Love

ပိုင်ဆိုင်ပြီးသွားတာနဲ့ မဆုံးရှုံးတော့ဘူး မထင်ပါနဲ့

ပိုင်ဆိုင်ပြီးသွားတာနဲ့ မဆုံးရှုံးတော့ဘူး မထင်ပါနဲ့

လူတွေက ပိုင်ဆိုင်ပြီးသွားတဲ့အခါ

အရင်လို ဂရုစိုက်စရာမလိုတော့ဘူးလို့ထင်သွားတတ်ကြတာပဲ

တကယ့်ကို မှားတယ်ဆိုတာထက်

တကယ်ကို တန်ဖိုးမထားရာ ရောက်ပါတယ် ။

စကားလေးတစ်လုံးတောင် သုံးတတ်ကြသေးတယ်

တံငါသည်တစ်ယောက် ကိုယ့်ပလိုင်းတဲ့ရောက်နေတဲ့

ငါးကို အစာကျွေးသေးလို့လားတဲ့ ။

ကျွန်မဟာ ငါးလေးတစ်ကောင်မဟုတ်ခဲ့သလို

အစာကိုမက်လို့ချိတ်ကို ဟပ်ခဲ့တာမဟုတ်ဘူးလေ ။

ရှင့်ကိုချစ်လို့ ဘဝထဲ တိုးဝင်ဖို့ ကြိုးစားခဲ့တာပါ ။

မိန်းမကလေးတော်တော်များများမှာ ထပ်တူညီတဲ့

နောင်တ တစ်ခုတော့ရှိတယ် အဲ့တာဟာ …

ငါသာ အဖြေမပေးခဲ့သေးရင် သူ အရင်လိုပဲ

အမြဲတစေ ဂရုစိုက်လိမ့်မယ်ဆိုတဲ့ နောင်တပေါ့ ။

အရင်တုန်းကလို ကိုယ့်အချစ်ကို လိုချင်နေတဲ့

လူတစ်ယောက်လို မမြင်ရတော့ဘူး … မရှိလဲ ဖြစ်တယ်ဆိုတဲ့

လူတစ်ယောက် ကိုယ့်အနားရပ်နေသလိုပါပဲ …

ခေါင်းကိုက် တာကအစက ဂရုစိုက်တတ်တဲ့သူက ..

ခုဆို အိပ်ယာထဲ လဲနေတာတောင် စိတ်ပူရမယ့် အရာလို့

မမြင်တော့ဘူး ။ ဒီလိုပြောင်းလဲခြင်းတွေမှာ နေသားတကျလေးဖြစ်ဖို့

ကျွန်မ အများကြီး ကြိုးစားရဦးမယ် …

အရင်တုန်းက ရှင့်ကို ပြန်ရလာဖို့ထက်

လက်ရှိ ကိုယ့်အရှေ့ရှိနေတဲ့ ရှင့်ကို နားလည်ပေးနိုင်ဖို့ အများကြီး ကြိုးစားရဦးမယ် ။

အရင်ကဆို… သည်းသည်းလှုပ်ချစ်တတ်ခဲ့သလောက်

ကိုယ့်ဘက်က ပြန်ချစ်တဲ့အခါမှ အေးစက်သွားတတ်တဲ့

ဆက်ဆံရေးတွေကြားမှာ မပြတ်ချင်တဲ့စိတ်နဲ့

ဆက်ဆွဲထားရင်း ကျွန်မတို့တွေမှာ တန်ဖိုးတွေ မဲ့သွားတတ်ပါတယ် ။

တကယ်တမ်းကျတော့ အရင်တုန်းက

ရှင့်ကို သဘောကျခဲ့ဖူးသလိုပဲ အရင်တုန်းက ဂရုစိုက်မှုလေးတွေ အမြဲတမ်း လိုအပ်ပါတယ် ။

ကျွန်မတို့ မိန်းမသားတွေကလေ … အနည်းဆုံးတော့ ကိုယ့် ချစ်သူအတွက် အရေးပါ အရာရောက်ချင်ကြတယ် ။

အသက်တွေ ဘယ်လောက်ကြီးလာကြီးလာ ဂရုစိုက်ခံချင်ကြတယ် ။

ဒါတွေ … သိအောင် ပြောမပြနိုင်သေးခင် ..

ငါသာ အဖြေပြန်မပေးခဲ့သေးရင်

အရင်လို ဂရုစိုက်နေဦးမှာပဲဆိုတဲ့ နောင်တလေးတွေပဲ ရှိတယ် ။

တစ်ခုတော့ မှတ်ထားပါ … ကျွန်မသည်လဲ လူပါ။

ဒီနေရာမှာ အမြဲတမ်းရပ်နေပါ့မယ်ဆိုတဲ့ အာမခံချက်တွေ ပေးနိုင်မှာ မဟုတ်ဘူး ။

အရမ်းပင်ပန်းလာတဲ့အခါ ရှင့်ပလိုင်းတဲ့ ခုန်ထွက်ဖြစ်မယ့်

ငါးတစ်ကောင်လဲ ဖြစ်ကောင်းဖြစ်လာနိုင်သေးတယ်လေ ။

ပိုင်ပြီးသွားတဲ့အခါ ဂရုစိုက်စရာ မလိုတော့ဘူးဆိုတဲ့ အတွေးတွေထက် …

ပိုင်ဆိုင်တုန်းလေးမှာ တန်ဖိုးထားသင့်တယ်ဆိုတဲ့

အတွေးလေးတော့ ရှိစေချင်တယ် ။

သျှင်ယွန်း

Credit

ပိုင္ဆိုင္ၿပီးသြားတာနဲ႔ မဆုံး႐ႈံးေတာ့ဘူး မထင္ပါနဲ႔

လူေတြက ပိုင္ဆိုင္ၿပီးသြားတဲ့အခါ

အရင္လို ဂ႐ုစိုက္စရာမလိုေတာ့ဘူးလို႔ထင္သြားတတ္ၾကတာပဲ

တကယ့္ကို မွားတယ္ဆိုတာထက္

တကယ္ကို တန္ဖိုးမထားရာ ေရာက္ပါတယ္ ။

စကားေလးတစ္လုံးေတာင္ သုံးတတ္ၾကေသးတယ္

တံငါသည္တစ္ေယာက္ ကိုယ့္ပလိုင္းတဲ့ေရာက္ေနတဲ့

ငါးကို အစာေကြၽးေသးလို႔လားတဲ့ ။

ကြၽန္မဟာ ငါးေလးတစ္ေကာင္မဟုတ္ခဲ့သလို

အစာကိုမက္လို႔ခ်ိတ္ကို ဟပ္ခဲ့တာမဟုတ္ဘူးေလ ။

႐ွင့္ကိုခ်စ္လို႔ ဘဝထဲ တိုးဝင္ဖို႔ ႀကိဳးစားခဲ့တာပါ ။

မိန္းမကေလးေတာ္ေတာ္မ်ားမ်ားမွာ ထပ္တူညီတဲ့

ေနာင္တ တစ္ခုေတာ့႐ွိတယ္ အဲ့တာဟာ …

ငါသာ အေျဖမေပးခဲ့ေသးရင္ သူ အရင္လိုပဲ

အၿမဲတေစ ဂ႐ုစိုက္လိမ့္မယ္ဆိုတဲ့ ေနာင္တေပါ့ ။

အရင္တုန္းကလို ကိုယ့္အခ်စ္ကို လိုခ်င္ေနတဲ့

လူတစ္ေယာက္လို မျမင္ရေတာ့ဘူး … မ႐ွိလဲ ျဖစ္တယ္ဆိုတဲ့

လူတစ္ေယာက္ ကိုယ့္အနားရပ္ေနသလိုပါပဲ …

ေခါင္းကိုက္ တာကအစက ဂ႐ုစိုက္တတ္တဲ့သူက ..

ခုဆို အိပ္ယာထဲ လဲေနတာေတာင္ စိတ္ပူရမယ့္ အရာလို႔

မျမင္ေတာ့ဘူး ။ ဒီလိုေျပာင္းလဲျခင္းေတြမွာ ေနသားတက်ေလးျဖစ္ဖို႔

ကြၽန္မ အမ်ားႀကီး ႀကိဳးစားရဦးမယ္ …

အရင္တုန္းက ႐ွင့္ကို ျပန္ရလာဖို႔ထက္

လက္႐ွိ ကိုယ့္အေ႐ွ႕႐ွိေနတဲ့ ႐ွင့္ကို နားလည္ေပးႏိုင္ဖို႔ အမ်ားႀကီး ႀကိဳးစားရဦးမယ္ ။

အရင္ကဆို… သည္းသည္းလႈပ္ခ်စ္တတ္ခဲ့သေလာက္

ကိုယ့္ဘက္က ျပန္ခ်စ္တဲ့အခါမွ ေအးစက္သြားတတ္တဲ့

ဆက္ဆံေရးေတြၾကားမွာ မျပတ္ခ်င္တဲ့စိတ္နဲ႔

ဆက္ဆြဲထားရင္း ကြၽန္မတို႔ေတြမွာ တန္ဖိုးေတြ မဲ့သြားတတ္ပါတယ္ ။

တကယ္တမ္းက်ေတာ့ အရင္တုန္းက

႐ွင့္ကို သေဘာက်ခဲ့ဖူးသလိုပဲ အရင္တုန္းက ဂ႐ုစိုက္မႈေလးေတြ အၿမဲတမ္း လိုအပ္ပါတယ္ ။

ကြၽန္မတို႔ မိန္းမသားေတြကေလ … အနည္းဆုံးေတာ့ ကိုယ့္ ခ်စ္သူအတြက္ အေရးပါ အရာေရာက္ခ်င္ၾကတယ္ ။

အသက္ေတြ ဘယ္ေလာက္ႀကီးလာႀကီးလာ ဂ႐ုစိုက္ခံခ်င္ၾကတယ္ ။

ဒါေတြ … သိေအာင္ ေျပာမျပႏိုင္ေသးခင္ ..

ငါသာ အေျဖျပန္မေပးခဲ့ေသးရင္

အရင္လို ဂ႐ုစိုက္ေနဦးမွာပဲဆိုတဲ့ ေနာင္တေလးေတြပဲ ႐ွိတယ္ ။

တစ္ခုေတာ့ မွတ္ထားပါ … ကြၽန္မသည္လဲ လူပါ။

ဒီေနရာမွာ အၿမဲတမ္းရပ္ေနပါ့မယ္ဆိုတဲ့ အာမခံခ်က္ေတြ ေပးႏိုင္မွာ မဟုတ္ဘူး ။

အရမ္းပင္ပန္းလာတဲ့အခါ ႐ွင့္ပလိုင္းတဲ့ ခုန္ထြက္ျဖစ္မယ့္

ငါးတစ္ေကာင္လဲ ျဖစ္ေကာင္းျဖစ္လာႏိုင္ေသးတယ္ေလ ။

ပိုင္ၿပီးသြားတဲ့အခါ ဂ႐ုစိုက္စရာ မလိုေတာ့ဘူးဆိုတဲ့ အေတြးေတြထက္ …

ပိုင္ဆိုင္တုန္းေလးမွာ တန္ဖိုးထားသင့္တယ္ဆိုတဲ့

အေတြးေလးေတာ့ ႐ွိေစခ်င္တယ္ ။

သွ်င္ယြန္း

Credit