ကိုယ့်ကိုယ်ကိုယ်အမှန်တကယ်သဘောကျဖို့ လိုအပ်တဲ့အရာတွေကဘာတွေလဲ
ကိုယ့်ကိုယ်ကိုယ်အမှန်တကယ်သဘောကျဖို့ဆိုတာ
လူတစ်ယောက်မှာလိုကိုလိုအပ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ်ချစ်တယ်၊ ကိုယ့်ရဲ့ဖြစ်တည်မှုကို
တန်ဖိုးထားတယ်။ ကိုယ့်ကိုယ်ကိုယ်လေးစားတယ်။
ကိုယ့်ရဲ့အကျင့်သိက္ခာနဲ့ ကိုယ့်ရဲ့လုပ်ဆောင်ချက်တိုင်းကို
ကိုယ်တိုင်သဘောကျတယ်၊
နှစ်သက်တယ်ဆိုတာမျိုးက
ကိုယ့်အတွက်မဖြစ်မနေလိုအပ်ပါတယ်။
မဟုတ်ရင် ကိုယ့်စိတ်နဲ့ကိုယ်တောင်
အလိုမကျဘဲ ရန်ဖြစ်နေတာ၊ ကိုယ်တိုင် မလုပ်ချင်တာ၊
မလုပ်သင့်တာကို လုပ်မိလေခြင်းဆိုပြီး
ကိုယ့်ကိုယ်ကိုယ်ပြန်ပြီ မုန်းတီးတာ ၊ စိတ်တိုဒေါသထွက်တာ ၊
ကိုယ့်ကိုယ်ကိုယ်အလိုမကျတာတွေဖြစ်လာနိုင်ပါတယ်။
ဖြစ်လည်းဖြစ်ဖူးကြမယ်ထင်ပါတယ်နော်။
အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အမှန်တကယ်သဘောကျဖို့
လိုအပ်တဲ့အဓိက အချက်တွေကိုပြောပြပေးချင်ပါတယ်။
၁) အရည်အချင်း
အဓိကက အရည်အချင်းရှိအောင် ကြိုးစားဖို့ပါပဲ။
ကိုယ့်ရဲ့ပင်ကိုယ်အရည်အချင်းကိုသိပြီး
အဲဒီ့အရည်အချင်းနဲ့အပ်စပ်တာကို
ကိုယ်တိုင်ကလုပ်နိုင်တယ်၊ ဖန်တီးနိုင်တယ်၊
အဲဒီ့အရည်အချင်းကြောင့်
အောင်မြင်နိုင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်သဘောကျမိမှာပါပဲ။
လူဆိုတဲ့အမျိုးက မသိမသာ
အခြားသူနဲ့ကိုယ့်ကိုယ်ကိုယ်နှိုင်းယှဉ်ပြီး အားငယ်စိတ်၊
သိမ်ငယ်စိတ် တခါမဟုတ်တခါတော့ဖြစ်တတ်ကြပါတယ်။
(အမြဲတမ်းမဟုတ်ရင်တောင်မှ တခါတလေပေါ့)
ဒါပေမယ့် ကိုယ့်မှာ ကိုယ့်အရည်အချင်းကိုသိပြီး ကြိုးစားနိုင်တယ်၊
ကြိုးစားတဲ့အတိုင်းလည်းဖြစ်လာနိုင်တယ်ဆိုရင်တော့
ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်တာ၊ အားငယ်တာ
မေ့ပျောက်စေနိုင်ပါတယ်။ နောက်ဆုံး ဘယ်သူ့ကိုမှ
အားမကိုးရဘဲ ကိုယ့်အရည်အချင်းနဲ့ကိုယ်ဖြစ်လာတာမျိုးက
ကိုယ့်ကိုယ်ကိုယ်အတွက် ဂုဏ်ယူနိုင်ပါတယ်။
အဲဒီ့အခါ ကိုယ့်ကိုယ်ကိုယ်လည်း ပိုပြီးသဘောကျလာစေပါတယ်။
ကိုယ့်ဖြစ်တည်မှုကိုလည်း ကိုယ်ပိုပြီးနှစ်သက်လာနိုင်ပါတယ်။
၂) လူပေါင်းဆံ့ခြင်း
လူပေါင်းဆံ့ခြင်းကလည်း ကိုယ့်ရဲ့ဖြစ်တည်မှုကို
ချပြဖို့အတွက်လိုအပ်ပါတယ်။
ကိုယ့်ကဘယ်နေရာမှာမှ လူရာမဝင်ဘူးလို့
ကိုယ့်ကိုယ်ကိုယ်ထင်နေခြင်းက
ကိုယ့်ကိုပိုပြီးစိတ်ပျက်လာစေနိုင်ပါတယ်။
လူအများက ပြုံးပျော်နေချိန်မှာ သင်ကတစ်ယောက်တည်း
အဖက်လုပ်မယ့်သူမရှိဘူးလို့ခံစားနေရတဲ့ခံစားချက်က
သင့်ကိုသိမ်ငယ်၊ အားငယ်စေနိုင်ပါတယ်။
အဲဒါကြောင့် လူပေါင်းဆံ့ဖို့ ကြိုးစားကြည့်သင့်ပါတယ်။
၃)တစ်ခုခုတွင်ထူးချွန်ခြင်း
ပညာရပ်တစ်ခုခုမှထူးချွန်တာမျိုး၊
ဒါမှမဟုတ် အတတ်ပညာတစ်ခုခုမှာ ထူးချွန်တာမျိုးပေါ့။
ကိုယ့်ရဲ့ပညာရပ်ကြောင့် ကိုယ့်မှာဂုဏ်တက်လာတဲ့အခါ
ကိုယ့်ကိုယ်ကိုယ် သဘောကျလာနိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ်လည်းယုံကြည်မှုပိုတိုးလာစေတာပေါ့။
လူရာဝင်တယ်လို့လည်း ခံစားလာရစေပါတယ်။
အဲဒါအပြင် သက်ဆိုင်ရာပညာရပ်မှာ
ကိုယ့်ကိုအလေးထားဆက်ဆံခံရစေပါတယ်။
ကိုယ့်ကိုယ်ကိုယ်လည်း
ပိုပြီး သဘောကျလာစေနိုင်ပါတယ်။
၄)ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ခြင်း
နောက်တစ်ခုက ကိုယ့်အားကိုယ်ကိုးနိုင်ခြင်းပါပဲ။
အခြားသူတစ်ယောက်ယောက်ကိုအားကိုးရခြင်းဟာ
သူများနှာခေါင်းပေါက်နဲ့အသက်ရှုရတာနဲ့တူပါတယ်။
ဘယ်နေ့အသက်ရှုရပ်မလဲအာမခံချက်မရှိပါဘူး။
အဲဒါအပြင် အားကိုးသူရဲ့အလိုကျနေတတ်ရပါသေးတယ်။
ကိုယ့်ဖြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့အခါ
ကိုယ်ကြိုးစားနိုင်သမျှကိုယ့်အတွက်ပါပဲ။
ကိုယ်အမျှော်အမြင်ရှိသလို
ကိုယ့်ဘဝအဆင်ပြေတိုးတက်နိုင်ပါတယ်။
အဲဒါအပြင် တပါးသူစိတ်ကြိုက်လည်းနေစရာမလိုတဲ့အတွက်
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးသလို၊
ကိုယ့်ကိုယ်ကိုယ်လည်းပိုပြိးနှစ်သက်သဘောကျလာတတ်ပါတယ်။
ကိုယ့်ဖြစ်တည်မှုကိုလည်းပိုပြီးတန်ဖိုးထားတတ်လာပါတယ်။
ကိုယ့်ဘဝမှာ ကိုယ့်ကလွဲပြီး
အခြားသူကိုအားကိုးလို့မြဖစ်ဘူးလို့သိလာတဲ့အခါ
ကိုယ့်ကိုယ်ကိုယ်လည်းပိုချစ်တတ်လာပါတယ်။
၅) ကိုယ့်ကိုယ်ကိုယ်တာဝန်ယူနိုင်ခြင်း
ကိုယ့်အားကိုယ်ကိုးခြင်းဟာ ဘယ်အရာမဆို
ကိုယ့်သာအဓိကဆိုတဲ့စိတ်နဲ့ ကြိုးစားတာဖြစ်ပါတယ်။
ကိုယ့်တာဝန်ကိုယ်ယူနိုင်ခြင်းဟာလည်း
လူသားတစ်ယောက်အဖြစ်
ကိုယ်ကျင့်သုံးသင့်တဲ့တာဝန်မှန်သမျှကို
ကိုယ်တိုင်သေချာလိုက်နာကျင့်သုံးတတ်တာ၊
ကိုယ့်တာဝန် ဥပမာ။ ကျောင်းစာရိတ်၊ အလုပ်တာဝန်၊
သားသမီးတာဝန်၊ လူသားတစ်ယောက်အနေနဲ့
ကိုယ်ယူသင့်တဲ့တာဝန်ကိုကျေပွန်အောင် တာဝန်ယူနိုင်တာပါပဲ။
အဲဒီလိုတာဝန်ကျေနိုင်တဲ့အခါ
ကိုယ့်ကိုယ်ကိုယ်ကျေနပ်နေမိပါလိမ့်မယ်။
“ငါလုပ်နိုင်သားပဲ….” ဆို
တဲ့စိတ်နဲ့ ရှင်သန်ရတာ ကျေနပ်ပါလိမ့်မယ်။
ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုတိုးနိုင်ပါတယ်။
တာဝန်မကျေနိုင်တဲ့အခါ တာဝန်ယူရကောင်းမှန်းသိပေမယ့်
“အော်……ငါတာဝန်မကျေနိုင်ခဲ့ပါလား”
ဆိုတဲ့စိတ်နဲ့ စိတ်မကောင်းဖြစ်၇၊
ယူကြုံးမရဖြစ်၇တတ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရစိတ်ဖြစ်တတ်ပါတယ်။
၆) ကိုယ်ကျင့်တရားကောင်းမွန်အောင်ထိန်းသိမ်းနိုင်ခြင်း
နောက်တစ်ခုကတော့ လူသားတစ်ယောက်အနေနဲ့
ဘဝမှာ လူကောင်းတစ်ယောက်အဖြစ်
လိပ်ပြာလုံစွာရှင်သန်နိုင်ဖို့
ကိုယ်ကျင့်တရားကာင်းဖို့လိုပါတယ်။
ကိုယ့်ရဲ့ကိုယ်ကျင့်တရားကောင်းမကောင်းကို
အခြားသူကိုသာ ညာလို့ရမယ်၊
ကိုယ့်ကိုယိကိုယ်တော့မညာနိုင်ပါဘူး။
အဲဒီ့အခါ ကိုယ့်ကိုယ်ကိုယ် အားမရဖြစ်မယ်။
မလုပ်သင့်မှန်းသိတဲ့အလုပ်ကိုလုပ်မိတဲ့အခါ
ကိုယ့်ကိုယ်ကိုယ်ဒေါသထွက်မယ်၊ မကျေမနပ်ဖြစ်မယ်။
ကိုယ့်ကိုယ်ကိုယ်သဘောမကျ၊
အထင်သေးစိတ်တွေဖြစ်လာပြီး
ရှင်သန်ရတာမပျော်ရွှင်နိုင်ပါဘူး။
ဘဝမှာရှင်သန်ရတာပျော်ရွှင်ဖို့အတွက်
ကိုယ့်ကိုယ်ကိုယ် သဘောကျဖို့လိုတာပါပဲ။
အဲဒီ့လို ကိုယ့်ကိုယ်ကိုယ် သဘောကျဖို့ဆိုတာက
ကိုယ်တိုင်သိနေတဲ့ကိုယ်ပုံရိပ်ကို
အထင်ကြီးလေးစားဖို့လိုတာပါ။
အဲဒီ့အတွက် ကိုယ်တိုင်က မှန်တန်တာကိုသာ လုပ်ဖို့,
အမှားတွေရှိရင် ပြုပြင်ဖို့ကြိုးစားဖို့လိုပါတယ်။
နောက်တစ်ခုကတော့ အခြားသူရဲ့စကားတွေကိုခံစားတာပါပဲ။
ကိုယ့်ကိုယ်ကိုယ်မှန်ကန်ကြောင်း၊
အောင်မြင်အောင်လုပ်ဆောင်နိုင်ကြောင်
းသေချာသိနေတဲ့အခါ အခြားသူရဲ့စကားကိုနားမယောင်မိတော့ဘဲ
ကိုယ့်ဘဝရှင်သန်ရပ်တည်မှုကို
ခိုင်မာစွာရပ်တည်နိုင်လာမှာဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ်သဘောကျနေတဲ့
လူတစ်ယောက်ကို အခြားသူတစ်ယောက်
“နင်ကသွားခေါလိုက်တာ” နင်ကအသားမည်းလိုက်တာ”
နင်ကရုပ်ဆိုးလိုက်တာ” စသဖြင့် ဘယ်လိုပြောပါစေ
မခံစားတတ်တော့ပါဘူး။
အဲဒါကြောင့်ကိုယ့်ကိုယ်ကိုယ်သဘောကျခြင်းဟာ
ဘဝနေပျော်ခြင်းအတွက်အများကြီးအရေးပါကြောင်းဖော်ပြလိုက်ရပါတယ်
Credit
ကိုယ့္ကိုယ္ကိုယ္အမွန္တကယ္သေဘာက်ဖို႔ လိုအပ္တဲ့အရာေတြကဘာေတြလဲ
ကိုယ့္ကိုယ္ကိုယ္အမွန္တကယ္သေဘာက်ဖို႔ဆိုတာ
လူတစ္ေယာက္မွာလိုကိုလိုအပ္ပါတယ္။
ကိုယ့္ကိုယ္ကိုယ္ခ်စ္တယ္၊ ကိုယ့္ရဲ႕ျဖစ္တည္မႈကို
တန္ဖိုးထားတယ္။ ကိုယ့္ကိုယ္ကိုယ္ေလးစားတယ္။
ကိုယ့္ရဲ႕အက်င့္သိကၡာနဲ႔ ကိုယ့္ရဲ႕လုပ္ေဆာင္ခ်က္တိုင္းကို
ကိုယ္တိုင္သေဘာက်တယ္၊
ႏွစ္သက္တယ္ဆိုတာမ်ိဳးက
ကိုယ့္အတြက္မျဖစ္မေနလိုအပ္ပါတယ္။
မဟုတ္ရင္ ကိုယ့္စိတ္နဲ႔ကိုယ္ေတာင္
အလိုမက်ဘဲ ရန္ျဖစ္ေနတာ၊ ကိုယ္တိုင္ မလုပ္ခ်င္တာ၊
မလုပ္သင့္တာကို လုပ္မိေလျခင္းဆိုၿပီး
ကိုယ့္ကိုယ္ကိုယ္ျပန္ၿပီ မုန္းတီးတာ ၊ စိတ္တိုေဒါသထြက္တာ ၊
ကိုယ့္ကိုယ္ကိုယ္အလိုမက်တာေတြျဖစ္လာႏိုင္ပါတယ္။
ျဖစ္လည္းျဖစ္ဖူးၾကမယ္ထင္ပါတယ္ေနာ္။
အဲဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ အမွန္တကယ္သေဘာက်ဖို႔
လိုအပ္တဲ့အဓိက အခ်က္ေတြကိုေျပာျပေပးခ်င္ပါတယ္။
၁) အရည္အခ်င္း
အဓိကက အရည္အခ်င္း႐ွိေအာင္ ႀကိဳးစားဖို႔ပါပဲ။
ကိုယ့္ရဲ႕ပင္ကိုယ္အရည္အခ်င္းကိုသိၿပီး
အဲဒီ့အရည္အခ်င္းနဲ႔အပ္စပ္တာကို
ကိုယ္တိုင္ကလုပ္ႏိုင္တယ္၊ ဖန္တီးႏိုင္တယ္၊
အဲဒီ့အရည္အခ်င္းေၾကာင့္
ေအာင္ျမင္ႏိုင္တယ္ဆိုရင္ ကိုယ့္ကိုယ္ကိုယ္သေဘာက်မိမွာပါပဲ။
လူဆိုတဲ့အမ်ိဳးက မသိမသာ
အျခားသူနဲ႔ကိုယ့္ကိုယ္ကိုယ္ႏိႈင္းယွဥ္ၿပီး အားငယ္စိတ္၊
သိမ္ငယ္စိတ္ တခါမဟုတ္တခါေတာ့ျဖစ္တတ္ၾကပါတယ္။
(အၿမဲတမ္းမဟုတ္ရင္ေတာင္မွ တခါတေလေပါ့)
ဒါေပမယ့္ ကိုယ့္မွာ ကိုယ့္အရည္အခ်င္းကိုသိၿပီး ႀကိဳးစားႏိုင္တယ္၊
ႀကိဳးစားတဲ့အတိုင္းလည္းျဖစ္လာႏိုင္တယ္ဆိုရင္ေတာ့
ကိုယ့္ကိုယ္ကိုယ္သိမ္ငယ္တာ၊ အားငယ္တာ
ေမ့ေပ်ာက္ေစႏိုင္ပါတယ္။ ေနာက္ဆုံး ဘယ္သူ႕ကိုမွ
အားမကိုးရဘဲ ကိုယ့္အရည္အခ်င္းနဲ႔ကိုယ္ျဖစ္လာတာမ်ိဳးက
ကိုယ့္ကိုယ္ကိုယ္အတြက္ ဂုဏ္ယူႏိုင္ပါတယ္။
အဲဒီ့အခါ ကိုယ့္ကိုယ္ကိုယ္လည္း ပိုၿပီးသေဘာက်လာေစပါတယ္။
ကိုယ့္ျဖစ္တည္မႈကိုလည္း ကိုယ္ပိုၿပီးႏွစ္သက္လာႏိုင္ပါတယ္။
၂) လူေပါင္းဆံ့ျခင္း
လူေပါင္းဆံ့ျခင္းကလည္း ကိုယ့္ရဲ႕ျဖစ္တည္မႈကို
ခ်ျပဖို႔အတြက္လိုအပ္ပါတယ္။
ကိုယ့္ကဘယ္ေနရာမွာမွ လူရာမဝင္ဘူးလို႔
ကိုယ့္ကိုယ္ကိုယ္ထင္ေနျခင္းက
ကိုယ့္ကိုပိုၿပီးစိတ္ပ်က္လာေစႏိုင္ပါတယ္။
လူအမ်ားက ျပဳံးေပ်ာ္ေနခ်ိန္မွာ သင္ကတစ္ေယာက္တည္း
အဖက္လုပ္မယ့္သူမ႐ွိဘူးလို႔ခံစားေနရတဲ့ခံစားခ်က္က
သင့္ကိုသိမ္ငယ္၊ အားငယ္ေစႏိုင္ပါတယ္။
အဲဒါေၾကာင့္ လူေပါင္းဆံ့ဖို႔ ႀကိဳးစားၾကည့္သင့္ပါတယ္။
၃)တစ္ခုခုတြင္ထူးခြၽန္ျခင္း
ပညာရပ္တစ္ခုခုမွထူးခြၽန္တာမ်ိဳး၊
ဒါမွမဟုတ္ အတတ္ပညာတစ္ခုခုမွာ ထူးခြၽန္တာမ်ိဳးေပါ့။
ကိုယ့္ရဲ႕ပညာရပ္ေၾကာင့္ ကိုယ့္မွာဂုဏ္တက္လာတဲ့အခါ
ကိုယ့္ကိုယ္ကိုယ္ သေဘာက်လာႏိုင္ပါတယ္။
ကိုယ့္ကိုယ္ကိုယ္လည္းယုံၾကည္မႈပိုတိုးလာေစတာေပါ့။
လူရာဝင္တယ္လို႔လည္း ခံစားလာရေစပါတယ္။
အဲဒါအျပင္ သက္ဆိုင္ရာပညာရပ္မွာ
ကိုယ့္ကိုအေလးထားဆက္ဆံခံရေစပါတယ္။
ကိုယ့္ကိုယ္ကိုယ္လည္း
ပိုၿပီး သေဘာက်လာေစႏိုင္ပါတယ္။
၄)ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္ႏိုင္ျခင္း
ေနာက္တစ္ခုက ကိုယ့္အားကိုယ္ကိုးႏိုင္ျခင္းပါပဲ။
အျခားသူတစ္ေယာက္ေယာက္ကိုအားကိုးရျခင္းဟာ
သူမ်ားႏွာေခါင္းေပါက္နဲ႔အသက္႐ႈရတာနဲ႔တူပါတယ္။
ဘယ္ေန႔အသက္႐ႈရပ္မလဲအာမခံခ်က္မ႐ွိပါဘူး။
အဲဒါအျပင္ အားကိုးသူရဲ႕အလိုက်ေနတတ္ရပါေသးတယ္။
ကိုယ့္ေျဖေထာက္ေပၚကိုယ္ရပ္တည္ႏိုင္တဲ့အခါ
ကိုယ္ႀကိဳးစားႏိုင္သမွ်ကိုယ့္အတြက္ပါပဲ။
ကိုယ္အေမွ်ာ္အျမင္႐ွိသလို
ကိုယ့္ဘဝအဆင္ေျပတိုးတက္ႏိုင္ပါတယ္။
အဲဒါအျပင္ တပါးသူစိတ္ႀကိဳက္လည္းေနစရာမလိုတဲ့အတြက္
ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈတိုးသလို၊
ကိုယ့္ကိုယ္ကိုယ္လည္းပိုၿပိးႏွစ္သက္သေဘာက်လာတတ္ပါတယ္။
ကိုယ့္ျဖစ္တည္မႈကိုလည္းပိုၿပီးတန္ဖိုးထားတတ္လာပါတယ္။
ကိုယ့္ဘဝမွာ ကိုယ့္ကလြဲၿပီး
အျခားသူကိုအားကိုးလို႔ျမဖစ္ဘူးလို႔သိလာတဲ့အခါ
ကိုယ့္ကိုယ္ကိုယ္လည္းပိုခ်စ္တတ္လာပါတယ္။
၅) ကိုယ့္ကိုယ္ကိုယ္တာဝန္ယူႏိုင္ျခင္း
ကိုယ့္အားကိုယ္ကိုးျခင္းဟာ ဘယ္အရာမဆို
ကိုယ့္သာအဓိကဆိုတဲ့စိတ္နဲ႔ ႀကိဳးစားတာျဖစ္ပါတယ္။
ကိုယ့္တာဝန္ကိုယ္ယူႏိုင္ျခင္းဟာလည္း
လူသားတစ္ေယာက္အျဖစ္
ကိုယ္က်င့္သုံးသင့္တဲ့တာဝန္မွန္သမွ်ကို
ကိုယ္တိုင္ေသခ်ာလိုက္နာက်င့္သုံးတတ္တာ၊
ကိုယ့္တာဝန္ ဥပမာ။ ေက်ာင္းစာရိတ္၊ အလုပ္တာဝန္၊
သားသမီးတာဝန္၊ လူသားတစ္ေယာက္အေနနဲ႔
ကိုယ္ယူသင့္တဲ့တာဝန္ကိုေက်ပြန္ေအာင္ တာဝန္ယူႏိုင္တာပါပဲ။
အဲဒီလိုတာဝန္ေက်ႏိုင္တဲ့အခါ
ကိုယ့္ကိုယ္ကိုယ္ေက်နပ္ေနမိပါလိမ့္မယ္။
“ငါလုပ္ႏိုင္သားပဲ….” ဆို
တဲ့စိတ္နဲ႔ ႐ွင္သန္ရတာ ေက်နပ္ပါလိမ့္မယ္။
ကိုယ့္ကိုယ္ကိုယ္လည္း ယုံၾကည္မႈတိုးႏိုင္ပါတယ္။
တာဝန္မေက်ႏိုင္တဲ့အခါ တာဝန္ယူရေကာင္းမွန္းသိေပမယ့္
“ေအာ္……ငါတာဝန္မေက်ႏိုင္ခဲ့ပါလား”
ဆိုတဲ့စိတ္နဲ႔ စိတ္မေကာင္းျဖစ္၇၊
ယူၾကဳံးမရျဖစ္၇တတ္ပါတယ္။
ကိုယ့္ကိုယ္ကိုယ္အားမလိုအားမရစိတ္ျဖစ္တတ္ပါတယ္။
၆) ကိုယ္က်င့္တရားေကာင္းမြန္ေအာင္ထိန္းသိမ္းႏိုင္ျခင္း
ေနာက္တစ္ခုကေတာ့ လူသားတစ္ေယာက္အေနနဲ႔
ဘဝမွာ လူေကာင္းတစ္ေယာက္အျဖစ္
လိပ္ျပာလုံစြာ႐ွင္သန္ႏိုင္ဖို႔
ကိုယ္က်င့္တရားကာင္းဖို႔လိုပါတယ္။
ကိုယ့္ရဲ႕ကိုယ္က်င့္တရားေကာင္းမေကာင္းကို
အျခားသူကိုသာ ညာလို႔ရမယ္၊
ကိုယ့္ကိုယိကိုယ္ေတာ့မညာႏိုင္ပါဘူး။
အဲဒီ့အခါ ကိုယ့္ကိုယ္ကိုယ္ အားမရျဖစ္မယ္။
မလုပ္သင့္မွန္းသိတဲ့အလုပ္ကိုလုပ္မိတဲ့အခါ
ကိုယ့္ကိုယ္ကိုယ္ေဒါသထြက္မယ္၊ မေက်မနပ္ျဖစ္မယ္။
ကိုယ့္ကိုယ္ကိုယ္သေဘာမက်၊
အထင္ေသးစိတ္ေတြျဖစ္လာၿပီး
႐ွင္သန္ရတာမေပ်ာ္႐ႊင္ႏိုင္ပါဘူး။
ဘဝမွာ႐ွင္သန္ရတာေပ်ာ္႐ႊင္ဖို႔အတြက္
ကိုယ့္ကိုယ္ကိုယ္ သေဘာက်ဖို႔လိုတာပါပဲ။
အဲဒီ့လို ကိုယ့္ကိုယ္ကိုယ္ သေဘာက်ဖို႔ဆိုတာက
ကိုယ္တိုင္သိေနတဲ့ကိုယ္ပုံရိပ္ကို
အထင္ႀကီးေလးစားဖို႔လိုတာပါ။
အဲဒီ့အတြက္ ကိုယ္တိုင္က မွန္တန္တာကိုသာ လုပ္ဖို႔,
အမွားေတြ႐ွိရင္ ျပဳျပင္ဖို႔ႀကိဳးစားဖို႔လိုပါတယ္။
ေနာက္တစ္ခုကေတာ့ အျခားသူရဲ႕စကားေတြကိုခံစားတာပါပဲ။
ကိုယ့္ကိုယ္ကိုယ္မွန္ကန္ေၾကာင္း၊
ေအာင္ျမင္ေအာင္လုပ္ေဆာင္ႏိုင္ေၾကာင္
းေသခ်ာသိေနတဲ့အခါ အျခားသူရဲ႕စကားကိုနားမေယာင္မိေတာ့ဘဲ
ကိုယ့္ဘဝ႐ွင္သန္ရပ္တည္မႈကို
ခိုင္မာစြာရပ္တည္ႏိုင္လာမွာျဖစ္ပါတယ္။
ကိုယ့္ကိုယ္ကိုယ္သေဘာက်ေနတဲ့
လူတစ္ေယာက္ကို အျခားသူတစ္ေယာက္
“နင္ကသြားေခါလိုက္တာ” နင္ကအသားမည္းလိုက္တာ”
နင္က႐ုပ္ဆိုးလိုက္တာ” စသျဖင့္ ဘယ္လိုေျပာပါေစ
မခံစားတတ္ေတာ့ပါဘူး။
အဲဒါေၾကာင့္ကိုယ့္ကိုယ္ကိုယ္သေဘာက်ျခင္းဟာ
ဘဝေနေပ်ာ္ျခင္းအတြက္အမ်ားႀကီးအေရးပါေၾကာင္းေဖာ္ျပလိုက္ရပါတယ္
Credit