ်စ္ျခင္းေမတၱာနဲ႔

ဘယ္လိုအစားထိုးမလဲတစ္ခါတစ္ရံ စိတ္အလို

မက်တဲ့အခါ ေဒါသထြက္တတ္ ၾကပါတယ္။

အဲဒီေဒါသေၾကာင့္ မေျပာသင့္တာေတြေျပာမိတတ္သလို

အရင္ ကဘယ္ေလာက္ပဲ ခ်စ္ခင္ခဲ့ပါေစရန္သူေတြ

လိုလည္း မုန္းသြား တတ္ၾကပါတယ္။

ဒါ့အျပင္ ေဒါသေၾကာင့္ ေခါင္းကိုက္တာေသြးတိုးတာ၊

ႏွလုံးေရာဂါ ထတာစတဲ့ေဝဒနာ ေတြလည္း

ျဖစ္တတ္ ပါေသးတယ္။

ေဒါသထြက္တဲ့ အခါ

‘ငါဘာေၾကာင့္ စိတ္တိုရ တာလဲ’ လို႔အရင္ဆုံး

စဥ္းစား လိုက္ပါ။

စိတ္တိုရတဲ့ အေၾကာင္းရင္းက

တကယ္ပဲ အေရးပါလို႔လား၊

လူတစ္ေယာက္ေျပာစကား တစ္ခြန္းေၾကာင့္

စိတၱိဳရတာ လား၊ တစၡဳခု လုပၡဲ႕လို႔စိတၱိဳတာလား

ဘယ္သူ႕ကို ေဒါသ ထြက္တာလဲ၊

ဘာေၾကာင့္ ေဒါသ ထြက္တာလဲ၊

ဒီအေျခအေန ျဖစ္ေအာင္ဘယ္သူက ဖန္တီးခဲ့တာလဲ

ဆိုတာေသခ်ာ စဥ္းစားပါ။

ေဒါသ ထြက္ေစတဲ့ အေျခအေနကို

သင္ကိုယ္ တိုင္က

ဖန္တီး ခဲ့တယ္ ဆိုရင္ဒီလို အေျခ အေနမ်ိဳး ထပ္မံ

မျဖစ္ေစဖို႔ သင္ခန္းစာ ရယူၿပီး ေဒါသကိုေလွ်ာ့လိုက္ ပါ။

တျခားသူက ဖန္တီး ခဲ့တယ္ ဆိုရင္ အဲဒီလူကို

တတ္ႏိုင္သမွ် ညႇိႏိႈင္း ၾကည့္ပါ။

တစ္ခါ တစ္ရံ ကိုယ္ခ်စ္ခင္တဲ့ သူေတြကို

မမွားေစ ခ်င္တဲ့စိတ္၊ေမတၱာပိုတဲ့ စိတ္ေတြနဲ႔

က႐ုဏာေဒါသ ထြက္ရတဲ့ အခ်ိန္ေတြ

႐ွိတတ္ပါတယ္။

အဲဒီအခါ ေဒါသ ထြက္လာရင္ေဒါသေၾကာင့္ေစတနာကေန

ေဝဒနာေျပာင္းမသြား ေစဖို႔ ခ်စ္ျခင္း ေမတၱာနဲ႔

အစားထိုး သင့္ပါတယ္။

ၾကင္ၾကင္နာနာ၊ ခ်စ္ခ်စ္ ခင္ခင္နဲ႔

နားလည္ေအာင္ ေျပာျပလိုက္ပါ။

ေဒါသ ထြက္တဲ့အခါ

အေျခအေန အရပ္ရပ္ကို အရင္ဆုံးသုံးသပ္ၾကည့္လိုက္ပါ။

ဘယ္သူကမွ ကိုယ့္ကို နာက်င္ေအာင္၊ စိတ္ညစ္ေအာင္

မလုပ္ႏိုင္ဘူးလို႔ ေတြးလိုက္ပါ။

ဒါဆိုရင္ေဒါသေတြအလိုလိုေျပေလ်ာ့ လာၿပီး

စိတ္ခံစားမႈ ပိုေကာင္း လာပါလိမ့္မယ္။

ေဒါသကို ထိန္းခ်ဳပ္ရတာ ခက္ပါတယ္။

ေဒါသကို မမ်ိဳခ်သင့္ တာလည္းအမွန္ပါ။

ေဒါသ ထြက္တဲ့ အခါ သင္ခံစားရတဲ့

ေဒါသေၾကာင့္သင္ကိုယ္တိုင္နဲ႔ သင့္ ဝန္းက်င္က လူေတြ

မထိခိုက္ေအာင္၊အနာတရမျဖစ္ ေအာင္ အထူးသတိထား
သင့္ပါတယ္။

ေဒါသက ခဏ တာ ျဖစ္ေပမယ့္ေဒါသႀကီးတာကို

မထိန္းႏိုင္လို႔မွားခဲ့ရင္ တစ္ဘဝစာ ေနာင္တရသြား

ႏိုင္တာေၾကာင့္ပါ ။

ကိုယ္အဆင္မေျပတိုင္း ကိုယ္မ်က္စီေ႐ွ႕မွာ

အျမင့္မေတာ္တာျမင္တိုင္း ကိုယ္စိတ္က အၿမဲတမ္း

ေဒါသႀကီးပဲျဖစ္ေနမွာဆိုရင္ တစ္ေန႔တစ္ေန႔ကို

ကိုသိုလ္ဆိုတာရအုံးမွာပါလား အၿမဲတမ္း

အကိုသိုလ္ေတြပဲရမွာေလ ။

ေဒါသဆိုတာ လူတိုင္းမွာ႐ွိပါတယ္ ။

( သို႔ေပမယ့္ )

အၿမဲတမ္း ေဒါသ ျဖစ္ေနမယ္ဆိုရင္မေကာင္းဘူးေလ ။

Credit to Original Writer