လူတွေက သည်းခံပေးတာများရင် ခေါင်းပေါ်တက်ထိုင်ချင်ကြတယ်
“လူတွေက သည်းခံပေးတာများရင်
ခေါင်းပေါ်တက်ထိုင်ချင်ကြတယ်” “သူငယ်ချင်းမို့လို့သာ
သည်းခံနေတာ ဒီထက် ပိုဆိုးလာရင်တော့ သည်းမခံတော့ဘူး”
“ကလေးတွေရဲ့ မျက်နှာကြောင့်သာ သည်းခံပေါင်းတာ
နို့မို့ဆိုရင် ကွာရှင်းလိုက်တာကြာပြီ” ဒီလိုစကားမျိုးတွေက
ကိုယ်တိုင်သော်လည်းကောင်း ကိုယ့်ပတ်ဝန်းကျင်မှာ
လည်းကောင်း တစ်ခုမဟုတ်တစ်ခု ကြားဖူးကြမယ် ထင်ပါတယ်။
ရုပ်ဝတ္ထုပစ္စည်းနဲ့ နည်းပညာတွေ မြင့်မားတိုးတက်လာတာနဲ့
အမျှ လူတွေရဲ့ သည်းခံနိုင်စွမ်းက တဖြည်းဖြည်း
ခေါင်းပါးလာကြပါတယ်။ ပုထုဇဉ်တွေမို့ ခန္တီပါရမီ နည်းပါးတဲ့
အတွက် ကိုယ့်ကို ထိပါးလာရင်တော့ နည်းနည်းလေးမှ
သည်းမခံနိုင်ဘူးဆိုတဲ့ အတ္တစွဲက လူတိုင်းနီးပါးမှာ ရှိကြပါတယ်။
လူတစ်ယောက်မှာ သည်းခံနိုင်စွမ်း level က မွေးဖွားကြီးပြင်း
လာပုံနဲ့လည်း ဆိုင်ပါတယ်။ ငယ်ငယ်လေးတည်းက မောင်နှမ
အချင်းချင်း အကြီးနဲ့ အငယ်သည်းမခံနိုင်ရင် ဆော်ကြ၊
တီးကြတယ်။ ကျောင်းမှာ သူငယ်ချင်းအချင်းချင်း ရန်ဖြစ်ရင်
မခံနဲ့ ပြန်သာချဆိုပြီး မိဘတွေက အိမ်ကနေပြီး သားသမီးကို
မြှောက်ပေးကြတယ်။ ဒီလိုစိတ်နဲ့ ကြီးပြင်းလာတဲ့ ကလေးတွေ
ရဲ့ ရင်ထဲမှာ ဘယ်သူ့ကိုမှ သည်းမခံသင့်ဘူး ဆိုတဲ့ အတွေးက
အရွယ်ရောက်တဲ့ထိ ပါသွားတတ်ပါတယ်။
အတတ်ပညာတွေ၊ ဘွဲ့တွေ တစ်ခုပြီးတစ်ခု သင်ယူ
တတ်မြောက်နိုင်ပေမဲ့ သည်းခံနိုင်စွမ်းအတတ်ကတော့
ဘယ်သူမှ မသင်ပေးဘဲ ကိုယ့်အတွင်းစိတ်ထဲကနေပဲ
လေ့ကျင့်ယူရမှာပါ။ အခြားသူတွေနဲ့ မပေါင်းသင်းဘဲ
လှောင်ပြောင်ဖိနှိပ်တာတွေသာ မရှိရင် တစ်ယောက်တည်း
အေးဆေးပဲ နေလို့ရတယ်၊ သည်းခံစရာလည်း မလိုဘူးလို့
ပြောကြသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ သည်းခံတယ်ဆိုတာ
အခြားသူနဲ့ ယှဉ်ပြိုင်ပြီး အရှုံးအမြတ် တွက်ချက်နေတာ
မဟုတ်ဘဲ ကိုယ့်ရဲ့ စိတ်ကို အနိုင်ရအောင်
ကိုယ်တိုင် တိုက်ယူနေတာ ဖြစ်ပါတယ်။
ကိုယ့်ကို ထိပါးပြောဆိုလာပြီ ဆိုတာနဲ့ အတွင်းစိတ်က
အလိုလိုတော်လှန်ပြီး ပြောချင်တဲ့ စကားတွေက ရင်ထဲမှာ
အစီအရီ ရောက်လာတတ်တာ လူ့သဘာဝပါ။
ဒါတွေကို သည်းမခံနိုင်လို့လည်း လူမှုကွန်ရက် စာမျက်နှာတွေ
ပေါ်မှာ သတင်းတွေ တက်လာတိုင်း ရန်ဖြစ်စကားများပြီး ဆော်
ပလော်တီးလိုက်တယ် ဆိုတာတွေက ပလူပျံနေတာပဲ ဖြစ်ပါတယ်။
သည်းခံနိုင်စွမ်း အတတ်ပညာကို တစ်ဖက်ကမ်းခတ်
တတ်မြောက်ထားသူတွေ ဒီကမ္ဘာမှာ ရှိချင်လည်း ရှိနေနိုင်မှာပါပဲ။
ဒီနေရာမှာ သည်းခံတာနဲ့ အနွံတာခံတာကိုလည်း
ကွဲပြားအောင် နားလည်ထားရပါဦးမယ်။ မိဘနဲ့သားသမီး၊
လင်နဲ့မယား အပြန်အလှန်ဒဏ်ခံရင်း နေကြတယ်ဆိုတာက
ချစ်ခြင်းမေတ္တာကြောင့် အနွံတာခံခြင်း သက်သက်သာဖြစ်ပြီး
သည်းခံခြင်းအဆင့်ထိတော့ မရောက်ပါဘူး။
အလုပ်ခွင်မှာ အထက်လူကြီး ခိုင်းသမျှကို သည်းခံပြီး
အပြုံးမပျက် အလုပ်လုပ်နိုင်တဲ့ ဝန်ထမ်းတွေ ၊
ကိုယ့်အပေါ် ရန်လိုစကားပြောပြီး သိက္ခာထိပါးအောင် စကားနဲ့
တိုက်ခိုက်တာတွေကို သည်းခံစိတ်နဲ့ တုံ့ပြန်ခြင်း မပြုသူတွေ ၊
လောကဓံကို အံတုပြီး သည်းခံတွန်းလှန်နေသူတွေ ….
ဒီလူတွေရဲ့ရင်ထဲမှာလည်း သည်းခံနိုင်စွမ်းက အချိန်
အတိုင်းအတာတစ်ခုထိပဲ ခံပါတယ်။ အရမ်းဘောင်ကျော်သွား
ပြီဆိုရင်တော့ သည်းမခံနိုင်ဘဲ ပေါက်ကွဲအန်ထွက်ကုန်ကြတာ
တွေ တွေ့ဖူးပါတယ်။
သည်းခံတယ်ဆိုတာ အတိုင်းအတာ တစ်ခုရှိတယ်ဆိုတာကို
လည်း အမြဲတမ်းကြားဖူး၊ ပြောဖူး နေကြ ဖြစ်မှာပါ။
သည်းခံနေလို့ ကိုယ့်ကိုလာပြီး ဖိနှိပ်တိုက်ခိုက်ချင်ကြတယ်။
ဒါပေမဲ့ ကိုယ်က လက်ဦးအောင် ပြန်ဆော်လိုက်တယ်ဆိုရင်
တော့ အပြစ်ရှိသူက သူမဟုတ်တော့ဘဲ ကိုယ်ဖြစ်သွားပါပြီ။
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ
ဟောကြားတဲ့အတိုင်း “သည်းခံတယ်ဆိုတာ ကိုယ်မနိုင်လို့
အရှုံးပေးတာ မဟုတ်ဘဲ ကိုယ့်စိတ်ကိုယ် အနိုင်တိုက်ပြီး
အပြုံးမပျက် နေနိုင်တယ်” ဆိုတာကိုသာ နှလုံးသွင်းထားလိုက်
ရင် အရာရာက အေးချမ်းသွားမှာ ဖြစ်ပါတယ်။
Credit
လူေတြက သည္းခံေပးတာမ်ားရင္ ေခါင္းေပၚတက္ထိုင္ခ်င္ၾကတယ္
“လူေတြက သည္းခံေပးတာမ်ားရင္
ေခါင္းေပၚတက္ထိုင္ခ်င္ၾကတယ္” “သူငယ္ခ်င္းမို႔လို႔သာ
သည္းခံေနတာ ဒီထက္ ပိုဆိုးလာရင္ေတာ့ သည္းမခံေတာ့ဘူး”
“ကေလးေတြရဲ႕ မ်က္ႏွာေၾကာင့္သာ သည္းခံေပါင္းတာ
ႏို႔မို႔ဆိုရင္ ကြာ႐ွင္းလိုက္တာၾကာၿပီ” ဒီလိုစကားမ်ိဳးေတြက
ကိုယ္တိုင္ေသာ္လည္းေကာင္း ကိုယ့္ပတ္ဝန္းက်င္မွာ
လည္းေကာင္း တစ္ခုမဟုတ္တစ္ခု ၾကားဖူးၾကမယ္ ထင္ပါတယ္။
႐ုပ္ဝတၳဳပစၥည္းနဲ႔ နည္းပညာေတြ ျမင့္မားတိုးတက္လာတာနဲ႔
အမွ် လူေတြရဲ႕ သည္းခံႏိုင္စြမ္းက တျဖည္းျဖည္း
ေခါင္းပါးလာၾကပါတယ္။ ပုထုဇဥ္ေတြမို႔ ခႏၲီပါရမီ နည္းပါးတဲ့
အတြက္ ကိုယ့္ကို ထိပါးလာရင္ေတာ့ နည္းနည္းေလးမွ
သည္းမခံႏိုင္ဘူးဆိုတဲ့ အတၱစြဲက လူတိုင္းနီးပါးမွာ ႐ွိၾကပါတယ္။
လူတစ္ေယာက္မွာ သည္းခံႏိုင္စြမ္း level က ေမြးဖြားႀကီးျပင္း
လာပုံနဲ႔လည္း ဆိုင္ပါတယ္။ ငယ္ငယ္ေလးတည္းက ေမာင္ႏွမ
အခ်င္းခ်င္း အႀကီးနဲ႔ အငယ္သည္းမခံႏိုင္ရင္ ေဆာ္ၾက၊
တီးၾကတယ္။ ေက်ာင္းမွာ သူငယ္ခ်င္းအခ်င္းခ်င္း ရန္ျဖစ္ရင္
မခံနဲ႔ ျပန္သာခ်ဆိုၿပီး မိဘေတြက အိမ္ကေနၿပီး သားသမီးကို
ေျမႇာက္ေပးၾကတယ္။ ဒီလိုစိတ္နဲ႔ ႀကီးျပင္းလာတဲ့ ကေလးေတြ
ရဲ႕ ရင္ထဲမွာ ဘယ္သူ႕ကိုမွ သည္းမခံသင့္ဘူး ဆိုတဲ့ အေတြးက
အ႐ြယ္ေရာက္တဲ့ထိ ပါသြားတတ္ပါတယ္။
အတတ္ပညာေတြ၊ ဘြဲ႕ေတြ တစ္ခုၿပီးတစ္ခု သင္ယူ
တတ္ေျမာက္ႏိုင္ေပမဲ့ သည္းခံႏိုင္စြမ္းအတတ္ကေတာ့
ဘယ္သူမွ မသင္ေပးဘဲ ကိုယ့္အတြင္းစိတ္ထဲကေနပဲ
ေလ့က်င့္ယူရမွာပါ။ အျခားသူေတြနဲ႔ မေပါင္းသင္းဘဲ
ေလွာင္ေျပာင္ဖိႏွိပ္တာေတြသာ မ႐ွိရင္ တစ္ေယာက္တည္း
ေအးေဆးပဲ ေနလို႔ရတယ္၊ သည္းခံစရာလည္း မလိုဘူးလို႔
ေျပာၾကသူေတြလည္း ႐ွိပါတယ္။ ဒါေပမဲ့ သည္းခံတယ္ဆိုတာ
အျခားသူနဲ႔ ယွဥ္ၿပိဳင္ၿပီး အ႐ႈံးအျမတ္ တြက္ခ်က္ေနတာ
မဟုတ္ဘဲ ကိုယ့္ရဲ႕ စိတ္ကို အႏိုင္ရေအာင္
ကိုယ္တိုင္ တိုက္ယူေနတာ ျဖစ္ပါတယ္။
ကိုယ့္ကို ထိပါးေျပာဆိုလာၿပီ ဆိုတာနဲ႔ အတြင္းစိတ္က
အလိုလိုေတာ္လွန္ၿပီး ေျပာခ်င္တဲ့ စကားေတြက ရင္ထဲမွာ
အစီအရီ ေရာက္လာတတ္တာ လူ႕သဘာဝပါ။
ဒါေတြကို သည္းမခံႏိုင္လို႔လည္း လူမႈကြန္ရက္ စာမ်က္ႏွာေတြ
ေပၚမွာ သတင္းေတြ တက္လာတိုင္း ရန္ျဖစ္စကားမ်ားၿပီး ေဆာ္
ပေလာ္တီးလိုက္တယ္ ဆိုတာေတြက ပလူပ်ံေနတာပဲ ျဖစ္ပါတယ္။
သည္းခံႏိုင္စြမ္း အတတ္ပညာကို တစ္ဖက္ကမ္းခတ္
တတ္ေျမာက္ထားသူေတြ ဒီကမ႓ာမွာ ႐ွိခ်င္လည္း ႐ွိေနႏိုင္မွာပါပဲ။
ဒီေနရာမွာ သည္းခံတာနဲ႔ အႏြံတာခံတာကိုလည္း
ကြဲျပားေအာင္ နားလည္ထားရပါဦးမယ္။ မိဘနဲ႔သားသမီး၊
လင္နဲ႔မယား အျပန္အလွန္ဒဏ္ခံရင္း ေနၾကတယ္ဆိုတာက
ခ်စ္ျခင္းေမတၱာေၾကာင့္ အႏြံတာခံျခင္း သက္သက္သာျဖစ္ၿပီး
သည္းခံျခင္းအဆင့္ထိေတာ့ မေရာက္ပါဘူး။
အလုပ္ခြင္မွာ အထက္လူႀကီး ခိုင္းသမွ်ကို သည္းခံၿပီး
အျပဳံးမပ်က္ အလုပ္လုပ္ႏိုင္တဲ့ ဝန္ထမ္းေတြ ၊
ကိုယ့္အေပၚ ရန္လိုစကားေျပာၿပီး သိကၡာထိပါးေအာင္ စကားနဲ႔
တိုက္ခိုက္တာေတြကို သည္းခံစိတ္နဲ႔ တုံ႔ျပန္ျခင္း မျပဳသူေတြ ၊
ေလာကဓံကို အံတုၿပီး သည္းခံတြန္းလွန္ေနသူေတြ ….
ဒီလူေတြရဲ႕ရင္ထဲမွာလည္း သည္းခံႏိုင္စြမ္းက အခ်ိန္
အတိုင္းအတာတစ္ခုထိပဲ ခံပါတယ္။ အရမ္းေဘာင္ေက်ာ္သြား
ၿပီဆိုရင္ေတာ့ သည္းမခံႏိုင္ဘဲ ေပါက္ကြဲအန္ထြက္ကုန္ၾကတာ
ေတြ ေတြ႕ဖူးပါတယ္။
သည္းခံတယ္ဆိုတာ အတိုင္းအတာ တစ္ခု႐ွိတယ္ဆိုတာကို
လည္း အၿမဲတမ္းၾကားဖူး၊ ေျပာဖူး ေနၾက ျဖစ္မွာပါ။
သည္းခံေနလို႔ ကိုယ့္ကိုလာၿပီး ဖိႏွိပ္တိုက္ခိုက္ခ်င္ၾကတယ္။
ဒါေပမဲ့ ကိုယ္က လက္ဦးေအာင္ ျပန္ေဆာ္လိုက္တယ္ဆိုရင္
ေတာ့ အျပစ္႐ွိသူက သူမဟုတ္ေတာ့ဘဲ ကိုယ္ျဖစ္သြားပါၿပီ။
ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာ နႏၵမာလာဘိဝံသ
ေဟာၾကားတဲ့အတိုင္း “သည္းခံတယ္ဆိုတာ ကိုယ္မႏိုင္လို႔
အ႐ႈံးေပးတာ မဟုတ္ဘဲ ကိုယ့္စိတ္ကိုယ္ အႏိုင္တိုက္ၿပီး
အျပဳံးမပ်က္ ေနႏိုင္တယ္” ဆိုတာကိုသာ ႏွလုံးသြင္းထားလိုက္
ရင္ အရာရာက ေအးခ်မ္းသြားမွာ ျဖစ္ပါတယ္။
Credit