Lifestyle

တစ်ကယ်တော့ လောကမှာ ပေးတော့မလိုလိုနဲ့ ပြန်ယူသွားတတ်ကြတယ်

တစ်ကယ်တော့ လောကမှာ ပေးတော့မလိုလိုနဲ့ ပြန်ယူသွားတတ်ကြတယ်

ဘဝမွာ

ပျော်ရွှင်မှုတွေ ဖန်တီးပေးတဲ့သူကပဲ

ဝမ်းနည်မှုတွေ ယူဆောင်လာခဲ့ပြန်တယ်

ကြင်နာမှုတွေ ပေးတဲ့သူဆီကပဲ

နာကျင်မှုတွေ လက်ခံခဲ့ရပြန်တယ်

ဂရုစိုက်မှုတွေ ပေးတဲ့သူဆီကပဲ

ဥပေက္ခာပြုခြင်းတွေ ခံရပြန်တယ်

ချိုမြိန်ခြင်းတွေ ပေးဖူးတဲ့သူဆီကပဲ

ခါးသီးခြင်းတွေ ရင်ဆိုင်ခဲ့ရပြန်တယ်

စေတနာတွေ ပုံပေးဖူးတဲ့သူဆီကပဲ

ဝေဒနာတွေ အပြုံလိုက်ခံစားခဲ့ရပြန်တယ်

ယုယမှုတွေ ပေးတဲ့သူဆီကပဲ

ရက်စက်မှုတွေ ပိုင်ဆိုင်ခဲ့ရပြန်တယ်

နားလည်မှုတွေ ပေးတဲ့သူဆီကပဲ

သံသယတွေ ထင်ခံခဲ့ရပြန်တယ်

ပိုင်ဆိုင်လိုမှုတွေ တောင်းဆိုတဲ့သူဆီကပဲ

စွန့်လွှတ်လိုမှုတွေ ရခဲ့ပြန်တယ်

နွေးထွေးမှုတွေ ပေးတဲ့သူဆီကပဲ

အေးစက်မှုတွေ ပြောင်းလဲခံခဲ့ရပြန်တယ်

ချစ်တတ်ဖို့ လမ်းညွှန်ပေးတဲ့သူကပဲ

မုန်းတတ်အောင် သင်ကြားပေးခဲ့ပြန်တယ်

တစ်ကယ်တော့

လောကမှာ

ပေးတော့မလိုလိုနဲ့

ပြန်ယူသွားတတ်ကြတယ်

ဘာမျှော်လင့်ချက်မှမရှိဘဲ

ပေးပြီး ပြန်မယူလိုတာဆိုလို့

မိဘနှစ်ပါးကလွဲလို့ ဘယ်သူများရှိအုံးမှာလဲ

Credit


ဘဝမွာ





















တစ်ကယ်တော့

လောကမှာ

ပေးတော့မလိုလိုနဲ့

ပြန်ယူသွားတတ်ကြတယ်


