Love

ကိုယ်က အရင်ခွင့်လွှတ်ပါ…

ကိုယ်က အရင်ခွင့်လွှတ်ပါ…

ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက်

စိတ်ဆိုးစိတ်ခုမိကြတဲ့အချိန်တွေရှိပါတယ်..။

ဘယ်လောက်ချစ်ခင်သူတွေပဲဖြစ်ဖြစ်..

စိတ်ဆိုးနေချိန်မှာတော့..

မျက်နှာတောင် မမြင်ရအောင်

ရှောင်လွှဲနေတတ်ကြတယ် မဟုတ်လား..။

သူ့ရဲ့ဆိုးကွက်တွေ..မကောင်းကွက်တွေကို

တစ်သီကြီးရှာဖွေဖော်ထုတ်ပြီး..

ကျွန်မတို့ရင်တစ်ခုလုံး မသယ်နိုင်လောက်အောင်

လေးလံလှတဲ့အမုန်းအမျက်တွေ

လွယ်ပိုးထားမိတတ်ကြပါတယ်…။

စေ့စေ့တွေးမိရင် ဘယ်လောက်ပင်ပန်းလွန်းလှပါသလဲ..။

ညဘက်ဆို ပိုဆိုးသေး..ရင်တစ်ခုလုံး မီးကင်ထားသလို

ဒေါသနဲ့လောင်မြိုက်ပြီး

အိပ်လို့တောင် မပျော်နိုင်တော့တဲ့ဘဝနော်…။

ကျွန်မမှာ စိတ်အခန့်မသင့်ဖြစ်ပြီးတိုင်း

အရင်ဆုံးခွင့်လွှတ်တတ်တဲ့…

ချစ်သူတစ်ယောက် ရှိပါတယ်..။

ကျွန်မ မှားလည်း သူက ခွင့်လွှတ်တာပါပဲ..။

ဘာလို့လဲလို့ မေးကြည့်မိတော့..တကယ်ချစ်တဲ့သူက

ဘာဖြစ်ဖြစ်ခွင့်လွှတ်တတ်တယ်လေတဲ့..။

ပြီးတော့ ခွင့်လွှတ်လိုက်ရတာ..

ရင်ထဲပေါ့ပါးမသွားဘူးလားတဲ့..။

တကယ်တော့ ခွင့်လွှတ်လိုက်တယ်ဆိုတာ..

သူ့ကိုခွင့်လွှတ်လိုက်တာဆိုပေမယ့်..

ကိုယ့်ကိုယ်ကိုယ် ပြန်လွတ်မြောက်ခွင့်..

စိတ်ချမ်းသာခွင့်ပေးလိုက်တာပါပဲ..။

ကိုယ်ကစပြီး ခွင့်လွှတ်ကျေအေးလိုက်လို့

ပျော်ရွှင်သွားရတဲ့အခါ..

သူရောကိုယ်ပါ ပျော်ရွှင်ရတယ်ဆိုပေမယ့်..

ကိုယ်က ပိုပျော်ရတယ်ဆိုတာကို..

ခွင့်လွှတ်ဖူးမှသာ ခံစားသိခွင့်ရတာပါ..။

ဒါကြောင့် ကျွန်မတို့ ကိုယ်ကစပြီး

ခွင့်လွှတ်ဖို့ ကြိုးစားကြည့်ရအောင်လေ…။

လွန်းထားထား..

၂၁-၁၁-၂၀၂၀။

Credit

ကိုယ္က အရင္ခြင့္လႊတ္ပါ…

ကြၽန္မတို႔ တစ္ေယာက္နဲ႔တစ္ေယာက္

စိတ္ဆိုးစိတ္ခုမိၾကတဲ့အခ်ိန္ေတြ႐ွိပါတယ္..။

ဘယ္ေလာက္ခ်စ္ခင္သူေတြပဲျဖစ္ျဖစ္..

စိတ္ဆိုးေနခ်ိန္မွာေတာ့..

မ်က္ႏွာေတာင္ မျမင္ရေအာင္

ေ႐ွာင္လႊဲေနတတ္ၾကတယ္ မဟုတ္လား..။

သူ႕ရဲ႕ဆိုးကြက္ေတြ..မေကာင္းကြက္ေတြကို

တစ္သီႀကီး႐ွာေဖြေဖာ္ထုတ္ၿပီး..

ကြၽန္မတို႔ရင္တစ္ခုလုံး မသယ္ႏိုင္ေလာက္ေအာင္

ေလးလံလွတဲ့အမုန္းအမ်က္ေတြ

လြယ္ပိုးထားမိတတ္ၾကပါတယ္…။

ေစ့ေစ့ေတြးမိရင္ ဘယ္ေလာက္ပင္ပန္းလြန္းလွပါသလဲ..။

ညဘက္ဆို ပိုဆိုးေသး..ရင္တစ္ခုလုံး မီးကင္ထားသလို

ေဒါသနဲ႔ေလာင္ၿမိဳက္ၿပီး

အိပ္လို႔ေတာင္ မေပ်ာ္ႏိုင္ေတာ့တဲ့ဘဝေနာ္…။

ကြၽန္မမွာ စိတ္အခန္႔မသင့္ျဖစ္ၿပီးတိုင္း

အရင္ဆုံးခြင့္လႊတ္တတ္တဲ့…

ခ်စ္သူတစ္ေယာက္ ႐ွိပါတယ္..။

ကြၽန္မ မွားလည္း သူက ခြင့္လႊတ္တာပါပဲ..။

ဘာလို႔လဲလို႔ ေမးၾကည့္မိေတာ့..တကယ္ခ်စ္တဲ့သူက

ဘာျဖစ္ျဖစ္ခြင့္လႊတ္တတ္တယ္ေလတဲ့..။

ၿပီးေတာ့ ခြင့္လႊတ္လိုက္ရတာ..

ရင္ထဲေပါ့ပါးမသြားဘူးလားတဲ့..။

တကယ္ေတာ့ ခြင့္လႊတ္လိုက္တယ္ဆိုတာ..

သူ႕ကိုခြင့္လႊတ္လိုက္တာဆိုေပမယ့္..

ကိုယ့္ကိုယ္ကိုယ္ ျပန္လြတ္ေျမာက္ခြင့္..

စိတ္ခ်မ္းသာခြင့္ေပးလိုက္တာပါပဲ..။

ကိုယ္ကစၿပီး ခြင့္လႊတ္ေက်ေအးလိုက္လို႔

ေပ်ာ္႐ႊင္သြားရတဲ့အခါ..

သူေရာကိုယ္ပါ ေပ်ာ္႐ႊင္ရတယ္ဆိုေပမယ့္..

ကိုယ္က ပိုေပ်ာ္ရတယ္ဆိုတာကို..

ခြင့္လႊတ္ဖူးမွသာ ခံစားသိခြင့္ရတာပါ..။

ဒါေၾကာင့္ ကြၽန္မတို႔ ကိုယ္ကစၿပီး

ခြင့္လႊတ္ဖို႔ ႀကိဳးစားၾကည့္ရေအာင္ေလ…။

လြန္းထားထား..

၂၁-၁၁-၂၀၂၀။

Credit