Lifestyle

တိတ်ဆိတ်ခြင်းဟာ ပညာပါပဲ

တိတ်ဆိတ်ခြင်းဟာ ပညာပါပဲ

ဒေါသမရှိဘူးတော့ ဘယ်ဟုတ်မလဲ ရှိတာပေါ့

ရှိပေမယ့်လည်း ဒီဒေါသကို ထုတ်မပြနိုင်တာက ပညာပဲ

မခံစားရဘူးတော့ ဘယ်ဟုတ်မလဲ ခံစားရတာပေါ့

ခံစားရပေမယ့် မျက်နှာမှာ မပေါ်လွင်အောင်

ထိန်းချုပ်နိုင်တာကလည်း ပညာပဲ

“ဝမ်းမနည်းတတ်တာတော့ ဘယ်ဟုတ်မလဲ

ဝမ်းနည်းတတ်တာပေါ့

ဝမ်းနည်းပေမယ့်လည်း လူတကာကို

လှပ်ပြပြီးပြောပြမနေတော့တာက ပညာပဲ

“လူပဲ ခံစားချက်ကတော့ အသက်ရှင်နေသ၍ ရှိနေဦးမှာပဲ

ဘယ်လို ပညာသားပါပါ ဖော်ထုတ်ပြမလဲဆိုတာပဲ

ကွာသွားကြတယ်….. “ဖေါ်ပြလို့ မထူးဘူးဆိုရင်

ဒီလိုပဲ အဆင်ပြေအောင် ကျိတ်မှိတ်ကျော်လွှားရမှာပဲ

ဒေါသရှိတိုင်း ထုတ်ပြရင် ကိုယ်ပဲ ဒေါသကြီးတယ်ဆိုတဲ့

နာမည်ရသွားမယ် ဘာကြောင့်ဒေါသတွေကြီးလဲဆိုတာကိုတော့

သိကြမှာ မဟုတ်ဘူး

“ခံစားချက်တိုင်း ထုတ်ပြနေရင် ကိုယ့်အားနည်းချက်

လူသိတာပဲအဖက်တင်တယ်

ကိုယ်ခံစားရတာသူတို့က ပြေလည်အောင်

လုပ်ပေးနိုင်တာမှမဟုတ်တာ

ဝမ်းနည်းတိုင်း ငိုပြနေရင်

ကိုယ်အားပျော့တာပဲ လူသိတယ်

ဖေးမကူညီမှာထက် ဝေဖန်တဲ့လူတွေ

ခပ်များများဆိုတော့ နေတတ်အောင်နေမှ နေပျော်တဲ့

ဘဝလေးကိုရမှာ…… “လူဖြစ်လာပေမယ့်လည်း

ဒီလူတွေနဲ့နေဖို့ဆိုတာ တော်တော်လေး အထာကျပြီး

ရင့်ကျက်နိုင်မှ တော်ကာကျတယ်

ဒီလိုရင့်ကျက်အောင်နေနိုင်ဖို့ ဆိုတာကလည်း

တော်တော်လေးကို ခက်တာ

တိတ်ဆိတ်နေနိုင်ဖို့ ဆိုတာဟာ

တကယ့်ပညာပါဘဲ လောကအလယ် ရင့်ကျက်ဖို့

သင်ယူကြရပေဦးမည် အတတ်နိုင်ဆုံး

တိတ်ဆိတ်နေလိုက်ပါ့မယ်

Credit

တိတ္ဆိတ္ျခင္းဟာ ပညာပါပဲ

ေဒါသမ႐ွိဘူးေတာ့ ဘယ္ဟုတ္မလဲ ႐ွိတာေပါ့

႐ွိေပမယ့္လည္း ဒီေဒါသကို ထုတ္မျပႏိုင္တာက ပညာပဲ

မခံစားရဘူးေတာ့ ဘယ္ဟုတ္မလဲ ခံစားရတာေပါ့

ခံစားရေပမယ့္ မ်က္ႏွာမွာ မေပၚလြင္ေအာင္

ထိန္းခ်ဳပ္ႏိုင္တာကလည္း ပညာပဲ

“ဝမ္းမနည္းတတ္တာေတာ့ ဘယ္ဟုတ္မလဲ

ဝမ္းနည္းတတ္တာေပါ့

ဝမ္းနည္းေပမယ့္လည္း လူတကာကို

လွပ္ျပၿပီးေျပာျပမေနေတာ့တာက ပညာပဲ

“လူပဲ ခံစားခ်က္ကေတာ့ အသက္႐ွင္ေနသ၍ ႐ွိေနဦးမွာပဲ

ဘယ္လို ပညာသားပါပါ ေဖာ္ထုတ္ျပမလဲဆိုတာပဲ

ကြာသြားၾကတယ္….. “ေဖၚျပလို႔ မထူးဘူးဆိုရင္

ဒီလိုပဲ အဆင္ေျပေအာင္ က်ိတ္မွိတ္ေက်ာ္လႊားရမွာပဲ

ေဒါသ႐ွိတိုင္း ထုတ္ျပရင္ ကိုယ္ပဲ ေဒါသႀကီးတယ္ဆိုတဲ့

နာမည္ရသြားမယ္ ဘာေၾကာင့္ေဒါသေတြႀကီးလဲဆိုတာကိုေတာ့

သိၾကမွာ မဟုတ္ဘူး…..

“ခံစားခ်က္တိုင္း ထုတ္ျပေနရင္ ကိုယ့္အားနည္းခ်က္

လူသိတာပဲအဖက္တင္တယ္

ကိုယ္ခံစားရတာသူတို႔က ေျပလည္ေအာင္

လုပ္ေပးႏိုင္တာမွမဟုတ္တာ

ဝမ္းနည္းတိုင္း ငိုျပေနရင္

ကိုယ္အားေပ်ာ့တာပဲ လူသိတယ္

ေဖးမကူညီမွာထက္ ေဝဖန္တဲ့လူေတြ

ခပ္မ်ားမ်ားဆိုေတာ့ ေနတတ္ေအာင္ေနမွ ေနေပ်ာ္တဲ့

ဘဝေလးကိုရမွာ…… “လူျဖစ္လာေပမယ့္လည္း

ဒီလူေတြနဲ႔ေနဖို႔ဆိုတာ ေတာ္ေတာ္ေလး အထာက်ၿပီး

ရင့္က်က္ႏိုင္မွ ေတာ္ကာက်တယ္

ဒီလိုရင့္က်က္ေအာင္ေနႏိုင္ဖို႔ ဆိုတာကလည္း

ေတာ္ေတာ္ေလးကို ခက္တာ

တိတ္ဆိတ္ေနႏိုင္ဖို႔ ဆိုတာဟာ

တကယ့္ပညာပါဘဲ ေလာကအလယ္ ရင့္က်က္ဖို႔

သင္ယူၾကရေပဦးမည္ အတတ္ႏိုင္ဆုံး

တိတ္ဆိတ္ေနလိုက္ပါ့မယ္

Credit