Love

တချိန်မှာ ပြန်ထွက်သွားဖို့ အစီအစဉ်ရှိခဲ့ရင်

တချိန်မှာ ပြန်ထွက်သွားဖို့ အစီအစဉ်ရှိခဲ့ရင်

ကျမကမ္ဘာမှာ ခြေမချပါနဲ့ ..

နာကျင်စရာတွေကို ကိုယ်မမွေးမြူထားတတ်လို့ပါ ။

ယာယီချစ်ဖို့ပဲ ဆန္ဒရှိရင်

ကိုယ့်နှလုံးသားကို မဖြားယောင်းပါနဲ့ ..

ကိုယ့်စိတ်ကို ဒဏ်ရာရစေမယ့်အရာမျိုး

ကိုယ်အလိုမရှိလို့ပါ ။

အတုအယောင်တွေပေးမယ်လို့ စဉ်းစားထားရင်

ကိုယ့်အနားရောက်မလာပါနဲ့ ..

ကိုယ်ကိုယ်တိုင်ကလည်း

စစ်မှန်ခြင်းတွေပဲကျင့်သုံးလို့ အပေါ်ယံတွေဆို

ကိုယ်ရွံတတ်လို့ပါ ။

နောက်တစ်ကြိမ်ပြန်စွန့်ပစ်ဖို့

အခြေအနေရှိသေးရင်

တောင်းပန်ပါတယ်ဆိုပြီး ပြန်မလာပါနဲ့ ..

နောက်တကြိမ်ထပ်နာကျင်မှာထက်စာရင်

အလွမ်းတွေနဲ့နေရတာပဲ ကိုယ်ကြိုက်လို့ပါ ။

ရက်ရက်စက်စက် စွန့်ပစ်ပြီးမှတော့

ကိုယ်ချင်းမစာမနာ ဒဏ်ရာကို လာလာမဆွပါနဲ့ ..

အဲ့ဒီလူဟာ မင်းစွန့်ခွာပြီးကတည်းက ..

နှလုံးသားမှာ သေရာပါဒဏ်ရာတွေနဲ့ ကျန်ခဲ့သူမို့ပါ ။

အသက်ရှင်ရတာကို

တာဝန်တစ်ခုလိုပဲ သဘောထားပြီး

ရှင်သန်နေရသူတစ်ဦးပါ ..

လူသားချင်းစာနာထောက်ထားသောအားဖြင့် ..

သူ့အနားမှာ ထာဝရမနေနိုင်ရင် အလွမ်းတွေနဲ့ပဲ

အချိန်ကုန်ပါစေ .. သွားပြီး မပတ်သက်ပါနဲ့တော့ ..

သူ့ဘဝဟာ သေဆုံးပြီးသားပါ ။

Credit

တခ်ိန္မွာ ျပန္ထြက္သြားဖို႔ အစီအစဥ္႐ွိခဲ့ရင္

က်မကမ႓ာမွာ ေျခမခ်ပါနဲ႔ ..

နာက်င္စရာေတြကို ကိုယ္မေမြးျမဴထားတတ္လို႔ပါ ။

ယာယီခ်စ္ဖို႔ပဲ ဆႏၵ႐ွိရင္

ကိုယ့္ႏွလုံးသားကို မျဖားေယာင္းပါနဲ႔ ..

ကိုယ့္စိတ္ကို ဒဏ္ရာရေစမယ့္အရာမ်ိဳး

ကိုယ္အလိုမ႐ွိလို႔ပါ ။

အတုအေယာင္ေတြေပးမယ္လို႔ စဥ္းစားထားရင္

ကိုယ့္အနားေရာက္မလာပါနဲ႔ ..

ကိုယ္ကိုယ္တိုင္ကလည္း

စစ္မွန္ျခင္းေတြပဲက်င့္သုံးလို႔ အေပၚယံေတြဆို

ကိုယ္႐ြံတတ္လို႔ပါ ။

ေနာက္တစ္ႀကိမ္ျပန္စြန္႔ပစ္ဖို႔

အေျခအေန႐ွိေသးရင္

ေတာင္းပန္ပါတယ္ဆိုၿပီး ျပန္မလာပါနဲ႔ ..

ေနာက္တႀကိမ္ထပ္နာက်င္မွာထက္စာရင္

အလြမ္းေတြနဲ႔ေနရတာပဲ ကိုယ္ႀကိဳက္လို႔ပါ ။

ရက္ရက္စက္စက္ စြန္႔ပစ္ၿပီးမွေတာ့

ကိုယ္ခ်င္းမစာမနာ ဒဏ္ရာကို လာလာမဆြပါနဲ႔ ..

အဲ့ဒီလူဟာ မင္းစြန္႔ခြာၿပီးကတည္းက ..

ႏွလုံးသားမွာ ေသရာပါဒဏ္ရာေတြနဲ႔ က်န္ခဲ့သူမို႔ပါ ။

အသက္႐ွင္ရတာကို

တာဝန္တစ္ခုလိုပဲ သေဘာထားၿပီး

႐ွင္သန္ေနရသူတစ္ဦးပါ ..

လူသားခ်င္းစာနာေထာက္ထားေသာအားျဖင့္ ..

သူ႕အနားမွာ ထာဝရမေနႏိုင္ရင္ အလြမ္းေတြနဲ႔ပဲ

အခ်ိန္ကုန္ပါေစ .. သြားၿပီး မပတ္သက္ပါနဲ႔ေတာ့ ..

သူ႕ဘဝဟာ ေသဆုံးၿပီးသားပါ ။

Credit