ဗိုက်ကြောပြတ် ပေါင်ကြောပြတ်ပီး အသားအရည်တွန့်နေတာတွေအတွက် ဆေးကောင်းတစ်လက်
ကိုယ်တိုင်အရင်က
ပေါင်ကြောပြတ်ဖူးလို့အိမ်မှာလုပ်ပီး
အသုံးပြုနေတာနှစ်နဲ့ချီနေပါပီနော်
တကယ်လည်းကောင်းလို့ပြန်မျှဝေပေးလိုက်တာပါ
ပိုက်ဆံမကုန်ပဲထိရောက်တဲ့ဆေးလေးပါ။
ကိုယ်ဝန်ဆောင်လို့ပဲဗိုက်ကြောပြတ်ပြတ်
ဝလာလို့ပဲပေါင်ကြောပြတ်ပြတ်
ဘယ်လိုအကြောင်းရာကြောင့်
ပေါင်ကြောပြတ်ပြတ် ဆေးကောင်းရှိပါတယ်နော်
လုပ်ရတာလည်းမခက်ပဲအရမ်းကိုလွယ်ကူရိုးရှင်းပါတယ်။
ရှားစောင်းလက်ပတ်အပင်ကြီးက အနှစ်တုံး
ငါးခုခြောက်ခုခန့်နဲ့အုန်းဆီစစ်စစ်
သံပုရာအနည်းငယ်ပဲလိုတာပါနော်
အုန်းဆီက M150 ပုလင်း တစ်ပုလင်းခွဲးလိုပါတယ်။
သံအိုးတစ်ခုထဲမှာ ရှားစောင်းအနှစ်ချည်းထည့်ပါ
အုန်းဆီလောင်းထည့်ပါအဲ့ဒီအိုးကိုမီးဖိုပေါ်တင်ပီး
မီးခပ်အေးအေးလေးနဲ့သာပေးဆူထားပါ
မိနစ်30ခန့်တည်ပီး ရှားစောင်းတွေမဲးတဲ့ထိတည်ပီး
မီးဖိုပေါ်မှချကာ ရှားစောင်းအမဲးတွေကိုဖယ်ပါ
ဆီရည်တွေကို ဖန်ဘူးတစ်ခုတည်းလောင်းထည့်ထားပါ။
အကြောပြတ်တဲ့နေရာတွေကို
ထိုဆီရေဖြင့် အသားထဲစိမ့်ဝင်အောင်
နေ့စဉ်တစ်ကြိမ်မှ နှစ်ကြိမ်လိမ်းပေးသွားရင်
သိသိသာသာတစ်ပတ်အတွင်းလျော့လာမှာပါ။
ဂျွတ်တတ်နေတဲ့နေရာတွေနဲ့အမာရွတ်နေရာတွေကို
သံပုရာရည်အနည်းငယ်ရောစပ်ကာ
လိမ်းပေးနိုင်တယ်နော်
နှစ်ပတ်အတွင်းလျော့သွားမှာပါ။
ညအိပ့်ခါနီးတိုင်းBodyအနှံ့လိမ်းပေးသွားရင်လည်း
စိုပြေဝင်းလက်တင်းရင်းတဲ့
အသားအရည်ကိုရစေမှာပါနော်။
ကျမ်းမာလှပကြပါစေနော်…။
credit
ကိုယ်တိုင်အရင်က
credit